ဂါဇာဒေသရှိလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် ရန်ပုံငွေလိုအပ်ချက်များမြင့်တက်နေဟု ကုလသမဂ္ဂပြော

210

Pika (NP News) - ဇန်နဝါရီ ၂၅
ဂါဇာဒေသစစ်ပွဲနှင့်ပတ်သက်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီနိုင်ရန် ရန်ပုံငွေလိုအပ်ချက် များရှိနေကြောင်း ပါလက်စတိုင်းနိုင်ငံအတွက် ခန့်အပ်ထားသော ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးအဖွဲ့အကြီးအကဲက ပြောသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲသည် ၁၅ လကြာဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၇၀၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ပေါင်း ထောင်သောင်းချီ ထိခိုက်ပျက်စီးခဲ့ရ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၊ ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ကြားဝင် စေ့စပ်ပေးမှု ကြောင့် ဂါဇာစစ်ပွဲ ယာယီအပစ်ခတ်ရပ်စဲရန် နှင့် ဖမ်းဆီးထားသူများ အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီ မှုရရှိခဲ့ကြောင်း သိရသည်။
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ရယူထားချိန်အတွင်း ကုလသမဂ္ဂက လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုမှတဆင့် လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရေးအတွက် ရန်ပုံငွေ လိုအပ်ချက်က ကုလသမဂ္ဂအဖွဲ့၏ စွမ်းဆောင်ရည်ကို ထိခိုက်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အကြီးအကဲဖြစ်သူ ဟာဒီက ပြောသည်။
အပစ်ခတ်ရပ်စဲရေးရယူထားသည့် ပထမသီတင်းပတ်အတွင်း ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးမည့်ပစ္စည်းများတင်ဆောင်မည့် ကုန်ကားအစီးရေတစ်ရက်ကို ၆၀၀ တင်ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းက "ဂါဇာဒေသက လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ လိုအပ်နေတဲ့သူတွေအတွက် ပထမဆုံးရက်မှာပဲ အကူညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကားအစီးရေ ၆၀၀ နဲ့ ပစ္စည်းတွေ ကူညီပေးနိုင်လို့ ပျော်ရွှင်မိ တယ်။ ဒါပေမယ့် ရန်ပုံငွေကိစ္စက စိုးရိမ်စရာဖြစ်နေဆဲပါ၊ ရန်ပုံငွေကိစ္စဟာ အဓိကအခက်ခဲဖြစ်လာဖွယ်ရှိနေ ပါတယ်။ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးရယူထားတဲ့ ၄၂ ရက်အတွင်း အကူအညီပေးရေးပစ္စည်းတွေ ဆက်လက်ပေးဖို့ ကူညီနိုင်ဖို့ ရန်ပုံငွေ လိုအပ်တယ်။ အဲဒီ ၄၂ ရက်ပြီးချိန်မှာလည်း အပစ်ခတ်ရပ်စဲရေး ဒုတိယ အဆင့်အတွက် အကူညီတွေထပ်မံပေးနိုင်အောင် လုပ်ဆောင်ရမယ်" ဟု ပြောသည်။
ကုလသမဂ္ဂသည် ပါလက်စတိုင်းပိုင်နက်အတွင်းနေထိုင်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကူညီပေးရန် ပစ်မှတ်ထားပြီး ၉၀ ရာခိုင်နှုန်းကို ဂါဇာဒေသကို ပေးပို့ မည်ဖြစ်ကာ လက်ရှိအချိန်တွင် ရန်ပုံငွေ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရရှိနေကြောင်း သိရသည်။

Zawgyi Version:
ဂါဇာေဒသရွိလူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးရန္ ရန္ပုံေငြလိုအပ္ခ်က္မ်ားျမင့္တက္ေနဟု ကုလသမဂၢေျပာ
Pika (NP News) - ဇန္နဝါရီ ၂၅
ဂါဇာေဒသစစ္ပြဲႏွင့္ပတ္သက္ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးပို႔ကူညီႏိုင္ရန္ ရန္ပုံေငြလိုအပ္ခ်က္ မ်ားရွိေနေၾကာင္း ပါလက္စတိုင္းႏိုင္ငံအတြက္ ခန႔္အပ္ထားေသာ ကုလသမဂၢ၏ လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေပးေရးအဖြဲ႕အႀကီးအကဲက ေျပာသည္။
အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားခဲ့ေသာ ဂါဇာစစ္ပြဲသည္ ၁၅ လၾကာျဖစ္ပြားခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး အနည္းဆုံး ၄၇၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အိမ္ေပါင္း ေထာင္ေသာင္းခ်ီ ထိခိုက္ပ်က္စီးခဲ့ရ ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံ၊ ကာတာႏိုင္ငံႏွင့္ အီဂ်စ္ႏိုင္ငံတို႔ၾကားဝင္ ေစ့စပ္ေပးမႈ ေၾကာင့္ ဂါဇာစစ္ပြဲ ယာယီအပစ္ခတ္ရပ္စဲရန္ ႏွင့္ ဖမ္းဆီးထားသူမ်ား အျပန္အလွန္ျပန္လႊတ္ေပးရန္ သေဘာတူညီ မႈရရွိခဲ့ေၾကာင္း သိရသည္။
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး ရယူထားခ်ိန္အတြင္း ကုလသမဂၢက လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈမွတဆင့္ လူသားခ်င္း ဆိုင္ရာစာနာမႈအကူအညီမ်ားေပးႏိုင္ေရးအတြက္ ရန္ပုံေငြ လိုအပ္ခ်က္က ကုလသမဂၢအဖြဲ႕၏ စြမ္းေဆာင္ရည္ကို ထိခိုက္ဖြယ္ရွိေနေၾကာင္း ကုလသမဂၢ၏ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕အႀကီးအကဲျဖစ္သူ ဟာဒီက ေျပာသည္။
အပစ္ခတ္ရပ္စဲေရးရယူထားသည့္ ပထမသီတင္းပတ္အတြင္း ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ ေပးမည့္ပစၥည္းမ်ားတင္ေဆာင္မည့္ ကုန္ကားအစီးေရတစ္ရက္ကို ၆၀၀ တင္ေဆာင္ေပးမည္ျဖစ္ေၾကာင္းသိရသည္။ ၎က "ဂါဇာေဒသက လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ လိုအပ္ေနတဲ့သူေတြအတြက္ ပထမဆုံးရက္မွာပဲ အကူညီေပးေရးပစၥည္းေတြ တင္ေဆာင္လာတဲ့ ကုန္ကားအစီးေရ ၆၀၀ နဲ႔ ပစၥည္းေတြ ကူညီေပးႏိုင္လို႔ ေပ်ာ္႐ႊင္မိ တယ္။ ဒါေပမယ့္ ရန္ပုံေငြကိစၥက စိုးရိမ္စရာျဖစ္ေနဆဲပါ၊ ရန္ပုံေငြကိစၥဟာ အဓိကအခက္ခဲျဖစ္လာဖြယ္ရွိေန ပါတယ္။ ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲေရးရယူထားတဲ့ ၄၂ ရက္အတြင္း အကူအညီေပးေရးပစၥည္းေတြ ဆက္လက္ေပးဖို႔ ကူညီႏိုင္ဖို႔ ရန္ပုံေငြ လိုအပ္တယ္။ အဲဒီ ၄၂ ရက္ၿပီးခ်ိန္မွာလည္း အပစ္ခတ္ရပ္စဲေရး ဒုတိယ အဆင့္အတြက္ အကူညီေတြထပ္မံေပးႏိုင္ေအာင္ လုပ္ေဆာင္ရမယ္" ဟု ေျပာသည္။
ကုလသမဂၢသည္ ပါလက္စတိုင္းပိုင္နက္အတြင္းေနထိုင္သူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးရန္ အတြက္ အေမရိကန္ေဒၚလာ ၄ ဒသမ ၁ ဘီလ်ံကူညီေပးရန္ ပစ္မွတ္ထားၿပီး ၉၀ ရာခိုင္ႏႈန္းကို ဂါဇာေဒသကို ေပးပို႔ မည္ျဖစ္ကာ လက္ရွိအခ်ိန္တြင္ ရန္ပုံေငြ၏ ၃ ဒသမ ၆ ရာခိုင္ႏႈန္းသာ ရရွိေနေၾကာင္း သိရသည္။