လက်နက်ကိုင်ပဋိပက္ခများ နှင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်
243
စစ်မုန်း (NP News) - ဇန်နဝါရီလ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ စသည့် အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိနေသည်။ အရှေ့ဘက်တွင် လူဦးရေထူထပ်ပြီး နိုင်ငံရေး၊ စစ်ရေးအရ အင်အားကြီးမားသောတရုတ်နိုင်ငံနှင့် အနောက်ဘက်တွင် နိုင်ငံသေးသော်လည်း လူဦးရေပေါက်ကွဲမှု ဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တည်ရှိနေသည်။
ထို့အတူ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် နိုင်ငံရေး၊ စီးပွားရေးဖြင့် အားယူနိုး ထလာနေသော အိန္ဒိယနိုင်ငံ လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏အရှေ့တောင်ဘက်တွင်လည်း စီးပွားရေးအားဖြင့် တောင့်တင်းခိုင်မာနေသည့် ထိုင်းနိုင်ငံက တည်ရှိနေသည်။ မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံ (၅) နိုင်ငံအနက် လာအိုနိုင်ငံမှအပ အခြားနိုင်ငံ အသီးသီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏အကျိုးစီးပွားအတွက် တစ်နည်းမဟုတ်၊ တစ်နည်း ပတ်သက် နေကြသည်။
အိမ်နီးချင်းနိုင်ငံများ နှင့် မြန်မာနိုင်ငံ
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်းကိုအသုံးပြု၍ ၎င်း၏ ခါးပတ်တစ်ခု၊ လမ်းကြောင်းတစ်သွယ် စီးပွားရေးစီမံကိန်းကို ဆက် စပ်အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်နေ သည်။ ထို့အတူ လက်ရှိတွင်လည်း မြန်မာနိုင်ငံကမ်း ရိုးတန်းကျောက်ဖြူရေနက်ဆိပ်ကမ်းကိုအသုံး ပြုပြီး မြန်မာနိုင်ငံရခိုင်ကမ်းလွန်မှထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များနှင့်အရှေ့အလယ်ပိုင်းဒေသမှတစ် ဆင့်သယ်ယူလာသောရေနံစိမ်းများကို ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိနေသည်။ ရခိုင်ကမ်းရိုတန်း ကျောက်ဖြူမှတစ်ဆင့်တင်ပို့နေသည့် သဘာဝဓာတ် ငွေ့နှင့် ရေနံပိုက်လိုင်းများသည် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ကိုဖြတ်သန်းတည်ဆောက်ထား ခြင်းဖြစ်သည်။ တစ် ဆက်တည်းမှာပင် အရှေ့တောင်အာရှနိုင်ငံများ အနက်ရေကြောင်း အနက်ရှိုင်းဆုံးနေရာဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအများ ဆုံးဖြင့်ပါဝင်နေသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာ သို့ထွက်ပေါက် တစ်ခုဖြစ်ပြီး ၎င်း၏စီးပွားရေးအင်ပါယာချဲ့ထွင်ရေးတွင်အရေး ကြီးသောနိုင်ငံတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ် နိုင်သည့်အခြေအနေကိုမလိုလားသော အမေရိကန် နိုင်ငံကလည်းမြန်မာ နိုင်ငံအပေါ် စိတ်ဝင်စားမှုများ ဖြင့်စောင့်ကြည့်လျက်ရှိသည်။
ဤသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံကိုအသုံးပြု လုပ်ဆောင်နေသည်။ ထိုင်းနိုင်ငံသည် ၎င်း၏ အကျိုး စီးပွားအတွက် မြန်မာနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင် ခြင်းမရှိသော်လည်း ၎င်း၏မိတ်ဖက်ဖြစ်သောအမေရိ ကန်နိုင်ငံကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ် နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေပြန်သည်။
မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်တွင် ရှိသည့်အိန္ဒိယနိုင်ငံကလည်း ၎င်း၏အရှေ့မျှော်မူဝါဒ အရ ရခိုင်ပြည်နယ်ရှိကုလားတန်မြစ်ကြောင်းဘက် စုံသုံးစီမံကိန်းဖြင့် စစ်တွေဆိပ်ကမ်းကိုအသုံးချရန် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏အရှေ့တောင် ဘက်ရှိကုန်းတွင်းပိတ်နိုင်ငံများသို့ ထောက် ပံ့ပစ္စည်း များတင်ပို့နိုင်ရန်နှင့် ၎င်း၏ထွက်ကုန်များကို စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံ များသို့တင်ပို့နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ အိန္ဒိယ နိုင်ငံ၏စီးပွားရေးအင်အားကြီးမားလာမှုကို မနာလို၊ မရှုစိမ့်နိုင်သောနိုင်ငံများကလည် စိတ်ပါဝင်စားစွာ ဖြင့် စောင့်ကြည့်လျက်ရှိသည်။
မြန်မာနိုင်ငံ၏အနောက်ဘက်တွင်ရှိသောဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်မူ ယင်းဒေသ၏လူဦးရေ ပေါက်ကွဲနေမှုအတွက် လူများကိုနေရာချထားပေး နိုင်ရန် မြန်မာနိုင်ငံ၏အနောက်ဘက်ဒေသကိုစိတ်ပါ ဝင်စားလျက်ရှိနေသည်။ လာမည့် (၂၅) နှစ်၊ အနှစ် (၃၀) အတွင်း ပင်လယ်ရေပြင်မြင့်တက်မှုကြောင့် ရေအောက်ရောက်သွားနိုင်သည့် ၎င်းတို့၏နယ်မြေ ဒေသအချို့မှလူအများကိုရွှေ့ပြောင်းနေရာချထားနိုင် ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းနေရာများအား စိတ်ဝင်စားနေခြင်းဖြစ်သည်။ လောလောဆယ် တွင်လည်း မြန်မာနိုင်ငံမှထွက်ခွာသွားသူများဟုဆို သည့် ဘင်္ဂါလီများအရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် OIC နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပေါ် ယိုးမယ်ဖွဲ့ အပြစ်ရှာနေသည်။အထူး သဖြင့် ဒုက္ခသည်ပြန်လည်လက်ခံရေးဆိုသည် ကို မြန်မာနိုင်ငံမှပူးပေါင်း ဆောင်ရွက်ခြင်းမပြုလေဟန် ယိုးမယ်ဖွဲ့အပြစ်ဆိုနေသည်။ OIC နိုင်ငံများက လည်း မြန်မာနိုင်ငံမှထွက်ပြေးသွားသည့် ဘင်္ဂါ လီများနှင့်ဆက်စပ်လျက် ၎င်းတို့၏ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ မြန်မာနိုင်ငံကမ်း ရိုးတန်းနှင့် ဆက်စပ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်များနှင့်ချိတ်ဆက်မည့် မွတ်စလင်ခါးပတ်ထူ ထောင်ရေးအတွက် အကောင်အထည်ဖော်လုပ် ဆောင်နေသည်။
(၂၀၂၁) ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးမှာ မတည်မငြိမ်ဖြစ်နေသကဲ့သို့ နယ်စပ်ဒေသများတွင်လည်း နပ်စပ်ဒေသနေ တိုင်း ရင်းသားလက်နက်ကိုင်များကြောင့် မတည်မငြိမ်ဖြစ် လာရသည်။ ဤအရေးအခင်းများနှင့်အတူ မြန်မာ နိုင်ငံ၏အရှေ့မြောက်ဒေသ တံခါးပေါက်နှင့်အနောက် ဘက်နယ်စပ်တံခါးပေါက်နှင့် ဆက်စပ်လျက်ရှိသော နိုင်ငံများ၏ဆက်စပ်ပတ်သက်မှုများရှိလာခဲ့ကြသည်။ ဤဆက်စပ်မှုများမှာမပြေးသော် ကန်ရာရှိဆိုသကဲ့သို့ ပင်လေ့လာလျှင်အတိုင်းသားမြင်နိုင်တွေ့နိုင်ကြ သည်။
အရှေ့မြောက်နယ်စပ်
မြန်မာနိုင်ငံ၏အရှေ့မြောက်ဒေသတွင် လှုပ်ရှားနေသည့် ြြီဗဗ ကိုးကန့်သောင်းကျန်းသူ များသည် ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံတွင်မရှိသည့် ' ဟန် ' မျိုးနွယ်စုပါဟုကြွေးကြော်လာခဲ့သည်။ အဆို ပါ "ဟန် "လူမျိုးဆိုသည်မှာ တရုတ်နိုင်ငံ၊ တရုတ်လူ မျိုးများသာဖြစ်သည်။ ကိုးကန့်တရုတ်များသည် မြန်မာ နိုင်ငံတိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတွင်ပါဝင်သတ် မှတ်ထားသော်လည်း တရုတ်ဩဇာခံနိုင်ရေးအတွက် တရုတ်လူမျိုးအသွင်ပြောင်းလိုက်ခြင်းဖြစ်ရာ နိုင်ငံ အတွက်အလွန်အရေးကြီးသောကိစ္စကြီးတစ်ရပ်ဖြစ် သည်။ ကိုးကန့်တရုတ်များသည် အိမ်နီးချင်း တရုတ် လူမျိုးများနှင့်အသွင်သဏ္ဌာန် ရုပ်ရည်သွင်ပြင် တူညီ သူများဖြစ်ကြသည်။ ၎င်းတို့ဒေသတွင် တရုတ်စာ၊ တရုတ်ငွေကြေးကိုသာအသုံးပြုကြသည်။
(၁၀၂၇) စစ်ရေးပဋိပက္ခအတွင်း MNDAA သည် မြန်မာနိုင်ငံအစိုးရအပေါ်သစ္စာခံ ခြင်းမရှိတော့သည်မှာထင်ရှားလာသည်။ ၎င်းတို့သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို ၎င်းတို့ သဘောကျ ဆောင်ရွက်လာခဲ့ကြသည်။ မြန်မာနိုင်ငံ၏ဥပဒေများကိုအလေးထားခြင်းမရှိကြတော့။ ဥပဒေမဲ့ ထင်ရာစိုင်း လုပ်ဆောင်ခဲ့ကြသည်မှာအထင်အရှား ဖြစ်သည်။ ထို့အတူပင် ဝနှင့်မိုင်းလားအဖွဲ့သည်လည်း တစ်နယ်တစ်မင်း၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လုပ် ဆောင်နေသည်။ ကိုယ်ပိုင်စစ်တပ်ထူထောင်ထားကာ ပညာရေး၊ စီးပွားရေးကအစ တရုတ်နိုင်ငံကိုအားထား နေသည်။ မြန်မာစာကိုမသင်ကြား၊ မြန်မာငွေကြေးကို မသုံးစွဲဘဲ တရုတ်စာ၊ တရုတ်စကားနှင့်တရုတ်ယွမ်ငွေ ကိုသာ အသုံးပြုလျက်ရှိသည်။ လှေကြီးပေါ်တွင် လှေငယ်တင်သလို မြန်မာနိုင်ငံမှခွဲမထွက်ပါဟုဆို သည့်တိုင် သီးခြား လွတ်လပ်သောနိုင်ငံငယ်တစ်ခုအဖြစ်ထူထောင် လုပ်ဆောင်နေသည်။ ဝဒေသ အတွင်း သို့ဝင်လိုလျှင်ပင်ဝတို့သတ်မှတ်ထားသော မှတ်ပုံတင်ဖြင့်ဝင်ရသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း သို့လာသောအခါမူတံခါးမရှိဓားမရှိသွားလာနေကြသည်။ ၎င်းတို့၏စီးပွားရေးလုပ် ငန်းများကို လွတ်လပ်စွာလုပ်ကိုင်နေကြသည်။ လာရှိုး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်စသည့်မြို့ကြီး များတွင် ကိုးကန့်တရုတ်များ၊ ဝ တရုတ်များ၏ စီးပွားရေးအင်ပါယာ များထူထောင်ထားကြသည်။
ပြောရလျှင် အရှေ့မြောက်နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များကြောင့်အရှေ့ မြောက်နယ်စပ်ဒေသမှာ အိမ်နီးချင်းနိုင်ငံကြီး၏ အရိပ် အာဝါသများလွှမ်းမိုးခြင်းခံနေရသည်မှာကြာ မြင့်ခဲ့ပြီ။
အနောက်ဘက်နယ်စပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသော မြန် မာနိုင်ငံအနောက်ဘက်နယ်စပ်တံခါးပေါက်အရေး မှာလည်း စိတ်မအေးစရာဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နေထိုင်ကြသော ဘင်္ဂါလီများ သည်ဗြိတိသျှအင်္ဂလိပ်တို့ လက်ထက်ကပင်တရား မဝင်ဝင်ရောက်ရှိနေခဲ့သောဘင်္ဂါလီများ အနေဖြင့် ဒေသနေဘင်္ဂါလီကုလားများနှင့်ပူးပေါင်းကာ ဘူးသီး တောင်၊ မောင်တောဒေသအတွင်းဘင်္ဂါ လီနယ်မြေတစ်ခုပုံသွင်းရန်ကြိုးစားခဲ့ကြသည်မှာ လွတ်လပ်ရေး မရမီကာလကပင်ဖြစ်သည်။ တစ်ဖက်အိမ်နီးချင်းနိုင်ငံ နှင့်ဘာသာတူ၊ အသွင်သဏ္ဌာန် ရုပ် ရည်သွင်ပြင်တူကြ သဖြင့် အဆိုပါနိုင်ငံနှင့်ပူးပေါင်း ရန်လှုံ့ဆော်ခဲ့သည် များရှိခဲ့သည်။ ၎င်းတို့၏ဆန္ဒကို လက်နက်ကိုင်ဆူပူ သောင်းကျန်းမှုများဖြင့်အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင်သာမက မြန်မာနိုင်ငံတွင် မရှိသောလူမျိုးလိမ်နာမည်တစ်ခုဖြင့် လူမျိုးတစ်မျိုး အဖြစ် ရပ်တည်နိုင်ရန်ကြိုးစားလာနေသည်။ ၎င်းတို့၏လုပ်ဆောင်ချက်မှာ တဖြည်းဖြည်း အရှိန်မြင့် လာပြီး (၂၀၁၇) ခုနှစ်နောက်ပိုင်းတွင် ပို၍အရှိန်ရ လာခဲ့သည်။ နယ်စပ် ကင်းစခန်းများကိုလူ အင်အားဖြင့်တစ်ပြိုင်နက်ဝင်စီးပြီး ဒေသမတည်မငြိမ်ဖြစ် အောင်ဆောင်ရွက်ကာ ဒေသခံဘင်္ဂါလီများကို နေရပ် စွန့်ခွာထွက်ပြေးစေခဲ့သည်။ ဒုက္ခသည် ပြဿနာကို ဖန်တီးကာ လူမျိုးတုံးသတ်ဖြတ်နေ ကြောင်းပုံဖော်ခဲ့ သည်။ OIC အပါအဝင်အနောက် နိုင်ငံများ၏အကူအညီဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီ အရေးသည် ကမ္ဘာ့စင်မြင့်သို့ရောက်ရှိခဲ့ရသည်။ ယခုလက်ရှိတွင်လည်း နိုင်ငံအကြောင်းပြောလျှင် ဘင်္ဂါလီများအရေးမှာရှေ့တန်းက ဖြစ်နေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်နယ်မြေများသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမဝင်ဝင်ရောက်နေမှုများကို နိုင်ငံတော်မှစနစ်တကျကာကွယ်ထိန်းသိမ်း စောင့် ရှောက်ခဲ့သည်။ သို့သော်လည်း ယခုအခါ ရခိုင်ပြည် နယ်မြောက်ပိုင်းဒေသရှိနယ်မြေများကို နိုင်ငံတော်မှ ယာယီအားဖြင့်စွန့်လွှတ်ထားခဲ့ရပြီးဖြစ်သည်။ (၂၀၂၄) ခုနှစ် ဒီဇင်ဘာလတွင် AA သည် မြန်မာနိုင်ငံအနောက် ဘက်နယ်စပ်မောင်တောဒေသကို အလုံးစုံထိန်းချုပ် သွားနိုင်ခဲ့ပြီးနောက် (၂ဝ၂၅) ခုနှစ်ဇန်နဝါရီလမှ စတင်ကာ ဘင်္ဂါလီသောင်းကျန်းသူများသည် တိုက်ပွဲ များ ဖော်ဆောင်လာကြသည်ကိုတွေ့ရ သည်။ ဤသို့ တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက်လည်း ဘင်္ဂါလီ အရေးတက်ကြွလှုပ်ရှားသူများဦးဆောင် လှုပ်ရှားနေ သည့် ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော RSO , ARSA , ARA နှင့် ARIM တို့ပူးပေါင်းပြီး ဘုံသဘောတူညီချက်နှင့်အတူ FBA (Four Brothers Alliance) အဖြစ် မဟာမိတ်ဖွဲ့စည်းခဲ့ ကြကြောင်းသိရသည်။
အဆိုပါအဖွဲ့များအနက် RSO သည် (၁၉၈၂) ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် လက်နက် ကိုင်အဖွဲ့အစည်းဖြစ်ပြီး သဘောထားအားဖြင့်ပျော့ ပျောင်းသောအဖွဲ့လည်းဖြစ်သည်။ ARSA အဖွဲ့မှာ ဘာသာရေးအစွန်းရောက်အဖွဲ့ဖြစ်ကာ (၂၀၁၆) ခုနှစ် တွင်စတင်ပေါ်ပေါက်ခဲ့သောအဖွဲ့ဖြစ်သည်။ ယင်း အဖွဲ့၏ခေါင်းဆောင်မှာ ပါကိစ္စတန်နိုင်ငံသား အဘူ တူလာဆိုသူဖြစ်ပြီး ဆော်ဒီနိုင်ငံတွင်ကြီးပြင်းခဲ့သူ ဖြစ်ကြောင်းလည်းသိရသည်။ ၎င်းသည် အာဖဂန် နစ္စတန်ရှိ တာလီဘန်အဖွဲ့နှင့်လည်းရင်းနှီးသူဖြစ် ကြောင်းသိရသည်။ ARSA အဖွဲ့သည် သဘောထား တင်းမာသောအဖွဲ့ဖြစ်ကာ (၂၀၁၆) ခုနှစ်နှင့် (၂၀၁၇) ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက် မှုများကိုဦးေးဆာင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည် သာမက၊ ဒေသခံဘင်္ဂါလီများကို အကြောက်တရားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးစေခဲ့ပြီး မြန်မာနိုင်ငံ ကိုလူမျိုးတုံးသတ်ဖြတ်ကြောင်းပုံဖော်ခဲ့သည့်အဖွဲ့ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက်ခြင်းမပြုနိုင်ရန်ခြိမ်း ခြောက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်ရှိဒုက္ခသည်စခန်းများ တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းနှင့်လူသတ်မှု၊ ဓားပြ မှု၊ ပြန်ပေးမှုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖမ်းဝရမ်းထုတ်ထားခြင်းခံရသူလည်းဖြစ်သည်။ ARSA သည် (၂၀၁၆) ခုနှစ်မှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားနေသည့်အဖွဲ့အစည်းလည်းဖြစ်သည်။ ဤ အဖွဲ့သည် မောင်တော၊ ဘူးသီးတောင် နယ်မြေကိုတိုက်ခိုက်သိမ်းယူခြင်းမှသည် နယ်မြေခွဲထွက်ရေး အတွက်ပါလုပ်ပြီး တာကိစ္စတန်နိုင်ငံထူထောင်ရန် အထိ သဘောထားတင်းမာသောအဖွဲ့လည်းဖြစ် သည်။ ARA မှာ (၂၀၂၀) ပြည့်နှစ်စတင်ဖွဲ့စည်းခဲ့သောအဖွဲ့ငယ်တစ်ဖွဲ့လည်းဖြစ်သည်။ ARIM မှာ လည်းမကြာသေးမီကဖွဲ့စည်းထားခဲ့သော အဖွဲ့ ဖြစ်ကာလူသိနည်းသော်လည်းဘာသာရေးအရ အစွန်းရောက်မှုနှင့် ဘာသာရေးလွှမ်းမိုးမှုရှိသော အဖွဲ့ လည်းဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း (မြန် မာနိုင်ငံအနောက်ပိုင်းနယ်ခြား)ဒေသမှာ AA ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီးနောက် နယ်စပ်ဒေသတွင် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ပေါင်းစည်းထားကာFBA (Four Brothers Alliance) ဖွဲ့စည်းပြီး တိုက်ပွဲများဖော်ဆောင်လာ ခဲ့ကြောင်းသတင်းများရရှိလာသည်။ ဤအဖွဲ့ (၄) ဖွဲ့အနက် လူသူ လက်နက်အင်အား အကောင်းဆုံး အဖွဲ့မှာ ARSA ဖြစ်ပြီး ယခုမောင် တောဒေသတွင် ဦးဆောင်တိုက်ခိုက်နေသည်မှာ ယင်းအဖွဲ့ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်းများမှလူငယ် များကိုစည်းရုံးလျက် အင်အားတောင့်တင်းအောင် တည်ဆောက်နိုင်ခဲ့သည်။ ဘင်္ဂါလီလက်နက်ကိုင် များသည် နိုင်ငံတော်၏အုပ်ချုပ်ယန္တရား ကင်းမဲ့သွား သည်ကို အခွင့်ကောင်းယူ၍တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့်အမေရိကန်နိုင်ငံ အပါအဝင်အနောက်နိုင်ငံများ၊ OIC နိုင်ငံများက လည်း ဘင်္ဂါလီအရေးကို အမျိုးမျိုးနှပ်ကြောင်း ပေးကာ မြန်မာနိုင်ငံသို့ R2P ဝင်ရောက်နိုင်ရေးဆောင် ရွက်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဘူးသီး တောင်၊ မောင်တောနယ်ကိုSafe Zone သတ်မှတ် နိုင်ရေးတင်ပြတောင်းဆိုနေသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကဘူးသီးတောင်၊ မောင်တောရှိ ဘင်္ဂါ လီများကို ကာကွယ်ပေးရန်လိုအပ်လျှင်ကာကွယ်ပေး ရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော် တာဝန်ရှိသူတစ်ဦးကပြောကြားသည်မှာလည်း စိတ်ဝင်စားစရာဖြစ်သည်။ အထူးသဖြင့် လက်ရှိဘင်္ဂ လားဒေ့ရှ်အစိုးရအဖွဲ့တွင် ဘာသာရေးအစွန်းရောက် များ ကြီးစိုးနေခြင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရအဆက် ဆက်ရခိုင်ပြည်နယ်ကို ၎င်းတို့အကျိုးအတွက်သိမ်းပိုက်ရယူလိုခြင်း၊ ဒုက္ခသည်အကြောင်းပြု၍နိုင်ငံ တကာ(ကုလသမဂ္ဂ)မှဝင်ရောက်စွက်ဖက်ရန်တောင်း ဆိုနေခြင်းများနှင့် OIC နိုင်ငံ များ၏ မွတ်စလင်ခါးပတ် ထူထောင်ရေးစီမံချက်၊ အမေရိကန်နိုင်ငံ၏ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း စစ်စခန်း တည်ဆောက် လိုမှုတွင်ရခိုင်ကမ်းရိုးတန်းသည် စိန့်မာတင်ကျွန်းမှ (၅) မိုင်ခန့်သာကွာဝေးနေသည့်ပထဝီအနေအထား နှင့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် နိုင်ငံသစ်တစ်နိုင်ငံထူထောင်ရေးရည်မှန်းချက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းကို တစ်နည်းနည်းဖြင့်သိမ်း ယူနိုင်ရန်ရေးအားထုတ်နေခြင်းပင်ဖြစ်သည်။ ဤစီမံ ချက်များအောင်မြင်နိုင်ရန်အတွက် လက်နက်ကိုင် အဖွဲ့များကိုဝင်ရောက်တိုက်ခိုက်စေ၍နယ်မြေသိမ်း ပိုက်ရန်လုပ်ဆောင်နေခြင်းပင်ဖြစ်ကြောင်း မပြေး သော် ကန်ရာရှိဆိုသလိုအထင်းသားမြင်နေရသည်။
အမျိုးသားရေးသတိရှိကြစေလို
ပြည်ထောင်စုမြန်မာနိုင်ငံကို တိုင်းရင်းသား လူမျိုးပေါင်း (၁၃၅) မျိုးဖြင့်စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဗမာလူမျိုးများမှအပ တိုင်းရင်းသားလူမျိုး အများစုတို့မှာ နယ်စပ်ဒေသများတွင်နေထိုင်ကြသူ များလည်း ဖြစ်ကြသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံ တစ်နံတစ်လျား တောင်ပေါ် မြေပြန့်နေရာဒေသ အသီးသီးတွင်နေထိုင်ကြသည်ဆိုငြား တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်အူထုံဆင်းညီအစ်ကို မောင်နှ မများကဲ့သို့ချစ်ကြည်ရင်းနှီးစွာဖြင့် ထွေးရောယှက် တင်နေထိုင်လျက်ရှိကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ ၏အရှေ့မြောက်နယ်စပ်နှင့်အနောက်ဘက်နယ်စပ် များတွင်ဖြစ်ပေါ်နေသည့် လက်ရှိအနေအထားများမှာ မြန်မာနိုင်ငံပြိုကွဲရုံမျှမကနိုင်ငံပါပဲ့သွားနိုင်သည့်အခြေ အနေများပင်ဖြစ်သည်။ ဤအခြေအ နေကိုနိုင်ငံကို ချစ်သူတိုင်း၊ လူမျိုးကိုချစ်သူတိုင်း သတိထားကြရန် လိုသည်။ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်၊ မြေပဲ့သွား မည့်အန္တရာယ်ကို လေးလေး နက်နက်သဘောထား ကြပြီး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြရန်လို ကြောင်း တိုက်တွန်းရေးသားရပါသည်။
Zawgyi Version;
လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ တိုင္းျပည္ ၿပိဳကြဲမည့္အႏၲရာယ္
စစ္မုန္း (NP News) - ဇန္နဝါရီလ ၂၃
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံမွာ တ႐ုတ္၊ လာအို၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယႏိုင္ငံ စသည့္ အိမ္နီးခ်င္း ႏိုင္ငံမ်ားႏွင့္ နယ္စပ္ခ်င္း ထိစပ္လ်က္ရွိေနသည္။ အေရွ႕ဘက္တြင္ လူဦးေရထူထပ္ၿပီး ႏိုင္ငံေရး၊ စစ္ေရးအရ အင္အားႀကီးမားေသာတ႐ုတ္ႏိုင္ငံႏွင့္ အေနာက္ဘက္တြင္ ႏိုင္ငံေသးေသာ္လည္း လူဦးေရေပါက္ကြဲမႈ ျဖစ္ေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ တည္ရွိေနသည္။
ထို႔အတူ ျမန္မာႏိုင္ငံ၏ အေနာက္ေျမာက္ဘက္တြင္ ႏိုင္ငံေရး၊ စီးပြားေရးျဖင့္ အားယူႏိုး ထလာေနေသာ အိႏၵိယႏိုင္ငံ လည္း ရွိေနသည္။ ျမန္မာႏိုင္ငံ၏အေရွ႕ေတာင္ဘက္တြင္လည္း စီးပြားေရးအားျဖင့္ ေတာင့္တင္းခိုင္မာေနသည့္ ထိုင္းႏိုင္ငံက တည္ရွိေနသည္။ ျမန္မာႏိုင္ငံ၏အိမ္နီးခ်င္း ႏိုင္ငံ (၅) ႏိုင္ငံအနက္ လာအိုႏိုင္ငံမွအပ အျခားႏိုင္ငံ အသီးသီးသည္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ၎တို႔၏အက်ိဳးစီးပြားအတြက္ တစ္နည္းမဟုတ္၊ တစ္နည္း ပတ္သက္ ေနၾကသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ား ႏွင့္ ျမန္မာႏိုင္ငံ
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ပင္လယ္ ကမ္း႐ိုးတန္းကိုအသုံးျပဳ၍ ၎၏ ခါးပတ္တစ္ခု၊ လမ္းေၾကာင္းတစ္သြယ္ စီးပြားေရးစီမံကိန္းကို ဆက္ စပ္အေကာင္အထည္ေဖာ္ႏိုင္ရန္ေဆာင္႐ြက္ေန သည္။ ထို႔အတူ လက္ရွိတြင္လည္း ျမန္မာႏိုင္ငံကမ္း ႐ိုးတန္းေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကိုအသုံး ျပဳၿပီး ျမန္မာႏိုင္ငံရခိုင္ကမ္းလြန္မွထြက္ရွိသည့္ သဘာဝ ဓာတ္ေငြ႕မ်ားႏွင့္အေရွ႕အလယ္ပိုင္းေဒသမွတစ္ ဆင့္သယ္ယူလာေသာေရနံစိမ္းမ်ားကို ပိုက္လိုင္းျဖင့္ တ႐ုတ္ႏိုင္ငံသို႔တင္ပို႔လ်က္ရွိေနသည္။ ရခိုင္ကမ္း႐ိုတန္း ေက်ာက္ျဖဴမွတစ္ဆင့္တင္ပို႔ေနသည့္ သဘာဝဓာတ္ ေငြ႕ႏွင့္ ေရနံပိုက္လိုင္းမ်ားသည္ ျမန္မာႏိုင္ငံအလယ္ ပိုင္းေဒသမ်ားႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသမ်ား ကိုျဖတ္သန္းတည္ေဆာက္ထား ျခင္းျဖစ္သည္။ တစ္ ဆက္တည္းမွာပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အနက္ေရေၾကာင္း အနက္ရႈိင္းဆုံးေနရာျဖစ္သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ စီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ား ဆုံးျဖင့္ပါဝင္ေနသည္။ ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ အတြက္ အိႏၵိယသမုဒၵရာ သို႔ထြက္ေပါက္ တစ္ခုျဖစ္ၿပီး ၎၏စီးပြားေရးအင္ပါယာခ်ဲ႕ထြင္ေရးတြင္အေရး ႀကီးေသာႏိုင္ငံတစ္ခုျဖစ္သည္။ တ႐ုတ္ႏိုင္ငံ၏စီးပြား ေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အိႏၵိယသမုဒၵရာသို႔ ဆက္သြယ္ ႏိုင္သည့္အေျခအေနကိုမလိုလားေသာ အေမရိကန္ ႏိုင္ငံကလည္းျမန္မာ ႏိုင္ငံအေပၚ စိတ္ဝင္စားမႈမ်ား ျဖင့္ေစာင့္ၾကည့္လ်က္ရွိသည္။
ဤသို႔ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံ၏အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာထိုင္းႏိုင္ငံကိုအသုံးျပဳ လုပ္ေဆာင္ေနသည္။ ထိုင္းႏိုင္ငံသည္ ၎၏ အက်ိဳး စီးပြားအတြက္ ျမန္မာႏိုင္ငံႏွင့္ တိုက္႐ိုက္သက္ဆိုင္ ျခင္းမရွိေသာ္လည္း ၎၏မိတ္ဖက္ျဖစ္ေသာအေမရိ ကန္ႏိုင္ငံေၾကာင့္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ တစ္ နည္းမဟုတ္တစ္နည္း ဆက္စပ္ပတ္သက္ေနျပန္သည္။
ျမန္မာႏိုင္ငံ၏အေနာက္ေျမာက္ဘက္တြင္ ရွိသည့္အိႏၵိယႏိုင္ငံကလည္း ၎၏အေရွ႕ေမွ်ာ္မူဝါဒ အရ ရခိုင္ျပည္နယ္ရွိကုလားတန္ျမစ္ေၾကာင္းဘက္ စုံသုံးစီမံကိန္းျဖင့္ စစ္ေတြဆိပ္ကမ္းကိုအသုံးခ်ရန္ ေဆာင္႐ြက္လ်က္ရွိသည္။ အိႏၵိယႏိုင္ငံ၏အေရွ႕ေတာင္ ဘက္ရွိကုန္းတြင္းပိတ္ႏိုင္ငံမ်ားသို႔ ေထာက္ ပံ့ပစၥည္း မ်ားတင္ပို႔ႏိုင္ရန္ႏွင့္ ၎၏ထြက္ကုန္မ်ားကို စစ္ေတြဆိပ္ကမ္းမွတစ္ဆင့္ အေရွ႕ေတာင္အာရွႏိုင္ငံ မ်ားသို႔တင္ပို႔ႏိုင္ရန္ရည္႐ြယ္ျခင္းျဖစ္သည္။ အိႏၵိယ ႏိုင္ငံ၏စီးပြားေရးအင္အားႀကီးမားလာမႈကို မနာလို၊ မရႈစိမ့္ႏိုင္ေသာႏိုင္ငံမ်ားကလည္ စိတ္ပါဝင္စားစြာ ျဖင့္ ေစာင့္ၾကည့္လ်က္ရွိသည္။
ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ရွိေသာဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္မူ ယင္းေဒသ၏လူဦးေရ ေပါက္ကြဲေနမႈအတြက္ လူမ်ားကိုေနရာခ်ထားေပး ႏိုင္ရန္ ျမန္မာႏိုင္ငံ၏အေနာက္ဘက္ေဒသကိုစိတ္ပါ ဝင္စားလ်က္ရွိေနသည္။ လာမည့္ (၂၅) ႏွစ္၊ အႏွစ္ (၃၀) အတြင္း ပင္လယ္ေရျပင္ျမင့္တက္မႈေၾကာင့္ ေရေအာက္ေရာက္သြားႏိုင္သည့္ ၎တို႔၏နယ္ေျမ ေဒသအခ်ိဳ႕မွလူအမ်ားကိုေ႐ႊ႕ေျပာင္းေနရာခ်ထားႏိုင္ ေရးအတြက္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေနရာမ်ားအား စိတ္ဝင္စားေနျခင္းျဖစ္သည္။ ေလာေလာဆယ္ တြင္လည္း ျမန္မာႏိုင္ငံမွထြက္ခြာသြားသူမ်ားဟုဆို သည့္ ဘဂၤါလီမ်ားအေရးႏွင့္ပတ္သက္ၿပီး ကမာၻ႔ ကုလသမဂၢ အပါအဝင္ OIC ႏိုင္ငံမ်ားႏွင့္ပူးေပါင္းကာ ျမန္မာႏိုင္ငံအေပၚ ယိုးမယ္ဖြဲ႕ အျပစ္ရွာေနသည္။အထူး သျဖင့္ ဒုကၡသည္ျပန္လည္လက္ခံေရးဆိုသည္ ကို ျမန္မာႏိုင္ငံမွပူးေပါင္း ေဆာင္႐ြက္ျခင္းမျပဳေလဟန္ ယိုးမယ္ဖြဲ႕အျပစ္ဆိုေနသည္။ OIC ႏိုင္ငံမ်ားက လည္း ျမန္မာႏိုင္ငံမွထြက္ေျပးသြားသည့္ ဘဂၤါ လီမ်ားႏွင့္ဆက္စပ္လ်က္ ၎တို႔၏ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္း႐ိုးတန္း၊ ရခိုင္ကမ္း႐ိုးတန္း၊ ျမန္မာႏိုင္ငံကမ္း ႐ိုးတန္းႏွင့္ ဆက္စပ္သည့္ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံ စသည့္မ်ားႏွင့္ခ်ိတ္ဆက္မည့္ မြတ္စလင္ခါးပတ္ထူ ေထာင္ေရးအတြက္ အေကာင္အထည္ေဖာ္လုပ္ ေဆာင္ေနသည္။
(၂၀၂၁) ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံ၏ျပည္တြင္းႏိုင္ငံေရးမွာ မတည္မၿငိမ္ျဖစ္ေနသကဲ့သို႔ နယ္စပ္ေဒသမ်ားတြင္လည္း နပ္စပ္ေဒသေန တိုင္း ရင္းသားလက္နက္ကိုင္မ်ားေၾကာင့္ မတည္မၿငိမ္ျဖစ္ လာရသည္။ ဤအေရးအခင္းမ်ားႏွင့္အတူ ျမန္မာ ႏိုင္ငံ၏အေရွ႕ေျမာက္ေဒသ တံခါးေပါက္ႏွင့္အေနာက္ ဘက္နယ္စပ္တံခါးေပါက္ႏွင့္ ဆက္စပ္လ်က္ရွိေသာ ႏိုင္ငံမ်ား၏ဆက္စပ္ပတ္သက္မႈမ်ားရွိလာခဲ့ၾကသည္။ ဤဆက္စပ္မႈမ်ားမွာမေျပးေသာ္ ကန္ရာရွိဆိုသကဲ့သို႔ ပင္ေလ့လာလွ်င္အတိုင္းသားျမင္ႏိုင္ေတြ႕ႏိုင္ၾက သည္။
အေရွ႕ေျမာက္နယ္စပ္
ျမန္မာႏိုင္ငံ၏အေရွ႕ေျမာက္ေဒသတြင္ လႈပ္ရွားေနသည့္ ျျီဗဗ ကိုးကန႔္ေသာင္းက်န္းသူ မ်ားသည္ ၎တို႔ကိုယ္တိုင္ ျမန္မာႏိုင္ငံတြင္မရွိသည့္ ' ဟန္ ' မ်ိဳးႏြယ္စုပါဟုေႂကြးေၾကာ္လာခဲ့သည္။ အဆို ပါ "ဟန္ "လူမ်ိဳးဆိုသည္မွာ တ႐ုတ္ႏိုင္ငံ၊ တ႐ုတ္လူ မ်ိဳးမ်ားသာျဖစ္သည္။ ကိုးကန႔္တ႐ုတ္မ်ားသည္ ျမန္မာ ႏိုင္ငံတိုင္းရင္းသားလူမ်ိဳး (၁၃၅) မ်ိဳးတြင္ပါဝင္သတ္ မွတ္ထားေသာ္လည္း တ႐ုတ္ဩဇာခံႏိုင္ေရးအတြက္ တ႐ုတ္လူမ်ိဳးအသြင္ေျပာင္းလိုက္ျခင္းျဖစ္ရာ ႏိုင္ငံ အတြက္အလြန္အေရးႀကီးေသာကိစၥႀကီးတစ္ရပ္ျဖစ္ သည္။ ကိုးကန႔္တ႐ုတ္မ်ားသည္ အိမ္နီးခ်င္း တ႐ုတ္ လူမ်ိဳးမ်ားႏွင့္အသြင္သဏၭာန္ ႐ုပ္ရည္သြင္ျပင္ တူညီ သူမ်ားျဖစ္ၾကသည္။ ၎တို႔ေဒသတြင္ တ႐ုတ္စာ၊ တ႐ုတ္ေငြေၾကးကိုသာအသုံးျပဳၾကသည္။
(၁၀၂၇) စစ္ေရးပဋိပကၡအတြင္း MNDAA သည္ ျမန္မာႏိုင္ငံအစိုးရအေပၚသစၥာခံ ျခင္းမရွိေတာ့သည္မွာထင္ရွားလာသည္။ ၎တို႔သည္ တရားစီရင္ေရး၊ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ၎တို႔ သေဘာက် ေဆာင္႐ြက္လာခဲ့ၾကသည္။ ျမန္မာႏိုင္ငံ၏ဥပေဒမ်ားကိုအေလးထားျခင္းမရွိၾကေတာ့။ ဥပေဒမဲ့ ထင္ရာစိုင္း လုပ္ေဆာင္ခဲ့ၾကသည္မွာအထင္အရွား ျဖစ္သည္။ ထို႔အတူပင္ ဝႏွင့္မိုင္းလားအဖြဲ႕သည္လည္း တစ္နယ္တစ္မင္း၊ အာဏာရွင္စနစ္ျဖင့္ အုပ္ခ်ဳပ္လုပ္ ေဆာင္ေနသည္။ ကိုယ္ပိုင္စစ္တပ္ထူေထာင္ထားကာ ပညာေရး၊ စီးပြားေရးကအစ တ႐ုတ္ႏိုင္ငံကိုအားထား ေနသည္။ ျမန္မာစာကိုမသင္ၾကား၊ ျမန္မာေငြေၾကးကို မသုံးစြဲဘဲ တ႐ုတ္စာ၊ တ႐ုတ္စကားႏွင့္တ႐ုတ္ယြမ္ေငြ ကိုသာ အသုံးျပဳလ်က္ရွိသည္။ ေလွႀကီးေပၚတြင္ ေလွငယ္တင္သလို ျမန္မာႏိုင္ငံမွခြဲမထြက္ပါဟုဆို သည့္တိုင္ သီးျခား လြတ္လပ္ေသာႏိုင္ငံငယ္တစ္ခုအျဖစ္ထူေထာင္ လုပ္ေဆာင္ေနသည္။ ဝေဒသ အတြင္း သို႔ဝင္လိုလွ်င္ပင္ဝတို႔သတ္မွတ္ထားေသာ မွတ္ပုံတင္ျဖင့္ဝင္ရသည္။ သို႔ရာတြင္ ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံအတြင္း သို႔လာေသာအခါမူတံခါးမရွိဓားမရွိသြားလာေနၾကသည္။ ၎တို႔၏စီးပြားေရးလုပ္ ငန္းမ်ားကို လြတ္လပ္စြာလုပ္ကိုင္ေနၾကသည္။ လာရႈိး၊ ေတာင္ႀကီး၊ မႏၲေလး၊ ရန္ကုန္စသည့္ၿမိဳ႕ႀကီး မ်ားတြင္ ကိုးကန႔္တ႐ုတ္မ်ား၊ ဝ တ႐ုတ္မ်ား၏ စီးပြားေရးအင္ပါယာ မ်ားထူေထာင္ထားၾကသည္။
ေျပာရလွ်င္ အေရွ႕ေျမာက္နယ္စပ္ေဒသရွိ တိုင္းရင္းသားလက္နက္ကိုင္မ်ားေၾကာင့္အေရွ႕ ေျမာက္နယ္စပ္ေဒသမွာ အိမ္နီးခ်င္းႏိုင္ငံႀကီး၏ အရိပ္ အာဝါသမ်ားလႊမ္းမိုးျခင္းခံေနရသည္မွာၾကာ ျမင့္ခဲ့ၿပီ။
အေနာက္ဘက္နယ္စပ္
ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ထိစပ္ေနေသာ ျမန္ မာႏိုင္ငံအေနာက္ဘက္နယ္စပ္တံခါးေပါက္အေရး မွာလည္း စိတ္မေအးစရာျဖစ္သည္။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသတြင္ ေနထိုင္ၾကေသာ ဘဂၤါလီမ်ား သည္ၿဗိတိသွ်အဂၤလိပ္တို႔ လက္ထက္ကပင္တရား မဝင္ဝင္ေရာက္ရွိေနခဲ့ေသာဘဂၤါလီမ်ား အေနျဖင့္ ေဒသေနဘဂၤါလီကုလားမ်ားႏွင့္ပူးေပါင္းကာ ဘူးသီး ေတာင္၊ ေမာင္ေတာေဒသအတြင္းဘဂၤါ လီနယ္ေျမတစ္ခုပုံသြင္းရန္ႀကိဳးစားခဲ့ၾကသည္မွာ လြတ္လပ္ေရး မရမီကာလကပင္ျဖစ္သည္။ တစ္ဖက္အိမ္နီးခ်င္းႏိုင္ငံ ႏွင့္ဘာသာတူ၊ အသြင္သဏၭာန္ ႐ုပ္ ရည္သြင္ျပင္တူၾက သျဖင့္ အဆိုပါႏိုင္ငံႏွင့္ပူးေပါင္း ရန္လႈံ႕ေဆာ္ခဲ့သည္ မ်ားရွိခဲ့သည္။ ၎တို႔၏ဆႏၵကို လက္နက္ကိုင္ဆူပူ ေသာင္းက်န္းမႈမ်ားျဖင့္အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားခဲ့ၾကသည္။ ထို႔ျပင္သာမက ျမန္မာႏိုင္ငံတြင္ မရွိေသာလူမ်ိဳးလိမ္နာမည္တစ္ခုျဖင့္ လူမ်ိဳးတစ္မ်ိဳး အျဖစ္ ရပ္တည္ႏိုင္ရန္ႀကိဳးစားလာေနသည္။ ၎တို႔၏လုပ္ေဆာင္ခ်က္မွာ တျဖည္းျဖည္း အရွိန္ျမင့္ လာၿပီး (၂၀၁၇) ခုႏွစ္ေနာက္ပိုင္းတြင္ ပို၍အရွိန္ရ လာခဲ့သည္။ နယ္စပ္ ကင္းစခန္းမ်ားကိုလူ အင္အားျဖင့္တစ္ၿပိဳင္နက္ဝင္စီးၿပီး ေဒသမတည္မၿငိမ္ျဖစ္ ေအာင္ေဆာင္႐ြက္ကာ ေဒသခံဘဂၤါလီမ်ားကို ေနရပ္ စြန႔္ခြာထြက္ေျပးေစခဲ့သည္။ ဒုကၡသည္ ျပႆနာကို ဖန္တီးကာ လူမ်ိဳးတုံးသတ္ျဖတ္ေန ေၾကာင္းပုံေဖာ္ခဲ့ သည္။ OIC အပါအဝင္အေနာက္ ႏိုင္ငံမ်ား၏အကူအညီျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ဘဂၤါလီ အေရးသည္ ကမာၻ႔စင္ျမင့္သို႔ေရာက္ရွိခဲ့ရသည္။ ယခုလက္ရွိတြင္လည္း ႏိုင္ငံအေၾကာင္းေျပာလွ်င္ ဘဂၤါလီမ်ားအေရးမွာေရွ႕တန္းက ျဖစ္ေနသည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာႏွင့္ ဘူးသီးေတာင္နယ္ေျမမ်ားသို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ဘဂၤါလီမ်ား တရားမဝင္ဝင္ေရာက္ေနမႈမ်ားကို ႏိုင္ငံေတာ္မွစနစ္တက်ကာကြယ္ထိန္းသိမ္း ေစာင့္ ေရွာက္ခဲ့သည္။ သို႔ေသာ္လည္း ယခုအခါ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းေဒသရွိနယ္ေျမမ်ားကို ႏိုင္ငံေတာ္မွ ယာယီအားျဖင့္စြန႔္လႊတ္ထားခဲ့ရၿပီးျဖစ္သည္။ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလတြင္ AA သည္ ျမန္မာႏိုင္ငံအေနာက္ ဘက္နယ္စပ္ေမာင္ေတာေဒသကို အလုံးစုံထိန္းခ်ဳပ္ သြားႏိုင္ခဲ့ၿပီးေနာက္ (၂ဝ၂၅) ခုႏွစ္ဇန္နဝါရီလမွ စတင္ကာ ဘဂၤါလီေသာင္းက်န္းသူမ်ားသည္ တိုက္ပြဲ မ်ား ေဖာ္ေဆာင္လာၾကသည္ကိုေတြ႕ရ သည္။ ဤသို႔ တိုက္ပြဲေဖာ္ေဆာင္ႏိုင္ရန္အတြက္လည္း ဘဂၤါလီ အေရးတက္ႂကြလႈပ္ရွားသူမ်ားဦးေဆာင္ လႈပ္ရွားေန သည့္ ဘဂၤါလီလက္နက္ကိုင္တပ္ဖြဲ႕မ်ားျဖစ္ေသာ RSO , ARSA , ARA ႏွင့္ ARIM တို႔ပူးေပါင္းၿပီး ဘုံသေဘာတူညီခ်က္ႏွင့္အတူ FBA (Four Brothers Alliance) အျဖစ္ မဟာမိတ္ဖြဲ႕စည္းခဲ့ ၾကေၾကာင္းသိရသည္။
အဆိုပါအဖြဲ႕မ်ားအနက္ RSO သည္ (၁၉၈၂) ခုႏွစ္တြင္စတင္ဖြဲ႕စည္းခဲ့သည့္ လက္နက္ ကိုင္အဖြဲ႕အစည္းျဖစ္ၿပီး သေဘာထားအားျဖင့္ေပ်ာ့ ေပ်ာင္းေသာအဖြဲ႕လည္းျဖစ္သည္။ ARSA အဖြဲ႕မွာ ဘာသာေရးအစြန္းေရာက္အဖြဲ႕ျဖစ္ကာ (၂၀၁၆) ခုႏွစ္ တြင္စတင္ေပၚေပါက္ခဲ့ေသာအဖြဲ႕ျဖစ္သည္။ ယင္း အဖြဲ႕၏ေခါင္းေဆာင္မွာ ပါကိစၥတန္ႏိုင္ငံသား အဘူ တူလာဆိုသူျဖစ္ၿပီး ေဆာ္ဒီႏိုင္ငံတြင္ႀကီးျပင္းခဲ့သူ ျဖစ္ေၾကာင္းလည္းသိရသည္။ ၎သည္ အာဖဂန္ နစၥတန္ရွိ တာလီဘန္အဖြဲ႕ႏွင့္လည္းရင္းႏွီးသူျဖစ္ ေၾကာင္းသိရသည္။ ARSA အဖြဲ႕သည္ သေဘာထား တင္းမာေသာအဖြဲ႕ျဖစ္ကာ (၂၀၁၆) ခုႏွစ္ႏွင့္ (၂၀၁၇) ခုႏွစ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း တိုက္ခိုက္ မႈမ်ားကိုဦးေးဆာင္ခဲ့သည့္ အဖြဲ႕အစည္းျဖစ္သည္ သာမက၊ ေဒသခံဘဂၤါလီမ်ားကို အေၾကာက္တရားျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ထြက္ေျပးေစခဲ့ၿပီး ျမန္မာႏိုင္ငံ ကိုလူမ်ိဳးတုံးသတ္ျဖတ္ေၾကာင္းပုံေဖာ္ခဲ့သည့္အဖြဲ႕ ျဖစ္သည္။ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္မ်ားကို ျမန္မာႏိုင္ငံသို႔ျပန္လည္ ဝင္ေရာက္ျခင္းမျပဳႏိုင္ရန္ၿခိမ္း ေျခာက္ျခင္း၊ ဘဂၤလားေဒ့ရွ္ရွိဒုကၡသည္စခန္းမ်ား တြင္ မူးယစ္ေဆးဝါးျဖန႔္ျဖဴးျခင္းႏွင့္လူသတ္မႈ၊ ဓားျပ မႈ၊ ျပန္ေပးမႈတို႔ျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကဖမ္းဝရမ္းထုတ္ထားျခင္းခံရသူလည္းျဖစ္သည္။ ARSA သည္ (၂၀၁၆) ခုႏွစ္မွ စတင္ကာ ဘဂၤလားေဒ့ရွ္နယ္စပ္တြင္ လႈပ္ရွားေနသည့္အဖြဲ႕အစည္းလည္းျဖစ္သည္။ ဤ အဖြဲ႕သည္ ေမာင္ေတာ၊ ဘူးသီးေတာင္ နယ္ေျမကိုတိုက္ခိုက္သိမ္းယူျခင္းမွသည္ နယ္ေျမခြဲထြက္ေရး အတြက္ပါလုပ္ၿပီး တာကိစၥတန္ႏိုင္ငံထူေထာင္ရန္ အထိ သေဘာထားတင္းမာေသာအဖြဲ႕လည္းျဖစ္ သည္။ ARA မွာ (၂၀၂၀) ျပည့္ႏွစ္စတင္ဖြဲ႕စည္းခဲ့ေသာအဖြဲ႕ငယ္တစ္ဖြဲ႕လည္းျဖစ္သည္။ ARIM မွာ လည္းမၾကာေသးမီကဖြဲ႕စည္းထားခဲ့ေသာ အဖြဲ႕ ျဖစ္ကာလူသိနည္းေသာ္လည္းဘာသာေရးအရ အစြန္းေရာက္မႈႏွင့္ ဘာသာေရးလႊမ္းမိုးမႈရွိေသာ အဖြဲ႕ လည္းျဖစ္သည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္း (ျမန္ မာႏိုင္ငံအေနာက္ပိုင္းနယ္ျခား)ေဒသမွာ AA ၏ထိန္းခ်ဳပ္မႈေအာက္သို႔ ေရာက္ရွိသြားၿပီးေနာက္ နယ္စပ္ေဒသတြင္ ဘဂၤါလီလက္နက္ကိုင္အဖြဲ႕ (၄) ဖြဲ႕ေပါင္းစည္းထားကာFBA (Four Brothers Alliance) ဖြဲ႕စည္းၿပီး တိုက္ပြဲမ်ားေဖာ္ေဆာင္လာ ခဲ့ေၾကာင္းသတင္းမ်ားရရွိလာသည္။ ဤအဖြဲ႕ (၄) ဖြဲ႕အနက္ လူသူ လက္နက္အင္အား အေကာင္းဆုံး အဖြဲ႕မွာ ARSA ျဖစ္ၿပီး ယခုေမာင္ ေတာေဒသတြင္ ဦးေဆာင္တိုက္ခိုက္ေနသည္မွာ ယင္းအဖြဲ႕ျဖစ္ကာ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္စခန္းမ်ားမွလူငယ္ မ်ားကိုစည္း႐ုံးလ်က္ အင္အားေတာင့္တင္းေအာင္ တည္ေဆာက္ႏိုင္ခဲ့သည္။ ဘဂၤါလီလက္နက္ကိုင္ မ်ားသည္ ႏိုင္ငံေတာ္၏အုပ္ခ်ဳပ္ယႏၲရား ကင္းမဲ့သြား သည္ကို အခြင့္ေကာင္းယူ၍တိုက္ခိုက္လာျခင္းလည္း ျဖစ္သည္။
ကမာၻ႔ကုလသမဂၢႏွင့္အေမရိကန္ႏိုင္ငံ အပါအဝင္အေနာက္ႏိုင္ငံမ်ား၊ OIC ႏိုင္ငံမ်ားက လည္း ဘဂၤါလီအေရးကို အမ်ိဳးမ်ိဳးႏွပ္ေၾကာင္း ေပးကာ ျမန္မာႏိုင္ငံသို႔ R2P ဝင္ေရာက္ႏိုင္ေရးေဆာင္ ႐ြက္ေနသလို ဘဂၤလားေဒ့ရွ္ႏိုင္ငံကလည္း ဘူးသီး ေတာင္၊ ေမာင္ေတာနယ္ကိုSafe Zone သတ္မွတ္ ႏိုင္ေရးတင္ျပေတာင္းဆိုေနသည္။ ဘဂၤလား ေဒ့ရွ္ႏိုင္ငံကဘူးသီးေတာင္၊ ေမာင္ေတာရွိ ဘဂၤါ လီမ်ားကို ကာကြယ္ေပးရန္လိုအပ္လွ်င္ကာကြယ္ေပး ရမည္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ တပ္မေတာ္ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္မွာလည္း စိတ္ဝင္စားစရာျဖစ္သည္။ အထူးသျဖင့္ လက္ရွိဘဂၤ လားေဒ့ရွ္အစိုးရအဖြဲ႕တြင္ ဘာသာေရးအစြန္းေရာက္ မ်ား ႀကီးစိုးေနျခင္း၊ ဘဂၤလားေဒ့ရွ္အစိုးရအဆက္ ဆက္ရခိုင္ျပည္နယ္ကို ၎တို႔အက်ိဳးအတြက္သိမ္းပိုက္ရယူလိုျခင္း၊ ဒုကၡသည္အေၾကာင္းျပဳ၍ႏိုင္ငံ တကာ(ကုလသမဂၢ)မွဝင္ေရာက္စြက္ဖက္ရန္ေတာင္း ဆိုေနျခင္းမ်ားႏွင့္ OIC ႏိုင္ငံ မ်ား၏ မြတ္စလင္ခါးပတ္ ထူေထာင္ေရးစီမံခ်က္၊ အေမရိကန္ႏိုင္ငံ၏ ဘဂၤလား ေဒ့ရွ္ႏိုင္ငံ စိန႔္မာတင္ကြၽန္း စစ္စခန္း တည္ေဆာက္ လိုမႈတြင္ရခိုင္ကမ္း႐ိုးတန္းသည္ စိန႔္မာတင္ကြၽန္းမွ (၅) မိုင္ခန႔္သာကြာေဝးေနသည့္ပထဝီအေနအထား ႏွင့္ ျမန္မာႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အၾကားတြင္ ႏိုင္ငံသစ္တစ္ႏိုင္ငံထူေထာင္ေရးရည္မွန္းခ်က္မ်ားက ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို တစ္နည္းနည္းျဖင့္သိမ္း ယူႏိုင္ရန္ေရးအားထုတ္ေနျခင္းပင္ျဖစ္သည္။ ဤစီမံ ခ်က္မ်ားေအာင္ျမင္ႏိုင္ရန္အတြက္ လက္နက္ကိုင္ အဖြဲ႕မ်ားကိုဝင္ေရာက္တိုက္ခိုက္ေစ၍နယ္ေျမသိမ္း ပိုက္ရန္လုပ္ေဆာင္ေနျခင္းပင္ျဖစ္ေၾကာင္း မေျပး ေသာ္ ကန္ရာရွိဆိုသလိုအထင္းသားျမင္ေနရသည္။
အမ်ိဳးသားေရးသတိရွိၾကေစလို
ျပည္ေထာင္စုျမန္မာႏိုင္ငံကို တိုင္းရင္းသား လူမ်ိဳးေပါင္း (၁၃၅) မ်ိဳးျဖင့္စုစည္းဖြဲ႕စည္းထားျခင္း ျဖစ္သည္။ ဗမာလူမ်ိဳးမ်ားမွအပ တိုင္းရင္းသားလူမ်ိဳး အမ်ားစုတို႔မွာ နယ္စပ္ေဒသမ်ားတြင္ေနထိုင္ၾကသူ မ်ားလည္း ျဖစ္ၾကသည္။ မည္သို႔ဆိုေစ ျမန္မာႏိုင္ငံ တစ္နံတစ္လ်ား ေတာင္ေပၚ ေျမျပန႔္ေနရာေဒသ အသီးသီးတြင္ေနထိုင္ၾကသည္ဆိုျငား တိုင္းရင္းသား လူမ်ိဳးအခ်င္းခ်င္း တစ္အူထုံဆင္းညီအစ္ကို ေမာင္ႏွ မမ်ားကဲ့သို႔ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ ေထြးေရာယွက္ တင္ေနထိုင္လ်က္ရွိၾကသည္။ သို႔ရာတြင္ ျမန္မာႏိုင္ငံ ၏အေရွ႕ေျမာက္နယ္စပ္ႏွင့္အေနာက္ဘက္နယ္စပ္ မ်ားတြင္ျဖစ္ေပၚေနသည့္ လက္ရွိအေနအထားမ်ားမွာ ျမန္မာႏိုင္ငံၿပိဳကြဲ႐ုံမွ်မကႏိုင္ငံပါပဲ့သြားႏိုင္သည့္အေျခ အေနမ်ားပင္ျဖစ္သည္။ ဤအေျခအ ေနကိုႏိုင္ငံကို ခ်စ္သူတိုင္း၊ လူမ်ိဳးကိုခ်စ္သူတိုင္း သတိထားၾကရန္ လိုသည္။ တိုင္းျပည္ၿပိဳကြဲမည့္ အႏၲရာယ္၊ ေျမပဲ့သြား မည့္အႏၲရာယ္ကို ေလးေလး နက္နက္သေဘာထား ၾကၿပီး ဝိုင္းဝန္းကာကြယ္ေစာင့္ေရွာက္သြားၾကရန္လို ေၾကာင္း တိုက္တြန္းေရးသားရပါသည္။