ယူကရိန်းပဋိပက္ခက အဆုံးသတ်ဖို့လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
291
Pika (NP News) - ဇန်နဝါရီ ၂၂
ယူကရိန်းအတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချက်ချင်း စတင်လုပ်ဆောင်တော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။ မာကိုရူဘီအို ဟာ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်ကတည်းကပြုခဲ့တဲ့ ဒေါ်နယ်ထရမ့်အစိုးရအသစ်ရဲ့ပထမဆုံးအဆင့်မြင့်အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်အတွက် ယူကရိန်းဟာ အဓိကဦးစားပေးဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးရရှိဖို့အတွက် ကြိုးပမ်းမှု တွေကို ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မာကိုရူဘီအိုဟာ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် တိကျတဲ့အချိန်ကာလ တစ်ခုကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
မာကိုရူဘီအိုက “အချို့အခြေခံအုတ်မြစ်တွေကိုတော့ ချထားပြီးပါပြီ။ ဒါက ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာပါ လိမ့်မယ်။ ကျွန်တော်ဆိုလိုချင်တာက ဒါက ရှုပ်ထွေးပြီး သွေးထွက်သံယိုမှုတွေရှိတဲ့ပဋိပက္ခတစ်ခုဖြစ်ပြီး အဆုံးသတ်ဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစလုံးဟာ သဘောတူညီချက် ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ တစ်စုံတစ်ခုကို လက်ခံရလိမ့်မယ်လို့လည်း မာကိုရူဘီအို က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘယ်လိုလိုက်လျောမှုတွေကို လက်ခံရမလဲဆိုတဲ့အချက်ကိုတော့ မာကိုရူဘီအိုက ထုတ်ဖော် ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ၎င်းက “ရုရှား နဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ သူတို့သဘောတူထားတာ တွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ယူကရိန္းပဋိပကၡက အဆုံးသတ္ဖို႔လိုအပ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဇန္နဝါရီ ၂၂
ယူကရိန္းအတြက္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခ်က္ခ်င္း စတင္လုပ္ေဆာင္ေတာ့မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။ မာကို႐ူဘီအို ဟာ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ လႊတ္ေတာ္ကတည္းကျပဳခဲ့တဲ့ ေဒၚနယ္ထရမ့္အစိုးရအသစ္ရဲ႕ပထမဆုံးအဆင့္ျမင့္အစိုးရအဖြဲ႕ဝင္တစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္အတြက္ ယူကရိန္းဟာ အဓိကဦးစားေပးျဖစ္ၿပီး အပစ္အခတ္ရပ္စဲေရးရရွိဖို႔အတြက္ ႀကိဳးပမ္းမႈ ေတြကို ခ်က္ခ်င္းလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း မာကို႐ူဘီအိုဟာ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ တိက်တဲ့အခ်ိန္ကာလ တစ္ခုကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
မာကို႐ူဘီအိုက “အခ်ိဳ႕အေျခခံအုတ္ျမစ္ေတြကိုေတာ့ ခ်ထားၿပီးပါၿပီ။ ဒါက ရႈပ္ေထြးတဲ့လုပ္ငန္းစဥ္တစ္ခုျဖစ္လာပါ လိမ့္မယ္။ ကြၽန္ေတာ္ဆိုလိုခ်င္တာက ဒါက ရႈပ္ေထြးၿပီး ေသြးထြက္သံယိုမႈေတြရွိတဲ့ပဋိပကၡတစ္ခုျဖစ္ၿပီး အဆုံးသတ္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းႏွစ္ႏိုင္ငံစလုံးဟာ သေဘာတူညီခ်က္ ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ တစ္စုံတစ္ခုကို လက္ခံရလိမ့္မယ္လို႔လည္း မာကို႐ူဘီအို က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ဘယ္လိုလိုက္ေလ်ာမႈေတြကို လက္ခံရမလဲဆိုတဲ့အခ်က္ကိုေတာ့ မာကို႐ူဘီအိုက ထုတ္ေဖာ္ ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ၎က “႐ုရွား နဲ႔ ယူကရိန္းႏွစ္ႏိုင္ငံစလုံးဟာ သူတို႔သေဘာတူထားတာ ေတြနဲ႔ပတ္သက္ၿပီး အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။