စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အချိန်(၁၃)နာရီကျော်ကြာ ကစားခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဆွီဒင်အမျိုးသားနှစ်ဦး
153
Pika (NP News) - ဇန်နဝါရီ ၂၂
ဆွီဒင်စားပွဲတင်တင်းနစ် ပရော်ဖက်ရှင်နယ်များဖြစ်ကြသော အီမေးအိုလ်ဆန်နှင့် ဖရက်ဒရစ်နေလ်ဆန်တို့သည် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို အချိန်(၁၃)နာရီ (၃၇)မိနစ်နှင့် (၆)စက္ကန့်ကြာ ကစားခဲ့ပြီးနောက် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အရှည်ကြာဆုံး စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲကို ဆွီဒင်နိုင်ငံ မာလ်မိုမြို့ရှိ Slice Malmö စားသောက်ဆိုင်ရှိ စားပွဲတင်တင်းနစ်ခုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီမေးအိုလ်ဆန်နှင့် ဖရက်ဒရစ်နေလ်ဆန်တို့သည် အဆိုပါဂင်းနစ်စံချိန်တင်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုများကို အချိန်(၄)လကျော်ကြာ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။ ကမ္ဘာ့အရှည် ကြာဆုံး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးနောက် အီမေးအိုလ်ဆန် နှင့် ဖရက်ဒရစ် နေလ်ဆန်တို့ကို ၎င်းတို့၏ သူငယ်ချင်းများနှင့်မိသားစုများက ချီးကျူးဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရသည်။
ထို့ပြင် စားပွဲတင်တင်းနစ်ဘောလုံးအား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရိုက်ကြချိန်အတွင်း အနားယူခြင်းမျိုး မရှိစေရန်အတွက် နည်းပညာပံ့ပိုးကူညီမှုများဖြင့် စောင့်ကြည့်ခဲ့ကြကြောင်းလည်း သိရသည်။ အီမေးအိုလ်ဆန်နှင့် ဖရက်ဒရစ်နေလ်ဆန်တို့သည် ယခင်က ဗြိတိန်ကစားသမားများ တင်ထားသော ကမ္ဘာ့အရှည်ကြာဆုံးစားပွဲတင် တင်းနစ်ပြိုင်ပွဲ စံချိန်ကိုကျော်တက်ကာ ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
စားပြဲတင္တင္းနစ္ၿပိဳင္ပြဲကို အခ်ိန္(၁၃)နာရီေက်ာ္ၾကာ ကစားခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ဆြီဒင္အမ်ိဳးသားႏွစ္ဦး
Pika (NP News) - ဇန္နဝါရီ ၂၂
ဆြီဒင္စားပြဲတင္တင္းနစ္ ပေရာ္ဖက္ရွင္နယ္မ်ားျဖစ္ၾကေသာ အီေမးအိုလ္ဆန္ႏွင့္ ဖရက္ဒရစ္ေနလ္ဆန္တို႔သည္ စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲကို အခ်ိန္(၁၃)နာရီ (၃၇)မိနစ္ႏွင့္ (၆)စကၠန္႔ၾကာ ကစားခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္သစ္ တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ကမာၻ႔အရွည္ၾကာဆုံး စားပြဲတင္ တင္းနစ္အားကစားၿပိဳင္ပြဲကို ဆြီဒင္ႏိုင္ငံ မာလ္မိုၿမိဳ႕ရွိ Slice Malmö စားေသာက္ဆိုင္ရွိ စားပြဲတင္တင္းနစ္ခုံတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အီေမးအိုလ္ဆန္ႏွင့္ ဖရက္ဒရစ္ေနလ္ဆန္တို႔သည္ အဆိုပါဂင္းနစ္စံခ်ိန္တင္ႏိုင္ရန္အတြက္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာေလ့က်င့္မႈမ်ားကို အခ်ိန္(၄)လေက်ာ္ၾကာ လုပ္ေဆာင္ခဲ့ရေၾကာင္းလည္း သိရသည္။ ကမာၻ႔အရွည္ ၾကာဆုံး စားပြဲတင္တင္းနစ္ၿပိဳင္ပြဲကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ အီေမးအိုလ္ဆန္ ႏွင့္ ဖရက္ဒရစ္ ေနလ္ဆန္တို႔ကို ၎တို႔၏ သူငယ္ခ်င္းမ်ားႏွင့္မိသားစုမ်ားက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကေၾကာင္းလည္း သိရသည္။
ထို႔ျပင္ စားပြဲတင္တင္းနစ္ေဘာလုံးအား တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္ ႐ိုက္ၾကခ်ိန္အတြင္း အနားယူျခင္းမ်ိဳး မရွိေစရန္အတြက္ နည္းပညာပံ့ပိုးကူညီမႈမ်ားျဖင့္ ေစာင့္ၾကည့္ခဲ့ၾကေၾကာင္းလည္း သိရသည္။ အီေမးအိုလ္ဆန္ႏွင့္ ဖရက္ဒရစ္ေနလ္ဆန္တို႔သည္ ယခင္က ၿဗိတိန္ကစားသမားမ်ား တင္ထားေသာ ကမာၻ႔အရွည္ၾကာဆုံးစားပြဲတင္ တင္းနစ္ၿပိဳင္ပြဲ စံခ်ိန္ကိုေက်ာ္တက္ကာ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။