အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ခေတ္တနေရပ်စွန့်ခွာရသူများ အပါအဝင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်ထောက်ပံ့မှုပေးမည်

 442

သုတကျော် (NP News) - ဇန်နဝါရီ ၂၀

အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ခေတ္တနေရပ်စွန့်ခွာရသူများ အပါအဝင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်ထောက်ပံ့မှုပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ၁၇-၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် “သဘာဝဘေး အန္တရာယ်”ဆို သည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင်ပါဝင်သောကြောင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင်ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့ နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ် စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသဖြင့် ခေတ္တနေရပ် စွန့်ခွာလာရသူများလည်းပါဝင်ကြောင်းသိရသည်။

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ် ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုး သားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ် ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူများအားလုံး သည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း သိရသည်။
ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံးပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ပုံဟောင်း

Zawgyi Version;
အၾကမ္းဖက္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လုံၿခဳံေရး စိုးရိမ္ရသျဖင့္ ေခတၱေနရပ္စြန႔္ခြာရသူမ်ား အပါအဝင္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ားအတြက္ေထာက္ပံ့မႈေပးမည္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၀

အၾကမ္းဖက္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လုံၿခဳံေရး စိုးရိမ္ရသျဖင့္ ေခတၱေနရပ္စြန႔္ခြာရသူမ်ား အပါအဝင္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ားအတြက္ေထာက္ပံ့မႈေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ယေန႔ (ဇန္နဝါရီလ ၂၀ ရက္) ညပိုင္းတြင္ အသိေပးထုတ္ျပန္သည္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးႏွင့္ပတ္သက္၍ သဘာဝေဘး အႏၲရာယ္က်ေရာက္မႈတြင္ပါဝင္သည့္ အၾကမ္းဖက္သမားမ်ား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ားအတြက္လည္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ရန္ပုံေငြမွ လိုအပ္သည့္ ေထာက္ပံ့မႈမ်ားေဆာင္႐ြက္ေပးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ စာရင္းေကာက္ယူ၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ က ၁၇-၁-၂၀၂၅ ရက္တြင္ က်င္းပခဲ့သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးတြင္ ထည့္သြင္းမွာၾကားခဲ့သည္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၊ ပုဒ္မခြဲ(ခ)တြင္ “သဘာဝေဘး အႏၲရာယ္”ဆို သည့္စကားရပ္အား အဓိပၸာယ္ဖြင့္ဆိုထားမႈအရ “အၾကမ္းဖက္ျခင္း၊ လက္နက္ကိုင္ ေသာင္းက်န္းမႈျဖစ္ပြားျခင္း” တို႔သည္ သဘာဝေဘးအႏၲရာယ္တြင္ပါဝင္ေသာေၾကာင့္ အမ်ိဳးသား သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးရန္ပုံေငြမွ လိုအပ္သည့္ေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးရန္ စီစဥ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ယာယီေနရပ္ စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ား (တိုက္ပြဲေရွာင္ျပည္သူမ်ား) ဆိုရာတြင္ လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၿမိဳ႕၊႐ြာမ်ားတြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ကာ တရားမဲ့ နယ္ေျမက်ဴးေက်ာ္လာမႈမ်ားေၾကာင့္ ယာယီေနရပ္ စြန႔္ခြာရသူမ်ားအျပင္ အၾကမ္းဖက္သမား၊ အၾကမ္းဖက္အုပ္စုမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ား၊ အၾကမ္းဖက္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လုံၿခဳံေရးအႏၲရာယ္စိုးရိမ္ရသျဖင့္ ေခတၱေနရပ္ စြန႔္ခြာလာရသူမ်ားလည္းပါဝင္ေၾကာင္းသိရသည္။

ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ားကို လိုအပ္သည့္ ေထာက္ပံ့မႈမ်ား စီစဥ္ ေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားအလိုက္ စာရင္းေကာက္ယူလ်က္ရွိရာ ဘုန္းႀကီးေက်ာင္းကဲ့သို႔ေသာ ယာယီခိုလႈံရာစခန္းမ်ားတြင္ ေရာက္ရွိခိုလႈံေနၾကရသူမ်ားအျပင္ ေဆြမ်ိဳး သားခ်င္းမ်ားရွိရာ ရပ္ကြက္၊ ေက်း႐ြာမ်ား၊ ဝန္ထမ္းအိမ္ရာမ်ားတြင္ေနထိုင္ျခင္း၊ မိမိအစဥ္ျဖင့္ ေနအိမ္ ခန္းမ်ား ငွားရမ္းေနထိုင္ျခင္း၊ အျခားနည္းျဖင့္ေနထိုင္ျခင္းမ်ားရွိရာ ထိုသို႔ေနထိုင္သူမ်ားအားလုံး သည္လည္း စာရင္းေကာက္ယူရာတြင္ အက်ဳံးဝင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ျပည္သူမ်ားအား အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာရန္ပုံေငြမွ လိုအပ္သည့္ေထာက္ပံ့မႈမ်ားကို လ်ာထားေဆာင္႐ြက္ႏိုင္ေရး အက်ဳံးဝင္သူအားလုံးပါဝင္ေအာင္ သက္ဆိုင္ရာဌာန အဖြဲ႕အစည္းမ်ားက စာရင္းေကာက္ယူၾကရန္ႏွင့္ အက်ဳံးဝင္သူအားလုံးကလည္း စာရင္းေကာက္ယူရာတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကပါရန္ သက္ဆိုင္ရာက ႏႈိးေဆာ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.