ရွေးကောက်ပွဲထက် အပစ်ရပ်ရန် ဦးစားပေးဆောင်ရွက်သင့်ကြောင်းပြောဆိုခြင်းသည် မြန်မာ့ပြည်တွင်းအခြေအနေမှန်ကို သေချာမသိခြင်းဖြစ်
757
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၃
ရွေးကောက်ပွဲထက် အပစ်ရပ်ရန် ဦးစားပေးဆောင်ရွက်သင့်ကြောင်းပြောဆိုခြင်းသည် မြန်မာ့ပြည်တွင်းအခြေ အနေမှန်ကို သေချာမသိခြင်းကြောင့် ပြောဆိုခြင်းသာဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက NP News သို့ပြောသည်။
မြန်မာမှာ ရွေးကောက်ပွဲကျင်းပရေးထက် ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူး ကိုယ်စားလှယ်အသစ် မစ္စတာတန်ဆရီအော်မန်ဟာရှင်းမ်က ဇန်နဝါရီ ၁၉ ရက်တွင် မလေးရှားနိုင်ငံ၊ လန်ကာဝီ ကျွန်း၌ ပြုလုပ်သော အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပြောကြားခြင်းသည် ပြည်ပနိုင်ငံများက မြန်မာ့ပြည်တွင်းရေးအခြေအနေကို သေချာစွာမသိပဲ ပြောဆို သုံးသပ်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ဆိုသည်။
“ကျွန်တော်တို့ ကြုံတွေ့နေရတာက ဘာကွဲပြားလည်းဆိုတော့ ကျွန်တော်တို့နိုင်ငံအတွင်းရဲ့အခြေအနေအမှန်ကို မသိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့အပြင်ဘက်မှာရှိနေတဲ့သူတွေနဲ့ ပြည်ပမှာရှိနေတဲ့ နိုင်ငံတွေကအစ အတွင်းအခြေ အနေမှန်ကိုမသိဘဲနဲ့ မသုံးသပ်နိုင်ဘူးခင်ဗျ။ သူတို့က အပြင်ကနေ ကြည့်နေတဲ့အခြေအနေ။ ပြီးတော့ ပြည်ပ မီဒီယာတွေကနေ ရေးနေတဲ့အချက်အလက်တွေကို သူတို့ကအမှန်တွေလို့ ယူဆနေတယ်။ ဒါကြောင့်လည်း အခုဖြစ်လာတဲ့အာဆီယံဥက္ကဋ္ဌက သုံးသပ်ပြီးတော့ သူက ပြောသွားတာ” ဟု ဦးလှဌေးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထု၏ သောက၊ ဒုက္ခများလွှတ်မြောက်ရန် ရွေးကောက်ပွဲကသာ မျှော်လင့်ချင်တစ်ခုပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီရွေးကောက်ပွဲပြီးမှသာလျှင် ပြည်သူတွေရဲ့ဒုက္ခတွေ ကင်းဝေးမယ်။ တရားဥပဒေစိုးမိုးရေးတွေ အားကောင်းလာ မယ်။ နိုင်ငံတကာဆက်ဆံရေးတွေ အဆင်ပြေနေပြီးတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာမယ်။ ဒါမှနိုင်ငံက ဖြည်းဖြည်းချင်း ပြန်ပြီးလည်ပတ်တဲ့အခြေအနေကိုရောက်မယ်လေ။ သူတို့အနေနဲ့ ဘာပဲ ဖြစ်ဖြစ် အာဆီယံဥက္ကဋ္ဌလည်းဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်စားရင် ကျွန်တော်တို့နိုင်ငံထဲက အခြေအနေ ကို အမှန်သိအောင်လေ့လာပါ။ သုံးသပ်ပါ။ တကယ်လေ့လာသုံးသပ်တဲ့အခြေအနေမှန်ပေါ်မှာပဲ မူတည်ပြီးတော့မှ ဘာလုပ်သင့်တယ်ဆိုတာကို သူတို့ကို ဆုံးဖြတ်ပေးစေချင်တယ်” ဟု ဦးလှဌေးက ဆိုသည်။
လက်ရှိတွင် မြန်မာ့လူဦးရေ၏ (၃)ပုံတစ်ပုံကျော်ဖြစ်သည့် လူပေါင်းသန်း (၂၀) နီးပါးသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ အလွန်အမင်းလိုအပ်နေကြောင်း ကုလသမဂ္ဂမှ ပြောကြားထားသည်။
Zawgyi Version;
ေ႐ြးေကာက္ပြဲထက္ အပစ္ရပ္ရန္ ဦးစားေပးေဆာင္႐ြက္သင့္ေၾကာင္းေျပာဆိုျခင္းသည္ ျမန္မာ့ျပည္တြင္းအေျခ အေနမွန္ကို ေသခ်ာမသိျခင္းျဖစ္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၃
ေ႐ြးေကာက္ပြဲထက္ အပစ္ရပ္ရန္ ဦးစားေပးေဆာင္႐ြက္သင့္ေၾကာင္းေျပာဆိုျခင္းသည္ ျမန္မာ့ျပည္တြင္းအေျခ အေနမွန္ကို ေသခ်ာမသိျခင္းေၾကာင့္ ေျပာဆိုျခင္းသာျဖစ္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးက NP News သို႔ေျပာသည္။
ျမန္မာမွာ ေ႐ြးေကာက္ပြဲက်င္းပေရးထက္ ပစ္ခတ္တိုက္ခိုက္မႈမ်ားရပ္တန႔္ရန္ ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံအထူး ကိုယ္စားလွယ္အသစ္ မစၥတာတန္ဆရီေအာ္မန္ဟာရွင္းမ္က ဇန္နဝါရီ ၁၉ ရက္တြင္ မေလးရွားႏိုင္ငံ၊ လန္ကာဝီ ကြၽန္း၌ ျပဳလုပ္ေသာ အာဆီယံဝန္ႀကီးအဆင့္အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေျပာၾကားျခင္းသည္ ျပည္ပႏိုင္ငံမ်ားက ျမန္မာ့ျပည္တြင္းေရးအေျခအေနကို ေသခ်ာစြာမသိပဲ ေျပာဆို သုံးသပ္ျခင္းျဖစ္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီးဥကၠ႒ ဦးလွေဌးက ဆိုသည္။
“ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေနရတာက ဘာကြဲျပားလည္းဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံအတြင္းရဲ႕အေျခအေနအမွန္ကို မသိတဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အျပင္ဘက္မွာရွိေနတဲ့သူေတြနဲ႔ ျပည္ပမွာရွိေနတဲ့ ႏိုင္ငံေတြကအစ အတြင္းအေျခ အေနမွန္ကိုမသိဘဲနဲ႔ မသုံးသပ္ႏိုင္ဘူးခင္ဗ်။ သူတို႔က အျပင္ကေန ၾကည့္ေနတဲ့အေျခအေန။ ၿပီးေတာ့ ျပည္ပ မီဒီယာေတြကေန ေရးေနတဲ့အခ်က္အလက္ေတြကို သူတို႔ကအမွန္ေတြလို႔ ယူဆေနတယ္။ ဒါေၾကာင့္လည္း အခုျဖစ္လာတဲ့အာဆီယံဥကၠ႒က သုံးသပ္ၿပီးေတာ့ သူက ေျပာသြားတာ” ဟု ဦးလွေဌးက ေျပာသည္။
လက္ရွိျမန္မာႏိုင္ငံေရးအေျခအေနႏွင့္ ျပည္သူလူထု၏ ေသာက၊ ဒုကၡမ်ားလႊတ္ေျမာက္ရန္ ေ႐ြးေကာက္ပြဲကသာ ေမွ်ာ္လင့္ခ်င္တစ္ခုပင္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ဒီေ႐ြးေကာက္ပြဲၿပီးမွသာလွ်င္ ျပည္သူေတြရဲ႕ဒုကၡေတြ ကင္းေဝးမယ္။ တရားဥပေဒစိုးမိုးေရးေတြ အားေကာင္းလာ မယ္။ ႏိုင္ငံတကာဆက္ဆံေရးေတြ အဆင္ေျပေနၿပီးေတာ့ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈေတြ စီးပြားေရးအခြင့္အလမ္းေတြ ပြင့္လာမယ္။ ဒါမွႏိုင္ငံက ျဖည္းျဖည္းခ်င္း ျပန္ၿပီးလည္ပတ္တဲ့အေျခအေနကိုေရာက္မယ္ေလ။ သူတို႔အေနနဲ႔ ဘာပဲ ျဖစ္ျဖစ္ အာဆီယံဥကၠ႒လည္းျဖစ္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံကို စိတ္ဝင္စားရင္ ကြၽန္ေတာ္တို႔ႏိုင္ငံထဲက အေျခအေန ကို အမွန္သိေအာင္ေလ့လာပါ။ သုံးသပ္ပါ။ တကယ္ေလ့လာသုံးသပ္တဲ့အေျခအေနမွန္ေပၚမွာပဲ မူတည္ၿပီးေတာ့မွ ဘာလုပ္သင့္တယ္ဆိုတာကို သူတို႔ကို ဆုံးျဖတ္ေပးေစခ်င္တယ္” ဟု ဦးလွေဌးက ဆိုသည္။
လက္ရွိတြင္ ျမန္မာ့လူဦးေရ၏ (၃)ပုံတစ္ပုံေက်ာ္ျဖစ္သည့္ လူေပါင္းသန္း (၂၀) နီးပါးသည္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအကူအညီမ်ား အလြန္အမင္းလိုအပ္ေနေၾကာင္း ကုလသမဂၢမွ ေျပာၾကားထားသည္။