အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု
268
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃
အမေရိကန်အစိုးရအသစ်အနေနဲ့ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က အခုလိုမျိုးပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့အစိုးရအဖွဲ့တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ရူဘီအိုဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဟာ အမေရိကန်အစိုးရအဖွဲ့အသစ် လက်ထက်အတွင်း အဓိက ဦးစားပေးကူညီထောက်ပံ့ပေးမယ့် နိုင်ငံတွေစာရင်းမှာ ပါဝင်နေဆဲဖြစ်ကြောင်း ဝန်ကြီး ရူဘီအိုက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ဂါဇာဒေသမှာ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်မြောက်အောင် အစွမ်းကုန်ကူညီပေးသွားမှာဖြစ်ကြောင်း ဟားမက်စ် နဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအုပ်စုတွေကို အနိုင်ရယူနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲက ၁၅ လကြာမြင့်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုတွေ ရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးမယ့်အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တာဝန်မယူခင်ရက်ပိုင်းအလိုမှာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တာဝန်မယူခင် ရက်ပိုင်းအလိုကတည်းက ဂါဇာစစ်ပွဲအဆုံးသတ်စေဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ကာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။
အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့် ဟာ ပါလက်စတိုင်းတွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အနောက်ဘက်ကမ်းခြေက အစ္စရေး အခြေကျနေထိုင်သူတွေကို ချမှတ်ထားတဲ့ပိတ်ဆို့မှုအဆုံးသတ်ခဲ့ရာ အနောက်ဘက်ကမ်းခြေမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ အစ္စရေးစစ်တပ်က ၎င်းတို့ဟာ အကြမ်းဖက်သမား ၁၀ ဦးကိုကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့သလို ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကတော့ ၁၀ ဦးသေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အနောက်ဘက်ကမ်းခြေရှိ ဂျီနင်မြို့ အုပ်ချုပ်ရေးမှူးက အခြေအနေတွေက ခက်ခဲရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ ဇန်နဝါရီ ၂၁ ရက်က စတင်ပြီး ဂျီနင်မြို့ဝန်းကျင်ရွာတွေက လူပေါင်း ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဂျီနင်မြို့ကို စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက်သမား ရာချီကို တန်ပြန်ဖို့ ရည်ရွယ်ကြောင်း ဆိုပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံဟာ အနောက်ဘက်ကမ်းခြေမှာ နေထိုင်သူတွေရဲ့အကြမ်းဖက်သမားဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအကြိမ်ပေါင်း ၂၀၀၀ ရင်ဆိုင်ခဲ့ရပြီး အကြမ်းဖက်သမား ၈၀၀ ကို သတ်သင်နိုင်ခဲ့ကြောင်းအစ္စရေး စစ်တပ် ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
Zawgyi Version;
အစၥေရးႏိုင္ငံကို ကူညီေထာက္ပံ့ေပးမႈေတြ ပိုမိုလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ကတိျပဳ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၃
အေမရိကန္အစိုးရအသစ္အေနနဲ႔ အစၥေရးႏိုင္ငံကို ကူညီေထာက္ပံ့ေပးမႈေတြ ပိုမိုလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္ နဲ႔ အစၥေရးႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္က အခုလိုမ်ိဳးေျပာဆိုလိုက္ပါတယ္။
အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒၚနယ္ထရမ့္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕တာဝန္ယူၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ႐ူဘီအိုဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ဖုန္းဆက္ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ အစၥေရးႏိုင္ငံဟာ အေမရိကန္အစိုးရအဖြဲ႕အသစ္ လက္ထက္အတြင္း အဓိက ဦးစားေပးကူညီေထာက္ပံ့ေပးမယ့္ ႏိုင္ငံေတြစာရင္းမွာ ပါဝင္ေနဆဲျဖစ္ေၾကာင္း ဝန္ႀကီး ႐ူဘီအိုက ေျပာပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္က ဂါဇာေဒသမွာ ဖမ္းဆီးခံထားရသူေတြ အျမန္ဆုံးျပန္လႊတ္ေျမာက္ေအာင္ အစြမ္းကုန္ကူညီေပးသြားမွာျဖစ္ေၾကာင္း ဟားမက္စ္ နဲ႔ လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာအုပ္စုေတြကို အႏိုင္ရယူႏိုင္ခဲ့မႈနဲ႔ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္ နဲ႔ အစၥေရးႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲက ၁၅ လၾကာျမင့္ခဲ့ၿပီးေနာက္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈေတြ ရရွိခဲ့ၿပီး ဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေပးမယ့္အစီအစဥ္ေတြ ပါဝင္ခဲ့ပါတယ္။
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္ နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲဟာ ေဒၚနယ္ထရမ့္သမၼတအျဖစ္ တာဝန္မယူခင္ရက္ပိုင္းအလိုမွာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ တာဝန္မယူခင္ ရက္ပိုင္းအလိုကတည္းက ဂါဇာစစ္ပြဲအဆုံးသတ္ေစဖို႔ ကိုယ္စားလွယ္ေတြ ေစလႊတ္ကာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။
အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္ ဟာ ပါလက္စတိုင္းေတြကို တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အေနာက္ဘက္ကမ္းေျခက အစၥေရး အေျခက်ေနထိုင္သူေတြကို ခ်မွတ္ထားတဲ့ပိတ္ဆို႔မႈအဆုံးသတ္ခဲ့ရာ အေနာက္ဘက္ကမ္းေျခမွာ တိုက္ခိုက္မႈေတြ ျပန္လည္ျဖစ္ပြားလာခဲ့ပါတယ္။ အစၥေရးစစ္တပ္က ၎တို႔ဟာ အၾကမ္းဖက္သမား ၁၀ ဦးကိုေက်ာ္ကို သုတ္သင္ႏိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့သလို ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ၁၀ ဦးေသဆုံးကာ ၃၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အေနာက္ဘက္ကမ္းေျခရွိ ဂ်ီနင္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉးက အေျခအေနေတြက ခက္ခဲရႈပ္ေထြးေနတယ္လို႔ ဆိုပါတယ္။ အစၥေရးဟာ ဇန္နဝါရီ ၂၁ ရက္က စတင္ၿပီး ဂ်ီနင္ၿမိဳ႕ဝန္းက်င္႐ြာေတြက လူေပါင္း ၂၀ ကို ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။ ဂ်ီနင္ၿမိဳ႕ကို စီးနင္းခဲ့ေၾကာင္း၊ အၾကမ္းဖက္သမား ရာခ်ီကို တန္ျပန္ဖို႔ ရည္႐ြယ္ေၾကာင္း ဆိုပါတယ္။ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အစၥေရးႏိုင္ငံဟာ အေနာက္ဘက္ကမ္းေျခမွာ ေနထိုင္သူေတြရဲ႕အၾကမ္းဖက္သမားဖက္တိုက္ခိုက္ဖို႔ ႀကိဳးပမ္းမႈအႀကိမ္ေပါင္း ၂၀၀၀ ရင္ဆိုင္ခဲ့ရၿပီး အၾကမ္းဖက္သမား ၈၀၀ ကို သတ္သင္ႏိုင္ခဲ့ေၾကာင္းအစၥေရး စစ္တပ္ ေျပာေရး ဆိုခြင့္ရွိသူက ေျပာပါတယ္။