ထိုင်ဝမ်လေတပ်အရာရှိတစ်ဦး တိုက်လေယာဉ်အင်ဂျင်အတွင်း စုပ်ယူခံခဲ့ရပြီးနောက် သေဆုံး

 586

Pika (NP News) - ဇန်နဝါရီ ၂၂

ထိုင်ဝမ်လေတပ်အရာရှိတစ်ဦးဟာ တိုက်လေယာဉ်တစ်စင်းရဲ့အင်ဂျင်အတွင်းကို စုပ်ယူခံခဲ့ရပြီးနောက် သေဆုံး သွားခဲ့တယ်လို့ ထိုင်ဝမ်လေတပ်ကွပ်ကဲမှုဌာနချုပ်က ဇန်နဝါရီလ(၂၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဇန်နဝါရီလ(၂၁)ရက် နံနက်ပိုင်းက Taichungမြို့ Ching Chuan Kang လေတပ်အခြေစိုက်စခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အဲဒီတိုက်လေယာဉ်ဟာ ဌာနေတိုင်းရင်းသားကာကွယ်‌ရေးတိုက်လေယာဉ်တစ်စင်းဖြစ်တယ်လို့ ဒေသ အတွင်း မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ ထိုင်ဝမ်လေတပ်အမျိုးသမီးအရာရှိတစ်ဦးဟာ အင်ဂျင် မပိတ်မီ မြေပြင်ပေါ်ကို ဆင်းသက်ခဲ့တဲ့တိုက်လေယာဉ်ကို နောက်ဆုံးပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့စဉ်အချိန် အတွင်း ယခုလိုဆွဲစုပ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်ဝမ်လေတပ်က “လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိ‌ရသေးတဲ့အကြောင်းအရင်းတစ်ချို့ကြောင့် ၎င်းဟာ တိုက်လေယာဉ်ရဲ့ညာဖက်အင်ဂျင်ထဲကို ဆွဲစုပ်ခံခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက် ၎င်းကိုဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ထိုင်ဝမ်လေတပ် က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး အဲဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ်မဖြစ်ပွားစေဖို့အတွက် ဆန်းစစ်မှုတွေကို သေသေချာချာလုပ်ဆောင်သွားမယ်လို့လည်း ထိုင်ဝမ်လေတပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္ဝမ္ေလတပ္အရာရွိတစ္ဦး တိုက္ေလယာဥ္အင္ဂ်င္အတြင္း စုပ္ယူခံခဲ့ရၿပီးေနာက္ ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၂

ထိုင္ဝမ္ေလတပ္အရာရွိတစ္ဦးဟာ တိုက္ေလယာဥ္တစ္စင္းရဲ႕အင္ဂ်င္အတြင္းကို စုပ္ယူခံခဲ့ရၿပီးေနာက္ ေသဆုံး သြားခဲ့တယ္လို႔ ထိုင္ဝမ္ေလတပ္ကြပ္ကဲမႈဌာနခ်ဳပ္က ဇန္နဝါရီလ(၂၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ ဇန္နဝါရီလ(၂၁)ရက္ နံနက္ပိုင္းက Taichungၿမိဳ႕ Ching Chuan Kang ေလတပ္အေျခစိုက္စခန္းမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အဲဒီတိုက္ေလယာဥ္ဟာ ဌာေနတိုင္းရင္းသားကာကြယ္‌ေရးတိုက္ေလယာဥ္တစ္စင္းျဖစ္တယ္လို႔ ေဒသ အတြင္း မီဒီယာေတြက ေရးသားေဖာ္ျပထားပါတယ္။ ထိုင္ဝမ္ေလတပ္အမ်ိဳးသမီးအရာရွိတစ္ဦးဟာ အင္ဂ်င္ မပိတ္မီ ေျမျပင္ေပၚကို ဆင္းသက္ခဲ့တဲ့တိုက္ေလယာဥ္ကို ေနာက္ဆုံးပုံမွန္စစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့စဥ္အခ်ိန္ အတြင္း ယခုလိုဆြဲစုပ္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။
ထိုင္ဝမ္ေလတပ္က “လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိ‌ရေသးတဲ့အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ၎ဟာ တိုက္ေလယာဥ္ရဲ႕ညာဖက္အင္ဂ်င္ထဲကို ဆြဲစုပ္ခံခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ ျဖစ္ပြားၿပီးေနာက္ ၎ကိုေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ေသဆုံးသြားခဲ့တယ္လို႔ ထိုင္ဝမ္ေလတပ္ က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မေတာ္တဆမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကို ဆက္လက္စုံစမ္းစစ္ေဆးေနၿပီး အဲဒီလိုမ်ိဳးျဖစ္ရပ္ေတြ ေနာက္ထပ္မျဖစ္ပြားေစဖို႔အတြက္ ဆန္းစစ္မႈေတြကို ေသေသခ်ာခ်ာလုပ္ေဆာင္သြားမယ္လို႔လည္း ထိုင္ဝမ္ေလတပ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.