ရုရှားနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းကို အနောက်အုပ်စုက တွန်းအားပေးသင့်တယ်လို့ သမ္မတပူတင်ပြော

337

Pika (NP News) - ဇန်နဝါရီ ၂၅
ယူကရိန်းရဲ့အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေဟာ ရုရှားနဲ့ဆွေးနွေးမှုအပေါ် ပိတ်ပင်ထားမှုကို ရုတ်သိမ်းဖို့အတွက် ယူကရိန်းအစိုးရကို တွန်းအားပေးသင့်တယ်လို့ ရုရှားသမ္မတပူတင် က ပြောကြားခဲ့ပါတယ်။ ဇီလန်စကီးကသာ ရုရှားနဲ့ဆွေးနွေးမှုကို ပိတ်ပင်ထားမှုတွေ မလုပ်ဆောင်ခဲ့ဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်ခဲ့ပြီး သွေးထွက်သံယိုမှုတွေရှိခဲ့မှာ မဟုတ်ဘူးလို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့ဆွေးနွေးမှုအပေါ် ပိတ်ပင်ထားမှုကို ရုတ်သိမ်းတာမျိုး အပါအဝင် ၎င်းရဲ့ကျောထောက် နောက်ခံနိုင်ငံတွေရဲ့အမိန့်တွေကို လိုက်နာခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းရဲ့တားမြစ်ချက်တွေကို ဖျက်သိမ်းဖို့ အနောက်အုပ်စုနိုင်ငံအချို့ရဲ့ကြိုးပမ်းမှုတွေကိုလည်း သတိထားမိ တယ်လို့ ပူတင်က ထပ်မံပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ ၎င်းရဲ့ကျောထောက်နောက်ခံနိုင်ငံတွေဆီကနေ အမေရိကန်ဒေါ်လာဘီလျံနဲ့ချီပြီး ရရှိနေတာမလို့ လက်ရှိအခြေအနေတွေကို ကျေနပ်နေတာမျိုးဖြစ်တယ်လို့ ပူတင်က ယုံကြည်နေတယ်လို့လည်း သိရပါတယ်။ ပူတင်က “ယူကရိန်းကို ငွေကြေးထောက်ပံ့နေတဲ့နိုင်ငံတွေဟာ ရုရှားနဲ့ဆွေးနွေးမှုအပေါ် ပိတ်ပင်ထား မှုကို ရုတ်သိမ်းဖို့ ယူကရိန်းအစိုးရကို တွန်းအားပေးသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ယူကရိန်းမှာ ဆွေးနွေးမှုအပေါ် တားမြစ်ပိတ်ပင်မှုကို ရုတ်သိမ်းရုံကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အချို့သဘောတူညီချက်တွေကို ချက်ချင်းပြုလုပ်နိုင်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
Zawgyi Version;
႐ုရွားနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းကို အေနာက္အုပ္စုက တြန္းအားေပးသင့္တယ္လို႔ သမၼတပူတင္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၅
ယူကရိန္းရဲ႕အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြဟာ ႐ုရွားနဲ႔ေဆြးေႏြးမႈအေပၚ ပိတ္ပင္ထားမႈကို ႐ုတ္သိမ္းဖို႔အတြက္ ယူကရိန္းအစိုးရကို တြန္းအားေပးသင့္တယ္လို႔ ႐ုရွားသမၼတပူတင္ က ေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးကသာ ႐ုရွားနဲ႔ေဆြးေႏြးမႈကို ပိတ္ပင္ထားမႈေတြ မလုပ္ေဆာင္ခဲ့ဘူးဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္ခဲ့ၿပီး ေသြးထြက္သံယိုမႈေတြရွိခဲ့မွာ မဟုတ္ဘူးလို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းဟာ ႐ုရွားနဲ႔ေဆြးေႏြးမႈအေပၚ ပိတ္ပင္ထားမႈကို ႐ုတ္သိမ္းတာမ်ိဳး အပါအဝင္ ၎ရဲ႕ေက်ာေထာက္ ေနာက္ခံႏိုင္ငံေတြရဲ႕အမိန႔္ေတြကို လိုက္နာခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းရဲ႕တားျမစ္ခ်က္ေတြကို ဖ်က္သိမ္းဖို႔ အေနာက္အုပ္စုႏိုင္ငံအခ်ိဳ႕ရဲ႕ႀကိဳးပမ္းမႈေတြကိုလည္း သတိထားမိ တယ္လို႔ ပူတင္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ယူကရိန္းအစိုးရဟာ ၎ရဲ႕ေက်ာေထာက္ေနာက္ခံႏိုင္ငံေတြဆီကေန အေမရိကန္ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး ရရွိေနတာမလို႔ လက္ရွိအေျခအေနေတြကို ေက်နပ္ေနတာမ်ိဳးျဖစ္တယ္လို႔ ပူတင္က ယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။ ပူတင္က “ယူကရိန္းကို ေငြေၾကးေထာက္ပံ့ေနတဲ့ႏိုင္ငံေတြဟာ ႐ုရွားနဲ႔ေဆြးေႏြးမႈအေပၚ ပိတ္ပင္ထား မႈကို ႐ုတ္သိမ္းဖို႔ ယူကရိန္းအစိုးရကို တြန္းအားေပးသင့္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ယူကရိန္းမွာ ေဆြးေႏြးမႈအေပၚ တားျမစ္ပိတ္ပင္မႈကို ႐ုတ္သိမ္း႐ုံကလြဲၿပီး အျခားနည္းလမ္းမရွိပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။
႐ုရွားဟာ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး အခ်ိဳ႕သေဘာတူညီခ်က္ေတြကို ခ်က္ခ်င္းျပဳလုပ္ႏိုင္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။