နေတိုးအဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူးချုပ်အသစ်ဖြစ်သူ မက်ရက်တီ အကြောင်း တစေ့တစောင်း
44
ဂျန်ဇက် (NP News) - ဇန်နဝါရီလ ၂၃
ကမ္ဘာပေါ်ရှိ စစ်ရေးမဟာမိတ်အဖွဲ့အစည်း တွေထဲမှာ နေတိုးမဟာမိတ်စစ်ရေးအဖွဲ့အစည်းလည်း ပါဝင်နေပါတယ်။ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကို (၁၉၄၉)ခုနှစ်ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၃၂)နိုင်ငံရှိနေပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကနေ အထွေထွေအတွင်းရေးမှူးချုပ်ကို မဲပေးရွေးချယ်ကြပြီး အထွေအထွေအတွင်းရေးမှူးချုပ်ဟာ နေတိုးအဖွဲ့မှာ အဓိက အရေးပါဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်ဟာ နေတိုးအဖွဲ့ကော်မတီတွေထဲမှာ အကြီးအကဲဖြစ်သလို သံတမန်ရေး ဆိုင်ရာလုပ်ငန်းတွေကို အဓိကဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေတိုးအဖွဲ့ရဲ့အထွေထွေ အတွင်းရေးမှူးချုပ်တာဝန်ကို နယ်သာလန်ဝန်ကြီးချုပ်ဟောင်း မက်ရက်တီက တာဝန်ယူနေပါတယ်။ မက်ရက်တီ ဟာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ်အဖြစ် (၂၀၂၄)ခုနှစ် အောက်တိုဘာမှာ စတင်တာဝန်ယူခဲ့ပြီး နေတိုးအဖွဲ့ရဲ့ (၁၄)ဦးမြောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။
မက်ရက်တီဟာ လုံခြုံရေး၊ ကာကွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမူရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးထောက်ခံသူ ဖြစ်ပါတယ်။ မက်ရက်တီကို နယ်သာလန်တောင်ပိုင်း သည်ဟိတ်မြို့မှာမွေးဖွားကြီးပြင်းခဲ့ပြီး (၁၉၉၂)ခုနှစ်မှာ စီးပွား ရေးနဲ့ပတ်သက်ပြီး MA ဘွဲ့ရရှိခဲ့ပါတယ်။
မက်ရက်တီဟာ နယ်သာလန်နိုင်ငံဝန်ကြီးချုပ်အဖြစ် (၂၀၁၀) ပြည့်နှစ် အောက်တိုဘာလကနေ (၂၀၂၄)ခုနှစ် ဇူလိုင်လအထိတာဝန်ယူခဲ့ပြီး နယ်သာလန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ညွန့်ပေါင်းအစိုးရအဖွဲ့လေးခုကို ပေါင်းစည်းပြီးခေါင်း ဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့လေးဖွဲ့ကို ပူးပေါင်းပြီး အုပ်ချုပ်နိုင်ခြင်းဟာ မက်ရက်တီရဲ့စွမ်းရည်နဲ့ တန်ဖိုးတွေကို ဘယ်လောက်အထိ ကောင်းမွန်မှုရှိသလဲ ဆိုတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ယူကရိန်းစစ်ပွဲ၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ စီးပွားရေးပြဿနာတွေ အပါအဝင် နိုင်ငံနဲ့ ကမ္ဘာ့ရေးရာကိစ္စတွေကို အကောင်းဆုံးပုံစံမျိုးနဲ့ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းရှိခဲ့သူဖြစ်ပါတယ်။ မက်ရက်တီဟာ နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့ကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ အဓိကထားဆောင်ရွက်မယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။ ၎င်းဟာ Leiden University တက္ကသိုလ်မှာဘွဲ့ရရှိခဲ့ ပြီး လူသားအရင်းအမြစ်စီမံခန့်ခွဲရေးအလုပ်တွေကိုလုပ်ကိုင်ခဲ့ကာ (၁၉၉၂)ခုနှစ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ် ကိုင်ခဲ့သူဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေချိန်မှာပဲ တခြားတစ်ဖက်မှာတော့ (၁၉၉၃)ခုနှစ်မှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ပြည်သူ့ပါတီ (VVD) ကိုဝင်ရောက်ကာ နိုင်ငံရေးလောကကို စတင်ဝင်ရောက် ခဲ့ပါတယ်။ မက်ရက်တီဟာ နိုင်ငံရေး လောကကိုဝင်ရောက်လာခဲ့ပြီးနောက်(VVD)ပါတီ ကိုယ်စားပြုပြီး လွှတ်တော် ရွေးကောက်ပွဲတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ရာ (၂၀ဝ၃)ခုနှစ်မှာ နယ်သာလန်လွှတ် တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။
မက်ရက်တီဟာ လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာခဲ့ပြီးနောက် လအနည်းငယ်အကြာမှာပဲ (VVD) ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါ တယ်။ (VVD) ပါတီခေါင်းဆောင်အဖြစ် (၂၀ဝ၆)ခုနှစ်ကနေ (၂၀၂၃)ခုနှစ် အထိ တာဝန်ယူခဲ့ပြီး (VVD) ပါတီခေါင်းဆောင်အဖြစ်တာဝန်ယူချိန်အတွင်း (၂၀ဝ၆)ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပါတီအနိုင်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ မက်ရက်တီဟာ (၂၀၁၀)ပြည့်နှစ် နယ်သာ လန်ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံသမိုင်းမှာ နှစ်ပေါင်း (၉၂)နှစ်အတွင်း လစ်ဘရယ်ပါတီက ဝန်ကြီးချုပ်တစ်ဦးကို ပထမဆုံးရွေးချယ် ခန့်အပ်ခွင့်ရအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။
မက်ရက်တီဟာ (၂၀၁၀)ပြည့်နှစ်နောက် ပိုင်းကတည်းက နယ်သာလန်နိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲ တွေမှာ ပါတီကိုအနိုင်ရအောင်စွမ်းဆောင်ခဲ့ပြီး ပါတီအနိုင်ရမှုနဲ့အတူ ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် (၂၀၂၄)ခုနှစ် အထိ တာဝန်ယူခွင့်ရခဲ့ပါတယ်။ နယ်သာလန်ဝန်ကြီးချုပ်အဖြစ်တာဝန် ယူချိန်အတွင်း ရွှေ့ပြောင်းသွားလာသူတွေ နဲ့ပတ်သက်ပြီး ကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့အတွက် နယ်သာလန်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သက်တမ်း မကုန်ဆုံးခင် ရာထူးကအနားယူခဲ့ရတာလည်းဖြစ်ပါတယ်။ မက်ရက်တီဟာ နယ်သာလန်ဝန်ကြီးချုပ်အဖြစ်က အနားယူခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပါတယ်။ မက်ရက်တီဟာ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ရာထူးအတွက်ယှဉ်ပြိုင်ရာ မှာ ရိုးမေးနီးယားသမ္မတဟောင်း လိုဟန်နစ်နဲ့ အဓိကထားယှဉ်ပြိုင်ခဲ့ရပြီး အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် နိုင်ငံတို့ရဲ့ထောက် ခံမှုတွေကြောင့် ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
မက်ရက်တီဟာ နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် လက်ရှိအချိန်မှာ ရက် ပေါင်း(၉၀)ကျော် တာဝန်ယူဆောင်ရွက်နေရာ စိန်ခေါ်မှုအများအပြားကိုရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ဆက်နွယ်ပြီး ရုရှားနိုင်ငံနဲ့ တင်းမာမှုတွေ ရှိနေတာကြောင့် မက်ရက်တီဟာ နေတိုးနဲ့ရုရှားနိုင်ငံကြား တင်းမာမှုတွေကိုလျှော့ချနိုင်အောင် စွမ်းဆောင် ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ မက်ရက်တီဟာ ယူကရိန်းနိုင်ငံကို စစ်လေယာဉ်တွေ ကူညီထောက်ပံ့ပေးဖို့ ထောက်ခံခဲ့သူတွေ ထဲမှာ အဓိကပါဝင်ခဲ့သူဖြစ်ပြီး နေတိုးအထွေထွေအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူချိန်မှာ ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်အောင် ကူညီပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရ ဖွယ်ရှိနေပါတယ်။
ဒါ့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အဓိ ကဦးဆောင်နိုင်ငံအဖြစ်ပါဝင်နေတဲ့ အမေရိကန် နိုင်ငံဟာ (၂၀၂၅)ခုနှစ်ဇန်နဝါရီလအတွင်း သမ္မတ အပြောင်းအလဲရှိမှာဖြစ်ရာ သမ္မတအသစ်အဖြစ် တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာအောင် မက်ရက်တီ ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မ တအဖြစ် တာဝန်မယူခင်အချိန်ကတည်းက နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ (၅)ရာခိုင်နှုန်းအထိ အနည်းဆုံးသုံးစွဲပေးဖို့တောင်းဆိုထားရာ အငြင်း ပွားစရာဖြစ်လာဖွယ်ရှိနေပါတယ်။ နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေကြား ကာကွယ်ရေးအသုံးစရိတ်ဟာ နိုင်ငံဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ သုံးစွဲတာမျိုးမရှိ သေးရာ ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့ကြား အငြင်း ပွားမှုတွေပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ မက်ရက်တီ ဟာ နယ်သာလန်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် အတွင်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့နဲ့ ကောင်း မွန်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးပေမယ့် တရုတ်နိုင်ငံ၊ ရုရှား နိုင်ငံတို့ နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးမရှိခဲ့ပါဘူး။
ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို လူသိရှင်ကြားဝေဖန်ပြစ်တင်ခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကို အနိုင်ကျင့်နေတယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ မက်ရက်တီရဲ့နိုင်ငံခြားသံတမန်ရေးမူဝါဒတွေဟာ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန် နိုင်ငံတို့အပေါ် တင်းမာမှုတွေရှိနေခဲ့ပြီး အဲဒီနိုင်ငံ တွေကိုလူသိရှင်ကြား ဝေဖန်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မက်ရက်တီဟာ ရုရှားနဲ့တရုတ်နိုင်ငံတို့အပြင် မြောက် ကိုရီးယား၊ အီရန်နိုင်ငံတို့ ဟာ မြောက်အမေရိကနဲ့ ဥရောပကိုအားနည်းအောင်လုပ်ဆောင်နေပြီး ကမ္ဘာ့အစီအစဉ်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နေသလို မျှတမှုမရှိတဲ့ကမ္ဘာကြီးဖြစ်အောင်ဖန်တီးနေကြောင်း ဝေဖန်ထားပါတယ်။ မက်ရက်တီဟာ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲရေးကို အားပေးထောက်ခံသူဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေးနဲ့ ပတ်သက်ကာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဝေဖန်ပြစ်တင်ထားတယ်လို့ သိရပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား ကာကွယ်ရေး အသုံးစရိတိုးမြှင့်မယ့်အစီအစဉ်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့ ကလည်း ဝေဖန်ပြစ်တင်ထားပြီး နေတိုးမဟာမိတ်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိ နေပါတယ်။ ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင်သုံးစွဲခြင်းဟာ ငြိမ်းချမ်းရေးကို ဦးတည်လာဖို့ အလားအလာ နည်းနေပြီး နိုင်ငံတွေကြားစစ်ရေး အရထိပ်တိုက်တွေ့ဆုံမယ့်အခြေအနေတွေကို ဦးတည်လာဖွယ်ရှိနေပါတယ်။ မက်ရက်တီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲဖို့ တွန်းအားပေးတောင်း ဆိုနေရာ အမေရိကန်သမ္မတအသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်နဲ့ အံဝင်ဖွယ်ရှိနေပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း (၃၂)နိုင်ငံအနက် နိုင်ငံပေါင်း (၂၄)နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ နိုင်ငံဂျီဒီပီရဲ့(၂)ရာခိုင်နှုန်းအောက်သာ သုံးစွဲထားရာ အဖွဲ့ဝင်နိုင်ငံတွေကြား အငြင်းပွားမှုတွေပိုမိုဖြစ်လာနေ ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ကြား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲလိုတဲ့ နိုင်ငံတွေရှိသလို ကာကွယ် ရေး အသုံးစရိတ်မတိုးလိုတဲ့နိုင်ငံတွေရှိနေဆဲဖြစ်ရာ နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်အသစ် မက်ရက်တီ ဟာ အဖွဲ့ဝင် နိုင်ငံတွေအနက် နိုင်ငံပေါင်း (၂၄)နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို လက်ရှိပမာဏာထက်ပိုမို သုံးစွဲလာအောင် စည်းရုံးရဖွယ်ရှိနေပါတယ်။
မက်ရက်တီဟာနေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူချိန်အတွင်းအဖွဲ့ ဝင်နိုင်ငံတွေကြား စည်းလုံးမှုရှိစေဖို့၊ သတ်မှတ်ထား တဲ့စည်းကမ်းတွေကို လိုက်နာဖို့အပြင် ရုရှား၊ တရုတ် နိုင်ငံတို့နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ပိုမိုမဖြစ်လာအောင် ဘယ်လိုစွမ်းဆောင်ပေးမလဲဆိုတာစောင့် ကြည့်ရဖွယ်ရှိနေပါတယ်။ လက်ရှိ အချိန်မှာလည်း ရုရှားနိုင်ငံက နေတိုးအဖွဲ့ဟာ ၎င်းတို့ကိုရန်စနေတယ်လို့ စွပ်စွဲပြောဆိုထားပြီး နေတိုးအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုတွေမဖြစ်အောင် မက်ရက်တီက ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်နေပါ တယ်။ မက်ရက်တီဟာ ရုရှားနဲ့နေတိုးအဖွဲ့ဝင် နိုင်ငံတွေကြားအငြင်းပွားမှုကို မဖြေရှင်းနိုင်ဘဲ စစ်ရေးနည်းလမ်း သုံးလာမယ်ဆိုရင်တော့ ကမ္ဘာကြီး မှာ လူပေါင်းများစွာသေဆုံးနိုင်တဲ့ ကမ္ဘာစစ်ကြီးအထိ ဦးတည်လာနိုင်ဖွယ်ရှိ နေပါတယ်။
Zawgyi Version;
ေနတိုးအဖြဲ႕ရဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္အသစ္ျဖစ္သူ မက္ရက္တီ အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီလ ၂၃
ကမာၻေပၚရွိ စစ္ေရးမဟာမိတ္အဖြဲ႕အစည္း ေတြထဲမွာ ေနတိုးမဟာမိတ္စစ္ေရးအဖြဲ႕အစည္းလည္း ပါဝင္ေနပါတယ္။ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ကို (၁၉၄၉)ခုႏွစ္ဧၿပီလမွာ စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိအခ်ိန္မွာ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၃၂)ႏိုင္ငံရွိေနပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြကေန အေထြေထြအတြင္းေရးမႉးခ်ဳပ္ကို မဲေပးေ႐ြးခ်ယ္ၾကၿပီး အေထြအေထြအတြင္းေရးမႉးခ်ဳပ္ဟာ ေနတိုးအဖြဲ႕မွာ အဓိက အေရးပါဆုံးေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။
ေနတိုးအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ဟာ ေနတိုးအဖြဲ႕ေကာ္မတီေတြထဲမွာ အႀကီးအကဲျဖစ္သလို သံတမန္ေရး ဆိုင္ရာလုပ္ငန္းေတြကို အဓိကဦးေဆာင္လုပ္ကိုင္ေနသူျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေနတိုးအဖြဲ႕ရဲ႕အေထြေထြ အတြင္းေရးမႉးခ်ဳပ္တာဝန္ကို နယ္သာလန္ဝန္ႀကီးခ်ဳပ္ေဟာင္း မက္ရက္တီက တာဝန္ယူေနပါတယ္။ မက္ရက္တီ ဟာ ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္အျဖစ္ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာမွာ စတင္တာဝန္ယူခဲ့ၿပီး ေနတိုးအဖြဲ႕ရဲ႕ (၁၄)ဦးေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခံခဲ့ရပါတယ္။
မက္ရက္တီဟာ လုံၿခဳံေရး၊ ကာကြယ္ေရး၊ အလုပ္အကိုင္အခြင့္အလမ္း၊ လူမူေရး၊ စီးပြားေရးနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံ ရင့္က်က္သူတစ္ဦးျဖစ္ၿပီး ကမာၻ႔ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္႐ြက္ေရးကို အားေပးေထာက္ခံသူ ျဖစ္ပါတယ္။ မက္ရက္တီကို နယ္သာလန္ေတာင္ပိုင္း သည္ဟိတ္ၿမိဳ႕မွာေမြးဖြားႀကီးျပင္းခဲ့ၿပီး (၁၉၉၂)ခုႏွစ္မွာ စီးပြား ေရးနဲ႔ပတ္သက္ၿပီး MA ဘြဲ႕ရရွိခဲ့ပါတယ္။
မက္ရက္တီဟာ နယ္သာလန္ႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀၁၀) ျပည့္ႏွစ္ ေအာက္တိုဘာလကေန (၂၀၂၄)ခုႏွစ္ ဇူလိုင္လအထိတာဝန္ယူခဲ့ၿပီး နယ္သာလန္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ၫြန႔္ေပါင္းအစိုးရအဖြဲ႕ေလးခုကို ေပါင္းစည္းၿပီးေခါင္း ေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ အဲဒီမတူညီတဲ့ ၫြန႔္ေပါင္းအစိုးရအဖြဲ႕ေလးဖြဲ႕ကို ပူးေပါင္းၿပီး အုပ္ခ်ဳပ္ႏိုင္ျခင္းဟာ မက္ရက္တီရဲ႕စြမ္းရည္နဲ႔ တန္ဖိုးေတြကို ဘယ္ေလာက္အထိ ေကာင္းမြန္မႈရွိသလဲ ဆိုတာကို ျပသလိုက္တာလည္းျဖစ္ပါတယ္။
နယ္သာလန္ႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ယူကရိန္းစစ္ပြဲ၊ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါနဲ႔ စီးပြားေရးျပႆနာေတြ အပါအဝင္ ႏိုင္ငံနဲ႔ ကမာၻ႔ေရးရာကိစၥေတြကို အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ ကိုင္တြယ္ေျဖရွင္း ႏိုင္စြမ္းရွိခဲ့သူျဖစ္ပါတယ္။ မက္ရက္တီဟာ ေနတိုးအဖြဲ႕နဲ႔ ဥေရာပသမဂၢအဖြဲ႕ၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္ေစဖို႔ အဓိကထားေဆာင္႐ြက္မယ္လို႔ ကတိျပဳထားသူျဖစ္ပါတယ္။ ၎ဟာ Leiden University တကၠသိုလ္မွာဘြဲ႕ရရွိခဲ့ ၿပီး လူသားအရင္းအျမစ္စီမံခန႔္ခြဲေရးအလုပ္ေတြကိုလုပ္ကိုင္ခဲ့ကာ (၁၉၉၂)ခုႏွစ္မွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကို လုပ္ ကိုင္ခဲ့သူျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းေတြလုပ္ကိုင္ေနခ်ိန္မွာပဲ တျခားတစ္ဖက္မွာေတာ့ (၁၉၉၃)ခုႏွစ္မွာ လြတ္လပ္ေရးနဲ႔ ဒီမိုကေရစီအတြက္ ျပည္သူ႔ပါတီ (VVD) ကိုဝင္ေရာက္ကာ ႏိုင္ငံေရးေလာကကို စတင္ဝင္ေရာက္ ခဲ့ပါတယ္။ မက္ရက္တီဟာ ႏိုင္ငံေရး ေလာကကိုဝင္ေရာက္လာခဲ့ၿပီးေနာက္(VVD)ပါတီ ကိုယ္စားျပဳၿပီး လႊတ္ေတာ္ ေ႐ြးေကာက္ပြဲေတြ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ရာ (၂၀ဝ၃)ခုႏွစ္မွာ နယ္သာလန္လႊတ္ ေတာ္ကိုယ္စားလွယ္ျဖစ္လာခဲ့ပါတယ္။
မက္ရက္တီဟာ လႊတ္ေတာ္ကိုယ္စား လွယ္ ျဖစ္လာခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာပဲ (VVD) ပါတီေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါ တယ္။ (VVD) ပါတီေခါင္းေဆာင္အျဖစ္ (၂၀ဝ၆)ခုႏွစ္ကေန (၂၀၂၃)ခုႏွစ္ အထိ တာဝန္ယူခဲ့ၿပီး (VVD) ပါတီေခါင္းေဆာင္အျဖစ္တာဝန္ယူခ်ိန္အတြင္း (၂၀ဝ၆)ခုႏွစ္မွာ က်င္းပတဲ့ ေ႐ြးေကာက္ပြဲကို ပါတီအႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ျခင္းမရွိတဲ့အတြက္ ေဝဖန္ျပစ္တင္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမဲ့ မက္ရက္တီဟာ (၂၀၁၀)ျပည့္ႏွစ္ နယ္သာ လန္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေအာင္ ဦးေဆာင္ႏိုင္ခဲ့ၿပီး နယ္သာလန္ႏိုင္ငံသမိုင္းမွာ ႏွစ္ေပါင္း (၉၂)ႏွစ္အတြင္း လစ္ဘရယ္ပါတီက ဝန္ႀကီးခ်ဳပ္တစ္ဦးကို ပထမဆုံးေ႐ြးခ်ယ္ ခန႔္အပ္ခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ ခဲ့ပါတယ္။
မက္ရက္တီဟာ (၂၀၁၀)ျပည့္ႏွစ္ေနာက္ ပိုင္းကတည္းက နယ္သာလန္ႏိုင္ငံမွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲ ေတြမွာ ပါတီကိုအႏိုင္ရေအာင္စြမ္းေဆာင္ခဲ့ၿပီး ပါတီအႏိုင္ရမႈနဲ႔အတူ ၎ကိုယ္တိုင္ ဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀၂၄)ခုႏွစ္ အထိ တာဝန္ယူခြင့္ရခဲ့ပါတယ္။ နယ္သာလန္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ ယူခ်ိန္အတြင္း ေ႐ႊ႕ေျပာင္းသြားလာသူေတြ နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့စိန္ေခၚမႈေတြကိုရင္ဆိုင္ခဲ့ရတဲ့အတြက္ နယ္သာလန္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္သက္တမ္း မကုန္ဆုံးခင္ ရာထူးကအနားယူခဲ့ရတာလည္းျဖစ္ပါတယ္။ မက္ရက္တီဟာ နယ္သာလန္ဝန္ႀကီးခ်ဳပ္အျဖစ္က အနားယူခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ပါတယ္။ မက္ရက္တီဟာ ေနတိုးအေထြေထြအတြင္းေရးမႉးခ်ဳပ္ ရာထူးအတြက္ယွဥ္ၿပိဳင္ရာ မွာ ႐ိုးေမးနီးယားသမၼတေဟာင္း လိုဟန္နစ္နဲ႔ အဓိကထားယွဥ္ၿပိဳင္ခဲ့ရၿပီး အေမရိကန္၊ ၿဗိတိန္၊ ဂ်ာမနီ၊ ျပင္သစ္ ႏိုင္ငံတို႔ရဲ႕ေထာက္ ခံမႈေတြေၾကာင့္ ေ႐ြးခ်ယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
မက္ရက္တီဟာ ေနတိုးအဖြဲ႕အေထြေထြ အတြင္းေရးမႉးခ်ဳပ္အျဖစ္ လက္ရွိအခ်ိန္မွာ ရက္ ေပါင္း(၉၀)ေက်ာ္ တာဝန္ယူေဆာင္႐ြက္ေနရာ စိန္ေခၚမႈအမ်ားအျပားကိုရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေနတိုး စစ္ေရးမဟာမိတ္အဖြဲ႕ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး ႐ုရွားႏိုင္ငံနဲ႔ တင္းမာမႈေတြ ရွိေနတာေၾကာင့္ မက္ရက္တီဟာ ေနတိုးနဲ႔႐ုရွားႏိုင္ငံၾကား တင္းမာမႈေတြကိုေလွ်ာ့ခ်ႏိုင္ေအာင္ စြမ္းေဆာင္ ေပးႏိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါ တယ္။ မက္ရက္တီဟာ ယူကရိန္းႏိုင္ငံကို စစ္ေလယာဥ္ေတြ ကူညီေထာက္ပံ့ေပးဖို႔ ေထာက္ခံခဲ့သူေတြ ထဲမွာ အဓိကပါဝင္ခဲ့သူျဖစ္ၿပီး ေနတိုးအေထြေထြအတြင္းေရးမႉးခ်ဳပ္ အျဖစ္ တာဝန္ယူခ်ိန္မွာ ယူကရိန္း နဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ေအာင္ ကူညီေပးႏိုင္မလား ဆိုတာ ေစာင့္ၾကည့္ရ ဖြယ္ရွိေနပါတယ္။
ဒါ့ျပင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ အဓိ ကဦးေဆာင္ႏိုင္ငံအျဖစ္ပါဝင္ေနတဲ့ အေမရိကန္ ႏိုင္ငံဟာ (၂၀၂၅)ခုႏွစ္ဇန္နဝါရီလအတြင္း သမၼတ အေျပာင္းအလဲရွိမွာျဖစ္ရာ သမၼတအသစ္အျဖစ္ တာဝန္ယူမယ့္ ေဒၚနယ္ထရမ့္နဲ႔ ေနတိုးအဖြဲ႕ၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္လာေအာင္ မက္ရက္တီ ႀကိဳးပမ္းရဖြယ္ရွိေနပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼ တအျဖစ္ တာဝန္မယူခင္အခ်ိန္ကတည္းက ေနတိုး မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ႏွစ္စဥ္ကာကြယ္ေရး အသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီရဲ႕ (၅)ရာခိုင္ႏႈန္းအထိ အနည္းဆုံးသုံးစြဲေပးဖို႔ေတာင္းဆိုထားရာ အျငင္း ပြားစရာျဖစ္လာဖြယ္ရွိေနပါတယ္။ ေနတိုးမဟာမိတ္ အဖြဲ႕ဝင္ႏိုင္ငံေတြၾကား ကာကြယ္ေရးအသုံးစရိတ္ဟာ ႏိုင္ငံဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ သုံးစြဲတာမ်ိဳးမရွိ ေသးရာ ေဒၚနယ္ထရမ့္နဲ႔ ေနတိုးအဖြဲ႕ၾကား အျငင္း ပြားမႈေတြပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။ မက္ရက္တီ ဟာ နယ္သာလန္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ အတြင္း အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္တို႔နဲ႔ ေကာင္း မြန္တဲ့ ဆက္ဆံေရးရွိခဲ့ဖူးေပမယ့္ တ႐ုတ္ႏိုင္ငံ၊ ႐ုရွား ႏိုင္ငံတို႔ နဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳးမရွိခဲ့ပါဘူး။
ထိုင္ဝမ္အေရးကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို လူသိရွင္ၾကားေဝဖန္ျပစ္တင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကို အႏိုင္က်င့္ေနတယ္လို႔ ေဝဖန္ခဲ့ဖူးပါတယ္။ မက္ရက္တီရဲ႕ႏိုင္ငံျခားသံတမန္ေရးမူဝါဒေတြဟာ ႐ုရွား၊ တ႐ုတ္၊ ေျမာက္ကိုရီးယား၊ အီရန္ ႏိုင္ငံတို႔အေပၚ တင္းမာမႈေတြရွိေနခဲ့ၿပီး အဲဒီႏိုင္ငံ ေတြကိုလူသိရွင္ၾကား ေဝဖန္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ မက္ရက္တီဟာ ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံတို႔အျပင္ ေျမာက္ ကိုရီးယား၊ အီရန္ႏိုင္ငံတို႔ ဟာ ေျမာက္အေမရိကနဲ႔ ဥေရာပကိုအားနည္းေအာင္လုပ္ေဆာင္ေနၿပီး ကမာၻ႔အစီအစဥ္ေတြကို ေျပာင္းလဲေအာင္ လုပ္ေဆာင္ေနသလို မွ်တမႈမရွိတဲ့ကမာၻႀကီးျဖစ္ေအာင္ဖန္တီးေနေၾကာင္း ေဝဖန္ထားပါတယ္။ မက္ရက္တီဟာ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္သုံးစြဲေရးကို အားေပးေထာက္ခံသူျဖစ္ၿပီး ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ေရးနဲ႔ ပတ္သက္ကာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက ေဝဖန္ျပစ္တင္ထားတယ္လို႔ သိရပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြၾကား ကာကြယ္ေရး အသုံးစရိတိုးျမႇင့္မယ့္အစီအစဥ္ကို ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ ကလည္း ေဝဖန္ျပစ္တင္ထားၿပီး ေနတိုးမဟာမိတ္အဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ထိပ္တိုက္ေတြ႕ဆုံဖြယ္ရွိ ေနပါတယ္။ ကာကြယ္ေရး အသုံးစရိတ္ေတြ တိုးျမႇင္သုံးစြဲျခင္းဟာ ၿငိမ္းခ်မ္းေရးကို ဦးတည္လာဖို႔ အလားအလာ နည္းေနၿပီး ႏိုင္ငံေတြၾကားစစ္ေရး အရထိပ္တိုက္ေတြ႕ဆုံမယ့္အေျခအေနေတြကို ဦးတည္လာဖြယ္ရွိေနပါတယ္။ မက္ရက္တီဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြကို ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္သုံးစြဲဖို႔ တြန္းအားေပးေတာင္း ဆိုေနရာ အေမရိကန္သမၼတအသစ္ျဖစ္လာမယ့္ ေဒၚနယ္ထရမ့္နဲ႔ အံဝင္ဖြယ္ရွိေနပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေပါင္း (၃၂)ႏိုင္ငံအနက္ ႏိုင္ငံေပါင္း (၂၄)ႏိုင္ငံရဲ႕ကာကြယ္ေရးအသုံးစရိတ္ဟာ ႏိုင္ငံဂ်ီဒီပီရဲ႕(၂)ရာခိုင္ႏႈန္းေအာက္သာ သုံးစြဲထားရာ အဖြဲ႕ဝင္ႏိုင္ငံေတြၾကား အျငင္းပြားမႈေတြပိုမိုျဖစ္လာေန ပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြ ၾကား ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္သုံးစြဲလိုတဲ့ ႏိုင္ငံေတြရွိသလို ကာကြယ္ ေရး အသုံးစရိတ္မတိုးလိုတဲ့ႏိုင္ငံေတြရွိေနဆဲျဖစ္ရာ ေနတိုးအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္အသစ္ မက္ရက္တီ ဟာ အဖြဲ႕ဝင္ ႏိုင္ငံေတြအနက္ ႏိုင္ငံေပါင္း (၂၄)ႏိုင္ငံရဲ႕ ကာကြယ္ေရးအသုံးစရိတ္ကို လက္ရွိပမာဏာထက္ပိုမို သုံးစြဲလာေအာင္ စည္း႐ုံးရဖြယ္ရွိေနပါတယ္။
မက္ရက္တီဟာေနတိုးအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္းအဖြဲ႕ ဝင္ႏိုင္ငံေတြၾကား စည္းလုံးမႈရွိေစဖို႔၊ သတ္မွတ္ထား တဲ့စည္းကမ္းေတြကို လိုက္နာဖို႔အျပင္ ႐ုရွား၊ တ႐ုတ္ ႏိုင္ငံတို႔နဲ႔ ထိပ္တိုက္ ေတြ႕ဆုံမႈေတြ ပိုမိုမျဖစ္လာေအာင္ ဘယ္လိုစြမ္းေဆာင္ေပးမလဲဆိုတာေစာင့္ ၾကည့္ရဖြယ္ရွိေနပါတယ္။ လက္ရွိ အခ်ိန္မွာလည္း ႐ုရွားႏိုင္ငံက ေနတိုးအဖြဲ႕ဟာ ၎တို႔ကိုရန္စေနတယ္လို႔ စြပ္စြဲေျပာဆိုထားၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ေတြနဲ႔ ႐ုရွားႏိုင္ငံၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြမျဖစ္ေအာင္ မက္ရက္တီက ကိုင္တြယ္ေျဖရွင္းေပးဖို႔ လိုအပ္ေနပါ တယ္။ မက္ရက္တီဟာ ႐ုရွားနဲ႔ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြၾကားအျငင္းပြားမႈကို မေျဖရွင္းႏိုင္ဘဲ စစ္ေရးနည္းလမ္း သုံးလာမယ္ဆိုရင္ေတာ့ ကမာၻႀကီး မွာ လူေပါင္းမ်ားစြာေသဆုံးႏိုင္တဲ့ ကမာၻစစ္ႀကီးအထိ ဦးတည္လာႏိုင္ဖြယ္ရွိ ေနပါတယ္။