တရုတ်က ထောက်ပံ့ရေးပစ္စည်းများကို ရပ်ဆိုင်းခြင်းဖြင့် အိန္ဒိယအပေါ် စစ်ခင်းနေ

333

Htay Oung (NP News) - ဇန်နဝါရီ ၂၄
တရုတ်ဟာ အိန္ဒိယရဲ့စီးပွားရေး တစ်ရှိန်ထိုး မြင့်တက်လာခြင်းကို ရပ်တန့်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းဗျူဟာ များနဲ့ ကစားနေပြီး ကုန်သွယ်ရေးစစ်ပွဲကို ထိရောက်စွာ အသံတိတ် စတင်နေကြောင်း၊ ရှီကျင့်ဖျင်အစိုးရဟာ အိန္ဒိယထံ အရေးကြီးကုန်ပစ္စည်းများနဲ့ စက်ယန္တရားများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်နေကြောင်း၊ ဒီအတွက် အိန္ဒိယအနေနဲ့ တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံ မျိုးတွေနဲ့ မိတ်ဖက်ခိုင်မာဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ကုန်သွယ်ရေးအခြေများကို သုတေသနပြုနေတဲ့ GTRI လေ့လာ အကြံပေးသူများက ပြောဆိုတယ်လို့ India.com ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်က ရေးသားပါတယ်။
တရုတ်ရဲ့ လုပ်ရပ်ဟာ အိန္ဒိယရဲ့ စီးပွားရေးနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ အိန္ဒိယရဲ့ ကဏ္ဍအတော်များများတို့မှာ တရုတ်နိုင်ငံဟာ အဓိက ပေးသွင်းသူဖြစ်ပြီး ယခုလိုကန့်သတ်လိုက် တဲ့အတွက် အိန္ဒိယမှာ ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည် တွင်းဈေးကွက်မှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာနိုင်ပါတယ်။
အိန္ဒိယ၏ အယုံကြည်ရဆုံး မဟာမိတ်ဖြစ်တဲ့ ရုရှားဟာ ဒီကိစ္စရပ်အတွက် အကူအညီကြီးကြီးမားမား မပေးနိုင်ပါ ဘူး၊ ရုရှားနဲ့ တရုတ်ကြား တိုးမြင့်လာနေတဲ့ ဆက်စပ်မှုတွေဟာ ပူတင်အစိုးရအတွက် အိန္ဒိယကို ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုပေးဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ လက်ရှိကမ္ဘာ့အခြေအနေတွေဟာ အိန္ဒိယ က မျှော်လင့်ထားနိုင်တဲ့ ပံ့ပိုးကူညီမှုအဆင့်ကို ရောက်ဖို့အထိ ကန့်သတ်ချက်ရှိနေပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ အနောက်နိုင်ငံများက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် မော်စကိုမှာ စီးပွားရေး ထိခိုက်ခဲ့ရပြီး နိုင်ငံတကာ ကုန်သွယ်မှု စွမ်းရည်အပေါ် အတားအဆီးဖြစ်နေပါတယ်။
ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ၊ စက်မှုနည်းပညာနဲ့ကုန်သွယ်ရေးအခြေအနေများကို လေ့လာအကြံပြုနေတဲ့ GTRI ရဲ့အမြင်မှာတော့ အိန္ဒိယအနေနဲ့ တရုတ်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချချင်တယ်ဆိုရင် ဂျပန် တောင်ကိုရီးယားတို့နဲ့ မိတ်ဖက်များ အားကောင်းရန် လိုအပ်နေတယ်လို့ ဆိုပါတယ်။ နယူးဒေလီဟာ အဲဒီနိုင်ငံတွေ ဆီက အိန္ဒိယရဲ့ အီလက်ထရွန်နစ်ပစ္စည်း၊ နေရောင်ခြည်စွမ်းအင် ဆိုလာပြားများနဲ့ EV များအတွက် အရည်အသွေး မြင့်အစိတ်အပိုင်းများကို ပြောင်းလဲ ဝယ်ယူသင့်တယ်လို့ ယူဆပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း တရုတ်ဟာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ စီးပွားရေးမှာ ခြေလှမ်းသွက် အားကောင်း လာပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်နေပြီး၊ ပနားမားတူး မြောင်းမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။ တရုတ်ကုန်တင်သင်္ဘောများရဲ့ ၁၈ ရာခိုင်နှုန်းဟာ ပနားမား တူးမြောင်းကို ဖြတ်သန်းနေပြီး ရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်းဟာတူးမြောင်းနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။
ပေကျင်းရဲ့ရည်ရွယ်ချက်ဟာ ဒေါ်နယ်ထရမ့်ခန့်မှန်းသလောက် တူးမြောင်းကို တိုက်ရိုက် အုပ်ချုပ်တဲ့အထိ မဟုတ် နိုင်ပါဘူး။ တရုတ်ကုန်စည်များအတွက် သွားလို့လာလို့ကောင်းယုံလောက်သာ ရည်ရွယ်ပြီး နိုင်ငံတကာကုန်သွယ်မှု မှာ အရေးပါတဲ့နေရာတစ်ခုကို ရယူလိုဟန် တူပါတယ်။ ဒါပေမယ့် “အမေရိကန် ပထမ” မူဝါဒနဲ့ တစ်ကျော့ ပြန်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကို၊ ကနေဒါနဲ့ ဂရင်းလန်ကျွန်း တို့ကိုတောင် မျက်စိကျနေရင် ပနားမားဟာ တရုတ်အတွက် အကန့်အသတ်ရှိလာနိုင်ပါတယ်။ ၂၀၂၄-ခုနှစ် တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု ဟာ ၅ ရာခိုင်နှုန်း ရှိ လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်မှာ စီးပွားရေးနှေးကွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၄.၁ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ S&P Global က ခန့်မှန်းထားပါတယ်။
လက်ရှိ အိန္ဒိယကတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေးအခြေအနေမှာ တည်ငြိမ်မှုရှိနေပြီး တိုးတက်မှုများ ရှိနေပါ တယ်။ ၂၀၂၃ ခုနှစ် နောက်ဆုံး (၃)လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ၈.၄ ရာခိုင်နှုန်းအထိ ရောက်ရှိ ခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ငွေကြေးဖေါင်းပွမှုနှုန်း မှာ ၂၀၂၄ ခုနှစ် ပျမ်းမျှ ၆.၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်မှာ ၅.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိပေမယ့် ဂရုစိုက်ရမယ့် အနေအထားမှာ ရှိနေပါတယ်။
ကမ္ဘာ့လူဦးရေ အများဆုံး ရှေးအကျဆုံး နိုင်ငံကြီး နှစ်နိုင်ငံအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အပြီး တရုတ်နဲ့အိန္ဒိယအကြား ပြိုင်ဆိုင်မှုများ စတင်လာခဲ့ပါတယ်။ ၁၉၅၀-ခုနှစ် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တိဗက်ကျူးကျော်မှုမှာ ထွက်ပြေးသူ ဒလိုင်းလားမားကို အိန္ဒိယက လက်ခံ ထားခြင်း၊ နယူးဒေလီအခြေစိုက် တိဗက်ပြည်ပြေးများရဲ့ ပေကျင်းဆန့်ကျင်ပုတ်ခတ်မှု ပြင်းထန်လာခြင်း၊ မော်စီ တုန်း-ခရူးရှော့ဗ် ကွန်မြူနစ်အကွဲအပြဲဖြစ်ပေါ်နေခိုက် အိန္ဒိယက ရုရှားထံမှာ MiG ဂျက်တိုက်လေယာဉ်များ ဝယ် ယူခြင်း၊ နယ်စပ်အငြင်းပွားမှု သံတမန်ရေးနည်းလမ်း မအောင်မြင်ခြင်းတို့ကြောင့် ၁၉၆၂-ခုနှစ်မှာ နှစ်နိုင်ငံ အတိ အလင်း စစ်ခင်းခဲ့ကြဖူးပါတယ်။ လောလောဆယ် အိန္ဒိယနိုင်ငံမြောက်ပိုင်း လက်ဒက်နဲ့ အရှေ့မြောက်ပိုင်း အာရူနာချယ်ပရာဒက်ရှ်တို့မှာ နှစ်နိုင်ငံစစ်တပ်အချင်းချင်း ရန်စောင်နေကြပါတယ်။
အိန္ဒိယဟာ တရုတ်ရဲ့ BRI အသိုင်းအဝိုင်းမှာ အားတက်သရော မရှိပဲ တရုတ်ရဲ့ သြဇာနယ်မြေချဲ့ထွင်မှုများနဲ့ စီးပွားရေးလှုပ်ရှားမှုများကို စိုးရိမ်နေပါတယ်။ အပြန်အလှန်အားဖြင့် ပေကျင်းကလည်း နယူးဒေလီရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို စိုးရိမ်နေပြီး အိန္ဒိယ-အမေရိကန်-ဂျပန်-သြစတြေးလျပါ “ကွာ့ဒ်” QUAD ၄-နိုင်ငံစစ်ရေး အုပ်စုဖွဲ့မှုကို ကန့်ကွက်နေပါတယ်။
ဒါပေမယ့် တရုတ်-အိန္ဒိယအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုများကတော့ အတိုင်းအတာတစ်ခုအထိ ဆက်လက်တည်ရှိနေပါတယ်။ ၂၀၂၄ ခုနှစ် နှစ်နိုင်ငံအကြား ကုန်သွယ်ဖလှယ်မှုများဟာ ကန်ဒေါ်လာ ၁၃၅ ဘီ လီယံအထိ ရောက်ရှိခဲ့ပါတယ်။ ကုန်သွယ်ရေးဖလှယ်မှုများမှာ မကြာခဏဆိုသလို အချိုးမညီမှုများ ရှိနေပေ မယ့် အိန္ဒိယဟာ တရုတ်ထံမှ စက်ပစ္စည်းများ၊ နည်းပညာများ၊ ဆေးဝါးနဲ့ စက်မှုကုန်ကြမ်း ပစ္စည်းများကို အကြီး အကျယ် ဝယ်ယူနေရပါတယ်။ အိန္ဒိယမှာ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်း အစိတ်အပိုင်းများရဲ့ ၇၀% ဟာ တရုတ်က တင်သွင်းတဲ့ ပစ္စည်းများနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ရှောင်းမီနဲ့ TikTok တို့လို တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ နယူးဒေလီက ကန့်သတ်နေခြင်းဟာ ပေကျင်းအ တွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။
အဲဒီလို ကုန်သွယ်တင်ပို့နေမှုကို ရှီကျင့်ဖျင်က ကန့်သတ်လိုက်တဲ့အခါ နက်နဲရှုတ်ထွေးတဲ့ ပထဝီနိုင်ငံရေး တင်းမာမှု တွေနဲ့ ကုန်သွယ်ရေးစစ်ပွဲဆီကို အချက်ပြနေတယ်လို့ နယူးဒေလီအခြေစိုက် GTRI က ယူဆပါတယ်။ နယူးဒေလီက တရုတ်ထံ တင်ပို့နေတဲ့ သဘာဝရင်းမြစ်များမှာ ပေကျင်းအတွက် အထောက်အကူဖြစ်တာ မှန် ပေမယ့် အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တရုတ်မှာ အလွန်နည်းပါတယ်။ တရုတ်ရဲ့ စုစုပေါင်း စီးပွားရေးအခန်း ကဏ္ဍမှာ နယူးဒေလီရဲ့ ပါဝင်မှုဟာ ၂ ရာခိုင်နှုန်းမျှသာ ရှိပြီး အမေရိကန် အီးယူတို့ထက် အလွန်နည်းပေမယ့် အိမ်နီး ချင်းနိုင်ငံရဲ့ စားသုံးသူ လူဦးရေ သန်း ၁၄၀၀ ကျော် ဈေးကွက်ကြီးကို ပစ်ပစ်ခါခါ လုပ်ဖို့ ပေကျင်းအတွက် ခက်ခဲပါတယ်။
အိန္ဒိယရော တရုတ်တို့ပါ G20, BRICS, SCO ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စသဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများမှာ အတူတကွ ပါဝင်နေတဲ့အတွက် နယူးဒေလီကို ကျောခိုင်းဖို့ ခက်ခဲတွေ့နိုင်ပါတယ်။ နှစ်နိုင်ငံအ ကြား အတားအဆီး ဖြစ်နေတာတွေကို အသီးသီးဖြေလျှော့ပေးကြဖို့ ဆွေးနွေးနိုင်ပါတယ်။ အတိတ်ကာလ တရုတ်နဲ့ အိန္ဒိယတို့အကြား စွပ်စွဲပုတ်ခတ်စရာများ ပေါင်းစပ်နေပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ကောင်းခဲ့ ငဲ့ညှာခဲ့တာတွေ လည်း ရှိပါတယ်။ ရေရှည်အပြုသဘောဆောင်တဲ့ ဆက်ဆံမှုကို ထိန်းသိမ်းတိုးမြှင့်ရပါလိမ့်မယ်။ အပြန်အလှန် မှီခိုမှုများ ရှိနေတာကြောင့် တစ်သက်လုံးမွေးလာတဲ့ ကြက်ကို တစ်မနက်တည်းနဲ့ သတ်စားလိုက် သလို အပြီးတိုင် လမ်းခွဲတဲ့အထိတော့ နှစ်ဖက်အသီးသီးရဲ့ လက်ရှိ အနေအထားအအရ အတော်စဉ်းစားရမယ့် အလုပ်ဖြစ်ပါတယ်။
#HtayOung #OungMarine #တရုတ်_အိန္ဒိယစစ်ပွဲ #ပထဝီနိုင်ငံရေးတင်းမာမှု #ကုန်သွယ်ရေးစစ်ပွဲ
(India.com., 21 January 2025,” China wages a ‘WAR’ against India, stops supplies of…, Russia not helping India due to…” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်.)

Zawgyi Version;
တ႐ုတ္က ေထာက္ပံ့ေရးပစၥည္းမ်ားကို ရပ္ဆိုင္းျခင္းျဖင့္ အိႏၵိယအေပၚ စစ္ခင္းေန
Htay Oung (NP News) - ဇန္နဝါရီ ၂၄
တ႐ုတ္ဟာ အိႏၵိယရဲ႕စီးပြားေရး တစ္ရွိန္ထိုး ျမင့္တက္လာျခင္းကို ရပ္တန႔္ဖို႔အတြက္ ျဖစ္ႏိုင္သမွ် နည္းဗ်ဴဟာ မ်ားနဲ႔ ကစားေနၿပီး ကုန္သြယ္ေရးစစ္ပြဲကို ထိေရာက္စြာ အသံတိတ္ စတင္ေနေၾကာင္း၊ ရွီက်င့္ဖ်င္အစိုးရဟာ အိႏၵိယထံ အေရးႀကီးကုန္ပစၥည္းမ်ားနဲ႔ စက္ယႏၲရားမ်ား တင္ပို႔မႈအေပၚ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ေနေၾကာင္း၊ ဒီအတြက္ အိႏၵိယအေနနဲ႔ တ႐ုတ္အေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔လို ႏိုင္ငံ မ်ိဳးေတြနဲ႔ မိတ္ဖက္ခိုင္မာဖို႔ လိုအပ္ေၾကာင္း ႏိုင္ငံတကာ ကုန္သြယ္ေရးအေျခမ်ားကို သုေတသနျပဳေနတဲ့ GTRI ေလ့လာ အႀကံေပးသူမ်ားက ေျပာဆိုတယ္လို႔ India.com ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၁ ရက္က ေရးသားပါတယ္။
တ႐ုတ္ရဲ႕ လုပ္ရပ္ဟာ အိႏၵိယရဲ႕ စီးပြားေရးနဲ႔ ထုတ္လုပ္မႈ လုပ္ငန္းစဥ္မ်ားကို သိသိသာသာ ထိခိုက္ေစႏိုင္ပါတယ္။ အိႏၵိယရဲ႕ က႑အေတာ္မ်ားမ်ားတို႔မွာ တ႐ုတ္ႏိုင္ငံဟာ အဓိက ေပးသြင္းသူျဖစ္ၿပီး ယခုလိုကန႔္သတ္လိုက္ တဲ့အတြက္ အိႏၵိယမွာ ထုတ္လုပ္မႈစရိတ္မ်ား တိုးျမင့္လာႏိုင္ပါတယ္။ တစ္ဆက္တည္းမွာပဲ ျပည္ တြင္းေဈးကြက္မွာ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာႏိုင္ပါတယ္။
အိႏၵိယ၏ အယုံၾကည္ရဆုံး မဟာမိတ္ျဖစ္တဲ့ ႐ုရွားဟာ ဒီကိစၥရပ္အတြက္ အကူအညီႀကီးႀကီးမားမား မေပးႏိုင္ပါ ဘူး၊ ႐ုရွားနဲ႔ တ႐ုတ္ၾကား တိုးျမင့္လာေနတဲ့ ဆက္စပ္မႈေတြဟာ ပူတင္အစိုးရအတြက္ အိႏၵိယကို ႁခြင္းခ်က္မရွိ ပံ့ပိုးကူညီမႈေပးဖို႔ အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ႐ုရွားရဲ႕ လက္ရွိကမာၻ႔အေျခအေနေတြဟာ အိႏၵိယ က ေမွ်ာ္လင့္ထားႏိုင္တဲ့ ပံ့ပိုးကူညီမႈအဆင့္ကို ေရာက္ဖို႔အထိ ကန႔္သတ္ခ်က္ရွိေနပါတယ္။ ဆက္လက္ျဖစ္ပြားေနတဲ့ ယူကရိန္းစစ္ပြဲနဲ႔ အေနာက္ႏိုင္ငံမ်ားက ခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြေၾကာင့္ ေမာ္စကိုမွာ စီးပြားေရး ထိခိုက္ခဲ့ရၿပီး ႏိုင္ငံတကာ ကုန္သြယ္မႈ စြမ္းရည္အေပၚ အတားအဆီးျဖစ္ေနပါတယ္။
ကမာၻ႔ရာသီဥတုအေျပာင္းအလဲ၊ စက္မႈနည္းပညာနဲ႔ကုန္သြယ္ေရးအေျခအေနမ်ားကို ေလ့လာအႀကံျပဳေနတဲ့ GTRI ရဲ႕အျမင္မွာေတာ့ အိႏၵိယအေနနဲ႔ တ႐ုတ္အေပၚ မွီခိုအားထားေနရမႈကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ ဂ်ပန္ ေတာင္ကိုရီးယားတို႔နဲ႔ မိတ္ဖက္မ်ား အားေကာင္းရန္ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။ နယူးေဒလီဟာ အဲဒီႏိုင္ငံေတြ ဆီက အိႏၵိယရဲ႕ အီလက္ထ႐ြန္နစ္ပစၥည္း၊ ေနေရာင္ျခည္စြမ္းအင္ ဆိုလာျပားမ်ားနဲ႔ EV မ်ားအတြက္ အရည္အေသြး ျမင့္အစိတ္အပိုင္းမ်ားကို ေျပာင္းလဲ ဝယ္ယူသင့္တယ္လို႔ ယူဆပါတယ္။
လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း တ႐ုတ္ဟာ ႏိုင္ငံတကာကုန္သြယ္ေရးနဲ႔ စီးပြားေရးမွာ ေျခလွမ္းသြက္ အားေကာင္း လာပါတယ္။ ကမာၻ႔ႏိုင္ငံအသီးသီးနဲ႔ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ဖြင့္လွစ္ေနၿပီး၊ ပနားမားတူး ေျမာင္းမွာလည္း အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံေနပါတယ္။ တ႐ုတ္ကုန္တင္သေဘၤာမ်ားရဲ႕ ၁၈ ရာခိုင္ႏႈန္းဟာ ပနားမား တူးေျမာင္းကို ျဖတ္သန္းေနၿပီး ရွီက်င့္ဖ်င္ရဲ႕ BRI စီမံကိန္းဟာတူးေျမာင္းနဲ႔ ခ်ိတ္ဆက္မွာျဖစ္ပါတယ္။
ေပက်င္းရဲ႕ရည္႐ြယ္ခ်က္ဟာ ေဒၚနယ္ထရမ့္ခန႔္မွန္းသေလာက္ တူးေျမာင္းကို တိုက္႐ိုက္ အုပ္ခ်ဳပ္တဲ့အထိ မဟုတ္ ႏိုင္ပါဘူး။ တ႐ုတ္ကုန္စည္မ်ားအတြက္ သြားလို႔လာလို႔ေကာင္းယုံေလာက္သာ ရည္႐ြယ္ၿပီး ႏိုင္ငံတကာကုန္သြယ္မႈ မွာ အေရးပါတဲ့ေနရာတစ္ခုကို ရယူလိုဟန္ တူပါတယ္။ ဒါေပမယ့္ “အေမရိကန္ ပထမ” မူဝါဒနဲ႔ တစ္ေက်ာ့ ျပန္လာတဲ့ ေဒၚနယ္ထရမ့္ဟာ မကၠဆီကို၊ ကေနဒါနဲ႔ ဂရင္းလန္ကြၽန္း တို႔ကိုေတာင္ မ်က္စိက်ေနရင္ ပနားမားဟာ တ႐ုတ္အတြက္ အကန႔္အသတ္ရွိလာႏိုင္ပါတယ္။ ၂၀၂၄-ခုႏွစ္ တ႐ုတ္ရဲ႕ စီးပြားေရးတိုးတက္မႈ ဟာ ၅ ရာခိုင္ႏႈန္း ရွိ လိမ့္မယ္လို႔ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ခန႔္မွန္းထားပါတယ္။ ဒါေပမယ့္ ၂၀၂၅ ခုႏွစ္မွာ စီးပြားေရးေႏွးေကြးမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းဟာ ၄.၁ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်ႏိုင္တယ္လို႔ S&P Global က ခန႔္မွန္းထားပါတယ္။
လက္ရွိ အိႏၵိယကေတာ့ စီးပြားေရးနဲ႔ ကုန္သြယ္ေရးအေျခအေနမွာ တည္ၿငိမ္မႈရွိေနၿပီး တိုးတက္မႈမ်ား ရွိေနပါ တယ္။ ၂၀၂၃ ခုႏွစ္ ေနာက္ဆုံး (၃)လပတ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္းမွာ ၈.၄ ရာခိုင္ႏႈန္းအထိ ေရာက္ရွိ ခဲ့ၿပီး ကမာၻ႔စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအျမန္ဆုံးႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ပါတယ္။ အိႏၵိယရဲ႕ ေငြေၾကးေဖါင္းပြမႈႏႈန္း မွာ ၂၀၂၄ ခုႏွစ္ ပ်မ္းမွ် ၆.၇ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ယခုဘ႑ာႏွစ္မွာ ၅.၂ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားဖြယ္ရွိေပမယ့္ ဂ႐ုစိုက္ရမယ့္ အေနအထားမွာ ရွိေနပါတယ္။
ကမာၻ႔လူဦးေရ အမ်ားဆုံး ေရွးအက်ဆုံး ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ ကူးလူးဆက္ဆံမႈ ရွိခဲ့ေပမယ့္ ဒုတိယကမာၻစစ္အၿပီး တ႐ုတ္နဲ႔အိႏၵိယအၾကား ၿပိဳင္ဆိုင္မႈမ်ား စတင္လာခဲ့ပါတယ္။ ၁၉၅၀-ခုႏွစ္ တ႐ုတ္ျပည္ သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ တိဗက္က်ဴးေက်ာ္မႈမွာ ထြက္ေျပးသူ ဒလိုင္းလားမားကို အိႏၵိယက လက္ခံ ထားျခင္း၊ နယူးေဒလီအေျခစိုက္ တိဗက္ျပည္ေျပးမ်ားရဲ႕ ေပက်င္းဆန႔္က်င္ပုတ္ခတ္မႈ ျပင္းထန္လာျခင္း၊ ေမာ္စီ တုန္း-ခ႐ူးေရွာ့ဗ္ ကြန္ျမဴနစ္အကြဲအၿပဲျဖစ္ေပၚေနခိုက္ အိႏၵိယက ႐ုရွားထံမွာ MiG ဂ်က္တိုက္ေလယာဥ္မ်ား ဝယ္ ယူျခင္း၊ နယ္စပ္အျငင္းပြားမႈ သံတမန္ေရးနည္းလမ္း မေအာင္ျမင္ျခင္းတို႔ေၾကာင့္ ၁၉၆၂-ခုႏွစ္မွာ ႏွစ္ႏိုင္ငံ အတိ အလင္း စစ္ခင္းခဲ့ၾကဖူးပါတယ္။ ေလာေလာဆယ္ အိႏၵိယႏိုင္ငံေျမာက္ပိုင္း လက္ဒက္နဲ႔ အေရွ႕ေျမာက္ပိုင္း အာ႐ူနာခ်ယ္ပရာဒက္ရွ္တို႔မွာ ႏွစ္ႏိုင္ငံစစ္တပ္အခ်င္းခ်င္း ရန္ေစာင္ေနၾကပါတယ္။
အိႏၵိယဟာ တ႐ုတ္ရဲ႕ BRI အသိုင္းအဝိုင္းမွာ အားတက္သေရာ မရွိပဲ တ႐ုတ္ရဲ႕ ၾသဇာနယ္ေျမခ်ဲ႕ထြင္မႈမ်ားနဲ႔ စီးပြားေရးလႈပ္ရွားမႈမ်ားကို စိုးရိမ္ေနပါတယ္။ အျပန္အလွန္အားျဖင့္ ေပက်င္းကလည္း နယူးေဒလီရဲ႕ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာကို စိုးရိမ္ေနၿပီး အိႏၵိယ-အေမရိကန္-ဂ်ပန္-ၾသစေၾတးလ်ပါ “ကြာ့ဒ္” QUAD ၄-ႏိုင္ငံစစ္ေရး အုပ္စုဖြဲ႕မႈကို ကန႔္ကြက္ေနပါတယ္။
ဒါေပမယ့္ တ႐ုတ္-အိႏၵိယအၾကား ကုန္သြယ္ေရးနဲ႔ စီးပြားေရးဆက္ဆံမႈမ်ားကေတာ့ အတိုင္းအတာတစ္ခုအထိ ဆက္လက္တည္ရွိေနပါတယ္။ ၂၀၂၄ ခုႏွစ္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ဖလွယ္မႈမ်ားဟာ ကန္ေဒၚလာ ၁၃၅ ဘီ လီယံအထိ ေရာက္ရွိခဲ့ပါတယ္။ ကုန္သြယ္ေရးဖလွယ္မႈမ်ားမွာ မၾကာခဏဆိုသလို အခ်ိဳးမညီမႈမ်ား ရွိေနေပ မယ့္ အိႏၵိယဟာ တ႐ုတ္ထံမွ စက္ပစၥည္းမ်ား၊ နည္းပညာမ်ား၊ ေဆးဝါးနဲ႔ စက္မႈကုန္ၾကမ္း ပစၥည္းမ်ားကို အႀကီး အက်ယ္ ဝယ္ယူေနရပါတယ္။ အိႏၵိယမွာ အသုံးျပဳေနတဲ့ မိုဘိုင္းဖုန္း အစိတ္အပိုင္းမ်ားရဲ႕ ၇၀% ဟာ တ႐ုတ္က တင္သြင္းတဲ့ ပစၥည္းမ်ားနဲ႔ ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ Xiaomi ေရွာင္းမီနဲ႔ TikTok တို႔လို တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ိဳးသားလုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ နယူးေဒလီက ကန႔္သတ္ေနျခင္းဟာ ေပက်င္းအ တြက္ စိတ္ပ်က္စရာ ျဖစ္ပါတယ္။
အဲဒီလို ကုန္သြယ္တင္ပို႔ေနမႈကို ရွီက်င့္ဖ်င္က ကန႔္သတ္လိုက္တဲ့အခါ နက္နဲရႈတ္ေထြးတဲ့ ပထဝီႏိုင္ငံေရး တင္းမာမႈ ေတြနဲ႔ ကုန္သြယ္ေရးစစ္ပြဲဆီကို အခ်က္ျပေနတယ္လို႔ နယူးေဒလီအေျခစိုက္ GTRI က ယူဆပါတယ္။ နယူးေဒလီက တ႐ုတ္ထံ တင္ပို႔ေနတဲ့ သဘာဝရင္းျမစ္မ်ားမွာ ေပက်င္းအတြက္ အေထာက္အကူျဖစ္တာ မွန္ ေပမယ့္ အိႏၵိယရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ တ႐ုတ္မွာ အလြန္နည္းပါတယ္။ တ႐ုတ္ရဲ႕ စုစုေပါင္း စီးပြားေရးအခန္း က႑မွာ နယူးေဒလီရဲ႕ ပါဝင္မႈဟာ ၂ ရာခိုင္ႏႈန္းမွ်သာ ရွိၿပီး အေမရိကန္ အီးယူတို႔ထက္ အလြန္နည္းေပမယ့္ အိမ္နီး ခ်င္းႏိုင္ငံရဲ႕ စားသုံးသူ လူဦးေရ သန္း ၁၄၀၀ ေက်ာ္ ေဈးကြက္ႀကီးကို ပစ္ပစ္ခါခါ လုပ္ဖို႔ ေပက်င္းအတြက္ ခက္ခဲပါတယ္။
အိႏၵိယေရာ တ႐ုတ္တို႔ပါ G20, BRICS, SCO ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ စသျဖင့္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားမွာ အတူတကြ ပါဝင္ေနတဲ့အတြက္ နယူးေဒလီကို ေက်ာခိုင္းဖို႔ ခက္ခဲေတြ႕ႏိုင္ပါတယ္။ ႏွစ္ႏိုင္ငံအ ၾကား အတားအဆီး ျဖစ္ေနတာေတြကို အသီးသီးေျဖေလွ်ာ့ေပးၾကဖို႔ ေဆြးေႏြးႏိုင္ပါတယ္။ အတိတ္ကာလ တ႐ုတ္နဲ႔ အိႏၵိယတို႔အၾကား စြပ္စြဲပုတ္ခတ္စရာမ်ား ေပါင္းစပ္ေနေပမယ့္ တစ္ဖက္နဲ႔ တစ္ဖက္ ေကာင္းခဲ့ ငဲ့ညႇာခဲ့တာေတြ လည္း ရွိပါတယ္။ ေရရွည္အျပဳသေဘာေဆာင္တဲ့ ဆက္ဆံမႈကို ထိန္းသိမ္းတိုးျမႇင့္ရပါလိမ့္မယ္။ အျပန္အလွန္ မွီခိုမႈမ်ား ရွိေနတာေၾကာင့္ တစ္သက္လုံးေမြးလာတဲ့ ၾကက္ကို တစ္မနက္တည္းနဲ႔ သတ္စားလိုက္ သလို အၿပီးတိုင္ လမ္းခြဲတဲ့အထိေတာ့ ႏွစ္ဖက္အသီးသီးရဲ႕ လက္ရွိ အေနအထားအအရ အေတာ္စဥ္းစားရမယ့္ အလုပ္ျဖစ္ပါတယ္။
#HtayOung #OungMarine #တ႐ုတ္_အိႏၵိယစစ္ပြဲ #ပထဝီႏိုင္ငံေရးတင္းမာမႈ #ကုန္သြယ္ေရးစစ္ပြဲ
(India.com., 21 January 2025,” China wages a ‘WAR’ against India, stops supplies of…, Russia not helping India due to…” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္.)