လယ်သမားတွေနစ်နာရတဲ့ မြန်မာ့ဆန်စပါးလောက က လူမသိ သူမသိ လက်ဝါးကြီးအုပ်မှုတွေအကြောင်း (၂)
252
ယွန်း ရေးသားသည် (NP News) - ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံတော်မှရရှိသော ပို့ကုန်ရငွေ၏ (၇၀)ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး ထွက်ကုန်များမှဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များအနက် ဆန်စပါးသည် နထစသမအ အများ ဆုံးပို့ကုန်တစ်ခု လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ မိုးစပါးနှင့်နွေစပါးစိုက်ဧက (၁၇)သန်းခန့်ရှိပြီး ဆန်စပါးထွက်ရှိမှု၏ (၇၀)ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းစားသုံးမှုရှိကြောင်းသိရသည်။
ထို့ပြင် ပြည်ပဆန်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၈၀ဝ)ကျော်ရရှိကြောင်း သိရသည်။ သို့သော် ဆန်စပါးလောကတွင်ဖြစ်ပေါ်နေသည့် ကန့်သတ်ချက်များကြောင့် လယ်သမားများတွင် နစ်နာမှု များလည်းရှိနေသည်။ ထို့ပြင် ပြည်တွင်း၌ လယ်ယာလုပ်သားရှားပါးမှုပြဿနာကိုလည်းကြုံတွေ့နေပြီး လယ်သမားပျောက်ဆုံးတော့မည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် အဆိုပါ ကန့်သတ်ချက်များ အပါအဝင် လယ်သမားများ၏နစ်နာ ဆုံးရှုံးမှုများ၊ ပြင်ပမှပုဂ္ဂိုလ်များမသိနိုင်သည့်အခက်အခဲများအကြောင်းကို ဆန်စပါးလောကတွင် နှစ်(၃၀)နီးပါးကျင် လည်ခဲ့သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် NP News မှ ကိုကျော်နုတို့ ဆွေးနွေးပြောဆိုထားသည် များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
ကျော်နု- စက်တွေက ဧရာဝတီတိုင်းမှာ Export အပို့နိုင်မယ့်စက်မရှိဘူးပေါ့။
ဆွေးနွေးဖော်-ကိုဇော်ဝင်းရှိန်ကတော့ ပုသိမ်မှာ လုပ်နေတယ်။ သူရဲ့စက်မှုဇုန်ထဲမှာလုပ်နေတယ်။ အရင်တုန်းက သူ့စက်ကလည်း ဆန်ကနေ ဆန်ပြန်ဖွပ်တဲ့ စက်ပဲ။ အခုနောက်ပိုင်းမှပြောင်းသွားတာ။ တကယ်တမ်း Quality Rice ကိုရဖို့အတွက်က စပါးကနေ စကြိတ်ရမှာ။ ခုန ထိုင်းကိုပြောသလိုပဲပေါ့။ အခုက စပါးကို ကြိတ်လိုက်တယ်။ သူကြိတ် ချင်တဲ့နှုန်းထားနဲ့ သူ့ဟာ သူကြိတ်လိုက်တယ်။ ထွက်လာတဲ့ဆန်ကို သူကြိုက်တဲ့ဈေးနဲ့ရောင်းလိုက်တယ်။ ဒီဟာတွေ အကုန်လုံးက ဘုရင့်နောင်မှာ Market တစ်ခုရှိတယ်။ ဝါးတန်းမှာ Market တစ်ခုရှိတယ်။ အဲဒီကိုရောက်တယ်။ အဲဒီက နေမှပြန်ပြီးတော့ Exporter တွေက ဆန်ကိုပဲ ပြန်ဝယ်တယ်။ ပြန်ဝယ်ပြီး Upgrade လုပ်တယ်။ လုပ်ပြီးတော့ ရောင်းတယ်။ ခက်တာက တန် (၁၀ဝ)မှာ အမျိုးအစားမတူတဲ့ပစ္စည်းက (၄)မျိုးပါ ရင်ပါမှာ။ အဲဒီလိုတွေရှိတယ်။
ကျော်နု- ဆန် Export ပို့တဲ့ကိစ္စမှာလည်း အစိုးရက ပါမစ်ထုတ်ပေးရတယ်။
ဆွေးနွေးဖော်-အစိုးရကထုတ်တာမဟုတ်ဘူး။ MRF ကပဲထုတ်တာ။
ကျော်နု- အဲဒီမှာ ဘယ်သူတွေကို ထုတ်ပေးရသလဲ ဆိုတဲ့ မေးခွန်းကရှိလာတယ်။
ဆွေးနွေးဖော်-သူ့ဖဲကို သူ့ဘာသာသူချိုးတာ။ Export (၁၀)တန်ထုတ်ချင်တယ်ဆို ကိုယ့်မှာဒါရှိကြောင်း ပြရတယ်။ စည်းကမ်းတွေ အများကြီးထုတ်လိုက်တယ်။ အဲဒီတော့ ကျန်တဲ့သူတွေ မလုပ်နိုင်တော့ဘူး။ သူတို့ အချင်းချင်းကတော့ နားလည်မှုနဲ့လုပ်သွားတာလေ။ ကျန်တဲ့သူတွေကျတော့ တော်ရုံတန်ရုံ လူတိုင်းမလုပ် နိုင်တော့ဘူး။ သူတို့လုပ်နိုင်တဲ့ ဟာတွေကိုပဲ စည်းကမ်းချက်တွေထုတ်ထားလိုက်တာ။ အဲဒီတော့ ဒါကို သူတို့ပဲလုပ်လို့ရသွားတာပေါ့။ ကြာရင် အောက်ကလူတွေက တဖြည်းဖြည်းနဲ့ပြုတ်ပြီးတော့ တိုးတက်လာမှာ မဟုတ်တော့ဘူး။ အဓိကကတော့ SME တွေ Develope မဖြစ်သလိုပဲ လယ်သမားတွေလည်း အဆင်မပြေဖြစ်လာမှာပေါ့။ ချေးငွေတွေဘာတွေ ပြန်မဆပ်နိုင် တော့ဘူး။ အခုဆို စပါးဈေးတွေကျနေပြီလေ။ အဲဒါ ဆို သူတို့တွေဝယ်စုနေပြီ။ အခု ကျွန်တော်ကဗျာ။ ဂိုဒေါင်ရှိတယ်။ စပါးက လှောင်ထားလို့ရတယ်လေ။ သယ်လာချင်တယ်ဆိုရင်တော့ သယ်လို့မရဘူး။ သယ်လို့မရတော့ တိုင်ပတ်ပြီလေ။ အဲဒီတော့ ခေါင်း ရှုပ်ခံပြီး ဒီလုပ်ငန်းကိုမလုပ်တော့ဘူး။ စပါးက အပေါ် မှာ စပါးခွံပါတယ်လေ။ တစ်နှစ်လောက်တော့ လှောင် လို့ရတယ်။ စပါးပြီးသွားရင် ဆန်လုံးညိုဆိုတာရှိတယ်။ ဆန်လုံးညိုကတော့ အများကြီးလှောင်လို့မရဘူး။ ပြီး သွားရင် ဆန်ဖြူအဆင့်ကိုရောက်သွားမယ်ဆိုရင်၊ လုပ်ငန်းစဉ်တွေကောင်းမယ်ဆိုရင်တော့ လှောင်လို့ရမယ်။ မကောင်း ရင်တော့ တစ်လ၊ နှစ်လဆို ဆန်အပွေးတွေ တက်ကုန်ရော။ အပေါ်မှာလည်း နထစသမအ ကို ဘယ်လောက်ရာခိုင်နှုန်း ပဲပို့ရမယ်ဆိုတာ ချထားပြီးသား။ အောက်မှာလည်း သူတို့လိုချင်သလို လုပ်ထားပြီးသား။ ပို့ကုန်ရငွေကလည်း ကျွန်တော်တို့ ဆန်စပါးကပဲ အများဆုံးရနေတာ။
ကျော်နု- အခု Export သွားနေတဲ့ဆန်တွေက ဘယ်ဘက်အများဆုံးဖြစ်လဲ။ ဆန်အမျိုးအစားက ကော ဘာတွေလဲ။
ဆွေးနွေးဖော်-Export သွားတဲ့ဆန်တွေကတော့ Medium Grain သွားတယ်။ ဆန် (၁၀ဝ) ဂရမ်မှာ ဆန်ကွဲ (၅)မှတ်ပါ ရမယ်။ ဒါပေမဲ့လည်း (၉၂)(၉၃)လောက်အထိ ဆန်သားပါရမယ်။ ဆန်ကွဲက (၇) မှတ်၊ (၈)မှတ်လောက်အထိ ပါလို့ရတယ်။ အခုကတော့ အဲဒီဟာကို လက်ရှိပို့နေတာများတယ်။ အဲဒီဆန်တစ်တန်ရဲ့တန်ဖိုးက သူ့အမျိုးအစား ပေါ် မူတည်ပြီး ဒေါ်လာ(၅၂၀)ကနေ (၅၈၀)လောက်ရတယ်။ အခု စပါး(၁၀ဝ)ကိုကြိတ်မယ်ဆိုရင် (၂၃)အိတ် လောက် တော့ရတယ်။ ဆန်ဈေးတက်တယ်ဆိုတဲ့ဟာက ပြည်တွင်းဆန်ဈေးကိုပြောတာ။ ဒီစပါးကလည်း ပြည်တွင်းဆန် ဈေးထဲမှာပဲ ရွေ့မှာပဲလေ။ ဘယ်မှ ရောက်သွားတာလည်းမဟုတ်ဘူးလေ။ အခုက နိုင်ငံတော်က အစတည်းက Policy ကလုပ်ပြီးသားလေ။ ဒါတွေက Plan တွေကလုပ်ပြီးသား။ ပြဿနာကဘာ လဲဆိုတော့ ဒီမှာအများဆုံးထွက်တဲ့စပါးက တခြားနေ ရာကိုမရောက်ဘူးဆိုရင် ဒီဒေသက Supply သမားတွေက ခံပေတော့ပဲ။ အခု နိုင်ငံတော်က ပြောတယ်။ စပါးဈေးထိန်းချုပ်လို့ရတယ်ဆိုတာ။ ဘယ်လောက်ပဲ ထိန်းချုပ်ချုပ် အပြင်မှာလည်း သူရောင်းချင်တဲ့ဈေးနဲ့ ရောင်းတာပဲ။ အရင်တုန်းက နယ်စပ်ကုန်သွယ်ရေးရှိတယ်။ မူဆယ်ကနေ တောက်လျှောက်ပို့တယ်။ တရုတ်ပြည် ကူမင်းထဲ ကိုပို့တာပေါ့။ အဲဒီဟာက ထိန်းချုပ်ဖို့မလွယ်ဘူး။ မျိုးစုံသွားကြတော့ ထိန်းချုပ်ဖို့သိပ် မလွယ်ဘူး။ အခုကကျတော့ အကုန်လုံးက ရေလမ်း ကပဲသွားရတော့တယ်။ အဲဒီတော့ ဒါကြီးက ထိန်းချုပ် ဖို့လွယ်တယ်။ တကယ်တမ်း ဆန်ဈေးအရမ်းမတက် ဘူးဆိုတာက နယ်စပ်တွေကနေမသွားတော့တာ လည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင်လည်း အရင် တုန်းက ဘူးသီးတောင်မောင်တောကနေလည်း ပို့တာ ပဲ။ အခုက နယ်စပ်ကုန်သွယ်ရေးမှန်သမျှ အကုန်ပိတ် သွားတာ။ တကယ်တမ်း ဆန်ဈေးမတက်တာက အဲဒါ တွေလည်းပါတယ်။
ကျော်နု- ကျွန်တော် တစ်ခုရှင်းအောင်မေးဦးမယ်။ တစ်ဧကကို စပါးတင်း(၁၀ဝ)မထွက်ဘူး။ ပျမ်းမျှ (၈၀) (၆၀) ပဲထွက် တယ်။ ခန့်မှန်းခြေ (၁၀ဝ) နီးပါးပေါ့။ စပါးတင်း (၁၀ဝ) တိုင်းမှာ တောင်သူလယ်သမားတွေ လက်ရှိ တကယ်ရ နေတဲ့ပျမ်းမျှဝင်ငွေက ဘယ်လောက်လဲ။
ဆွေးနွေးဖော်-စပါးအမျိုးအစားပေါ်တော့ မူတည်တာပေါ့။ စပါးတင်း(၁၀ဝ)တိုင်းမှာ (၁၇)သိန်းကနေ (၁၈)သိန်း လောက်ပဲရတယ်။
ကျော်နု- အဲဒီတင်း(၁၀ဝ)ရဲ့ ပြည်တွင်းမှာစားတာရယ်၊ Export ထွက်တာရယ် နှစ်မျိုးပေါ့။ တင်း(၁၀ဝ)မှာ ဆန်အိတ် ဘယ်လောက်ထွက်လဲ။
ဆွေးနွေးဖော်- တင်း(၁၀ဝ)ကိုကြိတ်လိုက်တယ်။ တကယ်ကောင်းတဲ့ဆန်ကိုမပြောဘူး။ ပျမ်းမျှဆိုရင် (၂၁)အိတ်ကနေ၊ (၂၃)အိတ်လောက်ထွက်တယ်။
ကျော်နု- တစ်အိတ်ကို အပြင်မှာရောင်းနေတဲ့ဈေးက အနိမ့်ဆုံးဘယ်လောက်လဲ။
ဆွေးနွေးဖော်-တစ်အိတ်ကိုရောင်းနေတဲ့ဈေးက အနိမ့်ဆုံး(၇၈၀ဝဝ)လောက်ရှိမယ်။ ဆန်ကွဲတို့၊ ဖွဲနုတို့ ရှိမယ်။
ကျော်နု- တစ်အိတ်ကို(၈၀ဝဝဝ)ပဲထားပါတော့။ (၂၂)နဲ့ပြန်မြောက်ရင်တောင် (၁၈)သိန်းပဲရမယ်။ ထားပါတော့။ သိန်း(၂၀)လောက်ပဲရမှာပေါ့။ ဒါ တောင် ဖွဲနုတို့၊ ဆန်ကွဲတို့ပါမှ သိန်း(၂၀)ရမှာ။
ဆွေးနွေးဖော်-ကျွန်တော်တို့ဆန်စက်လောကမှာ ဆိုရင် ဆန်ကအရင်းပဲ။ ကျန်တဲ့ဟာကအမြတ်။ အဲဒီ အမြတ်မှာမှ ထပ်မြတ်သွားတာက Export။
ကျော်နု- ခုန (၈၀ဝဝဝ)တန်တစ်အိတ်က Export သမားရဲ့လက်ထဲရောက်သွားတဲ့အခါ ဘယ်လောက်ရ သွားလဲ။
ဆွေးနွေးဖော်-(၁၂၀ဝဝဝ)လောက်ရသွားတယ်။ တစ်အိတ်ကို (၃၀ဝဝဝ)လောက်ကွာသွားတယ်။
ကျော်နု- လူတစ်ယောက်က တစ်ရက်ကို နို့ဆီတစ် ဘူးစာ စားတယ်ဆိုပါစို့။ လူသန်း(၅၀)ကျော်ရှိတယ်။ နို့ဆီဘူးသန်း (၅၀)လို့ ခန့်မှန်းခြေတွက်လို့ရတယ်။ သန်း (၅၀)ကိုလျှော့လိုက်ပါဦး (၂၅) သန်းနဲ့ပဲတွက် ကြည့်လိုက်မယ်။ နို့ဆီဘူး (၂၅)သန်းစားတယ်။ အခု နို့ဆီတစ်ဘူးကို ခန့်မှန်းခြေဘယ်လောက်ရှိလဲ။
ဆွေးနွေးဖော်- ပျမ်းမျှတွက်မယ်ဆိုရင် ဆန်တစ် အိတ်ကို(၈၀ဝဝဝ)ရှိတယ်။ ဆန်တစ်အိတ်မှာ နို့ဆီဘူး (၁၉၂)လုံးရှိတယ်။ တွက်ကြည့်လိုက်မယ်ဆိုရင် နို့ဆီ ဘူးတစ်လုံးကို (၄၂၀)ကျပ်လောက်ကျတယ်။
ကျော်နု- (၄၅၀)ပဲထားပါဦး။ လူက(၂၅)သန်းဆိုရင် ကျပ်သန်းပေါင်း(၁၁၀ဝဝ)ဖိုး နေ့တိုင်းစားနေတာ။ ဒါတောင် အနိမ့်ဆုံး တွက်ထားတာ။ (၂၅)သန်းနဲ့ပဲ တွက်ထားတာ။ နောက်တစ်ခုကကျတော့ ပြည်ပပို့တာက တစ်တန်ကို ဆန်အိတ် (၂၀)ပဲရှိတယ်ထားပါတော့။ တစ်တန်ကို ဒေါ်လာ(၅၂၀)ကနေ၊ (၅၈၀)အထိရတယ်။ တောင်သူက တစ်အိတ်ကို (၈၀ဝဝဝ)ရတယ်။ အပြင်မှာ Export သမားက (၁၂၀ဝဝဝ) လောက်ရတယ်။
ဆွေးနွေးဖော်-(၈၀ဝဝဝ)က လယ်သမားမရဘူး။ ဈေးမှာသွားဝယ်ရင် (၈၀ဝဝဝ)နဲ့ဝယ်ရတယ်။ လယ်သမား တကယ်ရတာက (၅၀ဝဝဝ)(၆၀ဝဝဝ)လောက် ပဲရတယ်။ (၈၀ဝဝဝ)က ကျွန်တော်တို့ ဈေးထဲမှာသွား ဝယ်ရတာကို ပြောတာ။ အဲဒါကလည်း သူက ပွဲစားဆီ ရောက်တယ်၊ ပွဲစားဆီကနေ ကုန်သည်ဆီရောက် တယ်။ ကုန်သည်တွေကနေမှ စက်ပိုင်တွေဆီရောက်တယ်၊ စက်ပိုင်တွေဆီကနေမှ ခုန Local ကိုရောင်းတဲ့ ဆီရောက်တယ်။ အဲဒီတော့ အဆင့်ဆင့် အမြတ်ယူဦးမှာလေ။
ကျော်နု- သဘောကတော့ လယ်သမားက အနိမ့်ဆုံး ဆန်ကြမ်းတစ်အိတ်ကို (၆၀ဝဝဝ)လောက်ရတဲ့အချိန် မှာ အဲဒီကနေ နောက်ဆုံးရောင်းတဲ့သူက (၁၂၀ဝဝဝ) ရနေတာပေါ့။ ကြားထဲမှာတင်ကွာနေတာ။
ဆွေးနွေးဖော်- တကယ်တမ်း လယ်သမားတွေ၊ စက်ပိုင်တွေ SME သမားတွေက တကယ်လုပ်ရတာ။ SME သမားတွေက စပါးကိုလည်း ကုန်သည်ပွဲစား တွေဆီက ဝယ်ရသေးတယ်။ အဲဒီကနေပြီးတော့မှ Exporter ကြီးတွေကို (၇၀ဝဝဝ)နဲ့ရောင်းလိုက်တယ်။ ဆန်ချည်းပဲဝယ်သွားတာ။ သူကြိုက်တဲ့ဆန် သူရွေး ဝယ်သွားတယ်။ ခုနလို ကန့်သတ် ထားတဲ့အတွက် ဆန်ဝယ်တဲ့အခါမှာ နင်းဝယ်လို့ရသွားပြီလေ။ စပါးကိုတော့ တခြားနေရာကိုသယ်လို့မရဘူး။ ဆန်ထွက် သွားပြီ။ ဆန်ထွက်သွားတော့ ဒီဆန်ကို ဒီတိုင်းထားလို့မရ တော့ဘူး။ ကျိန်းသေတယ် နောက်နှစ်လပြည့်ရင် ဒီဆန်က နောက်တစ်ခါပြန်ဖွပ်ရတော့မယ်။ အဲဒီတော့ ရောင်းကိုရောင်းရတော့မယ်။ Demand ကလည်း သူတို့ဆီမှာပဲရှိတယ်။ အကုန်လုံးကို သူတို့ကိုင်ထား သလိုဖြစ်နေတာ။ လက်ရှိ Export ပါမစ်ကိုကိုင်ထား တဲ့သူတွေက ဆန်ကိုဆန်ချည်းပဲ ဝယ်ပြီးတော့ အသားချည်းပဲစားတာ။
ကျော်နု- ကျွန်တော် ခဏခဏပြောပါတယ်။ လူတစ် ယောက်က ဆန်တစ်အိတ်ပဲမြင်တာ။ ခုနတွက်ပြသလို တစ်အိတ်ကို နို့ဆီဘူး(၁၉၂)လုံးရှိတယ်။ လူ(၂၅) သန်းရှိမယ်။ နို့ဆီဘူး သန်း (၄၈၀ဝ) ရှိမယ်။ နို့ဆီဘူး တစ်ဘူးတိုင်းမှာ (၁၀ဝ)ပဲမြတ်၊ ထားပါတော့ (၁၀)ပဲ မြတ်ဦး။ တစ်ရက်တိုင်းမှာ သန်းပေါင်း (၄၈၀ဝဝ) မြတ်နေမှာ။
ဆွေးနွေးဖော်-လူတစ်ယောက်ကို တစ်နှစ်ကို ဆန် စားသုံးမှုက နှစ်အိတ်ကျော်ကျော်လောက်ရှိတယ်။
ကျော်နု- အဲဒါဆို တစ်နှစ်ကို လူတစ်ယောက်က နို့ဆီ ဘူးပေါင်း(၄၀ဝ)ကျော်စားတာပေါ့။ လူ(၂၅)သန်းဆို ရင် နို့ဆီဘူး သန်း(၁၀ဝဝဝ)ရှိမယ်။ ကျန်တဲ့(၂၅)သန်းကို ခဏဖယ်ထားလိုက်ဦး။ ပိုက်ဆံတွေက မြတ်နေတာ နည်းနည်းနောနော တော့မဟုတ်ဘူး။
ဆွေးနွေးဖော်- Export ပို့တဲ့ကုမ္ပဏီကလည်း နည်းနည်းပဲရှိတယ်။ ဒီလောက်အမြတ်အစွန်းရှိရင် Export ပို့တဲ့ ကုမ္ပဏီဘယ်နှခုရှိလဲ။ ခုန အစ်ကိုတွက်လိုက်တာ Local ပဲရှိသေးတာ။ Export မဟုတ်သေးဘူး။
ကျော်နု- Export ကနေ တစ်နှစ်ကို ဒေါ်လာသန်း (၇၀ဝ)ကျော်ရတယ်ပြောတယ်။
ဆွေးနွေးဖော်- ကျွန်တော်ပြောတာ မစားနဲ့လို့ မပြော ဘူး။ စားလို့ရတယ်။ စားပေမယ့် တကယ်အလုပ်လုပ် တဲ့သူတွေက အကျိုးအမြတ်ရရမှာပေါ့။ အပေါ်ကနေ ကျော့စားသွားတဲ့ဟာက တကယ်လုပ်တဲ့သူအတွက် မခံစားရဘူးလေ။ ဒီလကတော့ ဆန်တန်ချိန် နှစ်သန်းပို့လိုက်ပြီ။ ဂဏန်းက (၁)(၂)ပဲရှိတာလေ။ ဒေါ် လာ(၁၁၂)သန်းရတယ်။ ဒေါ်လာ(၁၀) သန်းရတယ်၊ (၁၅)သန်းရတယ်။ (၁၀)သန်း(၁၅)သန်းက ဘယ်လောက်မှန်းမသိဘူး။ ခုနလို နို့ဆီဘူးနဲ့တွက်လိုက်တာ ကို မြန်မာကျပ်ငွေနဲ့တွက်လိုက်တော့ ပမာဏကအကြီးကြီးဖြစ်သွားပြီ။ လူတွေက အဲဒါကို စိတ်ဝင်စားတာ။ ဒေါ်လာသန်း (၁၀ဝ)ရှိတယ်ဆိုလည်း ဒေါ်လာသန်း(၁၀ဝ)ဘယ်လောက်ရှိလဲ သာမန်လူမသိနိုင်ဘူး။ အဲဒီပိုက်ဆံတွေကို ဘယ်သူရနေ တာလဲဆိုတဲ့ မေးခွန်းလည်းမေးရော မဖြေတတ်တော့ဘူး။ နောက်တစ်ခုက ထိုင်းရောက်သွားပြီ၊ ဗီယက်နမ်ရောက်ပြီ။ ဈေးဝယ်ပြီဆိုရင် ဥပမာထားပါတော့ USA ရောက်သွားပြီ ဆိုရင် ပစ္စည်းတစ်ခုဝယ်ရင် ဒေါ်လာနဲ့ဝယ်ရတာ။ အဲဒါကို ကျွန်တော်တို့က မြန်မာငွေနဲ့ပြန်တွက်ကြတာ။ မြန်မာငွေကိုပဲ လူတွေက အသားကျနေတာ။
ကျော်နု- ရုတ်တရက်ဆို ကိုယ့်ကိန်းဂဏန်းကို ကိုယ်မသိဘူး။ တောသူတောင်သားကိုရှင်းပြတဲ့အခါမှာ အဲဒီနည်းနဲ့ ပဲရှင်းရမှာ။ ခင်ဗျားတို့လယ်ထဲမှာ ချွေးပြိုက်ပြိုက်ကျအောင်လုပ်ထားတဲ့ ဆန်တစ်အိတ်ထွက် တိုင်းမှာ ပိုက်ဆံက ဘယ်လောက်ပဲရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဆီကနေ ဆန်လာဝယ်တဲ့သူတွေက ဒီလောက်ရနေတယ်။ အလယ်မှာ ဘာကွာ နေတာလဲဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်စား ဆိုပြီး လုပ်ရမှာ။
ဆွေးနွေးဖော်-မှန်တယ် မှန်တယ်။ လယ်သမားဆိုတာက ဒေါ်လာဘယ်လောက်ရတယ်ဆိုတာက နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားတို့က စပါး(၁၀ဝ)ထွက်တိုင်းမှာ အမြတ်က ဒါပဲရတယ်။ ဒီလူတွေက အပေါ်ကနေပြီးတော့ အရင်းအနှီးနည်းနည်းလေးနဲ့လုပ်သွားတာ ဒါရ တယ်ဆိုရင် ပြီးသွားရော။ ဒါတောင် အဲဒီဆန်တွေကနေ ခုချက်ချင်း ငွေချေပြီးဝယ်တာမဟုတ်ဘူး။ အကြွေးနဲ့ဝယ်လိုက်တာ။ နောက်တစ်လနေမှရမယ်ဆို ပြီးယူသွားတာ။ နိုင်ငံခြားလည်း ပို့လိုက်သေးတယ်။ ပြီးမှပြန်ပေးတာ။ အဲဒါကတော့ လယ်သမားတော့မ ခံရဘူး။ ကြားထဲက Small & Medium Business သမားတွေခံရတာ။ ကုန်သည်ပွဲစားလည်းမခံရဘူး။
ကျော်နု- အဲဒီတော့ MRF ရှိမယ်၊ MAPCO အုပ်စု ရှိမယ်၊ လယ်သမားအလွှာရှိမယ်။ အဲဒီအုပ်စုရဲ့ ကြားထဲမှာ အလွှာဘယ်နှလွှာရှိမလဲ။
ဆွေးနွေးဖော်-လယ်သမားအလွှာရှိမယ်၊ ကုန်သည်ပွဲ စားရှိမယ်၊ SME Group တွေရှိမယ်၊ ပြီးရင် ဆန်ကုန် သည်များ အသင်းဆိုတာရှိမယ်၊ အဲဒါပြီးတော့မှ သူတို့ အလွှာကိုရောက်တာ။ တိုင်းပြည်ရဲ့ နောက်ဆုံးဆန် ဈေးကို သူတို့ကထိုင် ဖြတ်နေတာပေါ့။ ဒါပေမဲ့ သူတို့တွေက အဲဒီအလွှာတွေအကုန်လုံးကိုကျော်ပြီး ဟိုးအောက်အထိဆင်းယူထားတာ။ သူတို့ကိုယ်တိုင်တော့ ဝင် Play တာတော့မဟုတ်ဘူး။
ကျော်နု- ရှင်းရှင်းလေးပဲလေ။ ဒီနှစ်တော့ စပါးဈေးကို ဒီဈေးသတ်မှတ်လိုက်ဆိုတာ စားပွဲဝိုင်းမှာ လက်ဖက်ရည် သောက်ရင်း၊ မုန့်စားရင်းနဲ့ ပြောလိုက်တယ်။ ကျွန်တော်ခဏခဏပြောသလိုပဲ တိုင်းပြည်မှာရှိတဲ့ လူသန်း(၅၀)ရဲ့ ကံကြမ္မာကို (၅)ယောက်မပြည့်သော လူတွေက အခန်းထဲမှာထိုင်ဆုံးဖြတ်နေတယ်ဆိုတာ အဲဒါကို တရားတယ်လို့ ထင်လားမေးတာ။ အခုလည်း တိုင်းပြည်တစ်ပြည်မှာရှိတဲ့ လယ်သမားတွေအားလုံးရဲ့ လယ်ထဲမှာ ပင်ပင်ပန်း ပန်းစိုက်ပျိုးနေရတာတွေ အားလုံးရဲ့ လယ်သမားတစ်ဦးချင်းရဲ့ရပိုင်ခွင့်ကို အကောင်းစားအခန်း တစ်ခန်းထဲမှာ ထိုင်ပြီးတော့ ဆီဦး ထောပတ်စားပြီး ဆုံးဖြတ်ပေးနေတာ သူတို့အလုပ် လား။ လယ်သမားတွေ ဒီနှစ်တော့ မင်းတို့ဘယ် လောက်ယူလိုက်၊ ဒီနှစ်တော့ ဘယ်ဈေးယူလိုက်၊ ဒီနှစ်တော့ အရှုံးခံလိုက်၊ နောက်နှစ်တော့ မြတ်လိမ့်မယ် ဆိုတာ ဆုံးဖြတ်နေကြတာ။ တောင်သူလယ်သမားတွေ စပါးစိုက်ချင်စိတ်မရှိတော့ဘဲ သူတို့သားသမီးတွေ တောင်ကိုရီး ယားကို ပို့လိုက်ရတဲ့ဖြစ်ရပ်တွေက ကျွန်တော်တို့ လုံးဝလက်ခံလို့မရတာ။ တောင်ကိုရီးယားမှာ တစ်ဧက လောက်ရှိတဲ့ ကောင်က သူဌေးဖြစ်ပြီးတော့ ဒီက ဧက(၂၀)ရှိတဲ့ကောင်က စုတ်ပြတ်နေတာ။ ဘာမှမဆိုင်ဘူး။ အဲဒီထဲက ကျွန်တော်တို့ တစ်ခုခုလွဲနေပြီ။ လုံးဝလွဲနေတာ။ ဘာတစ်ခုခုလွဲတာလဲဆို ကျွန်တော် တို့လည်းမဖြေတတ်ဘူး။ ဒီမှာစနစ်လွဲနေလို့ ဟိုဘက် မှာသွားလုပ်တာ။ နှစ်ဧကကို ပုံစံသုံးမျိုးလောက်ပြောင်း စိုက်နေတာ။ အဲဒီကရတဲ့ပိုက်ဆံက အလုပ်သမား တွေကိုလစာပေးနိုင်ရုံတင်မဟုတ်ဘူး၊ ဆရာကြီးဖြစ် နေတာ။ လွဲတော့လွဲနေတယ် ကျွန်တော်တို့နိုင်ငံက။
ဆွေးနွေးဖော်-ကျွန်တော်တို့ ဒီမှာဆိုရင် အလုပ်သမားမရှိတော့ဘူး။ ပြီးရင် ကျွမ်းကျင်လုပ်သားတွေမရှိ တော့ဘူး။ လယ်လုပ်မယ့်သူတွေမရှိတော့ အခုမျိုး တွေကြဲနေရတာလေ။ အရင်တုန်းကဆို အတန်းလေး တွေနဲ့စိုက်တာလေ ညီနေတာပဲ။ အခုက အကုန်လုံး ကိုကြဲပစ်တာ။ ကောက်စိုက်မယ့်သူလည်းမရှိတော့ဘူး။ ကောက်ရိတ် မယ့်သူလည်း မရှိတော့ဘူး။ စိုက်မယ့်ကောက်စိုက်သမ မရှိတော့ စပါးတွေကို ဒီတိုင်း ကြဲတယ်။ စက်နဲ့စိုက်ဖို့ကကျတော့ မြေကြီးကပြင် ထားမှရတာ။ စက်နဲ့စိုက်လို့ရမယ့်မြေဖြစ်မှရမှာ။ ကန်သင်းရိုးတွေသေးသေးလေးတွေ ပိုင်းလို့မရဘူး။ နိုင်ငံ ခြားမှာကျတော့ ဟက်တာတွေနဲ့သွားတာလေ။ အကျယ်ကြီးဆိုတော့ လုပ်လို့ရတယ်။ အခုက ဒီတိုင်း ကြီးကြဲတော့ လက်နဲ့စိုက်တာဆိုရင် ပေါင်းလိုက်ရတာ လွယ်တယ်။ လက်တွန်းစက်လေးနဲ့လိုက်လို့ရတယ်။ စက်လည်းရှိတယ်။ အခု ဟာက ကြဲချင်တဲ့နေရာမှာ ကြဲပေါက်ချင်တဲ့နေရာမှာပေါက်ပြီးတော့ လိုက်လို့ လည်းမရတော့ဘူး။ စပါးတွေနဲ့ မြက်တွေနဲ့ ရောကုန်ရော။ ကျွေးလိုက်တဲ့ဓာတ်မြေဩဇာက စပါးတင်မဟုတ်ဘူး။ မြက်ကပါ စားနေတာ။ ထွက်နှုန်းကျတာပေါ့။
ကျော်နု- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်ကို။ ဒီအကြောင်းလေးတွေ ခဏနားကြတာပေါ့ခင်ဗျာ။ စိတ်မောရလို့။
zawgyi version
လယ္သမားေတြနစ္နာရတဲ့ ျမန္မာ့ဆန္စပါးေလာက က လူမသိ သူမသိ လက္ဝါးႀကီးအုပ္မႈေတြအေၾကာင္း (၂)
ယြန္း ေရးသားသည္ (NP News) - ဇန္နဝါရီ ၂၂
ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ၿပီး ႏိုင္ငံေတာ္မွရရွိေသာ ပို႔ကုန္ရေငြ၏ (၇၀)ရာခိုင္ႏႈန္းမွာ စိုက္ပ်ိဳးေရး ထြက္ကုန္မ်ားမွျဖစ္သည္။ အဆိုပါ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားအနက္ ဆန္စပါးသည္ နထစသမအ အမ်ား ဆုံးပို႔ကုန္တစ္ခု လည္းျဖစ္သည္။ ျမန္မာႏိုင္ငံ၌ မိုးစပါးႏွင့္ေႏြစပါးစိုက္ဧက (၁၇)သန္းခန႔္ရွိၿပီး ဆန္စပါးထြက္ရွိမႈ၏ (၇၀)ရာခိုင္ႏႈန္းခန႔္မွာ ျပည္တြင္းစားသုံးမႈရွိေၾကာင္းသိရသည္။
ထို႔ျပင္ ျပည္ပဆန္တင္ပို႔မႈမွ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း(၈၀ဝ)ေက်ာ္ရရွိေၾကာင္း သိရသည္။ သို႔ေသာ္ ဆန္စပါးေလာကတြင္ျဖစ္ေပၚေနသည့္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ လယ္သမားမ်ားတြင္ နစ္နာမႈ မ်ားလည္းရွိေနသည္။ ထို႔ျပင္ ျပည္တြင္း၌ လယ္ယာလုပ္သားရွားပါးမႈျပႆနာကိုလည္းႀကဳံေတြ႕ေနၿပီး လယ္သမားေပ်ာက္ဆုံးေတာ့မည့္ အႏၲရာယ္ႏွင့္လည္း ရင္ဆိုင္ေနရသည္။ ထို႔ေၾကာင့္ အဆိုပါ ကန႔္သတ္ခ်က္မ်ား အပါအဝင္ လယ္သမားမ်ား၏နစ္နာ ဆုံးရႈံးမႈမ်ား၊ ျပင္ပမွပုဂၢိဳလ္မ်ားမသိႏိုင္သည့္အခက္အခဲမ်ားအေၾကာင္းကို ဆန္စပါးေလာကတြင္ ႏွစ္(၃၀)နီးပါးက်င္ လည္ခဲ့သည့္ ကြၽမ္းက်င္ပညာရွင္တစ္ဦးႏွင့္ NP News မွ ကိုေက်ာ္ႏုတို႔ ေဆြးေႏြးေျပာဆိုထားသည္ မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေက်ာ္ႏု- စက္ေတြက ဧရာဝတီတိုင္းမွာ Export အပို႔ႏိုင္မယ့္စက္မရွိဘူးေပါ့။
ေဆြးေႏြးေဖာ္-ကိုေဇာ္ဝင္းရွိန္ကေတာ့ ပုသိမ္မွာ လုပ္ေနတယ္။ သူရဲ႕စက္မႈဇုန္ထဲမွာလုပ္ေနတယ္။ အရင္တုန္းက သူ႔စက္ကလည္း ဆန္ကေန ဆန္ျပန္ဖြပ္တဲ့ စက္ပဲ။ အခုေနာက္ပိုင္းမွေျပာင္းသြားတာ။ တကယ္တမ္း Quality Rice ကိုရဖို႔အတြက္က စပါးကေန စႀကိတ္ရမွာ။ ခုန ထိုင္းကိုေျပာသလိုပဲေပါ့။ အခုက စပါးကို ႀကိတ္လိုက္တယ္။ သူႀကိတ္ ခ်င္တဲ့ႏႈန္းထားနဲ႔ သူ႔ဟာ သူႀကိတ္လိုက္တယ္။ ထြက္လာတဲ့ဆန္ကို သူႀကိဳက္တဲ့ေဈးနဲ႔ေရာင္းလိုက္တယ္။ ဒီဟာေတြ အကုန္လုံးက ဘုရင့္ေနာင္မွာ Market တစ္ခုရွိတယ္။ ဝါးတန္းမွာ Market တစ္ခုရွိတယ္။ အဲဒီကိုေရာက္တယ္။ အဲဒီက ေနမွျပန္ၿပီးေတာ့ Exporter ေတြက ဆန္ကိုပဲ ျပန္ဝယ္တယ္။ ျပန္ဝယ္ၿပီး Upgrade လုပ္တယ္။ လုပ္ၿပီးေတာ့ ေရာင္းတယ္။ ခက္တာက တန္ (၁၀ဝ)မွာ အမ်ိဳးအစားမတူတဲ့ပစၥည္းက (၄)မ်ိဳးပါ ရင္ပါမွာ။ အဲဒီလိုေတြရွိတယ္။
ေက်ာ္ႏု- ဆန္ Export ပို႔တဲ့ကိစၥမွာလည္း အစိုးရက ပါမစ္ထုတ္ေပးရတယ္။
ေဆြးေႏြးေဖာ္-အစိုးရကထုတ္တာမဟုတ္ဘူး။ MRF ကပဲထုတ္တာ။
ေက်ာ္ႏု- အဲဒီမွာ ဘယ္သူေတြကို ထုတ္ေပးရသလဲ ဆိုတဲ့ ေမးခြန္းကရွိလာတယ္။
ေဆြးေႏြးေဖာ္-သူ႔ဖဲကို သူ႔ဘာသာသူခ်ိဳးတာ။ Export (၁၀)တန္ထုတ္ခ်င္တယ္ဆို ကိုယ့္မွာဒါရွိေၾကာင္း ျပရတယ္။ စည္းကမ္းေတြ အမ်ားႀကီးထုတ္လိုက္တယ္။ အဲဒီေတာ့ က်န္တဲ့သူေတြ မလုပ္ႏိုင္ေတာ့ဘူး။ သူတို႔ အခ်င္းခ်င္းကေတာ့ နားလည္မႈနဲ႔လုပ္သြားတာေလ။ က်န္တဲ့သူေတြက်ေတာ့ ေတာ္႐ုံတန္႐ုံ လူတိုင္းမလုပ္ ႏိုင္ေတာ့ဘူး။ သူတို႔လုပ္ႏိုင္တဲ့ ဟာေတြကိုပဲ စည္းကမ္းခ်က္ေတြထုတ္ထားလိုက္တာ။ အဲဒီေတာ့ ဒါကို သူတို႔ပဲလုပ္လို႔ရသြားတာေပါ့။ ၾကာရင္ ေအာက္ကလူေတြက တျဖည္းျဖည္းနဲ႔ျပဳတ္ၿပီးေတာ့ တိုးတက္လာမွာ မဟုတ္ေတာ့ဘူး။ အဓိကကေတာ့ SME ေတြ Develope မျဖစ္သလိုပဲ လယ္သမားေတြလည္း အဆင္မေျပျဖစ္လာမွာေပါ့။ ေခ်းေငြေတြဘာေတြ ျပန္မဆပ္ႏိုင္ ေတာ့ဘူး။ အခုဆို စပါးေဈးေတြက်ေနၿပီေလ။ အဲဒါ ဆို သူတို႔ေတြဝယ္စုေနၿပီ။ အခု ကြၽန္ေတာ္ကဗ်ာ။ ဂိုေဒါင္ရွိတယ္။ စပါးက ေလွာင္ထားလို႔ရတယ္ေလ။ သယ္လာခ်င္တယ္ဆိုရင္ေတာ့ သယ္လို႔မရဘူး။ သယ္လို႔မရေတာ့ တိုင္ပတ္ၿပီေလ။ အဲဒီေတာ့ ေခါင္း ရႈပ္ခံၿပီး ဒီလုပ္ငန္းကိုမလုပ္ေတာ့ဘူး။ စပါးက အေပၚ မွာ စပါးခြံပါတယ္ေလ။ တစ္ႏွစ္ေလာက္ေတာ့ ေလွာင္ လို႔ရတယ္။ စပါးၿပီးသြားရင္ ဆန္လုံးညိဳဆိုတာရွိတယ္။ ဆန္လုံးညိဳကေတာ့ အမ်ားႀကီးေလွာင္လို႔မရဘူး။ ၿပီး သြားရင္ ဆန္ျဖဴအဆင့္ကိုေရာက္သြားမယ္ဆိုရင္၊ လုပ္ငန္းစဥ္ေတြေကာင္းမယ္ဆိုရင္ေတာ့ ေလွာင္လို႔ရမယ္။ မေကာင္း ရင္ေတာ့ တစ္လ၊ ႏွစ္လဆို ဆန္အေပြးေတြ တက္ကုန္ေရာ။ အေပၚမွာလည္း နထစသမအ ကို ဘယ္ေလာက္ရာခိုင္ႏႈန္း ပဲပို႔ရမယ္ဆိုတာ ခ်ထားၿပီးသား။ ေအာက္မွာလည္း သူတို႔လိုခ်င္သလို လုပ္ထားၿပီးသား။ ပို႔ကုန္ရေငြကလည္း ကြၽန္ေတာ္တို႔ ဆန္စပါးကပဲ အမ်ားဆုံးရေနတာ။
ေက်ာ္ႏု- အခု Export သြားေနတဲ့ဆန္ေတြက ဘယ္ဘက္အမ်ားဆုံးျဖစ္လဲ။ ဆန္အမ်ိဳးအစားက ေကာ ဘာေတြလဲ။
ေဆြးေႏြးေဖာ္-Export သြားတဲ့ဆန္ေတြကေတာ့ Medium Grain သြားတယ္။ ဆန္ (၁၀ဝ) ဂရမ္မွာ ဆန္ကြဲ (၅)မွတ္ပါ ရမယ္။ ဒါေပမဲ့လည္း (၉၂)(၉၃)ေလာက္အထိ ဆန္သားပါရမယ္။ ဆန္ကြဲက (၇) မွတ္၊ (၈)မွတ္ေလာက္အထိ ပါလို႔ရတယ္။ အခုကေတာ့ အဲဒီဟာကို လက္ရွိပို႔ေနတာမ်ားတယ္။ အဲဒီဆန္တစ္တန္ရဲ႕တန္ဖိုးက သူ႔အမ်ိဳးအစား ေပၚ မူတည္ၿပီး ေဒၚလာ(၅၂၀)ကေန (၅၈၀)ေလာက္ရတယ္။ အခု စပါး(၁၀ဝ)ကိုႀကိတ္မယ္ဆိုရင္ (၂၃)အိတ္ ေလာက္ ေတာ့ရတယ္။ ဆန္ေဈးတက္တယ္ဆိုတဲ့ဟာက ျပည္တြင္းဆန္ေဈးကိုေျပာတာ။ ဒီစပါးကလည္း ျပည္တြင္းဆန္ ေဈးထဲမွာပဲ ေ႐ြ႕မွာပဲေလ။ ဘယ္မွ ေရာက္သြားတာလည္းမဟုတ္ဘူးေလ။ အခုက ႏိုင္ငံေတာ္က အစတည္းက Policy ကလုပ္ၿပီးသားေလ။ ဒါေတြက Plan ေတြကလုပ္ၿပီးသား။ ျပႆနာကဘာ လဲဆိုေတာ့ ဒီမွာအမ်ားဆုံးထြက္တဲ့စပါးက တျခားေန ရာကိုမေရာက္ဘူးဆိုရင္ ဒီေဒသက Supply သမားေတြက ခံေပေတာ့ပဲ။ အခု ႏိုင္ငံေတာ္က ေျပာတယ္။ စပါးေဈးထိန္းခ်ဳပ္လို႔ရတယ္ဆိုတာ။ ဘယ္ေလာက္ပဲ ထိန္းခ်ဳပ္ခ်ဳပ္ အျပင္မွာလည္း သူေရာင္းခ်င္တဲ့ေဈးနဲ႔ ေရာင္းတာပဲ။ အရင္တုန္းက နယ္စပ္ကုန္သြယ္ေရးရွိတယ္။ မူဆယ္ကေန ေတာက္ေလွ်ာက္ပို႔တယ္။ တ႐ုတ္ျပည္ ကူမင္းထဲ ကိုပို႔တာေပါ့။ အဲဒီဟာက ထိန္းခ်ဳပ္ဖို႔မလြယ္ဘူး။ မ်ိဳးစုံသြားၾကေတာ့ ထိန္းခ်ဳပ္ဖို႔သိပ္ မလြယ္ဘူး။ အခုကက်ေတာ့ အကုန္လုံးက ေရလမ္း ကပဲသြားရေတာ့တယ္။ အဲဒီေတာ့ ဒါႀကီးက ထိန္းခ်ဳပ္ ဖို႔လြယ္တယ္။ တကယ္တမ္း ဆန္ေဈးအရမ္းမတက္ ဘူးဆိုတာက နယ္စပ္ေတြကေနမသြားေတာ့တာ လည္းပါတယ္။ ဘဂၤလားေဒ့ရွ္ဆိုရင္လည္း အရင္ တုန္းက ဘူးသီးေတာင္ေမာင္ေတာကေနလည္း ပို႔တာ ပဲ။ အခုက နယ္စပ္ကုန္သြယ္ေရးမွန္သမွ် အကုန္ပိတ္ သြားတာ။ တကယ္တမ္း ဆန္ေဈးမတက္တာက အဲဒါ ေတြလည္းပါတယ္။
ေက်ာ္ႏု- ကြၽန္ေတာ္ တစ္ခုရွင္းေအာင္ေမးဦးမယ္။ တစ္ဧကကို စပါးတင္း(၁၀ဝ)မထြက္ဘူး။ ပ်မ္းမွ် (၈၀) (၆၀) ပဲထြက္ တယ္။ ခန႔္မွန္းေျခ (၁၀ဝ) နီးပါးေပါ့။ စပါးတင္း (၁၀ဝ) တိုင္းမွာ ေတာင္သူလယ္သမားေတြ လက္ရွိ တကယ္ရ ေနတဲ့ပ်မ္းမွ်ဝင္ေငြက ဘယ္ေလာက္လဲ။
ေဆြးေႏြးေဖာ္-စပါးအမ်ိဳးအစားေပၚေတာ့ မူတည္တာေပါ့။ စပါးတင္း(၁၀ဝ)တိုင္းမွာ (၁၇)သိန္းကေန (၁၈)သိန္း ေလာက္ပဲရတယ္။
ေက်ာ္ႏု- အဲဒီတင္း(၁၀ဝ)ရဲ႕ ျပည္တြင္းမွာစားတာရယ္၊ Export ထြက္တာရယ္ ႏွစ္မ်ိဳးေပါ့။ တင္း(၁၀ဝ)မွာ ဆန္အိတ္ ဘယ္ေလာက္ထြက္လဲ။
ေဆြးေႏြးေဖာ္- တင္း(၁၀ဝ)ကိုႀကိတ္လိုက္တယ္။ တကယ္ေကာင္းတဲ့ဆန္ကိုမေျပာဘူး။ ပ်မ္းမွ်ဆိုရင္ (၂၁)အိတ္ကေန၊ (၂၃)အိတ္ေလာက္ထြက္တယ္။
ေက်ာ္ႏု- တစ္အိတ္ကို အျပင္မွာေရာင္းေနတဲ့ေဈးက အနိမ့္ဆုံးဘယ္ေလာက္လဲ။
ေဆြးေႏြးေဖာ္-တစ္အိတ္ကိုေရာင္းေနတဲ့ေဈးက အနိမ့္ဆုံး(၇၈၀ဝဝ)ေလာက္ရွိမယ္။ ဆန္ကြဲတို႔၊ ဖြဲႏုတို႔ ရွိမယ္။
ေက်ာ္ႏု- တစ္အိတ္ကို(၈၀ဝဝဝ)ပဲထားပါေတာ့။ (၂၂)နဲ႔ျပန္ေျမာက္ရင္ေတာင္ (၁၈)သိန္းပဲရမယ္။ ထားပါေတာ့။ သိန္း(၂၀)ေလာက္ပဲရမွာေပါ့။ ဒါ ေတာင္ ဖြဲႏုတို႔၊ ဆန္ကြဲတို႔ပါမွ သိန္း(၂၀)ရမွာ။
ေဆြးေႏြးေဖာ္-ကြၽန္ေတာ္တို႔ဆန္စက္ေလာကမွာ ဆိုရင္ ဆန္ကအရင္းပဲ။ က်န္တဲ့ဟာကအျမတ္။ အဲဒီ အျမတ္မွာမွ ထပ္ျမတ္သြားတာက Export။
ေက်ာ္ႏု- ခုန (၈၀ဝဝဝ)တန္တစ္အိတ္က Export သမားရဲ႕လက္ထဲေရာက္သြားတဲ့အခါ ဘယ္ေလာက္ရ သြားလဲ။
ေဆြးေႏြးေဖာ္-(၁၂၀ဝဝဝ)ေလာက္ရသြားတယ္။ တစ္အိတ္ကို (၃၀ဝဝဝ)ေလာက္ကြာသြားတယ္။
ေက်ာ္ႏု- လူတစ္ေယာက္က တစ္ရက္ကို ႏို႔ဆီတစ္ ဘူးစာ စားတယ္ဆိုပါစို႔။ လူသန္း(၅၀)ေက်ာ္ရွိတယ္။ ႏို႔ဆီဘူးသန္း (၅၀)လို႔ ခန႔္မွန္းေျခတြက္လို႔ရတယ္။ သန္း (၅၀)ကိုေလွ်ာ့လိုက္ပါဦး (၂၅) သန္းနဲ႔ပဲတြက္ ၾကည့္လိုက္မယ္။ ႏို႔ဆီဘူး (၂၅)သန္းစားတယ္။ အခု ႏို႔ဆီတစ္ဘူးကို ခန႔္မွန္းေျခဘယ္ေလာက္ရွိလဲ။
ေဆြးေႏြးေဖာ္- ပ်မ္းမွ်တြက္မယ္ဆိုရင္ ဆန္တစ္ အိတ္ကို(၈၀ဝဝဝ)ရွိတယ္။ ဆန္တစ္အိတ္မွာ ႏို႔ဆီဘူး (၁၉၂)လုံးရွိတယ္။ တြက္ၾကည့္လိုက္မယ္ဆိုရင္ ႏို႔ဆီ ဘူးတစ္လုံးကို (၄၂၀)က်ပ္ေလာက္က်တယ္။
ေက်ာ္ႏု- (၄၅၀)ပဲထားပါဦး။ လူက(၂၅)သန္းဆိုရင္ က်ပ္သန္းေပါင္း(၁၁၀ဝဝ)ဖိုး ေန႔တိုင္းစားေနတာ။ ဒါေတာင္ အနိမ့္ဆုံး တြက္ထားတာ။ (၂၅)သန္းနဲ႔ပဲ တြက္ထားတာ။ ေနာက္တစ္ခုကက်ေတာ့ ျပည္ပပို႔တာက တစ္တန္ကို ဆန္အိတ္ (၂၀)ပဲရွိတယ္ထားပါေတာ့။ တစ္တန္ကို ေဒၚလာ(၅၂၀)ကေန၊ (၅၈၀)အထိရတယ္။ ေတာင္သူက တစ္အိတ္ကို (၈၀ဝဝဝ)ရတယ္။ အျပင္မွာ Export သမားက (၁၂၀ဝဝဝ) ေလာက္ရတယ္။
ေဆြးေႏြးေဖာ္-(၈၀ဝဝဝ)က လယ္သမားမရဘူး။ ေဈးမွာသြားဝယ္ရင္ (၈၀ဝဝဝ)နဲ႔ဝယ္ရတယ္။ လယ္သမား တကယ္ရတာက (၅၀ဝဝဝ)(၆၀ဝဝဝ)ေလာက္ ပဲရတယ္။ (၈၀ဝဝဝ)က ကြၽန္ေတာ္တို႔ ေဈးထဲမွာသြား ဝယ္ရတာကို ေျပာတာ။ အဲဒါကလည္း သူက ပြဲစားဆီ ေရာက္တယ္၊ ပြဲစားဆီကေန ကုန္သည္ဆီေရာက္ တယ္။ ကုန္သည္ေတြကေနမွ စက္ပိုင္ေတြဆီေရာက္တယ္၊ စက္ပိုင္ေတြဆီကေနမွ ခုန Local ကိုေရာင္းတဲ့ ဆီေရာက္တယ္။ အဲဒီေတာ့ အဆင့္ဆင့္ အျမတ္ယူဦးမွာေလ။
ေက်ာ္ႏု- သေဘာကေတာ့ လယ္သမားက အနိမ့္ဆုံး ဆန္ၾကမ္းတစ္အိတ္ကို (၆၀ဝဝဝ)ေလာက္ရတဲ့အခ်ိန္ မွာ အဲဒီကေန ေနာက္ဆုံးေရာင္းတဲ့သူက (၁၂၀ဝဝဝ) ရေနတာေပါ့။ ၾကားထဲမွာတင္ကြာေနတာ။
ေဆြးေႏြးေဖာ္- တကယ္တမ္း လယ္သမားေတြ၊ စက္ပိုင္ေတြ SME သမားေတြက တကယ္လုပ္ရတာ။ SME သမားေတြက စပါးကိုလည္း ကုန္သည္ပြဲစား ေတြဆီက ဝယ္ရေသးတယ္။ အဲဒီကေနၿပီးေတာ့မွ Exporter ႀကီးေတြကို (၇၀ဝဝဝ)နဲ႔ေရာင္းလိုက္တယ္။ ဆန္ခ်ည္းပဲဝယ္သြားတာ။ သူႀကိဳက္တဲ့ဆန္ သူေ႐ြး ဝယ္သြားတယ္။ ခုနလို ကန႔္သတ္ ထားတဲ့အတြက္ ဆန္ဝယ္တဲ့အခါမွာ နင္းဝယ္လို႔ရသြားၿပီေလ။ စပါးကိုေတာ့ တျခားေနရာကိုသယ္လို႔မရဘူး။ ဆန္ထြက္ သြားၿပီ။ ဆန္ထြက္သြားေတာ့ ဒီဆန္ကို ဒီတိုင္းထားလို႔မရ ေတာ့ဘူး။ က်ိန္းေသတယ္ ေနာက္ႏွစ္လျပည့္ရင္ ဒီဆန္က ေနာက္တစ္ခါျပန္ဖြပ္ရေတာ့မယ္။ အဲဒီေတာ့ ေရာင္းကိုေရာင္းရေတာ့မယ္။ Demand ကလည္း သူတို႔ဆီမွာပဲရွိတယ္။ အကုန္လုံးကို သူတို႔ကိုင္ထား သလိုျဖစ္ေနတာ။ လက္ရွိ Export ပါမစ္ကိုကိုင္ထား တဲ့သူေတြက ဆန္ကိုဆန္ခ်ည္းပဲ ဝယ္ၿပီးေတာ့ အသားခ်ည္းပဲစားတာ။
ေက်ာ္ႏု- ကြၽန္ေတာ္ ခဏခဏေျပာပါတယ္။ လူတစ္ ေယာက္က ဆန္တစ္အိတ္ပဲျမင္တာ။ ခုနတြက္ျပသလို တစ္အိတ္ကို ႏို႔ဆီဘူး(၁၉၂)လုံးရွိတယ္။ လူ(၂၅) သန္းရွိမယ္။ ႏို႔ဆီဘူး သန္း (၄၈၀ဝ) ရွိမယ္။ ႏို႔ဆီဘူး တစ္ဘူးတိုင္းမွာ (၁၀ဝ)ပဲျမတ္၊ ထားပါေတာ့ (၁၀)ပဲ ျမတ္ဦး။ တစ္ရက္တိုင္းမွာ သန္းေပါင္း (၄၈၀ဝဝ) ျမတ္ေနမွာ။
ေဆြးေႏြးေဖာ္-လူတစ္ေယာက္ကို တစ္ႏွစ္ကို ဆန္ စားသုံးမႈက ႏွစ္အိတ္ေက်ာ္ေက်ာ္ေလာက္ရွိတယ္။
ေက်ာ္ႏု- အဲဒါဆို တစ္ႏွစ္ကို လူတစ္ေယာက္က ႏို႔ဆီ ဘူးေပါင္း(၄၀ဝ)ေက်ာ္စားတာေပါ့။ လူ(၂၅)သန္းဆို ရင္ ႏို႔ဆီဘူး သန္း(၁၀ဝဝဝ)ရွိမယ္။ က်န္တဲ့(၂၅)သန္းကို ခဏဖယ္ထားလိုက္ဦး။ ပိုက္ဆံေတြက ျမတ္ေနတာ နည္းနည္းေနာေနာ ေတာ့မဟုတ္ဘူး။
ေဆြးေႏြးေဖာ္- Export ပို႔တဲ့ကုမၸဏီကလည္း နည္းနည္းပဲရွိတယ္။ ဒီေလာက္အျမတ္အစြန္းရွိရင္ Export ပို႔တဲ့ ကုမၸဏီဘယ္ႏွခုရွိလဲ။ ခုန အစ္ကိုတြက္လိုက္တာ Local ပဲရွိေသးတာ။ Export မဟုတ္ေသးဘူး။
ေက်ာ္ႏု- Export ကေန တစ္ႏွစ္ကို ေဒၚလာသန္း (၇၀ဝ)ေက်ာ္ရတယ္ေျပာတယ္။
ေဆြးေႏြးေဖာ္- ကြၽန္ေတာ္ေျပာတာ မစားနဲ႔လို႔ မေျပာ ဘူး။ စားလို႔ရတယ္။ စားေပမယ့္ တကယ္အလုပ္လုပ္ တဲ့သူေတြက အက်ိဳးအျမတ္ရရမွာေပါ့။ အေပၚကေန ေက်ာ့စားသြားတဲ့ဟာက တကယ္လုပ္တဲ့သူအတြက္ မခံစားရဘူးေလ။ ဒီလကေတာ့ ဆန္တန္ခ်ိန္ ႏွစ္သန္းပို႔လိုက္ၿပီ။ ဂဏန္းက (၁)(၂)ပဲရွိတာေလ။ ေဒၚ လာ(၁၁၂)သန္းရတယ္။ ေဒၚလာ(၁၀) သန္းရတယ္၊ (၁၅)သန္းရတယ္။ (၁၀)သန္း(၁၅)သန္းက ဘယ္ေလာက္မွန္းမသိဘူး။ ခုနလို ႏို႔ဆီဘူးနဲ႔တြက္လိုက္တာ ကို ျမန္မာက်ပ္ေငြနဲ႔တြက္လိုက္ေတာ့ ပမာဏကအႀကီးႀကီးျဖစ္သြားၿပီ။ လူေတြက အဲဒါကို စိတ္ဝင္စားတာ။ ေဒၚလာသန္း (၁၀ဝ)ရွိတယ္ဆိုလည္း ေဒၚလာသန္း(၁၀ဝ)ဘယ္ေလာက္ရွိလဲ သာမန္လူမသိႏိုင္ဘူး။ အဲဒီပိုက္ဆံေတြကို ဘယ္သူရေန တာလဲဆိုတဲ့ ေမးခြန္းလည္းေမးေရာ မေျဖတတ္ေတာ့ဘူး။ ေနာက္တစ္ခုက ထိုင္းေရာက္သြားၿပီ၊ ဗီယက္နမ္ေရာက္ၿပီ။ ေဈးဝယ္ၿပီဆိုရင္ ဥပမာထားပါေတာ့ USA ေရာက္သြားၿပီ ဆိုရင္ ပစၥည္းတစ္ခုဝယ္ရင္ ေဒၚလာနဲ႔ဝယ္ရတာ။ အဲဒါကို ကြၽန္ေတာ္တို႔က ျမန္မာေငြနဲ႔ျပန္တြက္ၾကတာ။ ျမန္မာေငြကိုပဲ လူေတြက အသားက်ေနတာ။
ေက်ာ္ႏု- ႐ုတ္တရက္ဆို ကိုယ့္ကိန္းဂဏန္းကို ကိုယ္မသိဘူး။ ေတာသူေတာင္သားကိုရွင္းျပတဲ့အခါမွာ အဲဒီနည္းနဲ႔ ပဲရွင္းရမွာ။ ခင္ဗ်ားတို႔လယ္ထဲမွာ ေခြၽးၿပိဳက္ၿပိဳက္က်ေအာင္လုပ္ထားတဲ့ ဆန္တစ္အိတ္ထြက္ တိုင္းမွာ ပိုက္ဆံက ဘယ္ေလာက္ပဲရတယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔ဆီကေန ဆန္လာဝယ္တဲ့သူေတြက ဒီေလာက္ရေနတယ္။ အလယ္မွာ ဘာကြာ ေနတာလဲဆိုတာ ကိုယ့္ဘာသာကိုယ္စဥ္စား ဆိုၿပီး လုပ္ရမွာ။
ေဆြးေႏြးေဖာ္-မွန္တယ္ မွန္တယ္။ လယ္သမားဆိုတာက ေဒၚလာဘယ္ေလာက္ရတယ္ဆိုတာက နားလည္မွာ မဟုတ္ဘူး။ ခင္ဗ်ားတို႔က စပါး(၁၀ဝ)ထြက္တိုင္းမွာ အျမတ္က ဒါပဲရတယ္။ ဒီလူေတြက အေပၚကေနၿပီးေတာ့ အရင္းအႏွီးနည္းနည္းေလးနဲ႔လုပ္သြားတာ ဒါရ တယ္ဆိုရင္ ၿပီးသြားေရာ။ ဒါေတာင္ အဲဒီဆန္ေတြကေန ခုခ်က္ခ်င္း ေငြေခ်ၿပီးဝယ္တာမဟုတ္ဘူး။ အေႂကြးနဲ႔ဝယ္လိုက္တာ။ ေနာက္တစ္လေနမွရမယ္ဆို ၿပီးယူသြားတာ။ ႏိုင္ငံျခားလည္း ပို႔လိုက္ေသးတယ္။ ၿပီးမွျပန္ေပးတာ။ အဲဒါကေတာ့ လယ္သမားေတာ့မ ခံရဘူး။ ၾကားထဲက Small & Medium Business သမားေတြခံရတာ။ ကုန္သည္ပြဲစားလည္းမခံရဘူး။
ေက်ာ္ႏု- အဲဒီေတာ့ MRF ရွိမယ္၊ MAPCO အုပ္စု ရွိမယ္၊ လယ္သမားအလႊာရွိမယ္။ အဲဒီအုပ္စုရဲ႕ ၾကားထဲမွာ အလႊာဘယ္ႏွလႊာရွိမလဲ။
ေဆြးေႏြးေဖာ္-လယ္သမားအလႊာရွိမယ္၊ ကုန္သည္ပြဲ စားရွိမယ္၊ SME Group ေတြရွိမယ္၊ ၿပီးရင္ ဆန္ကုန္ သည္မ်ား အသင္းဆိုတာရွိမယ္၊ အဲဒါၿပီးေတာ့မွ သူတို႔ အလႊာကိုေရာက္တာ။ တိုင္းျပည္ရဲ႕ ေနာက္ဆုံးဆန္ ေဈးကို သူတို႔ကထိုင္ ျဖတ္ေနတာေပါ့။ ဒါေပမဲ့ သူတို႔ေတြက အဲဒီအလႊာေတြအကုန္လုံးကိုေက်ာ္ၿပီး ဟိုးေအာက္အထိဆင္းယူထားတာ။ သူတို႔ကိုယ္တိုင္ေတာ့ ဝင္ Play တာေတာ့မဟုတ္ဘူး။
ေက်ာ္ႏု- ရွင္းရွင္းေလးပဲေလ။ ဒီႏွစ္ေတာ့ စပါးေဈးကို ဒီေဈးသတ္မွတ္လိုက္ဆိုတာ စားပြဲဝိုင္းမွာ လက္ဖက္ရည္ ေသာက္ရင္း၊ မုန႔္စားရင္းနဲ႔ ေျပာလိုက္တယ္။ ကြၽန္ေတာ္ခဏခဏေျပာသလိုပဲ တိုင္းျပည္မွာရွိတဲ့ လူသန္း(၅၀)ရဲ႕ ကံၾကမၼာကို (၅)ေယာက္မျပည့္ေသာ လူေတြက အခန္းထဲမွာထိုင္ဆုံးျဖတ္ေနတယ္ဆိုတာ အဲဒါကို တရားတယ္လို႔ ထင္လားေမးတာ။ အခုလည္း တိုင္းျပည္တစ္ျပည္မွာရွိတဲ့ လယ္သမားေတြအားလုံးရဲ႕ လယ္ထဲမွာ ပင္ပင္ပန္း ပန္းစိုက္ပ်ိဳးေနရတာေတြ အားလုံးရဲ႕ လယ္သမားတစ္ဦးခ်င္းရဲ႕ရပိုင္ခြင့္ကို အေကာင္းစားအခန္း တစ္ခန္းထဲမွာ ထိုင္ၿပီးေတာ့ ဆီဦး ေထာပတ္စားၿပီး ဆုံးျဖတ္ေပးေနတာ သူတို႔အလုပ္ လား။ လယ္သမားေတြ ဒီႏွစ္ေတာ့ မင္းတို႔ဘယ္ ေလာက္ယူလိုက္၊ ဒီႏွစ္ေတာ့ ဘယ္ေဈးယူလိုက္၊ ဒီႏွစ္ေတာ့ အရႈံးခံလိုက္၊ ေနာက္ႏွစ္ေတာ့ ျမတ္လိမ့္မယ္ ဆိုတာ ဆုံးျဖတ္ေနၾကတာ။ ေတာင္သူလယ္သမားေတြ စပါးစိုက္ခ်င္စိတ္မရွိေတာ့ဘဲ သူတို႔သားသမီးေတြ ေတာင္ကိုရီး ယားကို ပို႔လိုက္ရတဲ့ျဖစ္ရပ္ေတြက ကြၽန္ေတာ္တို႔ လုံးဝလက္ခံလို႔မရတာ။ ေတာင္ကိုရီးယားမွာ တစ္ဧက ေလာက္ရွိတဲ့ ေကာင္က သူေဌးျဖစ္ၿပီးေတာ့ ဒီက ဧက(၂၀)ရွိတဲ့ေကာင္က စုတ္ျပတ္ေနတာ။ ဘာမွမဆိုင္ဘူး။ အဲဒီထဲက ကြၽန္ေတာ္တို႔ တစ္ခုခုလြဲေနၿပီ။ လုံးဝလြဲေနတာ။ ဘာတစ္ခုခုလြဲတာလဲဆို ကြၽန္ေတာ္ တို႔လည္းမေျဖတတ္ဘူး။ ဒီမွာစနစ္လြဲေနလို႔ ဟိုဘက္ မွာသြားလုပ္တာ။ ႏွစ္ဧကကို ပုံစံသုံးမ်ိဳးေလာက္ေျပာင္း စိုက္ေနတာ။ အဲဒီကရတဲ့ပိုက္ဆံက အလုပ္သမား ေတြကိုလစာေပးႏိုင္႐ုံတင္မဟုတ္ဘူး၊ ဆရာႀကီးျဖစ္ ေနတာ။ လြဲေတာ့လြဲေနတယ္ ကြၽန္ေတာ္တို႔ႏိုင္ငံက။
ေဆြးေႏြးေဖာ္-ကြၽန္ေတာ္တို႔ ဒီမွာဆိုရင္ အလုပ္သမားမရွိေတာ့ဘူး။ ၿပီးရင္ ကြၽမ္းက်င္လုပ္သားေတြမရွိ ေတာ့ဘူး။ လယ္လုပ္မယ့္သူေတြမရွိေတာ့ အခုမ်ိဳး ေတြႀကဲေနရတာေလ။ အရင္တုန္းကဆို အတန္းေလး ေတြနဲ႔စိုက္တာေလ ညီေနတာပဲ။ အခုက အကုန္လုံး ကိုႀကဲပစ္တာ။ ေကာက္စိုက္မယ့္သူလည္းမရွိေတာ့ဘူး။ ေကာက္ရိတ္ မယ့္သူလည္း မရွိေတာ့ဘူး။ စိုက္မယ့္ေကာက္စိုက္သမ မရွိေတာ့ စပါးေတြကို ဒီတိုင္း ႀကဲတယ္။ စက္နဲ႔စိုက္ဖို႔ကက်ေတာ့ ေျမႀကီးကျပင္ ထားမွရတာ။ စက္နဲ႔စိုက္လို႔ရမယ့္ေျမျဖစ္မွရမွာ။ ကန္သင္း႐ိုးေတြေသးေသးေလးေတြ ပိုင္းလို႔မရဘူး။ ႏိုင္ငံ ျခားမွာက်ေတာ့ ဟက္တာေတြနဲ႔သြားတာေလ။ အက်ယ္ႀကီးဆိုေတာ့ လုပ္လို႔ရတယ္။ အခုက ဒီတိုင္း ႀကီးႀကဲေတာ့ လက္နဲ႔စိုက္တာဆိုရင္ ေပါင္းလိုက္ရတာ လြယ္တယ္။ လက္တြန္းစက္ေလးနဲ႔လိုက္လို႔ရတယ္။ စက္လည္းရွိတယ္။ အခု ဟာက ႀကဲခ်င္တဲ့ေနရာမွာ ႀကဲေပါက္ခ်င္တဲ့ေနရာမွာေပါက္ၿပီးေတာ့ လိုက္လို႔ လည္းမရေတာ့ဘူး။ စပါးေတြနဲ႔ ျမက္ေတြနဲ႔ ေရာကုန္ေရာ။ ေကြၽးလိုက္တဲ့ဓာတ္ေျမဩဇာက စပါးတင္မဟုတ္ဘူး။ ျမက္ကပါ စားေနတာ။ ထြက္ႏႈန္းက်တာေပါ့။
ေက်ာ္ႏု- ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္အစ္ကို။ ဒီအေၾကာင္းေလးေတြ ခဏနားၾကတာေပါ့ခင္ဗ်ာ။ စိတ္ေမာရလို႔။