SAC နှင့် (MNDAA) အဖွဲ့တို့ ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ဟု တရုတ်အစိုးရပြော (ဘာသာပြန်)
162
NP News - ဇန်နဝါရီ ၂ဝ
SAC နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော (MNDAA) အဖွဲ့ကြား သုံးရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် သဘာတူညီခဲ့ပြီးမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
SAC နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော (MNDAA) အဖွဲ့ကိုယ်စားလှယ်များသည် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုကို ဇန်နဝါရီ ၁၈ ရက်က ကူမင်းမြို့တွင် စတင်ခဲ့ပြီးနောက် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ဇန်နဝါရီ ၂ဝ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က "မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အရှိန်လျော့ချနိုင်ရေးဟာ ဒေသအတွင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရဲ့ဘုံအကျိုးစီးပွားဖြစ်တယ်။ တိုက်ပွဲတွေအရှိန်လျော့ချနိုင်ခြင်းကြောင့် တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အထောက်ကူဖြစ်စေမှာဖြစ်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်ကို တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်မယ်" ဟု ပြောသည်။
MNDAA အဖွဲ့သည် ကိုယ်ပိုင်နယ်မြေရယူနိုင်ရန်အတွက် SAC တပ်ဖွဲ့ကို တိုက်ခိုက်နေသော လက်နက်ကိုင် အဖွဲ့များထဲတွင် ပါဝင်သောအဖွဲ့စည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တအောင်း လက်နက်ကိုင်အဖွဲ့TNLA ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး SAC တပ်ဖွဲ့ တွေကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ထားသော ရင်းနှီးမြှုပ်နှံ့မှု နှင့် ကုန်သွယ်ရေးလုပ်ငန်းများကိုအတားအဆီးဖြစ်စေမည့် နယ်စပ်ဒေသတစ်လျှောက်တွင် တိုက်ပွဲများအရှိန်မြင့် ဖြစ်လာမည်ကိုစိုးရိမ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ၂၀၀၀ ကီလိုမီတာ ထိစပ်နေကြောင်း သိရသည်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း SAC အဖွဲ့ ထိန်းချုပ်ထားသော လာရှိုးမြို့ အပါအဝင် မြို့အချို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သလို SAC တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
Zawgyi Version;
SAC ႏွင့္ (MNDAA) အဖြဲ႕တို႔ ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ဟု တ႐ုတ္အစိုးရေျပာ (ဘာသာျပန္)
NP News - ဇန္နဝါရီ ၂ဝ
SAC ႏွင့္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ (MNDAA) အဖြဲ႕ၾကား သုံးရက္ၾကာေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ သဘာတူညီခဲ့ၿပီးျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံနယ္စပ္အနီးတြင္ တိုက္ပြဲမ်ား ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။
SAC ႏွင့္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ (MNDAA) အဖြဲ႕ကိုယ္စားလွယ္မ်ားသည္ အပစ္ခတ္ရပ္စဲေရး ေဆြးေႏြးမႈကို ဇန္နဝါရီ ၁၈ ရက္က ကူမင္းၿမိဳ႕တြင္ စတင္ခဲ့ၿပီးေနာက္ သေဘာတူညီမႈရခဲ့ျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ဇန္နဝါရီ ၂ဝ ရက္တြင္ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က "ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲ အေျခအေနေတြကို အရွိန္ေလ်ာ့ခ်ႏိုင္ေရးဟာ ေဒသအတြင္းႏိုင္ငံေတြနဲ႔ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕အစည္း အားလုံးရဲ႕ဘုံအက်ိဳးစီးပြားျဖစ္တယ္။ တိုက္ပြဲေတြအရွိန္ေလ်ာ့ခ်ႏိုင္ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံ နယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေရးနဲ႔ လုံၿခဳံေရးအတြက္ အေထာက္ကူျဖစ္ေစမွာျဖစ္ပါတယ္။
တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံေျမာက္ပိုင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ကူညီေပးဖို႔၊ ၿငိမ္းခ်မ္းေရးနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရးလုပ္ငန္းစဥ္ကို တက္ႂကြစြာ ဆက္လက္ပါဝင္ေဆာင္႐ြက္မယ္" ဟု ေျပာသည္။
MNDAA အဖြဲ႕သည္ ကိုယ္ပိုင္နယ္ေျမရယူႏိုင္ရန္အတြက္ SAC တပ္ဖြဲ႕ကို တိုက္ခိုက္ေနေသာ လက္နက္ကိုင္ အဖြဲ႕မ်ားထဲတြင္ ပါဝင္ေသာအဖြဲ႕စည္းျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္က တေအာင္း လက္နက္ကိုင္အဖြဲ႕TNLA ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ႏွင့္အတူ ၁၀၂၇ စစ္ဆင္ေရးကို စတင္ခဲ့ၿပီး SAC တပ္ဖြဲ႕ ေတြကို တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ လုပ္ေဆာင္ထားေသာ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ ႏွင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ားကိုအတားအဆီးျဖစ္ေစမည့္ နယ္စပ္ေဒသတစ္ေလွ်ာက္တြင္ တိုက္ပြဲမ်ားအရွိန္ျမင့္ ျဖစ္လာမည္ကိုစိုးရိမ္ေနေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္နယ္စပ္ခ်င္း ၂၀၀၀ ကီလိုမီတာ ထိစပ္ေနေၾကာင္း သိရသည္။ ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕သည္ ၁၀၂၇ စစ္ဆင္ေရးစတင္ခဲ့ၿပီးေနာက္ပိုင္း SAC အဖြဲ႕ ထိန္းခ်ဳပ္ထားေသာ လာရႈိးၿမိဳ႕ အပါအဝင္ ၿမိဳ႕အခ်ိဳ႕ကို တိုက္ခိုက္သိမ္းယူႏိုင္ခဲ့သလို SAC တပ္ဖြဲ႕ဝင္အခ်ိဳ႕ကိုလည္း ဖမ္းဆီးထားေၾကာင္း သိရသည္။