ဂျပန် Kaikyokan ငါးပြတိုက်မှာ လာရောက်ကြည့်ရှုသူ မရှိလို့ စိတ်ဓာတ်ကျနေတဲ့ ငါးအတွက် လူသားဓာတ်ပုံတွေ ချိတ်ဆွဲပြသထားပြီး နှစ်သိမ့်
101
ရောင်နီ (NP News) - ဇန်နဝါရီ ၂၂
ဂျပန်နိုင်ငံ၊ ရှီမိုနိုဆယ်ကီမြို့၊ Kaikyokan ငါးပြတိုက်မှာ ဒီဇင်ဘာလ အစောပိုင်းက ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေ ချိန် Mambo ငါးတစ်ကောင် စိတ်ဓာတ်ကျပြီး နေမကောင်းဖြစ်တဲ့လက္ခဏာတွေ တွေ့လာခဲ့ရတာကြောင့် တိရစ္ဆာန် စောင့်ရှောက်ရေးသမားတွေက စိုးရိမ်ပူပန်ခဲ့ကြရပါတယ်။
Mambo ငါးကြီးဟာ သူ့အစာဖြစ်တဲ့ ရေခူကို မစားတော့သလို ခန္ဓာကိုယ်ကလည်း acrylic tank နဲ့ ပွတ်တိုက်မိ တာကြောင့် ကပ်ပါးကောင်တွေတွယ်ပြီး အစာခြေပြဿနာတွေ တွေ့ရှိခဲ့တယ်လို့ Mainichi Shimbun သတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ သူ့ကို လာရောက်ကြည့်ရှုသူမရှိလို့ အထီးကျန်နေတာဖြစ်နိုင်တယ်လို့ ဝန်ထမ်းတစ်ဦးက အကြံပြုလာတာကြောင့် ပြတိုက်ဟာ Mambo ငါး ပျော်ရွှင်စေဖို့ အစီအမံ အမျိုးမျိုးကို ပြုလုပ်ခဲ့ ပါတယ်။ Mambo ငါးရှိတဲ့ ကန်ကို လူသားမျက်နှာတွေ၊ ငါးပြတိုက်ဝတ်စုံတွေနဲ့ အလှဆင်ပြီး ငါးကို နှစ်သိမ့်ခဲ့ကြ ပါတယ်။ ငါးပြတိုက်က မျှဝေထားတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ အဝတ်ကြိုးကွင်းတွေနဲ့ ချိတ်ဆွဲထားတဲ့ ယူနီဖောင်းနဲ့ အတူ လူရုပ်တွေ ဖြတ်တောက် ချိတ်ကပ်ထားတာတွေ့ရပါတယ်။
အဲဒီနောက် Mambo ငါးရဲ့ ကျန်းမာရေးလည်း တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ Kaikyokan ငါးပြတိုက်ကို အခုနှစ် နွေရာသီမှာ လာရောက်လည်ပတ်သူတွေအတွက် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။ Mola mola လို့လည်း လူသိများတဲ့ Mambo ငါးဟာ အရှည် ၃၃၅ စင်တီမီတာအထိကြီးထွားနိုင်ပြီး အလေးချိန် ၂.၅ တန်အထိရှိပါတယ်။ Mambo ငါးဟာလည်း မျိုးတုန်းနိုင်ဖွယ်ရှိတဲ့ မျိုးစိတ် စာရင်းမှာ ပါဝင်ပါတယ်။
Zawgyi Version;
ဂ်ပန္ Kaikyokan ငါးျပတိုက္မွာ လာေရာက္ၾကည့္ရႈသူ မရွိလို႔ စိတ္ဓာတ္က်ေနတဲ့ ငါးအတြက္ လူသားဓာတ္ပုံေတြ ခ်ိတ္ဆြဲျပသထားၿပီး ႏွစ္သိမ့္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၂
ဂ်ပန္ႏိုင္ငံ၊ ရွီမိုႏိုဆယ္ကီၿမိဳ႕၊ Kaikyokan ငါးျပတိုက္မွာ ဒီဇင္ဘာလ အေစာပိုင္းက ျပဳျပင္မြမ္းမံမႈေတြ ျပဳလုပ္ေန ခ်ိန္ Mambo ငါးတစ္ေကာင္ စိတ္ဓာတ္က်ၿပီး ေနမေကာင္းျဖစ္တဲ့လကၡဏာေတြ ေတြ႕လာခဲ့ရတာေၾကာင့္ တိရစာၦန္ ေစာင့္ေရွာက္ေရးသမားေတြက စိုးရိမ္ပူပန္ခဲ့ၾကရပါတယ္။
Mambo ငါးႀကီးဟာ သူ႔အစာျဖစ္တဲ့ ေရခူကို မစားေတာ့သလို ခႏၶာကိုယ္ကလည္း acrylic tank နဲ႔ ပြတ္တိုက္မိ တာေၾကာင့္ ကပ္ပါးေကာင္ေတြတြယ္ၿပီး အစာေျချပႆနာေတြ ေတြ႕ရွိခဲ့တယ္လို႔ Mainichi Shimbun သတင္းဌာနက ေဖာ္ျပပါတယ္။ ဒါဟာ သူ႔ကို လာေရာက္ၾကည့္ရႈသူမရွိလို႔ အထီးက်န္ေနတာျဖစ္ႏိုင္တယ္လို႔ ဝန္ထမ္းတစ္ဦးက အႀကံျပဳလာတာေၾကာင့္ ျပတိုက္ဟာ Mambo ငါး ေပ်ာ္႐ႊင္ေစဖို႔ အစီအမံ အမ်ိဳးမ်ိဳးကို ျပဳလုပ္ခဲ့ ပါတယ္။ Mambo ငါးရွိတဲ့ ကန္ကို လူသားမ်က္ႏွာေတြ၊ ငါးျပတိုက္ဝတ္စုံေတြနဲ႔ အလွဆင္ၿပီး ငါးကို ႏွစ္သိမ့္ခဲ့ၾက ပါတယ္။ ငါးျပတိုက္က မွ်ေဝထားတဲ့ ဓာတ္ပုံတစ္ပုံမွာေတာ့ အဝတ္ႀကိဳးကြင္းေတြနဲ႔ ခ်ိတ္ဆြဲထားတဲ့ ယူနီေဖာင္းနဲ႔ အတူ လူ႐ုပ္ေတြ ျဖတ္ေတာက္ ခ်ိတ္ကပ္ထားတာေတြ႕ရပါတယ္။
အဲဒီေနာက္ Mambo ငါးရဲ႕ က်န္းမာေရးလည္း တိုးတက္ေကာင္းမြန္လာခဲ့တယ္လို႔ သိရပါတယ္။ Kaikyokan ငါးျပတိုက္ကို အခုႏွစ္ ေႏြရာသီမွာ လာေရာက္လည္ပတ္သူေတြအတြက္ ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားပါတယ္။ Mola mola လို႔လည္း လူသိမ်ားတဲ့ Mambo ငါးဟာ အရွည္ ၃၃၅ စင္တီမီတာအထိႀကီးထြားႏိုင္ၿပီး အေလးခ်ိန္ ၂.၅ တန္အထိရွိပါတယ္။ Mambo ငါးဟာလည္း မ်ိဳးတုန္းႏိုင္ဖြယ္ရွိတဲ့ မ်ိဳးစိတ္ စာရင္းမွာ ပါဝင္ပါတယ္။