အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုနှင့် လူသတ်မှုတို့အတွက် အမျိုးသား(၅)ဦးကို သေဒဏ်ချမှတ်

 890

Pika (NP News) - ဇန်နဝါရီ ၂၄

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက်တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာသတ်ဖြတ်မှုအပြင် ၎င်း၏ဖခင်ဖြစ်သူနှင့် တူမတို့ကို သတ်ဖြတ်ခဲ့မှုတို့အတွက် အမျိုးသား(၅)ဦးကို အိန္ဒိယတရားရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် Chhattisgarh ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသောအသိုင်းအဝိုင်းတစ်ခုမှ အဖွဲ့တစ်ဖွဲ့သည် အများပြည်သူသယ်ယူပို့‌ဆောင်ရေးတွင် စောင့်ဆိုင်းနေသော မိန်းကလေးနှင့် ၎င်း၏ မိသားစုကို လိုရာခရီးသို့ပို့ဆောင်ပေးမည်ဟု ကမ်းလှမ်းကာ ဆိုင်ကယ်များဖြင့် ခေါ်ဆောင်လာခဲ့ပြီးနောက် ယခုလိုရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အဆိုပါအဖွဲ့သည် အဓမ္မပြုကျင့်မှုကို ရပ်တန့်ရန်ကြိုးပမ်းခဲ့သော ဆယ်ကျော်သက်မိန်းကလေး၏ ဖခင်ဖြစ်သူကို သေဆုံးသည်အထိဖြစ်အောင် ရိုက်နှက်ခဲ့သလို ၎င်း၏ (၃)နှစ်အရွယ်တူမကိုလည်း သတ်ပစ်ခဲ့ကြောင်း အစိုးရရှေ့နေ ဆူနေးကူမာမီရှရာက ပြောကြားခဲ့သည်။
ရက်အတော်ကြာပြီးနောက် ရွာသားများသည် အဓမ္မပြုကျင့်ခံခဲ့ရသော မိန်းကလေးကို သတိလစ်မေ့မြောနေသည့်အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်နေချိန်အတွင်း သေဆုံးသွားခဲ့ကြောင်း ဆူနေးကူမာမီရှရာက ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယတရားရုံးတစ်ခုက အဆိုပါအမျိုးသား(၅)ဦးကို အဓမ္မပြုကျင့်မှုနှင့် လူသတ်မှု(၃)မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆူနေးကူမာမီရှရာက ဇန်နဝါရီလ(၂၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ခြောက်ယောက်မြောက်အမျိုးသားကို အဆိုပါရာဇဝတ်မှုတွင် ပတ်သက်ဆက်နွယ်နေမှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့သော်လည်း အဓမ္မပြုကျင့်မှုတွင် ပါဝင်ပတ်သက်နေကြောင်း သက်သေပြနိုင်ခြင်းမျိုးမရှိသဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း ဆူနေးကူမာမီရှရာက ထပ်မံပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် လူပေါင်း(၁ ဒသမ ၄) ဘီလျံရှိသော အိန္ဒိယနိုင်ငံမှာ တစ်ရက်လျှင် ပျမ်းမျှအဓမ္မပြုကျင့်မှုပေါင်း(၉၀)နီးပါးဖြစ်ပွားခဲ့သော်လည်း အများစုမှာ အစီရင်ခံခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

အိႏၵိယႏိုင္ငံမွာ အုပ္စုဖြဲ႕အဓမၼျပဳက်င့္မႈႏွင့္ လူသတ္မႈတို႔အတြက္ အမ်ိဳးသား(၅)ဦးကို ေသဒဏ္ခ်မွတ္
Pika (NP News) - ဇန္နဝါရီ ၂၄

အိႏၵိယႏိုင္ငံတြင္ ဆယ္ေက်ာ္သက္တစ္ဦးကို အုပ္စုဖြဲ႕အဓမၼျပဳက်င့္ကာသတ္ျဖတ္မႈအျပင္ ၎၏ဖခင္ျဖစ္သူႏွင့္ တူမတို႔ကို သတ္ျဖတ္ခဲ့မႈတို႔အတြက္ အမ်ိဳးသား(၅)ဦးကို အိႏၵိယတရား႐ုံးတစ္ခုက ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ ဇန္နဝါရီလတြင္ Chhattisgarh ျပည္နယ္ရွိ ဆင္းရဲႏြမ္းပါးေသာအသိုင္းအဝိုင္းတစ္ခုမွ အဖြဲ႕တစ္ဖြဲ႕သည္ အမ်ားျပည္သူသယ္ယူပို႔‌ေဆာင္ေရးတြင္ ေစာင့္ဆိုင္းေနေသာ မိန္းကေလးႏွင့္ ၎၏ မိသားစုကို လိုရာခရီးသို႔ပို႔ေဆာင္ေပးမည္ဟု ကမ္းလွမ္းကာ ဆိုင္ကယ္မ်ားျဖင့္ ေခၚေဆာင္လာခဲ့ၿပီးေနာက္ ယခုလိုရာဇဝတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာက္ပိုင္းတြင္ အဆိုပါအဖြဲ႕သည္ အဓမၼျပဳက်င့္မႈကို ရပ္တန႔္ရန္ႀကိဳးပမ္းခဲ့ေသာ ဆယ္ေက်ာ္သက္မိန္းကေလး၏ ဖခင္ျဖစ္သူကို ေသဆုံးသည္အထိျဖစ္ေအာင္ ႐ိုက္ႏွက္ခဲ့သလို ၎၏ (၃)ႏွစ္အ႐ြယ္တူမကိုလည္း သတ္ပစ္ခဲ့ေၾကာင္း အစိုးရေရွ႕ေန ဆူေနးကူမာမီရွရာက ေျပာၾကားခဲ့သည္။
ရက္အေတာ္ၾကာၿပီးေနာက္ ႐ြာသားမ်ားသည္ အဓမၼျပဳက်င့္ခံခဲ့ရေသာ မိန္းကေလးကို သတိလစ္ေမ့ေျမာေနသည့္အေနအထားျဖင့္ ရွာေဖြေတြ႕ရွိခဲ့ၿပီး ေဆး႐ုံသို႔ပို႔ေဆာင္ေနခ်ိန္အတြင္း ေသဆုံးသြားခဲ့ေၾကာင္း ဆူေနးကူမာမီရွရာက ေျပာၾကားခဲ့သည္။
ထို႔ေနာက္ အိႏၵိယတရား႐ုံးတစ္ခုက အဆိုပါအမ်ိဳးသား(၅)ဦးကို အဓမၼျပဳက်င့္မႈႏွင့္ လူသတ္မႈ(၃)မႈတို႔ျဖင့္ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ၿပီး ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဆူေနးကူမာမီရွရာက ဇန္နဝါရီလ(၂၃)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေျခာက္ေယာက္ေျမာက္အမ်ိဳးသားကို အဆိုပါရာဇဝတ္မႈတြင္ ပတ္သက္ဆက္ႏြယ္ေနမႈျဖင့္ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ေသာ္လည္း အဓမၼျပဳက်င့္မႈတြင္ ပါဝင္ပတ္သက္ေနေၾကာင္း သက္ေသျပႏိုင္ျခင္းမ်ိဳးမရွိသျဖင့္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းခ်မွတ္ခဲ့ေၾကာင္း ဆူေနးကူမာမီရွရာက ထပ္မံေျပာၾကားခဲ့သည္။

၂၀၂၂ ခုႏွစ္တြင္ လူေပါင္း(၁ ဒသမ ၄) ဘီလ်ံရွိေသာ အိႏၵိယႏိုင္ငံမွာ တစ္ရက္လွ်င္ ပ်မ္းမွ်အဓမၼျပဳက်င့္မႈေပါင္း(၉၀)နီးပါးျဖစ္ပြားခဲ့ေသာ္လည္း အမ်ားစုမွာ အစီရင္ခံခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း တက္ႂကြလႈပ္ရွားသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.