ယူကရိန်းအရေးကို မဆွေးနွေးဘူးဆိုရင် ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော
488
Pika (NP News) - ဇန်နဝါရီ ၂၂
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီလ(၂၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ရုရှားအပေါ် ချမှတ်နိုင် ဖွယ်ရှိတဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာ မျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်းတည်းက အမေရိကန်ဟာ ရုရှား အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့ရေးကိစ္စကိုလည်း အသေးစိတ်စောင့်ကြည့်လေ့လာနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း ယူကရိန်းကို ထောက်ပံ့ပေးမှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်ဆိုတဲ့ ၎င်းရဲ့အမြင်ကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့် က “ကျွန်တော်တို့ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ စကားပြောနေပါတယ်။ မကြာခင်အချိန်အတွင်း မှာ ရုရှားသမ္မတပူတင်နဲ့လည်း စကားပြောဆိုသွားမှာပါ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်ပွဲကို ရပ်တန့်ဖို့ အတွက် ကြားဝင်စွက်ဖက်မှုတွေလုပ်ဆောင်ဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိအားပေးခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထပ်မံထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ရှီကျင့်ဖျင်က ကြားဝင်စွက်ဖက်မှုတွေကို အများကြီးမလုပ်ဆောင်ပါဘူး။ ကျွန်တော်တို့က အင်အားကြီးသလိုမျိုး ရှီကျင့်ဖျင်ကလည်း အင်အားကြီးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြေလည်အောင်ဝင်ရောက်ဖြေရှင်းမှုတွေကို လုပ်ဆောင်သင့်ပါတယ်။
Zawgyi Version;
ယူကရိန္းအေရးကို မေဆြးေႏြးဘူးဆိုရင္ ႐ုရွားအေပၚ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္သြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၂
႐ုရွားသမၼတပူတင္ဟာ ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔အတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္သြားႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဇန္နဝါရီလ(၂၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ႐ုရွားအေပၚ ခ်မွတ္ႏိုင္ ဖြယ္ရွိတဲ့ပိတ္ဆို႔အေရးယူမႈေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့တာ မ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ပိုင္းတည္းက အေမရိကန္ဟာ ႐ုရွား အေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ခ်မွတ္ခဲ့ၿပီးၿပီလည္းျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံကို စစ္လက္နက္ပစၥည္းေတြ ေပးပို႔ေရးကိစၥကိုလည္း အေသးစိတ္ေစာင့္ၾကည့္ေလ့လာေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဥေရာပသမဂၢအေနနဲ႔လည္း ယူကရိန္းကို ေထာက္ပံ့ေပးမႈေတြ ပိုမိုလုပ္ေဆာင္သင့္တယ္ဆိုတဲ့ ၎ရဲ႕အျမင္ကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္ က “ကြၽန္ေတာ္တို႔ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ စကားေျပာေနပါတယ္။ မၾကာခင္အခ်ိန္အတြင္း မွာ ႐ုရွားသမၼတပူတင္နဲ႔လည္း စကားေျပာဆိုသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္ပြဲကို ရပ္တန႔္ဖို႔ အတြက္ ၾကားဝင္စြက္ဖက္မႈေတြလုပ္ေဆာင္ဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ဖိအားေပးခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္က ထပ္မံထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ရွီက်င့္ဖ်င္က ၾကားဝင္စြက္ဖက္မႈေတြကို အမ်ားႀကီးမလုပ္ေဆာင္ပါဘူး။ ကြၽန္ေတာ္တို႔က အင္အားႀကီးသလိုမ်ိဳး ရွီက်င့္ဖ်င္ကလည္း အင္အားႀကီးပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပလည္ေအာင္ဝင္ေရာက္ေျဖရွင္းမႈေတြကို လုပ္ေဆာင္သင့္ပါတယ္။