အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီးမှာ တောမီးလောင်ကျွမ်းမှုအသစ် ဖြစ်ပွား

 179

Pika (NP News) - ဇန်နဝါရီ ၂၃

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းမှာ ဇန်နဝါရီလ(၂၂)ရက်က တောမီးလောင်ကျွမ်းမှုအသစ်တစ်ခု ဖြစ်ပွားခဲ့ပြီး လူသောင်းချီကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ကြီးမားတဲ့ မီးတောက်တွေဟာ ဧက(၈၀၀၀)ကျော်ကို နာရီပိုင်းအတွင်းမှာ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး Castaic ရေကန်အနီးမှာ ရှိတဲ့ တောင်ကုန်းတွေ မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။
အဲဒီဧရိယာတစ်လျှောက်မှာ လေပြင်းတွေတိုက်ခတ်မှုနဲ့အတူ မီးတောက်တွေ ပိုမိုပြန့်ပွားလာမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြှင့်တက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မြောက်ဘက် (၃၅)မိုင်အကွာမှာ ရှိတဲ့ Castaic ရေကန်ဝန်းကျင်မှာနေထိုင်တဲ့ လူ(၃၁၀၀၀)ကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းကြဖို့ အမိန့်ပေးထား တယ်လို့လည်း သိရပါတယ်။
အမျိုးသားတစ်ဦး က “ကျွန်တော်တို့နေအိမ်တွေ ပြာမကျသွားဖို့ ဆုတောင်းနေရပါတယ်” လို့ ပြောခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ အဆောက်အဦးတွေ မီးလောင် ပျက်စီးခဲ့ပြီးနောက် သီတင်းပတ်(၁)ပတ်လောက်အကြာမှာပဲ ယခုလိုတောမီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕အနီးမွာ ေတာမီးေလာင္ကြၽမ္းမႈအသစ္ ျဖစ္ပြား
Pika (NP News) - ဇန္နဝါရီ ၂၃

အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေျမာက္ပိုင္းမွာ ဇန္နဝါရီလ(၂၂)ရက္က ေတာမီးေလာင္ကြၽမ္းမႈအသစ္တစ္ခု ျဖစ္ပြားခဲ့ၿပီး လူေသာင္းခ်ီကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ သိရပါတယ္။ ႀကီးမားတဲ့ မီးေတာက္ေတြဟာ ဧက(၈၀၀၀)ေက်ာ္ကို နာရီပိုင္းအတြင္းမွာ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ၿပီး Castaic ေရကန္အနီးမွာ ရွိတဲ့ ေတာင္ကုန္းေတြ မီးေလာင္ကြၽမ္းသြားတယ္လို႔ သိရပါတယ္။
အဲဒီဧရိယာတစ္ေလွ်ာက္မွာ ေလျပင္းေတြတိုက္ခတ္မႈနဲ႔အတူ မီးေတာက္ေတြ ပိုမိုျပန္႔ပြားလာမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြျမႇင့္တက္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေျမာက္ဘက္ (၃၅)မိုင္အကြာမွာ ရွိတဲ့ Castaic ေရကန္ဝန္းက်င္မွာေနထိုင္တဲ့ လူ(၃၁၀၀၀)ကို ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းၾကဖို႔ အမိန္႔ေပးထား တယ္လို႔လည္း သိရပါတယ္။
အမ်ိဳးသားတစ္ဦး က “ကြၽန္ေတာ္တို႔ေနအိမ္ေတြ ျပာမက်သြားဖို႔ ဆုေတာင္းေနရပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး ေထာင္နဲ႔ခ်ီတဲ့ အေဆာက္အဦးေတြ မီးေလာင္ ပ်က္စီးခဲ့ၿပီးေနာက္ သီတင္းပတ္(၁)ပတ္ေလာက္အၾကာမွာပဲ ယခုလိုေတာမီးေလာင္ကြၽမ္းမႈ ထပ္မံျဖစ္ပြားလာတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.