တူရကီနိုင်ငံ အနောက်မြောက်ပိုင်းက နှင်းလျှောစီးအပန်းဖြေဟိုတည်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၇၆)ဦးသေဆုံး
172
Pika (NP News) - ဇန်နဝါရီ ၂၂
တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ နှင်းလျှောစီးအပန်းဖြေဟိုတည်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၇၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ Kartalkaya နှင်းလျှောစီးအပန်းဖြေစခန်းမှာရှိတဲ့ Grand Kartal ဟိုတည်မှာ ဇန်နဝါရီလ(၂၁)ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဟာ ဇန်နဝါရီလ(၂၁)ရက် နံနက်(၃)နာရီခွဲအချိန်ခန့်မှာ အထပ်(၁၂)ထပ်ရှိတဲ ဟိုတည်ရဲ့ စားသောက်ဆိုင်ကြမ်းပြင်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေဟာ အခင်းဖြစ်ပွားရာနေရာကို (၄၅)မိနစ်လောက်ကြာမှ ရောက်ရှိလာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီယာလီကာရာ က ပြောကြားခဲ့ပါတယ်။
အဲဒီအဆောက်အဦးအပေါ်မှာ သစ်သားပြားတွေနဲ့ ဖုံးအုပ်ထားတာမလို့ မီးက လျင်မြန်စွာပျံ့နှံ့သွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။ အခန်း(၁၆၁)ခန်းပါရှိတဲ့ ဟိုတည်မှာ အနက်ရောင် မီးခိုးတွေ ထွက်ပေါ်လာမှုနဲ့အတူ ဧည့်သည်တွေနဲ့ဝန်ထမ်းတွေ ထိတ်လန့်စွာထွက်ပြေးနေတာကို တွေ့မြင်ခဲ့ရတယ် လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်အတွင်း လာရောက်တည်းခိုတဲ့ဧည့်သည်(၂၃၈)ဦးရှိပြီး အများစုဟာ သီတင်းပတ်(၂)ပတ်ကြာ ကျောင်းပိတ်ရက်အတွင်း လာရောက်လည်ပတ်တဲ့ မိသားစုတွေဖြစ်တယ်လို့ အလီယာလီကာရာက ပြောကြားခဲ့ပါ တယ်။ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ မီးလောင်ကျွမ်းမှုဟာ ထိန်းချုပ်ဖို့ခက်ခဲခဲ့ပြီး မီးသတ်သမားတွေဟာ နာရီပေါင်းများစွာကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူး Abdulaziz Aydin က ပြောကြားခဲ့ပါတယ်။
Zawgyi Version;
တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ႏွင္းေလွ်ာစီးအပန္းေျဖဟိုတည္မွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၇၆)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၂
တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာရွိတဲ့ ႏွင္းေလွ်ာစီးအပန္းေျဖဟိုတည္တစ္ခုမွာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၇၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၅၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တူရကီျပည္ထဲေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈဟာ Kartalkaya ႏွင္းေလွ်ာစီးအပန္းေျဖစခန္းမွာရွိတဲ့ Grand Kartal ဟိုတည္မွာ ဇန္နဝါရီလ(၂၁)ရက္ နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
မီးေလာင္ကြၽမ္းမႈဟာ ဇန္နဝါရီလ(၂၁)ရက္ နံနက္(၃)နာရီခြဲအခ်ိန္ခန႔္မွာ အထပ္(၁၂)ထပ္ရွိတဲ ဟိုတည္ရဲ႕ စားေသာက္ဆိုင္ၾကမ္းျပင္မွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး မီးသတ္သမားေတြဟာ အခင္းျဖစ္ပြားရာေနရာကို (၄၅)မိနစ္ေလာက္ၾကာမွ ေရာက္ရွိလာခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီး အလီယာလီကာရာ က ေျပာၾကားခဲ့ပါတယ္။
အဲဒီအေဆာက္အဦးအေပၚမွာ သစ္သားျပားေတြနဲ႔ ဖုံးအုပ္ထားတာမလို႔ မီးက လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့တာ ျဖစ္တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာၾကားခဲ့ပါတယ္။ အခန္း(၁၆၁)ခန္းပါရွိတဲ့ ဟိုတည္မွာ အနက္ေရာင္ မီးခိုးေတြ ထြက္ေပၚလာမႈနဲ႔အတူ ဧည့္သည္ေတြနဲ႔ဝန္ထမ္းေတြ ထိတ္လန႔္စြာထြက္ေျပးေနတာကို ေတြ႕ျမင္ခဲ့ရတယ္ လို႔ မ်က္ျမင္သက္ေသေတြက ေျပာၾကားခဲ့ပါတယ္။
မီးေလာင္မႈျဖစ္ပြားခ်ိန္အတြင္း လာေရာက္တည္းခိုတဲ့ဧည့္သည္(၂၃၈)ဦးရွိၿပီး အမ်ားစုဟာ သီတင္းပတ္(၂)ပတ္ၾကာ ေက်ာင္းပိတ္ရက္အတြင္း လာေရာက္လည္ပတ္တဲ့ မိသားစုေတြျဖစ္တယ္လို႔ အလီယာလီကာရာက ေျပာၾကားခဲ့ပါ တယ္။ ေလျပင္းတိုက္ခတ္မႈေတြနဲ႔အတူ မီးေလာင္ကြၽမ္းမႈဟာ ထိန္းခ်ဳပ္ဖို႔ခက္ခဲခဲ့ၿပီး မီးသတ္သမားေတြဟာ နာရီေပါင္းမ်ားစြာၾကာေအာင္ ၿငိမ္းသတ္ခဲ့ရတယ္လို႔ အုပ္ခ်ဳပ္ေရးမႉး Abdulaziz Aydin က ေျပာၾကားခဲ့ပါတယ္။