ထောင်နှင့်ချီသောလူသတ်အကြမ်းဖက်သမားများ အမေရိကန်နိုင်ငံတွင် လွတ်လပ်စွာနေထိုင်နေကြောင်း အမေရိကန်သမ္မတပြော

1261

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄
ထောင်နှင့်ချီသော အကြမ်းဖက်သမားနှင့်လူသတ်သမားများသည် လွတ်မြောက်နေပြီး အမေရိကန်နိုင်ငံတွင် လွတ်လပ်စွာနေထိုင်လျက်ရှိနေကြောင်း၊ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက် ချမှတ်ထားသောမူဝါဒများကို ပြန်လည်ပြောင်းလဲမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တရားမဝင်ရွေ့ပြောင်းသွားလာမည့်သူများကို ဖြိုခွင်းမည့်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့နိုင်ငံအတွင်းမှာ အကြမ်းဖက်သမားအများအပြားရှိတယ်။ ထောင်နဲ့ချီတဲ့လူသတ်သများတွေ ရှိနေပါတယ်။ အဲဒီသူတွေကို ဂရုစိုက်ရမယ်" ဟု ပြောသည်။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက်သမားနှင့်လူသတ်သမား ၁၁၀၀၀ ကျော် ရှင်သန်နေထိုင်နေကြောင်း၊ အဆိုပါအရေအတွက်တွင် ပါဝင်သူများသည် အနည်းဆုံးလူတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသူများဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။
ဒေါ်နယ်ထရမ့်က အခြားနိုင်ငံများသည် ၎င်းတို့ထောင်များတွင် လူမရှိစေရန် အမေရိကန်နိုင်ငံသို့ အကြမ်းဖက်၊လူသတ်သမားများ စေလွှတ်နေသလိုမျိုးဖြစ်နေကြောင်း ပြောသည်။ ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားသောရာဇဝတ်မှုနှုန်း ၇ဝ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ဒေါ်နယ်ထရမ့်က "ဗင်နီဇွဲလားနိုင်ငံမှာ လမ်းသရဲဂိုဏ်းတွေ ရှိတယ်။ အဲဒီလမ်းသရဲ ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံထဲကို ရောက်ရှိလာတယ်" ဟု ပြောသည်။
အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာသူများထဲတွင် မက္ကဆီကိုနိုင်ငံသားအများဆုံးဖြစ်နေပြီး အချို့က တရားမဝင် ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်း ဝါရှင်တန်မြို့အခြေစိုက် Pew Research Center က ပြောသည်။
အဆိုပါ စင်တာက အမေရိကန်နိုင်ငံအတွင်းတရားမဝင် နေထိုင်နေသူများထဲတွင် မက္ကဆီကိုနိုင်ငံသားများ အများဆုံးဖြစ်နေကြောင်း ပြောသည်။ အမေရိကန်နိုင်ငံသို့ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံသား ၅ ဒသမ ၈ သန်းမှ ၆ ဒသမ ၉ သန်းအထိ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ပြီး အယ်ဇာဗေးဒိုးနိုင်ငံ၊ အိန္ဒိယ၊ ဂွာတီမာလာ၊ ဟွန်ဒူးရက်စ်နိုင်ငံသားများလည်း တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း Pew Research Center စင်တာက ဖော်ပြထားသည်။
Zawgyi Version;
ေထာင္ႏွင့္ခ်ီေသာလူသတ္အၾကမ္းဖက္သမားမ်ား အေမရိကန္ႏိုင္ငံတြင္ လြတ္လပ္စြာေနထိုင္ေနေၾကာင္း အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄
ေထာင္ႏွင့္ခ်ီေသာ အၾကမ္းဖက္သမားႏွင့္လူသတ္သမားမ်ားသည္ လြတ္ေျမာက္ေနၿပီး အေမရိကန္ႏိုင္ငံတြင္ လြတ္လပ္စြာေနထိုင္လ်က္ရွိေနေၾကာင္း၊ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္ ခ်မွတ္ထားေသာမူဝါဒမ်ားကို ျပန္လည္ေျပာင္းလဲမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္သည္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ တရားမဝင္ေ႐ြ႕ေျပာင္းသြားလာမည့္သူမ်ားကို ၿဖိဳခြင္းမည့္အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔ႏိုင္ငံအတြင္းမွာ အၾကမ္းဖက္သမားအမ်ားအျပားရွိတယ္။ ေထာင္နဲ႔ခ်ီတဲ့လူသတ္သမ်ားေတြ ရွိေနပါတယ္။ အဲဒီသူေတြကို ဂ႐ုစိုက္ရမယ္" ဟု ေျပာသည္။ အေမရိကန္ႏိုင္ငံတြင္ အၾကမ္းဖက္သမားႏွင့္လူသတ္သမား ၁၁၀၀၀ ေက်ာ္ ရွင္သန္ေနထိုင္ေနေၾကာင္း၊ အဆိုပါအေရအတြက္တြင္ ပါဝင္သူမ်ားသည္ အနည္းဆုံးလူတစ္ဦးကို သတ္ျဖတ္ခဲ့ဖူးသူမ်ားျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာသည္။
ေဒၚနယ္ထရမ့္က အျခားႏိုင္ငံမ်ားသည္ ၎တို႔ေထာင္မ်ားတြင္ လူမရွိေစရန္ အေမရိကန္ႏိုင္ငံသို႔ အၾကမ္းဖက္၊လူသတ္သမားမ်ား ေစလႊတ္ေနသလိုမ်ိဳးျဖစ္ေနေၾကာင္း ေျပာသည္။ ဗင္နီဇြဲလားႏိုင္ငံတြင္ ျဖစ္ပြားေသာရာဇဝတ္မႈႏႈန္း ၇ဝ ရာခိုင္ႏႈန္း ေလ်ာ့ခ်ႏိုင္ခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာသည္။ေဒၚနယ္ထရမ့္က "ဗင္နီဇြဲလားႏိုင္ငံမွာ လမ္းသရဲဂိုဏ္းေတြ ရွိတယ္။ အဲဒီလမ္းသရဲ ဂိုဏ္းေတြဟာ အေမရိကန္ႏိုင္ငံထဲကို ေရာက္ရွိလာတယ္" ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံသို႔ ဝင္ေရာက္လာသူမ်ားထဲတြင္ မကၠဆီကိုႏိုင္ငံသားအမ်ားဆုံးျဖစ္ေနၿပီး အခ်ိဳ႕က တရားမဝင္ ဝင္ေရာက္ေနထိုင္သူမ်ားျဖစ္ေၾကာင္း ဝါရွင္တန္ၿမိဳ႕အေျခစိုက္ Pew Research Center က ေျပာသည္။
အဆိုပါ စင္တာက အေမရိကန္ႏိုင္ငံအတြင္းတရားမဝင္ ေနထိုင္ေနသူမ်ားထဲတြင္ မကၠဆီကိုႏိုင္ငံသားမ်ား အမ်ားဆုံးျဖစ္ေနေၾကာင္း ေျပာသည္။ အေမရိကန္ႏိုင္ငံသို႔ ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အတြင္း မကၠဆီကိုႏိုင္ငံသား ၅ ဒသမ ၈ သန္းမွ ၆ ဒသမ ၉ သန္းအထိ တရားမဝင္ ဝင္ေရာက္ေနထိုင္ခဲ့ၿပီး အယ္ဇာေဗးဒိုးႏိုင္ငံ၊ အိႏၵိယ၊ ဂြာတီမာလာ၊ ဟြန္ဒူးရက္စ္ႏိုင္ငံသားမ်ားလည္း တရားမဝင္ ဝင္ေရာက္ေနထိုင္ေနေၾကာင္း Pew Research Center စင္တာက ေဖာ္ျပထားသည္။