၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ နိုင်ပွဲက ဒေါ်နယ်ထရမ့်ဆီကနေ ခိုးယူခံခဲ့ရတာဖြစ်တယ်လို့ ရုရှားသမ္မတပြော

851

Pika (NP News) - ဇန်နဝါရီ ၂၅
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ နိုင်ပွဲဟာ ဒေါ်နယ်ထရမ့်ထံမှ ခိုးယူခံခဲ့ရတာဖြစ်ပြီး ရလဒ်တွေကို တရားမျှတစွာ ကြေညာခဲ့မယ်ဆိုရင် ယူကရိန်းပဋိပက္ခကို ရှောင်ရှားနိုင်ခဲ့လိမ့်မှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ပြောကြားခဲ့ပါတယ်။ ပူတင်က “ဒေါ်နယ်ထရမ့်သာ အမေရိကန်သမ္မတဖြစ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက ဒေါ်နယ်ထရမ့်ဆီကနေ ခိုးယူမခံခဲ့ရဘူးဆိုရင် ယူကရိန်းပဋိပက္ခက ဖြစ်ပွားလာခဲ့မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ၎င်းသာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့ မယ်ဆိုရင် ယူကရိန်းပဋိပက္ခက ဘယ်တော့မှ စတင်ခဲ့လိမ့်မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က (၂၀၂၃)ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မရှိခဲ့ဘူးဆိုရင် ဒါမှမဟုတ် ကျွန်တော်သာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့မယ်ဆိုရင် ဒီလိုမျိုးစစ်ပွဲတွေလည်း ဖြစ်ပွားလာမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၎င်းရဲ့ရှုံးနိမ့်မှုကို ဘယ်တုန်းကမှ ဝန်ခံခဲ့တာမျိုး မရှိခဲ့ဘူး လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့ရွေးကောက်ပွဲအနိုင်ရရှိမှုအပြီး အမေရိကန် လွှတ်တော်အဆောက်အဦးမှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီရုန်းရင်းဆန်ခတ်မှုတွေကိုဖြစ်ပွားအောင် လှုံ့ဆော်ပေးခဲ့တာဖြစ်တယ်လို့လည်း ဒီမိုကရက်တစ်တွေက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ ဘယ်လိုအမှားမျိုးကိုမှ မကျူးလွန်ခဲ့သလို လှုံ့ဆော်ပေးမှု တွေလည်း လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။
Zawgyi Version;
၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ ႏိုင္ပြဲက ေဒၚနယ္ထရမ့္ဆီကေန ခိုးယူခံခဲ့ရတာျဖစ္တယ္လို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - ဇန္နဝါရီ ၂၅
၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ ႏိုင္ပြဲဟာ ေဒၚနယ္ထရမ့္ထံမွ ခိုးယူခံခဲ့ရတာျဖစ္ၿပီး ရလဒ္ေတြကို တရားမွ်တစြာ ေၾကညာခဲ့မယ္ဆိုရင္ ယူကရိန္းပဋိပကၡကို ေရွာင္ရွားႏိုင္ခဲ့လိမ့္မွာျဖစ္တယ္လို႔ ႐ုရွားသမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။ ပူတင္က “ေဒၚနယ္ထရမ့္သာ အေမရိကန္သမၼတျဖစ္ခဲ့မယ္ဆိုရင္ ဒါမွမဟုတ္ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက ေဒၚနယ္ထရမ့္ဆီကေန ခိုးယူမခံခဲ့ရဘူးဆိုရင္ ယူကရိန္းပဋိပကၡက ျဖစ္ပြားလာခဲ့မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က ၎သာ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီး သမၼတအျဖစ္ ဆက္လက္တာဝန္ယူခဲ့ မယ္ဆိုရင္ ယူကရိန္းပဋိပကၡက ဘယ္ေတာ့မွ စတင္ခဲ့လိမ့္မွာ မဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္က (၂၀၂၃)ခုႏွစ္မွာ ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ မရွိခဲ့ဘူးဆိုရင္ ဒါမွမဟုတ္ ကြၽန္ေတာ္သာ သမၼတအျဖစ္ ဆက္လက္တာဝန္ယူခဲ့မယ္ဆိုရင္ ဒီလိုမ်ိဳးစစ္ပြဲေတြလည္း ျဖစ္ပြားလာမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲမွာ ၎ရဲ႕ရႈံးနိမ့္မႈကို ဘယ္တုန္းကမွ ဝန္ခံခဲ့တာမ်ိဳး မရွိခဲ့ဘူး လို႔လည္း သိရပါတယ္။ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ရဲ႕ေ႐ြးေကာက္ပြဲအႏိုင္ရရွိမႈအၿပီး အေမရိကန္ လႊတ္ေတာ္အေဆာက္အဦးမွာ ႐ုန္းရင္းဆန္ခတ္မႈေတြျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ အဲဒီ႐ုန္းရင္းဆန္ခတ္မႈေတြကိုျဖစ္ပြားေအာင္ လႈံ႕ေဆာ္ေပးခဲ့တာျဖစ္တယ္လို႔လည္း ဒီမိုကရက္တစ္ေတြက စြပ္စြဲ ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က ၎အေနနဲ႔ ဘယ္လိုအမွားမ်ိဳးကိုမွ မက်ဴးလြန္ခဲ့သလို လႈံ႕ေဆာ္ေပးမႈ ေတြလည္း လုပ္ေဆာင္ခဲ့ျခင္းမရွိဘူးလို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုထားပါတယ္။