စံချိန်တင် crystal meth တန်ချိန်(၁)တန်ခွဲကျော်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိ
336
Pika (NP News) - ဇန်နဝါရီ ၂၁
ထိုင်းအာဏာပိုင်တွေဟာ crystal methamphetamine မူးယစ်ဆေးဝါး တန်ချိန် တစ်တန်ခွဲကျော်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့တယ်လို့ အကြီးတန်းမူးယစ်ဆေးဝါးအရာရှိတွေက ဇန်နဝါရီလ(၂၀)ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုဟာ တရားမဝင်မူးယစ်ဆေးဝါး စံချိန်တင်ဖမ်းဆီးရမိမှုတစ်ခုဖြစ်တယ်လို့ ၎င်းတို့က ပြောကြားခဲ့ပါတယ်။ crystal methamphetamine မူးယစ်ဆေးဝါး တန်ချိန် တစ်တန်ခွဲကျော်ကို ဘန်ကောက်မြို့က ဂိုဒေါင်တစ်ခုအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် အခင်းဖြစ်ပွားရာနေရာမှာတွေ့ရှိခဲ့တဲ့ လူလေးဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဂိုဒေါင်အတွင်းက ဝါဂွမ်းလိပ်တွေထဲမှာ ဖွက်ထားတဲ့ အလေးချိန်(၁ ဒသမ ၆၅)တန်ချိန်ရှိတဲ့ crystal meth မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ မူးယစ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေ အတွင်းရေးမှူး Phanurat Lukboon ကပြောကြားခဲ့ပါတယ်။
၎င်းက "ဒီလောက်များတဲ့ methamphetamine ကို ကျွန်တော်တို့ဖမ်းဆီးရမိတာ ဒါကပထမဆုံးအကြိမ်ပါ”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်းဆေးဝါးတွေက ဘယ်လောက်တန်တယ်ဆိုတဲ့အချက်ကို ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
zawgyi version
စံခ်ိန္တင္ crystal meth တန္ခ်ိန္(၁)တန္ခြဲေက်ာ္ကို ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီးရမိ
Pika (NP News) - ဇန္နဝါရီ ၂၁
ထိုင္းအာဏာပိုင္ေတြဟာ crystal methamphetamine မူးယစ္ေဆးဝါး တန္ခ်ိန္ တစ္တန္ခြဲေက်ာ္ကို ၾကားျဖတ္ဖမ္းဆီးရမိခဲ့တယ္လို႔ အႀကီးတန္းမူးယစ္ေဆးဝါးအရာရွိေတြက ဇန္နဝါရီလ(၂၀)ရက္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
အဆိုပါ ဖမ္းဆီးရမိမႈဟာ တရားမဝင္မူးယစ္ေဆးဝါး စံခ်ိန္တင္ဖမ္းဆီးရမိမႈတစ္ခုျဖစ္တယ္လို႔ ၎တို႔က ေျပာၾကားခဲ့ပါတယ္။ crystal methamphetamine မူးယစ္ေဆးဝါး တန္ခ်ိန္ တစ္တန္ခြဲေက်ာ္ကို ဘန္ေကာက္ၿမိဳ႕က ဂိုေဒါင္တစ္ခုအတြင္းမွာ ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အခင္းျဖစ္ပြားရာေနရာမွာေတြ႕ရွိခဲ့တဲ့ လူေလးဦးကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးခဲ့တယ္လို႔လည္း သိရပါတယ္။ ထိုင္းအာဏာပိုင္ေတြဟာ ဂိုေဒါင္အတြင္းက ဝါဂြမ္းလိပ္ေတြထဲမွာ ဖြက္ထားတဲ့ အေလးခ်ိန္(၁ ဒသမ ၆၅)တန္ခ်ိန္ရွိတဲ့ crystal meth မူးယစ္ေဆးဝါးေတြကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ မူးယစ္ထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕႐ုံး အေထြေထြ အတြင္းေရးမႉး Phanurat Lukboon ကေျပာၾကားခဲ့ပါတယ္။
၎က "ဒီေလာက္မ်ားတဲ့ methamphetamine ကို ကြၽန္ေတာ္တို႔ဖမ္းဆီးရမိတာ ဒါကပထမဆုံးအႀကိမ္ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္းေဆးဝါးေတြက ဘယ္ေလာက္တန္တယ္ဆိုတဲ့အခ်က္ကို ထိုင္းအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။