မြန်မာနိုင်ငံ၌ပြုလုပ်မည့် အိန္ဒိယအစိုးရ၏ အသေးစားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှုစာချွန်လွှာရေးထိုး
182
ယွန်း(NP News) - ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံ၌ ပြုလုပ်မည့် အိန္ဒိယအစိုးရ၏ အသေးစားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစီမံကိန်းအသစ်(၃)ခုကို ဇန်နဝါရီ(၂၁)ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါ စီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး(၁၀)ခုရှိ Home Science School တွင် သက်မွေးဝမ်းကျောင်းသင်တန်းနှင့် စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်းများပါဝင်ကြောင်း သိရသည်။ ၎င်းစီမံကိန်းများသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါး နှင့် ထားဝယ် စသည့်မြို့ကြီး (၁၁) မြို့ကို ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယစီမံကိန်းသည် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုတွင် မူးယစ်ဆေးစွဲခဲ့ကြသူများ ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေးအထောက်အကူများ ပေးအပ်ခြင်းတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယ ထောက်ပံ့ကူညီရေး နားလည်မှုစာချွန်လွှာမူဘောင်ကို (၂၀၁၀) ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၁၅) ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နှင့် (၂၀၂၀) ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်တွင် နှစ်ကြိမ် သက်တမ်းတိုးခဲ့သည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် အကျိုးသက်ရောက်မှုမြင့်မားသော ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပံ့ပိုးကူညီအတွက် ရပ်တည်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမူဘောင်အရ အိန္ဒိယနိုင်ငံအစိုးရသည် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် စစ်တွေကွန်ပျူတာတက္ကသိုလ်သို့ ကွန်ပျူတာများ ထောက်ပံ့မှု နှင့် ရခိုင် ပြည်နယ်သို့ ထွန်စက်များနှင့် စပါးရိတ်သိမ်းစက်များ ထောက်ပံ့မှုအပါအဝင် အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများအတွက်ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံ၌ျပဳလုပ္မည့္ အိႏၵိယအစိုးရ၏ အေသးစားဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းအသစ္(၃)ခုအတြက္ ပံ့ပိုးကူညီမႈဆိုင္ရာနားလည္မႈစာခြၽန္လႊာေရးထိုး
ယြန္း(NP News) - ဇန္နဝါရီ ၂၂
ျမန္မာႏိုင္ငံ၌ ျပဳလုပ္မည့္ အိႏၵိယအစိုးရ၏ အေသးစားဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းအသစ္(၃)ခုအတြက္ ပံ့ပိုးကူညီမႈဆိုင္ရာနားလည္မႈစာခြၽန္လႊာေရးထိုးခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယသံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါစီမံကိန္းအသစ္(၃)ခုကို ဇန္နဝါရီ(၂၁)ရက္တြင္ ေနျပည္ေတာ္၌ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါ စီမံကိန္းမ်ားထဲမွႏွစ္ခုတြင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး(၁၀)ခုရွိ Home Science School တြင္ သက္ေမြးဝမ္းေက်ာင္းသင္တန္းႏွင့္ စာသင္ခန္းဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား ပံ့ပိုးေပးျခင္းမ်ားပါဝင္ေၾကာင္း သိရသည္။ ၎စီမံကိန္းမ်ားသည္ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ေတာင္ငူ၊ ျမစ္ႀကီးနား၊ ဖ်ာပုံ၊ ပုသိမ္၊ ႐ြာငံ၊ စစ္ေတြ၊ ဟားခါး ႏွင့္ ထားဝယ္ စသည့္ၿမိဳ႕ႀကီး (၁၁) ၿမိဳ႕ကို ျဖန႔္က်က္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တတိယစီမံကိန္းသည္ ရန္ကုန္၊ မႏၲေလး၊ ကခ်င္၊ ရွမ္းႏွင့္ ကရင္ျပည္နယ္ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး (၅) ခုတြင္ မူးယစ္ေဆးစြဲခဲ့ၾကသူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာသင္တန္းမ်ား ဖြင့္လွစ္ျခင္းႏွင့္ သင္ၾကားေရးအေထာက္အကူမ်ား ေပးအပ္ျခင္းတို႔ကို အဓိကထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အေသးစား ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ေရးအတြက္ အိႏၵိယ ေထာက္ပံ့ကူညီေရး နားလည္မႈစာခြၽန္လႊာမူေဘာင္ကို (၂၀၁၀) ခုႏွစ္၊ ဇူလိုင္လ (၂၇) ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး (၂၀၁၅) ခုႏွစ္၊ ဇူလိုင္လ (၂၈) ရက္ႏွင့္ (၂၀၂၀) ခုႏွစ္၊ ဇူလိုင္လ (၂၈) ရက္တြင္ ႏွစ္ႀကိမ္ သက္တမ္းတိုးခဲ့သည္။
အိႏၵိယအစိုးရသည္ ျမန္မာႏိုင္ငံတြင္ အက်ိဳးသက္ေရာက္မႈျမင့္မားေသာ ရပ္႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားကို ပံ့ပိုးကူညီအတြက္ ရပ္တည္ေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အေသးစားဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမူေဘာင္အရ အိႏၵိယႏိုင္ငံအစိုးရသည္ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ရွိ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီး အဆင့္ျမႇင့္တင္ေရး၊ ရခိုင္ျပည္နယ္ စစ္ေတြကြန္ပ်ဴတာတကၠသိုလ္သို႔ ကြန္ပ်ဴတာမ်ား ေထာက္ပံ့မႈ ႏွင့္ ရခိုင္ ျပည္နယ္သို႔ ထြန္စက္မ်ားႏွင့္ စပါးရိတ္သိမ္းစက္မ်ား ေထာက္ပံ့မႈအပါအဝင္ အက်ိဳးသက္ေရာက္မႈရွိသည့္ စီမံကိန္းမ်ားအတြက္ပံ့ပိုးကူညီမႈမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။