ဒေါ်နယ်ထရမ့်အစိုးရနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားအစိုးရပြော
294
Pika (NP News) - ဇန်နဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစိုးရအသစ်နဲ့အတူ ယူကရိန်းပဋိပက္ခအတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတပူတင်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဘယ်လိုဖြေရှင်းမှုမျိုးကမဆို ထာဝရငြိမ်းချမ်းရေးကို အာမခံပေးနိုင်လိမ့်မယ်လို့လည်း ပူတင်ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ဒုတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုကို ဇန်နဝါရီလ(၂၀)ရက်ကလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးကိုဆက်သွယ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်သွားစေဖို့ ဒေါ်နယ်ထရမ့်က ကတိပြုထားတာလည်း ဖြစ်ပါတယ်။
ပူတင်က "ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအသစ်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့လမ်းဖွင့်ထားပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ပူတင်ဟာ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ပန်းတိုင်ဟာ အတိုချုံးအပစ်အခတ်ရပ်စဲရေးမဖြစ်သင့်ပါဘူး။ ပြည်သူအားလုံးရဲ့ တရားဝင်အကျိုးစီးပွားကို အလေးထားတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပဲဖြစ်စေချင်ပါတယ်။ ရုရှားနိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားတွေအတွက် ကျွန်တော်တို့တိုက်ပွဲဝင်သွားမှာပါ”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
ေဒၚနယ္ထရမ့္အစိုးရနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၂၁
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕အစိုးရအသစ္နဲ႔အတူ ယူကရိန္းပဋိပကၡအတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားတယ္လို႔ ႐ုရွားသမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဘယ္လိုေျဖရွင္းမႈမ်ိဳးကမဆို ထာဝရၿငိမ္းခ်မ္းေရးကို အာမခံေပးႏိုင္လိမ့္မယ္လို႔လည္း ပူတင္ကေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ ဒုတိယေျမာက္သက္တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုမႈကို ဇန္နဝါရီလ(၂၀)ရက္ကလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းႏွစ္ဖက္စလုံးကိုဆက္သြယ္ၿပီး လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္သြားေစဖို႔ ေဒၚနယ္ထရမ့္က ကတိျပဳထားတာလည္း ျဖစ္ပါတယ္။
ပူတင္က "ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရအသစ္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔လမ္းဖြင့္ထားပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ပူတင္ဟာ ေဒၚနယ္ထရမ့္ရဲ႕ ဒုတိယေျမာက္သက္တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုမႈကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ပူတင္က "လက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ ပန္းတိုင္ဟာ အတိုခ်ဳံးအပစ္အခတ္ရပ္စဲေရးမျဖစ္သင့္ပါဘူး။ ျပည္သူအားလုံးရဲ႕ တရားဝင္အက်ိဳးစီးပြားကို အေလးထားတဲ့ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးပဲျဖစ္ေစခ်င္ပါတယ္။ ႐ုရွားႏိုင္ငံနဲ႔ျပည္သူေတြရဲ႕ အက်ိဳးစီးပြားေတြအတြက္ ကြၽန္ေတာ္တို႔တိုက္ပြဲဝင္သြားမွာပါ”လို႔ေျပာဆိုခဲ့ပါတယ္။