ကျားဖျန့် နှင့် ပျောက်ဆုံး၊ ပိတ်လှောင်ခံရသူများအရေး အာရုံစိုက်တိုက်ဖျက်မည့် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်မည်
728
သုတကျော် (NP News) - ဇန်နဝါရီ ၂၂
ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ် အာရုံစိုက်တိုက်ဖျက်မည့် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
“ဇင်ယော်” တရားဥပဒေစိုးမိုးရေးပူးပေါင်းလှုပ်ရှားမှုသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် (၆)နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများမှညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ(LMLECC) သည် ဇန်နဝါရီလ ၂၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည့် အပြင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ်ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားသော ရလဒ်များရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဘက်အသီးသီးတို့မှ တညီတညွတ်သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘက်အသီးသီးတို့မှ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း (၁၆၀)မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း (၇)သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ (၁၆၀)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် ယခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် “ဇင်ယော်”ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံ နေရသော ပြည်သူပြည်သားများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
zawgyi version
က်ားဖ်န႔္ ႏွင့္ ေပ်ာက္ဆုံး၊ ပိတ္ေလွာင္ခံရသူမ်ားအေရး အာ႐ုံစိုက္တိုက္ဖ်က္မည့္ “ဇင္ေယာ္” ပူးေပါင္းလႈပ္ရွားမႈ ဒုတိယအပိုင္းကို စတင္မည္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၂
ဆက္သြယ္ေရးလိမ္လည္မႈႏွင့္ ကြင္းဆက္ရာဇ၀တ္မႈမ်ားအား အဆက္မျပတ္ အာ႐ုံစိုက္တိုက္ဖ်က္မည့္ “ဇင္ေယာ္” ပူးေပါင္းလႈပ္ရွားမႈ ဒုတိယအပိုင္းကို စတင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ထားသည္။
“ဇင္ေယာ္” တရားဥပေဒစိုးမိုးေရးပူးေပါင္းလႈပ္ရွားမႈသည္ ကေမာၻဒီးယား၊ တ႐ုတ္၊ လာအို၊ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္ စသည့္ (၆)ႏိုင္ငံမွ တရားဥပေဒစိုးမိုးေရးဌာနမ်ားမွညႇိႏႈိင္းၿပီး ေဒသဆိုင္ရာ ဆက္သြယ္ေရးလိမ္လည္မႈ၊ ကြင္းဆက္ရာဇ၀တ္မႈမ်ားႏွင့္ လက္နက္ခဲယမ္းေမွာင္ခိုမႈ အတူတကြတိုက္ဖ်က္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။ လန္ခ်န္း-မဲေခါင္ တရားဥပေဒစိုးမိုးေရးပူးေပါင္းေဆာင္႐ြက္မႈစင္တာ(LMLECC) သည္ ဇန္နဝါရီလ ၂၁ ရက္တြင္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ကူမင္းၿမိဳ႕၌ “ဇင္ေယာ္” ပူးေပါင္းလႈပ္ရွားမႈ ျပန္လည္သုံးသပ္ျခင္းအစည္းအေဝးကို က်င္းပခဲ့ရာ ကေမာၻဒီးယားႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန၊ တ႐ုတ္ႏိုင္ငံျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန၊ လာအိုႏိုင္ငံ ျပည္သူ႔လုံၿခဳံေရး ဝန္ႀကီးဌာနႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန၊ ထိုင္းႏိုင္ငံ ေတာ္ဝင္ရဲတပ္ဖြဲ႕၊ ဗီယက္နမ္ႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနတို႔မွ ကိုယ္စားလွယ္အဖြဲ႕မ်ား တက္ေရာက္ၾကသည့္ အျပင္ ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC)၊ အာဆီယံရဲတပ္ဖြဲ႕စသည့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားကိုလည္း အစည္းအေဝးသို႔ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါလႈပ္ရွားမႈသည္ ႏိုင္ငံအသီးသီး၏ တရားဥပေဒစိုးမိုးေရး အရင္းအျမစ္မ်ား စုစည္းထားၿပီး ေဒသတြင္း ဆက္သြယ္ေရးလိမ္လည္မႈႏွင့္ လက္နက္ခဲယမ္းေမွာင္ခိုမႈ တိုက္ဖ်က္ေရးအတြက္ ထိေရာက္ေသာ ပူးေပါင္းေဆာင္႐ြက္မႈအင္အားျဖစ္ေၾကာင္း၊ အစားထိုး၍မရေသာ ေဒသဆိုင္ရာ တရားဥပေဒစိုးမိုးေရးပူးေပါင္းေဆာင္႐ြက္မႈပလက္ေဖာင္းအေနျဖင့္ ေကာင္းမြန္စြာ ပါဝင္ခဲ့ေၾကာင္း၊ ေမွ်ာ္မွန္းထားေသာ ရလဒ္မ်ားရရွိခဲ့ေၾကာင္း၊ ေဒသတြင္း လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကို ထိေရာက္စြာ ကာကြယ္ေပးႏိုင္ခဲ့ေၾကာင္း ဘက္အသီးသီးတို႔မွ တညီတၫြတ္သေဘာတူခဲ့ၾကသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဘက္အသီးသီးတို႔မွ ဆက္သြယ္ေရးလိမ္လည္မႈကို အဓိကထားေသာ ရာဇဝတ္မႈအသီးသီး စုစုေပါင္း (၁၆၀)မႈကို စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ၿပီး တရားခံေပါင္း (၇)ေသာင္းေက်ာ္ ဖမ္းဆီးခဲ့ကာ ျပည္သူ (၁၆၀)ဦးအား ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ႏွင့္ ယခုႏွစ္၏ သင့္ေလွ်ာ္ေသာအခ်ိန္ေကာင္းတြင္ “ဇင္ေယာ္”ပူးေပါင္းလႈပ္ရွားမႈ ဒုတိယအပိုင္းကို စတင္သြားမည္ျဖစ္ၿပီး ဆက္သြယ္ေရးလိမ္လည္မႈႏွင့္ ကြင္းဆက္ရာဇ၀တ္မႈမ်ားအား အဆက္မျပတ္ အာ႐ုံစိုက္ တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ အထူးသျဖင့္ ႏိုင္ငံအသီးသီးမွ ေပ်ာက္ဆုံး၊ ပိတ္ေလွာင္ခံ ေနရေသာ ျပည္သူျပည္သားမ်ားကို အစြမ္းကုန္ကယ္ဆယ္သြားမည္ျဖစ္ၿပီး ေဒသတြင္းႏိုင္ငံအသီးသီးမွ ႏိုင္ငံသားမ်ား၏ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးႏွင့္ ေဒသတြင္း လုံၿခဳံတည္ၿငိမ္ေအးခ်မ္းေရးတို႔ကို လက္ေတြ႕က်က် ကာကြယ္ေစာင့္ေရွာက္သြားမည္ျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။