ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ရက်ပေါင်း(၁၀၀)အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်နိုင်ခြေရှိနေ
64
Pika (NP News) - ဇန်နဝါရီ ၂၁
အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ဟာ ကုန်သွယ်ရေးစစ်ပွဲအသစ်ဖြစ်လာမယ့် အလားအလာတွေရှိမှု နဲ့အတူ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီး ရက်ပေါင်း(၁၀၀)အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လိုနေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီခရီးစဉ်ဟာ ထိုင်ဝမ်အရေးအပြင် တရုတ်ရဲ့တင်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုလုပ်ဆောင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ကတိပြုမှုတွေကြောင့် နှစ်နိုင်ငံကြား ပထဝီဝင်နိုင်ငံရေးအရတင်းမာမှုတွေ ရင်ဆိုင်နေရချိန်မှာပဲ ရှီကျင့်ဖျင်နဲ့ဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းလာစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကို သွားရောက်လိုနေပေမယ့်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ မချမှတ်ရသေးဘူးလို့ အဲဒီကိစ္စနဲ့ ရင်းနှီးတဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ဟာ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးအပြင် တရုတ်ပိုင် Tiktok ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဖုန်းပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ဖုန်းပြောဆိုမှုအတွင်း တရုတ်ကို သွားရောက်လည်ပတ်မယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာမျိုး ရှိ/မရှိကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ တရုတ်ခရီးစဉ်အပြင် အိန္ဒိယကိုသွားရောက်လည်ပတ်နိုင်ခြေရှိတဲ့စိတ်ဝင်စားမှုတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ရက္ေပါင္း(၁၀၀)အတြင္း တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္ႏိုင္ေျခရွိေန
Pika (NP News) - ဇန္နဝါရီ ၂၁
အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ဟာ ကုန္သြယ္ေရးစစ္ပြဲအသစ္ျဖစ္လာမယ့္ အလားအလာေတြရွိမႈ နဲ႔အတူ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ဆက္ဆံေရးေတြ ပိုမိုေကာင္းမြန္လာေစဖို႔အတြက္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီး ရက္ေပါင္း(၁၀၀)အတြင္း တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္လိုေနတယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီခရီးစဥ္ဟာ ထိုင္ဝမ္အေရးအျပင္ တ႐ုတ္ရဲ႕တင္သြင္းကုန္ေတြအေပၚ အခြန္စည္းၾကပ္မႈလုပ္ေဆာင္မယ့္ ေဒၚနယ္ထရမ့္ရဲ႕ကတိျပဳမႈေတြေၾကာင့္ ႏွစ္ႏိုင္ငံၾကား ပထဝီဝင္ႏိုင္ငံေရးအရတင္းမာမႈေတြ ရင္ဆိုင္ေနရခ်ိန္မွာပဲ ရွီက်င့္ဖ်င္နဲ႔ဆက္ဆံေရးေတြ ပိုမိုနက္ရႈိင္းလာေစဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္လိုေနေပမယ့္လည္း အၿပီးသတ္ဆုံးျဖတ္ခ်က္ကိုေတာ့ မခ်မွတ္ရေသးဘူးလို႔ အဲဒီကိစၥနဲ႔ ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဒၚနယ္ထရမ့္နဲ႔ ရွီက်င့္ဖ်င္တို႔ဟာ ကုန္သြယ္ေရး၊ ထိုင္ဝမ္အေရးအျပင္ တ႐ုတ္ပိုင္ Tiktok ဆိုရွယ္မီဒီယာပလက္ေဖာင္းရဲ႕ကိစၥေတြကို ေဆြးေႏြးဖို႔အတြက္ ဖုန္းေျပာဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ဖုန္းေျပာဆိုမႈအတြင္း တ႐ုတ္ကို သြားေရာက္လည္ပတ္မယ့္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး ရွိ/မရွိကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ တ႐ုတ္ခရီးစဥ္အျပင္ အိႏၵိယကိုသြားေရာက္လည္ပတ္ႏိုင္ေျခရွိတဲ့စိတ္ဝင္စားမႈေတြကို ထုတ္ေဖာ္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။