ရုရှားရဲ့ဒရုန်းအစင်းရေ(၉၃)စင်းကို အောင်မြင်စွာပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်ဘက်ပြော

 300

Pika (NP News) - ဇန်နဝါရီ ၂၁

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ရုရှားဖက်ကပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၁၄၁)စင်း အနက် (၉၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှားဖက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေကို လမ်းကြောင်းပြောင်းဖို့အတွက် ယူကရိန်းဖက်ကအသုံးပြုခဲ့တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေကြောင့် ရုရှားရဲ့ဒရုန်းအစင်းရေ(၄၇)စင်းဟာ ပျောက်ဆုံးသွားခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးသွားတဲ့ဒရုန်းအစင်းရေတွေအနက် (၂)စင်းဟာ ရုရှားဆီကိုပြန်လည်ရောက်ရှိသွားခဲ့တယ်လို့ ယူကရိန်း လေတပ်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စက်မှုလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ယူကရိန်းရဲ့ဒရုန်းအစင်းရေ (၃၁)စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားအစိုးရဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ပြီးခဲ့တဲ့ ညမှာ ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ(၃၁)စင်းကို အောင်မြင်စွာကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားရဲ႕ဒ႐ုန္းအစင္းေရ(၉၃)စင္းကို ေအာင္ျမင္စြာပစ္ခ်ခဲ့တယ္လို႔ ယူကရိန္းစစ္ဘက္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၁

ယူကရိန္းေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ႐ုရွားဖက္ကပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၁၄၁)စင္း အနက္ (၉၃)စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ယူကရိန္းေလတပ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားဖက္က ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြကို လမ္းေၾကာင္းေျပာင္းဖို႔အတြက္ ယူကရိန္းဖက္ကအသုံးျပဳခဲ့တဲ့ လွ်ပ္စစ္ သံလိုက္လႈိင္းေတြေၾကာင့္ ႐ုရွားရဲ႕ဒ႐ုန္းအစင္းေရ(၄၇)စင္းဟာ ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ယူကရိန္းေလတပ္က ေျပာၾကားခဲ့ပါတယ္။
ေပ်ာက္ဆုံးသြားတဲ့ဒ႐ုန္းအစင္းေရေတြအနက္ (၂)စင္းဟာ ႐ုရွားဆီကိုျပန္လည္ေရာက္ရွိသြားခဲ့တယ္လို႔ ယူကရိန္း ေလတပ္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ စက္မႈလုပ္ငန္းေတြကို ပစ္မွတ္ထားတဲ့ ယူကရိန္းရဲ႕ဒ႐ုန္းအစင္းေရ (၃၁)စင္းကို ပစ္ခ်ခဲ့တယ္လို႔ ႐ုရွားအစိုးရဘက္ကလည္း သတင္းထုတ္ျပန္ထားပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ၿပီးခဲ့တဲ့ ညမွာ ႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ယူကရိန္းရဲ႕ ဒ႐ုန္းအစင္းေရ(၃၁)စင္းကို ေအာင္ျမင္စြာၾကားျဖတ္ဟန္႔တားၿပီး ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.