(၁၈)လသက်တမ်းတိုးထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏နောက်ဆက်တွဲစာချုပ်ကို သက်တမ်းမပြည့်မီနှစ်လအလိုတွင် လုပ်ငန်းပြီးပြတ်အောင် ဆောင်ရွက်ရန် တိုက်တွန်း
306
ယွန်း (NP News) - ဇန်နဝါရီ ၂၂
(၁၈)လသက်တမ်းတိုးပေးခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ နောက်ဆက်တွဲစာချုပ်ကို သက်တမ်းမပြည့်မီနှစ်လအလိုတွင် လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။
ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးထွန်းအုံက ဇန်နဝါရီ(၂၁)ရက်တွင် နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်(Concession Agreement)ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၅)ရက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ်(Addendum)ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၂၆)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို (၁၈)လကာလ သက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။
Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလမှာ (၂၀၂၅)ခုနှစ်၊ ဇွန်(၂၆)ရက်တွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်း မပြည့်မြောက်မီနှစ်လအလိုဖြစ်သည့် (၂၀၂၅) ခုနှစ်၊ ဧပြီ(၂၆)ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ်(Share-holders’ Agreement)တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ- တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက်(၁၆)ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက်(၁၀)ချက်၊ မြန်မာ- တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက်(၄)ချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်းပြီးမြောက်ရေး ဆောင်ရွက်ရန် အသိပေးထားသည်။
အလားတူ သက်တမ်းတိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန်(၂၅)ရက် မတိုင်မီသက်ဆိုင်ရာဌာနများမှဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ အပြီးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားထားသည်။
zawgyi version
(၁၈)လသက္တမ္းတိုးထားသည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၏ေနာက္ဆက္တြဲစာခ်ဳပ္ကို သက္တမ္းမျပည့္မီႏွစ္လအလိုတြင္ လုပ္ငန္းၿပီးျပတ္ေအာင္ ေဆာင္႐ြက္ရန္ တိုက္တြန္း
ယြန္း (NP News) - ဇန္နဝါရီ ၂၂
(၁၈)လသက္တမ္းတိုးေပးခဲ့သည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၏ ေနာက္ဆက္တြဲစာခ်ဳပ္ကို သက္တမ္းမျပည့္မီႏွစ္လအလိုတြင္ လုပ္ငန္းမ်ားၿပီးျပတ္ေအာင္ ေဆာင္႐ြက္ရန္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာဗဟိုလုပ္ငန္းအဖြဲ႕ ဒုတိယဥကၠ႒က တိုက္တြန္းေျပာၾကားသည္။
ဗဟိုလုပ္ငန္းအဖြဲ႕ ဒုတိယဥကၠ႒၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီးဦးထြန္းအုံက ဇန္နဝါရီ(၂၁)ရက္တြင္ ေနျပည္ေတာ္ရွိ စီးပြားကူးသန္းဝန္ႀကီးဌာန အစည္းအေဝးခန္းမ(၁)၌ ျပဳလုပ္ခဲ့သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းအေကာင္အထည္ေဖာ္ေရးအတြက္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီႏွင့္ တ႐ုတ္ႏိုင္ငံ CITIC Group ျဖစ္သည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလီမိတက္တို႔အၾကား လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာတူစာခ်ဳပ္(Concession Agreement)ကို ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာ(၅)ရက္တြင္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။ အဆိုပါ Concession Agreement ၏ ေနာက္ဆက္တြဲစာခ်ဳပ္(Addendum)ကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာ (၂၆)ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး Long Stop Date ကို (၁၈)လကာလ သက္တမ္းတိုးေပးခဲ့ေၾကာင္း သိရသည္။
Long Stop Date သက္တမ္းတိုးျမႇင့္ထားသည့္ ကာလမွာ (၂၀၂၅)ခုႏွစ္၊ ဇြန္(၂၆)ရက္တြင္ ျပည့္ေျမာက္မည္ျဖစ္ၿပီး အဆိုပါသက္တမ္း မျပည့္ေျမာက္မီႏွစ္လအလိုျဖစ္သည့္ (၂၀၂၅) ခုႏွစ္၊ ဧၿပီ(၂၆)ရက္မတိုင္မီ လုပ္ငန္းမ်ားၿပီးျပတ္ေအာင္ေဆာင္႐ြက္ရန္ ရည္မွန္းခ်က္ထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းအေကာင္အထည္ေဖာ္ေရးအတြက္ အစုရွယ္ယာရွင္မ်ားႏွင့္ သက္ဆိုင္ေသာ သေဘာတူစာခ်ဳပ္(Share-holders’ Agreement)တြင္ ေဖာ္ျပထားသည့္အတိုင္း ျမန္မာ- တ႐ုတ္ႏွစ္ဖက္အေနျဖင့္ စီမံကိန္းမစတင္မီ ႀကိဳတင္ျဖည့္ဆည္းေဆာင္႐ြက္ရမည့္ စာခ်ဳပ္ပါအခ်က္(၁၆)ခ်က္အနက္ ျမန္မာဘက္က ေဆာင္႐ြက္ရမည့္အခ်က္(၁၀)ခ်က္၊ ျမန္မာ- တ႐ုတ္ ပူးေပါင္းေဆာင္႐ြက္ရမည့္အခ်က္(၄)ခ်က္ စသည့္လုပ္ငန္းတာဝန္မ်ားကို သတ္မွတ္ကာလအတိုင္းၿပီးေျမာက္ေရး ေဆာင္႐ြက္ရန္ အသိေပးထားသည္။
အလားတူ သက္တမ္းတိုးျမႇင့္ထားသည့္ကာလသည္ ၂၀၂၅ ခုႏွစ္၊ ဇြန္(၂၅)ရက္ မတိုင္မီသက္ဆိုင္ရာဌာနမ်ားမွေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားကို Timeline ခ်မွတ္၍ အၿပီးေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားထားသည္။