ကျားဖျန့်အတွက် လျှပ်စစ်ဓာတ်အား၊အင်တာနက်အပါအဝင် အခြေခံလိုအပ်ချက်များအား တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ် ဟုဆို

 398

သန့်ဇင်(NP News) - ဇန်နဝါရီ ၂၁

ကျားဖျန့်အတွက် လျှပ်စစ်ဓာတ်အား အင်တာနက်အပါအဝင် အခြေခံလိုအပ်ချက်များအား တစ်ဖက်နိုင်ငံမှတစ်ဆင့်ရယူ သုံးစွဲနေခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အတွင်း ထည့်သွင်းအသိပေးထားသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်ကပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားမဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့်သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသဖြစ်ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါနယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် အခွင့်ကောင်းရယူကာ အွန်လိုင်းလောင်းကစား အပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဒေသများအတွက် Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ပြီး အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှု အများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ တရားမဝင် Online လုပ်ငန်းများလုပ်ဆောင်နေသူများသည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်း - မြန်မာ (မဲဆောက် - မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်)သည် အထက်ပါဒေသတွင် အွန်လိုင်းလိမ် လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့်နေရာဖြစ်ကာ အဆောက်အအုံအတွင်း တရုတ်နိုင်ငံသား (၅ဝ)ခန့်ရှိကြောင်း သိရသည်။ ယင်းနောက် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ညပိုင်းတွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့် ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ)နှင့် (၁၀)ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ်နိုင်ငံသား Mr. Cheng Xiao Ning ပါ သုံးဦးအားတွေ့ရှိခဲ့ သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။

အလားတူ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်သျှင်နောင်မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ နှစ် ဦးအားတွေ့ရှိသဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။အထက်ပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရန်၊ အင်တာနက်ဆက်သွယ်မှုရရှိရန်နှင့် တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အအုံများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်အတူတကွ ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။ အချို့သောနယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုးစီးပွားအတွက် အလုပ် လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိ‌ကြောင်း သိရသည်။

ထို့ပြင် တရားမဝင် ဝင်ရောက်နေထိုင်၍ Online လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များအပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ တရုတ်(တိုင်ပေ)သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုး ပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း (၅၅၇၁၁)ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ်းရှာဖွေပေးရန် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့ကြောင်း နစကမှ ဆိုသည်။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း ၈ ဦးလွှဲရန်ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးလျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု နှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများသည် သာမာန်လူများ မဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ကြောင်း သိရသည်။

တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကို လိမ်ခြင်းလည်းမဟုတ်ကြောင်းနှင့် ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့ နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့ကြောင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
က်ားဖ်န႔္အတြက္ လွ်ပ္စစ္ဓာတ္အား၊အင္တာနက္အပါအဝင္ အေျခခံလိုအပ္ခ်က္မ်ားအား တစ္ဖက္ႏိုင္ငံမွတစ္ဆင့္ ရယူေနျခင္းျဖစ္ ဟုဆို
သန႔္ဇင္(NP News) - ဇန္နဝါရီ ၂၁

က်ားဖ်န႔္အတြက္ လွ်ပ္စစ္ဓာတ္အား အင္တာနက္အပါအဝင္ အေျခခံလိုအပ္ခ်က္မ်ားအား တစ္ဖက္ႏိုင္ငံမွတစ္ဆင့္ရယူ သုံးစြဲေနျခင္းျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အတြင္း ထည့္သြင္းအသိေပးထားသည္။

လက္ရွိတြင္ ကရင္ျပည္နယ္၊ ျမဝတီ - ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမအတြင္း တရားမဝင္ အြန္လိုင္းေလာင္းကစားအပါအဝင္ ဒုစ႐ိုက္မႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး ေ႐ႊကုကၠိဳလ္နယ္ေျမသည္ ၂၀၁၆ ခုႏွစ္ကပင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရးကိစၥရပ္မ်ား ေဆာင္႐ြက္ႏိုင္ရန္ အေၾကာင္းျပ၍ စီမံကိန္းတစ္ရပ္အျဖစ္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ တရားမဝင္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္ဆိုသည့္သတင္းမ်ားေၾကာင့္ စီမံကိန္းဆက္လက္တည္ေဆာက္ျခင္းအား ရပ္ဆိုင္းခဲ့သည့္ေဒသျဖစ္ေၾကာင္းလည္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ အဆိုပါနယ္ေျမအတြင္း၌ လက္နက္ကိုင္အဖြဲ႕ေပါင္းစုံ လႈပ္ရွားေနထိုင္လ်က္ရွိၿပီး တရားဥပေဒစိုးမိုးေရးအဖြဲ႕မ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာတာဝန္ရွိသူမ်ား အျပည့္အဝစိုးမိုးအုပ္ခ်ဳပ္ရန္ အခက္အခဲႏွင့္ ကန႔္သတ္ခ်က္မ်ားရွိျခင္းတို႔ေၾကာင့္ နယ္ေျမေဒသ မတည္ၿငိမ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသကဲ့သို႔ ဆက္စပ္ေနရာမ်ားမွ ကိုယ္က်ိဳးစီးပြားရွာသူမ်ားအေနျဖင့္ အခြင့္ေကာင္းရယူကာ အြန္လိုင္းေလာင္းကစား အပါအဝင္ ဒုစ႐ိုက္မႈမ်ားကို က်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေဒသမ်ားအတြက္ Online လိမ္လည္မႈ၏ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ လွ်ပ္စစ္ဓာတ္အားႏွင့္ အင္တာနက္လိုင္းအဆက္အသြယ္ကို ျမန္မာႏိုင္ငံအတြင္းမွ ရရွိျခင္းမဟုတ္ဘဲ တစ္ဖက္ႏိုင္ငံမွတစ္ဆင့္ ရယူေနျခင္းျဖစ္ၿပီး အေျခခံအေဆာက္အအုံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုသည္လည္း ျပည္ပအဖြဲ႕အစည္းမ်ားမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါ တရားမဝင္ Online လုပ္ငန္းမ်ားလုပ္ေဆာင္ေနသူမ်ားသည္။ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားကို ၂၀၁၅ ခုႏွစ္ခန႔္မွစ၍ ဖိလစ္ပိုင္ႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံတို႔တြင္ လုပ္ကိုင္ခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း၌ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလုပ္ကိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ထိုင္း - ျမန္မာ (မဲေဆာက္ - ျမဝတီ) ႏွစ္ႏိုင္ငံနယ္စပ္၌ ေပ်ာက္ဆုံးသြားခဲ့သည့္ တ႐ုတ္ႏိုင္ငံသား Mr. Wang Xing (႐ုပ္ရွင္သ႐ုပ္ေဆာင္)သည္ အထက္ပါေဒသတြင္ အြန္လိုင္းလိမ္ လည္မႈလုပ္ကိုင္ရန္ ေစခိုင္းျခင္းခံခဲ့ရျခင္းျဖစ္ၿပီး အဆိုပါေနရာသည္ Online ေလာင္းကစား လိမ္လည္သည့္ေနရာျဖစ္ကာ အေဆာက္အအုံအတြင္း တ႐ုတ္ႏိုင္ငံသား (၅ဝ)ခန႔္ရွိေၾကာင္း သိရသည္။ ယင္းေနာက္ မိသားစုႏွင့္ အဆက္အသြယ္ရရွိခဲ့ၿပီး ဇန္နဝါရီ ၇ ရက္တြင္ ထိုင္းႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီး ညပိုင္းတြင္ ဘန္ေကာက္ၿမိဳ႕ရွိ လူကုန္ကူးခံရသူမ်ားေစာင့္ ေရွာက္ေရးဌာန (ဒြန္ေမာင္းေဂဟာ)ႏွင့္ (၁၀)ရက္တြင္ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ အမွတ္ (၅) ရပ္ကြက္၊ ခ်စ္ၾကည္ေရးလမ္း၊ သံတံတားအနီးတြင္ တ႐ုတ္ႏိုင္ငံသား Mr. Cheng Xiao Ning ပါ သုံးဦးအားေတြ႕ရွိခဲ့ သျဖင့္ စိစစ္ေဖာ္ထုတ္ခဲ့ရာ ၎တို႔သည္ ၂၀၂၂-၂၀၂၃ ခုႏွစ္အတြင္း ခ်ိတ္ဆက္မႈအမ်ိဳးမ်ိဳးျဖင့္ ထိုင္းႏိုင္ငံဘက္မွ ျမန္မာႏိုင္ငံဘက္ျခမ္းသို႔ တရားမဝင္ ဝင္ေရာက္ခဲ့သူမ်ားျဖစ္ၿပီး အြန္လိုင္းမွတဆင့္ ေငြေၾကးလိမ္လည္သည့္လုပ္ငန္းကို လုပ္ကိုင္ေနၾကရသူမ်ားျဖစ္ေၾကာင္းႏွင့္ ေနာက္ပိုင္းတြင္ လစာရရွိျခင္းမရွိသျဖင့္ ထြက္ေျပးလာသူမ်ားျဖစ္ေၾကာင္း သိရသည္။

အလားတူ ျမဝတီၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း၊ နတ္သွ်င္ေနာင္မီးပြိဳင့္အနီး၌ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား Mr. Yin Jie ႏွင့္ Mr. Huang Xiang တို႔ ႏွစ္ ဦးအားေတြ႕ရွိသျဖင့္ စိစစ္ေဖာ္ထုတ္ခဲ့ရာ ၎တို႔သည္ ၂၀၂၃ ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕မွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း သိရသည္။အထက္ပါ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ လွ်ပ္စစ္ဓာတ္အားရရွိရန္၊ အင္တာနက္ဆက္သြယ္မႈရရွိရန္ႏွင့္ တရားမဝင္လုပ္ငန္းအတြက္ လက္နက္ခဲယမ္းမ်ားႏွင့္ အေဆာက္အအုံမ်ားရွိရန္ အေျခခံလိုအပ္မည္ျဖစ္ၿပီး လုပ္ငန္းေဆာင္႐ြက္သူမ်ားအေနျဖင့္ ယင္းအေျခခံအခ်က္အလက္မ်ားကို တစ္ဖက္ႏိုင္ငံကို အေျခခံ၍ ရယူသုံးစြဲေနျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ လုပ္ငန္းလုပ္ေဆာင္ေနသူမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံမွမဟုတ္ဘဲ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္းၿပီး ျမန္မာႏိုင္ငံအတြင္းသို႔နယ္စပ္လမ္းေၾကာင္းမ်ားမွ တရားမဝင္ ဝင္ေရာက္ေနထိုင္၍ ရင္းႏွီးလုပ္ကိုင္ေနသည့္ ျပည္ပႏိုင္ငံသားမ်ားျဖစ္ေၾကာင္း သိရသည္။

Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ား ပေပ်ာက္ရန္အတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေနျဖင့္လည္း အျပဳသေဘာေဆာင္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္အတူတကြ ဝိုင္းဝန္းတိုက္ဖ်က္ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။ အခ်ိဳ႕ေသာနယ္စပ္ေဒသမ်ား၏ လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ားအေပၚ အခြင့္ေကာင္းယူ၍ ျပည္ပႏိုင္ငံသားအခ်ိဳ႕အေနျဖင့္ EAO လက္နက္ကိုင္အဖြဲ႕မ်ားအပါအဝင္ ဆက္စပ္ေနရာမ်ားမွ ကိုယ္က်ိဳးစီးပြားရွာသူမ်ား၏ ပါဝင္ပတ္သက္မႈမ်ားျဖင့္ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားကို က်ယ္ျပန႔္စြာ ေဆာင္႐ြက္လ်က္ရွိသျဖင့္ စိစစ္ေဖာ္ထုတ္ျခင္းႏွင့္ ျပန္လည္လႊဲေျပာင္းျခင္းလုပ္ငန္းစဥ္ကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လ်က္ရွိသည့္ ျပည္ပႏိုင္ငံသားမ်ားအား စိစစ္ေဖာ္ထုတ္မႈမ်ားေဆာင္႐ြက္ခဲ့ရာ အမ်ားစုသည္ ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံနယ္နိမိတ္အတြင္းသို႔ ကိုယ္က်ိဳးစီးပြားအတြက္ အလုပ္ လုပ္ကိုင္ရန္ တရားမဝင္ ဝင္ေရာက္လာၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ၎တို႔ကို တရားမဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္းခ်စ္ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈ၍ တရားဥပေဒႏွင့္အညီစစ္ေဆး၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးလ်က္ရွိ‌ေၾကာင္း သိရသည္။

ထို႔ျပင္ တရားမဝင္ ဝင္ေရာက္ေနထိုင္၍ Online လုပ္ငန္းမ်ားလုပ္ကိုင္ေနၾကသည့္ ျပည္ပႏိုင္ငံသားမ်ားအား စိစစ္ေဖာ္ထုတ္ခဲ့ရာ နယ္စပ္ေဒသမ်ားျဖစ္သည့္ ေလာက္ကိုင္၊ မူဆယ္၊ တာခ်ီလိတ္၊ ျမဝတီၿမိဳ႕မ်ားအပါအဝင္ အျခားနယ္စပ္ေဒသမ်ားမွ ေဖာ္ထုတ္ရရွိသည့္ တရားမဝင္ ဝင္ေရာက္ေနသူမ်ားကို သက္ဆိုင္ရာႏိုင္ငံအလိုက္ ျပန္လည္လႊဲေျပာင္းေပးလ်က္ရွိရာ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာ ၅ ရက္မွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၁၃ ရက္အထိ တ႐ုတ္ႏိုင္ငံသို႔ ၅၃၃၈၈ ဦး၊ ထိုင္းႏိုင္ငံသို႔ ၆၄၈ ဦး၊ ကိုရီးယားႏိုင္ငံသို႔ ၂၀ ဦး၊ လာအိုႏိုင္ငံသို႔ ၂၂ ဦး၊ ဗီယက္နမ္ႏိုင္ငံသို႔ ၁၁၄၉ ဦး၊ ဖိလစ္ပိုင္ႏိုင္ငံသို႔ ၁၉ ဦး၊ မေလးရွားႏိုင္ငံသို႔ ၁၄၂ ဦး၊ တ႐ုတ္(တိုင္ေပ)သို႔ ၂၁ ဦး၊ စကၤာပူႏိုင္ငံသို႔ ၂ ဦး၊ ပိုလန္ႏိုင္ငံသို႔ ၁ ဦး၊ စပိန္ႏိုင္ငံသို႔ ၁ ဦး၊ ႐ုရွားႏိုင္ငံသို႔ ၁၃ ဦး၊ အင္ဒိုနီးရွားႏိုင္ငံသို႔ ၃၈ ဦး၊ ယူဂန္ဒါႏိုင္ငံသို႔ ၃ ဦး၊ အီဂ်စ္ႏိုင္ငံသို႔ ၂ ဦး၊ ကေမာၻဒီးယားႏိုင္ငံသို႔ ၃ ဦး၊ အိႏၵိယႏိုင္ငံသို႔ ၉၆ ဦး၊ ေမာ္႐ိုကိုႏိုင္ငံသို႔ ၁၃ ဦး၊ အီသီယိုး ပီးယားႏိုင္ငံသို႔ ၂၉ ဦး၊ နီေပါႏိုင္ငံသို႔ ၂၆ ဦး၊ ပါကစၥတန္ႏိုင္ငံသို႔ ၃ ဦး၊ ေျမာက္အိုင္ယာလန္ႏိုင္ငံသို႔ ၂ ဦး၊ ကာဇက္စတန္ႏိုင္ငံသို႔ ၁ ဦး၊ ကင္ညာႏိုင္ငံသို႔ ၂ ဦး၊ သီရိလကၤာႏိုင္ငံသို႔ ၆၀ ဦး၊ ေတာင္အာဖရိကႏိုင္ငံသို႔ ၁ ဦး၊ ေဟာင္ေကာင္သို႔ ၁ ဦး၊ ဆီရီယာလီယြန္ႏိုင္ငံသို႔ ၂ ဦး၊ ဂါနာႏိုင္ငံသို႔ ၁ ဦး၊ ဘူ႐ြန္ဒီႏိုင္ငံသို႔ ၁ ဦး၊ တာ့ခ္မင္နစၥတန္ႏိုင္ငံသို႔ ၁ ဦး၊ စုစုေပါင္း (၅၅၇၁၁)ဦးအား ျပန္လည္လႊဲေျပာင္းေပးႏိုင္ခဲ့ၿပီး ဆက္လက္၍လည္း စိစစ္ေဖာ္ထုတ္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၁၉ ရက္အထိ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအပါအဝင္ အာရွ၊ ဥေရာပ၊ တ႐ုတ္ႏိုင္ငံႏွင့္ ေတာင္အာဖရိကေဒသရွိ ႏိုင္ငံေပါင္း ၃၈ ႏိုင္ငံမွ ၄၁၇၆ ဦး (အမ်ိဳးသား ၃၄၁၅ ဦး၊ အမ်ိဳးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ္းရွာေဖြေပးရန္ အေၾကာင္းၾကားသည့္စာမ်ား လက္ခံရရွိခဲ့ေၾကာင္း နစကမွ ဆိုသည္။ ၂၀၂၅ ရက္ ဇန္နဝါရီ ၁၉ ရက္အထိ အမ်ိဳးသား ၉၅၈ ဦး၊ အမ်ိဳးသမီး ၃၃၄ဦး ေပါင္း ၁၂၉၂ ဦးကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့သျဖင့္ ၁၂၈၄ ဦးကို သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ လုပ္ထုံးလုပ္နည္းႏွင့္အညီ ျပည္ႏွင္လႊဲေျပာင္းခဲ့ၿပီးျဖစ္ကာ ဗီယက္နမ္ ၅ ဦး၊ ပါကစၥတန္ ၁ ဦး ၊ တ႐ုတ္ ၂ ဦး ေပါင္း ၈ ဦးလႊဲရန္က်န္ရွိေၾကာင္း၊ က်န္ရွိသူ ၂၈၈၄ ဦးႏွင့္ပတ္သက္၍ စဥ္ဆက္မျပတ္ စုံစမ္းရွာေဖြလ်က္ရွိၿပီး ထူးျခားမႈရွိပါက သက္ဆိုင္ရာသံ႐ုံးႏွင့္ ႏိုင္ငံမ်ားသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းဖလွယ္ေပးလ်က္ရွိေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံပူးေပါင္းၿပီး ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ရွိ Online Scam Center မ်ားကို တားဆီးႏွိမ္နင္းမႈ ႏွစ္ႀကိမ္ေဆာင္႐ြက္ခဲ့ၿပီး ပထမအႀကိမ္ကို ၂၀၂၄ ခုႏွစ္၊ မတ္ ၂၈ ရက္မွ ၃၁ ရက္အတြင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ ဒုတိယအႀကိမ္ကို ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာ ၂၃ ရက္မွ ၂၆ ရက္အတြင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားႏွင့္ပတ္သက္၍ လုပ္ေဆာင္ေနသူမ်ားသည္ သာမာန္လူမ်ား မဟုတ္ၾကဘဲ သက္ဆိုင္ရာႏိုင္ငံမ်ား၌ ရာဇဝတ္မႈမ်ားျဖစ္ၿပီး တိမ္းေရွာင္ထြက္ေျပးေနရသည့္ ေလာင္းကစားလုပ္ေနၾကသူမ်ားက ဦးေဆာင္ေနၾကျခင္းပင္ျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္မ်ားက ျမန္မာမ်ားကို လိမ္ျခင္းမဟုတ္သကဲ့သို႔ ျမန္မာမ်ားက တ႐ုတ္မ်ားကို လိမ္ျခင္းလည္းမဟုတ္ေၾကာင္းႏွင့္ ရာဇဝတ္မႈက်ဴးလြန္ထားၿပီး အျပစ္ရွိသည့္ ျပည္ေျပးလူတစ္စုမွ မိမိတို႔ ႏွစ္ႏိုင္ငံလုံးကို လိမ္ေနျခင္းပင္ျဖစ္သျဖင့္ အျပစ္ရွိသူမ်ားကို ေဖာ္ထုတ္အေရးယူသြားရမည္ျဖစ္ၿပီး အကာအကြယ္ေပးသူမ်ားကိုလည္း အေရးယူရမည္ျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ ထို႔ေၾကာင့္ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ား က်ဴးလြန္ေနၾကသူမ်ားသည္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းမႈမရွိသျဖင့္ တရားဥပေဒစိုးမိုးေရးအဖြဲ႕မ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား အျပည့္အဝစိုးမိုးအုပ္ခ်ဳပ္ရန္ အခက္အခဲႏွင့္ ကန႔္သတ္ခ်က္မ်ားရွိသည့္ေဒသမ်ားကို ပစ္မွတ္ထား၍ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ဆက္စပ္ေနရာမ်ားမွ ကိုယ္က်ိဳးစီးပြားရွာသူမ်ားႏွင့္ ပူးေပါင္းကာ လုပ္ေဆာင္လ်က္ရွိၾကသျဖင့္ ႏိုင္ငံေတာ္အေနျဖင့္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္အေရးယူမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

© 2021. All rights reserved.