ရွှေသောင်ယံတွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲမရှိဘဲ ငြိမ်သက်နေ

 432

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲမရှိဘဲ ငြိမ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် တပင်မော်ဘက်၌ ပစ်ခတ်မှုအချို့ရှိနေသော်လည်း ဇန်နဝါရီလ ၂၀ ရက်နောက်ပိုင်းမှစတင်ကာ ရွှေသောင်ယံမြို့ နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲများမရှိဘဲ ငြိမ်သက်နေဆဲဖြစ်ကြောင်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် ဘောမိကျေးရွာဘက်တွင်မှု ပစ်ခတ်သံအချို့ ကြားနေရဆဲဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။

“ရွှေသောင်ယံဘက်ကိုလည်း ဒီကောင်တွေ တိုးမလာသေးပါဘူး။ ဘောမိဘက်မှာတော့ ရှိတယ်။ အဲဒီဘက်မှာ ရေတပ်က ပစ်ကူတွေလည်း ပေးနေတယ်။ ရွှေသောင်ယံဘက်မှာဖြစ်တာက အရင်ရက်ပိုင်းကဖြစ်တာ။ အခုကတော့ ငြိမ်နေတယ်။ ဒီရက်ပိုင်းမှာတော့ မရှိဘူး။ လောလောဆယ်တော့ AA တွေ(၂၀၀)ကျော်လောက် ပျောက်နေတယ်။ ဒီကောင်တွေ ဘယ်နားသွားနေနေလဲတော့ မသိဘူး။ ဒီဘက်ကော ဟိုဘက်မှာပါငြိမ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း ရွှေသောင်ယံမြို့နှင့်အနီးတစ်ဝိုက်မှဒေသခံများနှင့် သပေါ့ကန်ဘက်ရှိဒေသများမှာ နေရပ်စွန့်ခွာတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊေသာင္ယံတြင္ တပ္မေတာ္ႏွင့္ AA တို႔ ထိေတြ႕တိုက္ပြဲမရွိဘဲ ၿငိမ္သက္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၅

ဧရာဝတီတိုင္းေဒသႀကီး၊ ေ႐ႊေသာင္ယံၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ AA တို႔ ထိေတြ႕တိုက္ပြဲမရွိဘဲ ၿငိမ္သက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ တပင္ေမာ္ဘက္၌ ပစ္ခတ္မႈအခ်ိဳ႕ရွိေနေသာ္လည္း ဇန္နဝါရီလ ၂၀ ရက္ေနာက္ပိုင္းမွစတင္ကာ ေ႐ႊေသာင္ယံၿမိဳ႕ ႏွင့္အနီးတစ္ဝိုက္တြင္ တိုက္ပြဲမ်ားမရွိဘဲ ၿငိမ္သက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

AA လက္နက္ကိုင္အဖြဲ႕၏ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ ပ်က္စီးသြားခဲ့ရသည့္ ေဘာမိေက်း႐ြာဘက္တြင္မႈ ပစ္ခတ္သံအခ်ိဳ႕ ၾကားေနရဆဲျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။

“ေ႐ႊေသာင္ယံဘက္ကိုလည္း ဒီေကာင္ေတြ တိုးမလာေသးပါဘူး။ ေဘာမိဘက္မွာေတာ့ ရွိတယ္။ အဲဒီဘက္မွာ ေရတပ္က ပစ္ကူေတြလည္း ေပးေနတယ္။ ေ႐ႊေသာင္ယံဘက္မွာျဖစ္တာက အရင္ရက္ပိုင္းကျဖစ္တာ။ အခုကေတာ့ ၿငိမ္ေနတယ္။ ဒီရက္ပိုင္းမွာေတာ့ မရွိဘူး။ ေလာေလာဆယ္ေတာ့ AA ေတြ(၂၀၀)ေက်ာ္ေလာက္ ေပ်ာက္ေနတယ္။ ဒီေကာင္ေတြ ဘယ္နားသြားေနေနလဲေတာ့ မသိဘူး။ ဒီဘက္ေကာ ဟိုဘက္မွာပါၿငိမ္ေနတယ္” ဟု ၎က ေျပာသည္။

လက္ရွိတြင္ တိုက္ပြဲမ်ားၿငိမ္သက္ေနေသာ္လည္း ေ႐ႊေသာင္ယံၿမိဳ႕ႏွင့္အနီးတစ္ဝိုက္မွေဒသခံမ်ားႏွင့္ သေပါ့ကန္ဘက္ရွိေဒသမ်ားမွာ ေနရပ္စြန႔္ခြာတိမ္းေရွာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.