အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က မက္ကဆီကိုနဲ့ထိစပ်နေတဲ့နယ်စပ်မှာ နောက်ထပ်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထား

 330

Pika (NP News) - ဇန်နဝါရီ ၂၃

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အမေရိကန်နယ်ခြား စောင့်တပ်ဖွဲ့တွေကို ကူညီဖို့အတွက် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က နောက်ထပ်စစ်သားတွေကို မက္ကဆီကိုနဲ့ ထိစပ်နေတဲ့နယ်စပ်မှာ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ နယ်စပ်မှာအရေးပေါ်အခြေအနေကြေညာပြီး တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိန်းချုပ်ဖို့ ကတိပြုခဲ့ပြီးတဲ့နောက် ယခုလိုဖြန့်ကျက်ချထားမှုတွေ ထွက်ပေါ် လာတာပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက “အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်မှာ နောက်ထပ်စစ်သားဦးရေ(၁၅၀၀)ကို ဖြန့်ကျက်ချထားဖို့ အမိန့်ကို ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်၊ El Paso မြို့မှာ အခြေစိုက်တဲ့ Joint Task Force-North ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်(၂၂၀၀)ခန့်သည် နယ်စပ်မှာ တပ်စွဲထားပြီးပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် စစ်သားတွေဟာ အမျိုးသားအစောင့်တပ်ဖွဲ့၊ အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့တို့နဲ့အတူ လည်ပတ်လုပ်ကိုင် လျက်ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီတပ်ဖွဲ့တွေဟာ ဒေတာဝင်ရောက်ခြင်းနဲ့ စောင့်ကြည့်ခြင်းလိုမျိုး တာဝန်တွေမှာ ကူညီတောင်ရွက်ပေးလျက်ရှိ တယ်လို့ သိရပါတယ်။ ပင်တဂွန်ဟာ ထောက်လှမ်းရေးနဲ့စောင့်ကြည့်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ အတွက် ဆက်စပ်အဖွဲ့သားတွေနဲ့အတူ ရဟတ်ယာဉ်တွေကို စေလွှတ်သွားမှာဖြစ်တယ်လို့ ယာယီကာကွယ်ရေး ဝန်ကြီး ရောဘတိဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါတယ်။
ဒါပြင် ပင်တဂွန်ဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ဖို့အတွက် စစ်လေယာဉ်တွေ ကူညီပံ့ပိုး ပေးသွားမှာဖြစ်တယ်လို့လည်း ရောဘတ်ဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါတယ်။ ၎င်းက “ဒါက အစပဲရှိပါသေး တယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနဲ့ထိစပ်နေတဲ့နယ်စပ်ဒေသတွေကို တပ်ဖွဲ့တစ်သောင်း ဝန်းကျင် စေလွှတ်ဖို့ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Washington Post က ရေးသားဖော်ပြ ခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က မကၠဆီကိုနဲ႔ထိစပ္ေနတဲ့နယ္စပ္မွာ ေနာက္ထပ္တပ္ဖြဲ႕ေတြ ျဖန္႔က်က္ခ်ထား
Pika (NP News) - ဇန္နဝါရီ ၂၃

တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ား ျမင့္တက္လာမႈကို ကိုင္တြယ္ေျဖရွင္းရာမွာ အေမရိကန္နယ္ျခား ေစာင့္တပ္ဖြဲ႕ေတြကို ကူညီဖို႔အတြက္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ေနာက္ထပ္စစ္သားေတြကို မကၠဆီကိုနဲ႔ ထိစပ္ေနတဲ့နယ္စပ္မွာ ျဖန္႔က်က္ခ်ထားတယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ နယ္စပ္မွာအေရးေပၚအေျခအေနေၾကညာၿပီး တရားမဝင္နယ္စပ္ ျဖတ္ေက်ာ္ဝင္ေရာက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ကတိျပဳခဲ့ၿပီးတဲ့ေနာက္ ယခုလိုျဖန္႔က်က္ခ်ထားမႈေတြ ထြက္ေပၚ လာတာပဲျဖစ္ပါတယ္။ အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက “အေမရိကန္ႏိုင္ငံေတာင္ပိုင္းနယ္စပ္မွာ ေနာက္ထပ္စစ္သားဦးေရ(၁၅၀၀)ကို ျဖန္႔က်က္ခ်ထားဖို႔ အမိန္႔ကို ေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
တကၠဆက္ျပည္နယ္၊ El Paso ၿမိဳ႕မွာ အေျခစိုက္တဲ့ Joint Task Force-North ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ တပ္ဖြဲ႕ဝင္(၂၂၀၀)ခန႔္သည္ နယ္စပ္မွာ တပ္စြဲထားၿပီးၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ စစ္သားေတြဟာ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕၊ အေမရိကန္နယ္ျခားေစာင့္တပ္ဖြဲ႕တို႔နဲ႔အတူ လည္ပတ္လုပ္ကိုင္ လ်က္ရွိတယ္လို႔လည္း သိရပါတယ္။
အဲဒီတပ္ဖြဲ႕ေတြဟာ ေဒတာဝင္ေရာက္ျခင္းနဲ႔ ေစာင့္ၾကည့္ျခင္းလိုမ်ိဳး တာဝန္ေတြမွာ ကူညီေတာင္႐ြက္ေပးလ်က္ရွိ တယ္လို႔ သိရပါတယ္။ ပင္တဂြန္ဟာ ေထာက္လွမ္းေရးနဲ႔ေစာင့္ၾကည့္ေရး ႀကိဳးပမ္းမႈေတြကို တိုးျမႇင့္လုပ္ေဆာင္ဖို႔ အတြက္ ဆက္စပ္အဖြဲ႕သားေတြနဲ႔အတူ ရဟတ္ယာဥ္ေတြကို ေစလႊတ္သြားမွာျဖစ္တယ္လို႔ ယာယီကာကြယ္ေရး ဝန္ႀကီး ေရာဘတိေဆးလ္ဆတ္စ္က ေျပာၾကားခဲ့ပါတယ္။
ဒါျပင္ ပင္တဂြန္ဟာ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို ေနရပ္ျပန္ပို႔ဖို႔အတြက္ စစ္ေလယာဥ္ေတြ ကူညီပံ့ပိုး ေပးသြားမွာျဖစ္တယ္လို႔လည္း ေရာဘတ္ေဆးလ္ဆတ္စ္က ေျပာၾကားခဲ့ပါတယ္။ ၎က “ဒါက အစပဲရွိပါေသး တယ္” လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ မကၠဆီကိုနဲ႔ထိစပ္ေနတဲ့နယ္စပ္ေဒသေတြကို တပ္ဖြဲ႕တစ္ေသာင္း ဝန္းက်င္ ေစလႊတ္ဖို႔ျပင္ဆင္ေနတယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Washington Post က ေရးသားေဖာ္ျပ ခဲ့ပါတယ္။

Related news

© 2021. All rights reserved.