စိတ်ကျန်းမာရေးမကောင်းသောမိခင်က (၄)နှစ်အရွယ်သမီးကို ဓားဖြင့်ထိုးသတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
648
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသောမိခင်က (၄)နှစ်အရွယ် သမီးကိုဓားဖြင့် ထိုးသတ်ကာ ကိုယ်တိုင်လည်းကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေး အသင်းထံမှ သိရသည်
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၂ဝ ရက်)၊ နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က ဇေယျာသီရိမြို့နယ် ရွာသစ်ကျေးရွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိခင်စိတ်က မမှန်ဘူးဆိုတော့ သူ့သမီးကို လည်ပင်းလှီးတယ်။ ဗိုက်တွေထိုသွင်းဒဏ်ရာတွေနဲ့ သေဆုံးစေခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်လည်း သူ့ကိုယ်သူကြိုးဆွဲချ အဆုံးစီရင်သွားတာ” ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်ထိုးသတ်ခံရသည့် ကလေးငယ်မှာ အသက်(၄)နှစ်သာရှိသေးပြီး လည်ပင်းထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သမီးငယ်အား ဓားဖြင့်ထိုးသတ်ပြီးနောက် အသက်(၄၀)အရွယ် မိခင်ဖြစ်သူက နေအိမ်ရှိ ထုတ်တန်းတွင် ပလတ်စတစ်ကျစ်ကြိုးကိုချည်နှောင်ကာ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် သေဆုံးသူ သားမိ(၂)ဦး၏ ရုပ်အလောင်းများကို ကရုဏာရှင်လူမှုကူညီရေးအသင်းက နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။
Zawgyi Version;
စိတ္က်န္းမာေရးမေကာင္းေသာမိခင္က (၄)ႏွစ္အ႐ြယ္သမီးကို ဓားျဖင့္ထိုးသတ္ကာ ကိုယ္တိုင္လည္း ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၀
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ စိတ္က်န္းမာေရးမေကာင္းေသာမိခင္က (၄)ႏွစ္အ႐ြယ္ သမီးကိုဓားျဖင့္ ထိုးသတ္ကာ ကိုယ္တိုင္လည္းႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရး အသင္းထံမွ သိရသည္
ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၂ဝ ရက္)၊ နံနက္ ၁၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေဇယ်ာသီရိၿမိဳ႕နယ္ ႐ြာသစ္ေက်း႐ြာ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မိခင္စိတ္က မမွန္ဘူးဆိုေတာ့ သူ႔သမီးကို လည္ပင္းလွီးတယ္။ ဗိုက္ေတြထိုသြင္းဒဏ္ရာေတြနဲ႔ ေသဆုံးေစခဲ့တာ ျဖစ္ၿပီး သူကိုယ္တိုင္လည္း သူ႔ကိုယ္သူႀကိဳးဆြဲခ် အဆုံးစီရင္သြားတာ” ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ ဓားျဖင့္ထိုးသတ္ခံရသည့္ ကေလးငယ္မွာ အသက္(၄)ႏွစ္သာရွိေသးၿပီး လည္ပင္းထိုးသြင္း ဒဏ္ရာတစ္ခ်က္၊ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
သမီးငယ္အား ဓားျဖင့္ထိုးသတ္ၿပီးေနာက္ အသက္(၄၀)အ႐ြယ္ မိခင္ျဖစ္သူက ေနအိမ္ရွိ ထုတ္တန္းတြင္ ပလတ္စတစ္က်စ္ႀကိဳးကိုခ်ည္ေႏွာင္ကာ ႀကိဳးဆြဲခ်အဆုံးစီရင္သြားခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ လက္ရွိတြင္ ေသဆုံးသူ သားမိ(၂)ဦး၏ ႐ုပ္အေလာင္းမ်ားကို က႐ုဏာရွင္လူမႈကူညီေရးအသင္းက ေနျပည္ေတာ္ ကုတင္(၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးထားေၾကာင္း သိရသည္။