အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး ပနားမားနိုင်ငံက ကုလသမဂ္ဂအဖွဲ့ထံ တိုင်ကြား

 390

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄

ပနားမားနိုင်ငံဟာ ပနားမားတူးမြောင်းကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောဆိုမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ထံတိုင်ကြားလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တာဝန်မယူ ခင်ကတည်းက ပနားမားတူးမြောင်းပိုင်ဆိုင်ရေးကို ထုတ်ဖော်ပြောဆိုခဲ့သလို သမ္မတအဖြစ် ကျမ်းကျိန်ရာမှာလည်း ထပ်မံ ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအရ လွတ်လပ်တဲ့နိုင်ငံ၊ ပိုင်နက်ကို အင်အားသုံးမယ်ဆိုတဲ့ ပြောဆိုချက်တွေက ကုလသမဂ္ဂအဖွဲ့ ကြေညာ စာတမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ပနားမားအစိုးရက ဝေဖန်တိုင်ကြားထားပါတယ်။ အဆိုပါ ပြသာနာနဲ့ ပတ်သက်ပြီး ပနားမားသမ္မတ ကလည်း အချုပ်အခြာပိုင်နက်ကို ကာကွယ်မှာဖြစ်ပြီး ပနားမား နိုင်ငံရဲ့စီမံခန့်ခွဲမှုကို အခြားနိုင်ငံတွေ ကြားဝင်စွက်ဖက်ခွင့်မပြုဘူးလို့ ပြောပါတယ်။
ပနားမား သမ္မတ က “ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံထံကနေ လက်ဆောင်ရထားတာမဟုတ်ဘူး၊ တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ပြောဆိုချက်အားလုံးကို ပယ်ချတယ်။ ပနားမားတူးမြောင်းက ပနားမား ပိုင်ဆိုင် တယ်။ အဲဒီ ပနားမားတူးမြောင်း ပိုင်ဆိုင်ခွင့်ရအောင် ဆက်လုပ်မယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ၁၉၉၉ ခုနှစ်က အဲဒီတူးမြောင်းကို ပနားမားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီတူးမြောင်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ တူးမြောင်းဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ကြီးနှစ်ခုကို ဆက်သွယ် ပေးထားတဲ့ အဓိက ရေလမ်းကြောင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ အဲဒီတူးမြောင်းအငြင်းပွားမှုကို ကြားဝင် စွက်ဖက်မှာ မဟုတ်ကြောင်း၊ ပနားမားအချုပ်အခြာပိုင်နက်ကို လေးစားကြောင်း၊ တူးမြောင်းကို ပနားမားပိုင်ဆိုင် တယ်လို့ အသိအမှတ်ပြုကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီတူးမြောင်းကို ပါနားမားနိုင်ငံ ပြန်ပေးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက တူးမြောင်းကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲနေကြောင်း အမေရိကန်က တူးမြောင်းကို တရုတ်နိုင်ငံ သို့ ပေးတာမဟုတ်ဘဲ ပနားမားကိုပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြန်လည်ရယူရမယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ရေလမ်းကြောင်းက ပို့ဆောင်တဲ့ကုန်စည်တွေဟာ အဲဒီတူးမြောင်းကို အားကိုးနေရပြီး ပနားမား ဟာ အဲဒီတူးမြောင်းက ဖြတ်သန်းတဲ့ အမေရိကန်ကုန်စည်သင်္ဘာတွေကို အခွန် ၄ဝ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ရာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တူးမြောင်း ကို ပြန်လည်ရယူနိုင်ရေး နဲ့ပတ်သက်ပြီး စစ်အင်အားသုံးမယ်ဆိုတဲ့အချက်ကို ငြင်းဆန်တာမျိုး မရှိကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုမႈနဲ႔ပတ္သက္ၿပီး ပနားမားႏိုင္ငံက ကုလသမဂၢအဖြဲ႕ထံ တိုင္ၾကား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄

ပနားမားႏိုင္ငံဟာ ပနားမားတူးေျမာင္းကို သိမ္းယူမယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေျပာဆိုမႈနဲ႔ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႕ထံတိုင္ၾကားလိုက္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ တာဝန္မယူ ခင္ကတည္းက ပနားမားတူးေျမာင္းပိုင္ဆိုင္ေရးကို ထုတ္ေဖာ္ေျပာဆိုခဲ့သလို သမၼတအျဖစ္ က်မ္းက်ိန္ရာမွာလည္း ထပ္မံ ေျပာဆိုခဲ့ပါတယ္။
ႏိုင္ငံေရးအရ လြတ္လပ္တဲ့ႏိုင္ငံ၊ ပိုင္နက္ကို အင္အားသုံးမယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြက ကုလသမဂၢအဖြဲ႕ ေၾကညာ စာတမ္းကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ပနားမားအစိုးရက ေဝဖန္တိုင္ၾကားထားပါတယ္။ အဆိုပါ ျပသာနာနဲ႔ ပတ္သက္ၿပီး ပနားမားသမၼတ ကလည္း အခ်ဳပ္အျခာပိုင္နက္ကို ကာကြယ္မွာျဖစ္ၿပီး ပနားမား ႏိုင္ငံရဲ႕စီမံခန႔္ခြဲမႈကို အျခားႏိုင္ငံေတြ ၾကားဝင္စြက္ဖက္ခြင့္မျပဳဘူးလို႔ ေျပာပါတယ္။
ပနားမား သမၼတ က “ကြၽန္ေတာ္တို႔ဟာ အေမရိကန္ႏိုင္ငံထံကေန လက္ေဆာင္ရထားတာမဟုတ္ဘူး၊ တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ေျပာဆိုခ်က္အားလုံးကို ပယ္ခ်တယ္။ ပနားမားတူးေျမာင္းက ပနားမား ပိုင္ဆိုင္ တယ္။ အဲဒီ ပနားမားတူးေျမာင္း ပိုင္ဆိုင္ခြင့္ရေအာင္ ဆက္လုပ္မယ္" လို႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံဟာ ၁၉၉၉ ခုႏွစ္က အဲဒီတူးေျမာင္းကို ပနားမားႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ပါတယ္။ အဲဒီတူးေျမာင္းဟာ မဟာဗ်ဴဟာအရ အေရးပါတဲ့ တူးေျမာင္းျဖစ္တယ္လို႔ ဆိုပါတယ္။ တိုက္ႀကီးႏွစ္ခုကို ဆက္သြယ္ ေပးထားတဲ့ အဓိက ေရလမ္းေၾကာင္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ အဲဒီတူးေျမာင္းအျငင္းပြားမႈကို ၾကားဝင္ စြက္ဖက္မွာ မဟုတ္ေၾကာင္း၊ ပနားမားအခ်ဳပ္အျခာပိုင္နက္ကို ေလးစားေၾကာင္း၊ တူးေျမာင္းကို ပနားမားပိုင္ဆိုင္ တယ္လို႔ အသိအမွတ္ျပဳေၾကာင္း ေျပာပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အဲဒီတူးေျမာင္းကို ပါနားမားႏိုင္ငံ ျပန္ေပးခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံက တူးေျမာင္းကို ထိေရာက္အက်ိဳးရွိစြာ စီမံခန႔္ခြဲေနေၾကာင္း အေမရိကန္က တူးေျမာင္းကို တ႐ုတ္ႏိုင္ငံ သို႔ ေပးတာမဟုတ္ဘဲ ပနားမားကိုေပးခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ျပန္လည္ရယူရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ေရလမ္းေၾကာင္းက ပို႔ေဆာင္တဲ့ကုန္စည္ေတြဟာ အဲဒီတူးေျမာင္းကို အားကိုးေနရၿပီး ပနားမား ဟာ အဲဒီတူးေျမာင္းက ျဖတ္သန္းတဲ့ အေမရိကန္ကုန္စည္သဘၤာေတြကို အခြန္ ၄ဝ ရာခိုင္ႏႈန္းအထိ ေကာက္ခံခဲ့ရာ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ တူးေျမာင္း ကို ျပန္လည္ရယူႏိုင္ေရး နဲ႔ပတ္သက္ၿပီး စစ္အင္အားသုံးမယ္ဆိုတဲ့အခ်က္ကို ျငင္းဆန္တာမ်ိဳး မရွိေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.