PDFများ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှုများစေရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရန် NSPNC နှင့် နိုင်ငံရေး ပါတီများဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး

1035

း
NP News - ဇန်နဝါရီ ၂၅
PDFများ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှုများပြားစေရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရန် NSPNCနှင့် အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီများဘက်က အကြံပြုဆွေးနွေးခြင်းများ ရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့၏ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ရက်နှင့် ၂၄ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ၏ အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များကို နိုင်ငံရေးပါတီများက NSPNCထံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး ကိစ္စ ရပ်များ အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်များအား ဆွေးနွေးခဲ့ကြကြောင်းလည်း နစက၏ ထုတ်ပြန် ချက်အရ သိရသည်။
NSPNCနှင့် နိုင်ငံရေးပါတီများတွေဆုံဆွေးနွေးမှု(၃)ကြိမ်ပြီးမြောက်ပြီးနောက် (၂၀၀၈)အခြေဥပဒေပါ ပြင်ဆင်ချက်များ နှင့်ပတ် သက်၍ အချက်ပေါင်း(၄၃)ချက်ကို ပြင်ဆင်ရန်အတည်ပြုနိုင်ခဲ့ကြောင်း ရခိုင်ဦးဆောင်ပါတီမှ ဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို ပြောသည်။
“ပြီးခဲ့တဲ့ကာလက ဆွေးနွေးပြီးမှ သဘောတူထား ချက်တွေ အဲဒါတွေကို ဆွေးနွေးပြီး (၂)ဖက်လက်မှတ်ထိုးကြတာပေါ့။ (၄၃)ချက်ရှိတယ်။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ကနေ (၁၀)ချက်လောက်ပါတယ်။ ဥပဒေပြုရေးဘက်က (၇)ချက်လောက်ပါတယ်။ နိုင်ငံတော်အကြီးအကဲများနဲ့ ပတ်သက်တဲ့ဘက်က (၃)ချက်လောက်ပါတယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ (၁၀)ချက်လောက်ပါတယ်။ တရားစီ ရင်ရေးနဲ့ ပတ်သက်လို့ ကတော့(၆)ချက်လောက် ပါတယ်။ ဇယား(၁)တို့ (၂)တို့ စသဖြင့်ပါပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ဆွေးနွေးရာတွင် ပြင်ဆင်ရန်အတည်ပြုပြီးသည့် အချက်ပေါင်း(၄၃)ချက် အနက် အချက်(၇) ချက်အား မူလတိုင်းထားရန် ပြန်လည်သဘောတူညီမှုရရှိခဲ့ကြောင်းလည်း ဒေါက်တာအေးမောင်က ဆိုသည်။
“အားလုံး(၄၃)ချက်။ အဲဒီထဲမှာ ဆွေးနွေး ပြီးမှ မူလပုဒ်မတိုင်းပဲထားသင့်ပါတယ်လို့ သဘောတူကြတာက (၃)ခုလောက်ပါပေါ့။ အဲဒါက ဆွေးနွေးခဲ့တဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး သဘောတူညီချက်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဒီနေ့တော့ (၇)ချက်လောက် ဆွေးနွေး ကြတာပေါ့။ ပြီးခဲ့တဲ့အခေါက်ကဆွေးနွေးဖို့ကျန်တဲ့ဥစ္စာကို အပြီးသပ် ဆွေးနွေးကြတယ်လေ။အဲဒီမှာ သဘောတူညီချက်တွေ ရကြပါတယ်။ (၁၀)ချက်လောက်ရသွားတာပေါ့။ အဲဒါတွေက နောက်ဆွေးနွေးပွဲက (၁)လ လောက်ကြာရင် ပြန်လုပ်မှာပေါ့။ အဲဒီအခါမှာ ဆွေးနွေးပြီးမှ အတည်ပြုလက်မှတ်ထိုးကြမှာပေါ့။ အဲဒါလေးတွေတော့ ရခဲ့ပါတယ်”ဟု ၎င်းကဆက်ပြောသည်။
Zawgyi Version:
PDFမ်ား ႏိုင္ငံေတာ္ရင္ခြင္သို႔ ျပန္လည္ဝင္ေရာက္မႈမ်ားေစရန္ႏွင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူရန္ NSPNC ႏွင့္ ႏိုင္ငံေရး ပါတီမ်ားေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြး
NP News - ဇန္နဝါရီ ၂၅
PDFမ်ား ႏိုင္ငံေတာ္ရင္ခြင္သို႔ ျပန္လည္ဝင္ေရာက္မႈမ်ားျပားေစရန္ႏွင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူရန္ NSPNCႏွင့္ အေထြေထြေဆြးေႏြးျခင္းက႑၌ ႏိုင္ငံေရးပါတီမ်ားဘက္က အႀကံျပဳေဆြးေႏြးျခင္းမ်ား ရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)ႏွင့္ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕၏ အလုပ္အဖြဲ႕တို႔၏ေဆြးေႏြးပြဲကို ဇန္နဝါရီလ ၂၃ရက္ႏွင့္ ၂၄ရက္တို႔တြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုဌာန၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲ၏ အေထြေထြေဆြးေႏြးျခင္းက႑၌ ႏိုင္ငံေရးပါတီကိုယ္စားလွယ္မ်ားက ၂၀၂၅ ခုႏွစ္ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥရပ္မ်ား၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းသာယာမႈရရွိရန္ လုပ္ေဆာင္သင့္ေသာ အစီအမံမ်ား၊ ျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို ဥပေဒေၾကာင္းအရ ျဖည့္ဆည္းေပးႏိုင္ေရးကိစၥရပ္မ်ားႏွင့္ လက္ရွိႏိုင္ငံေရးအခင္းအက်င္းႏွင့္ အစိုးရႏွင့္ျပည္သူ လက္တြဲ၍ ေက်ာ္လႊားႏိုင္ေရးကိစၥရပ္မ်ားကို ႏိုင္ငံေရးပါတီမ်ားက NSPNCထံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေရးဝါဒမႈိင္းမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ PDF မ်ားကို ႏိုင္ငံေတာ္ရင္ခြင္သို႔ ျပန္လည္ဝင္ေရာက္မႈ မ်ားျပားလာေစေရး ကိစၥ ရပ္မ်ား အျပင္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူေရး အႀကံျပဳခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္းလည္း နစက၏ ထုတ္ျပန္ ခ်က္အရ သိရသည္။
NSPNCႏွင့္ ႏိုင္ငံေရးပါတီမ်ားေတြဆုံေဆြးေႏြးမႈ(၃)ႀကိမ္ၿပီးေျမာက္ၿပီးေနာက္ (၂၀၀၈)အေျခဥပေဒပါ ျပင္ဆင္ခ်က္မ်ား ႏွင့္ပတ္ သက္၍ အခ်က္ေပါင္း(၄၃)ခ်က္ကို ျပင္ဆင္ရန္အတည္ျပဳႏိုင္ခဲ့ေၾကာင္း ရခိုင္ဦးေဆာင္ပါတီမွ ဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။
“ၿပီးခဲ့တဲ့ကာလက ေဆြးေႏြးၿပီးမွ သေဘာတူထား ခ်က္ေတြ အဲဒါေတြကို ေဆြးေႏြးၿပီး (၂)ဖက္လက္မွတ္ထိုးၾကတာေပါ့။ (၄၃)ခ်က္ရွိတယ္။ အဲဒါကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၁) ကေန (၁၀)ခ်က္ေလာက္ပါတယ္။ ဥပေဒျပဳေရးဘက္က (၇)ခ်က္ေလာက္ပါတယ္။ ႏိုင္ငံေတာ္အႀကီးအကဲမ်ားနဲ႔ ပတ္သက္တဲ့ဘက္က (၃)ခ်က္ေလာက္ပါတယ္။ အုပ္ခ်ဳပ္ေရးနဲ႔ပတ္သက္လို႔ (၁၀)ခ်က္ေလာက္ပါတယ္။ တရားစီ ရင္ေရးနဲ႔ ပတ္သက္လို႔ ကေတာ့(၆)ခ်က္ေလာက္ ပါတယ္။ ဇယား(၁)တို႔ (၂)တို႔ စသျဖင့္ပါပါတယ္”ဟု ေဒါက္တာေအးေမာင္က ေျပာသည္။
အေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္ေဆြးေႏြးရာတြင္ ျပင္ဆင္ရန္အတည္ျပဳၿပီးသည့္ အခ်က္ေပါင္း(၄၃)ခ်က္ အနက္ အခ်က္(၇) ခ်က္အား မူလတိုင္းထားရန္ ျပန္လည္သေဘာတူညီမႈရရွိခဲ့ေၾကာင္းလည္း ေဒါက္တာေအးေမာင္က ဆိုသည္။
“အားလုံး(၄၃)ခ်က္။ အဲဒီထဲမွာ ေဆြးေႏြး ၿပီးမွ မူလပုဒ္မတိုင္းပဲထားသင့္ပါတယ္လို႔ သေဘာတူၾကတာက (၃)ခုေလာက္ပါေပါ့။ အဲဒါက ေဆြးေႏြးခဲ့တဲ့ အႀကိမ္ႀကိမ္ေဆြးေႏြးၿပီး သေဘာတူညီခ်က္ေတြကို စုစည္းထားတာ ျဖစ္ပါတယ္။ ဒီေန႔ေတာ့ (၇)ခ်က္ေလာက္ ေဆြးေႏြး ၾကတာေပါ့။ ၿပီးခဲ့တဲ့အေခါက္ကေဆြးေႏြးဖို႔က်န္တဲ့ဥစၥာကို အၿပီးသပ္ ေဆြးေႏြးၾကတယ္ေလ။အဲဒီမွာ သေဘာတူညီခ်က္ေတြ ရၾကပါတယ္။ (၁၀)ခ်က္ေလာက္ရသြားတာေပါ့။ အဲဒါေတြက ေနာက္ေဆြးေႏြးပြဲက (၁)လ ေလာက္ၾကာရင္ ျပန္လုပ္မွာေပါ့။ အဲဒီအခါမွာ ေဆြးေႏြးၿပီးမွ အတည္ျပဳလက္မွတ္ထိုးၾကမွာေပါ့။ အဲဒါေလးေတြေတာ့ ရခဲ့ပါတယ္”ဟု ၎ကဆက္ေျပာသည္။