AI ခေတ်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် တိုးတက်နေသည့်ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အမြဲလေ့လာရန် နစကဥက္ကဋ္ဌ ပြော
93
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၃
ယခုခေတ်ကာလသည် နည်းပညာခေတ်၊ AI ခေတ်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် တိုးတက်နေသည့် ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အမြဲလေ့လာရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဇန်နဝါရီလ ၂၂ ရက်)၊ နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (တောင်ညို)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင်
တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်များအနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံများရှိပြီး ယခုထက် ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက မှာကြား ခဲ့သည်။
ထို့ပြင် ယခုခေတ်သည် နည်းပညာခေတ်၊ AI ခေတ်သို့ရောက်ရှိနေပြီဖြစ်ပြီး တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့် အညီ လိုက်ပါဆောင်ရွက်နိုင်ရေး အမြဲတမ်းလေ့လာဆောင်ရွက်နေရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူသားတိုင်းသည် တိုးတက်ဖွံ့ဖြိုးမှုကိုလိုလားကြပြီး အမြဲမပြတ်ကြိုးစားအားထုတ်၍ ရှေ့သို့ချီတက်နေကြောင်း နှင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့်ဆောင်ပုဒ်အတိုင်း တစ်ဦးချင်း၏လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ကြိုးစားအားထုတ်မှုများနှင့် လေ့လာမှုများကို အမြဲမပြတ်ဆောင်ရွက်ခြင်းနှင့် လုပ်ဆောင်ထားသည့် လုပ်ငန်းများ ကို ပြန်လည်ဆန်းစစ်၍ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ခြင်းတို့ဖြင့် လုပ်ငန်းများတိုးတက်စေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
လေ့လာခြင်းကို အသားကျဖြစ်စေရေး အလေ့အကျင့်ပြုလုပ်နေရန်လိုပြီး ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေ သည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်နေရမည်ကို ထည့်သွင်းမှာကြားခဲ့ကြောင်း လည်း သိရသည်။
Zawgyi Version;
AI ေခတ္သို႔ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ တိုးတက္ေနသည့္ေခတ္ႏွင့္အညီ လိုက္ပါေဆာင္႐ြက္ႏိုင္ေရး အၿမဲ ေလ့လာရန္ နစကဥကၠ႒ ေျပာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၃
ယခုေခတ္ကာလသည္ နည္းပညာေခတ္၊ AI ေခတ္သို႔ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ တိုးတက္ေနသည့္ ေခတ္ႏွင့္အညီ လိုက္ပါေဆာင္႐ြက္ႏိုင္ေရး အၿမဲေလ့လာရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ဇန္နဝါရီလ ၂၂ ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၊ တပ္မေတာ္႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးတပ္ (ေတာင္ညိဳ)တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္ ဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္
တပ္မေတာ္႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးတပ္မ်ားအေနျဖင့္ ႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရးႏွင့္ပတ္သက္၍ အတိုင္းအတာတစ္ခုအထိ အေတြ႕အႀကဳံမ်ားရွိၿပီး ယခုထက္ ပိုမိုတိုးတက္ေစေရးအတြက္ ျပည္တြင္း၊ ျပည္ပမွ အျခား႐ုပ္သံလႊင့္ဌာနမ်ား၏ ႐ိုက္ကူးထုတ္လႊင့္မႈမ်ားကို ၾကည့္ရႈေလ့လာ၍ မိမိတို႔၏ ႐ုပ္သံထုတ္လႊင့္မႈမ်ားကို တိုးတက္ေအာင္ေဆာင္႐ြက္ၾကေစလိုေၾကာင္း နစကဥကၠ႒က မွာၾကား ခဲ့သည္။
ထို႔ျပင္ ယခုေခတ္သည္ နည္းပညာေခတ္၊ AI ေခတ္သို႔ေရာက္ရွိေနၿပီျဖစ္ၿပီး တိုးတက္ေျပာင္းလဲေနသည့္ေခတ္ႏွင့္ အညီ လိုက္ပါေဆာင္႐ြက္ႏိုင္ေရး အၿမဲတမ္းေလ့လာေဆာင္႐ြက္ေနရန္လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားသည္။
ကမာၻေပၚရွိ ႏိုင္ငံတိုင္း၊ လူသားတိုင္းသည္ တိုးတက္ဖြံ႕ၿဖိဳးမႈကိုလိုလားၾကၿပီး အၿမဲမျပတ္ႀကိဳးစားအားထုတ္၍ ေရွ႕သို႔ခ်ီတက္ေနေၾကာင္း ႏွင့္ “ေရွ႕သို႔ခ်ီမည္ ပန္းတိုင္ဆီ” ဟူသည့္ေဆာင္ပုဒ္အတိုင္း တစ္ဦးခ်င္း၏လူမႈဘဝဖြံ႕ၿဖိဳး တိုးတက္ေစေရး၊ ႏိုင္ငံ ေတာ္ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ႀကိဳးစားအားထုတ္မႈမ်ားႏွင့္ ေလ့လာမႈမ်ားကို အၿမဲမျပတ္ေဆာင္႐ြက္ျခင္းႏွင့္ လုပ္ေဆာင္ထားသည့္ လုပ္ငန္းမ်ား ကို ျပန္လည္ဆန္းစစ္၍ အားသာခ်က္၊ အားနည္းခ်က္မ်ားကိုေဖာ္ထုတ္ျခင္းတို႔ျဖင့္ လုပ္ငန္းမ်ားတိုးတက္ေစေရး ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းလည္း နစက ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ေလ့လာျခင္းကို အသားက်ျဖစ္ေစေရး အေလ့အက်င့္ျပဳလုပ္ေနရန္လိုၿပီး ေခတ္ႏွင့္အညီေျပာင္းလဲတိုးတက္ေန သည့္ နည္းပညာႏွင့္ အတတ္ပညာမ်ားကို အမီလိုက္ႏိုင္ေရး ေဆာင္႐ြက္ေနရမည္ကို ထည့္သြင္းမွာၾကားခဲ့ေၾကာင္း လည္း သိရသည္။