ရုရှားနဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၇၅၇)ဦးရဲ့ ရုပ်အလောင်းတွေကို လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရပြော

 575

Pika (NP News) - ဇန်နဝါရီ ၂၅

ရုရှားနဲ့ တိုက်ပွဲတွေအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သားရာချီရဲ့ရုပ်အလောင်းတွေကို လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရက ဇန်နဝါရီလ(၂၄)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလက်ခံရရှိမှုဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းစစ်သား ရုပ်အလောင်းတွေ အကြီးမားဆုံး လက်ခံရရှိမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ယူကရိန်းအစိုးရက ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်ပို့မှုကို ယူကရိန်းအေဂျင်စီတစ်ခုဖြစ်တဲ့ စစ်သုံ့ပန်းတွေ ကုသရေး ညှိနှိုင်းရေးဌာနချုပ်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်သုံ့ပန်းတွေ ကုသရေး ညှိနှိုင်းရေးဌာနချုပ်က “ရုရှားနဲ့တိုက်ပွဲတွေအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၇၅၇)ဦးရဲ့ ရုပ်အလောင်း တွေကို ပြန်လည်လက်ခံရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းစစ်သား(၄၅၁)ဦးရဲ့ရုပ်အလောင်းတွေဟာ ဒွန်းညက်စ်မြို့ စစ်မြေမျက်နှာပြင်ကနေ ပြန်လည်လက်ခံရရှိခဲ့တာဖြစ်တယ်လို့ အဲဒီညှိနှိုင်းရေးဌာနချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်သား(၃၄)ဦးရဲ့ရုပ်အလောင်းတွေဟာ ရုရှားနိုင်ငံ morgues မြို့ကနေ ပြန်လည်ပေးပို့ခဲ့တာဖြစ်တယ်လို့ အဲဒီညှိနှိုင်းရေးဌာနချုပ်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ(၂၄)ရက်က ပေးပို့မှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစတင်ပြီး ယူကရိန်းနိုင်ငံသားရုပ်အလောင်း (၅၀၀) ကျော် ဒါမှမဟုတ် အဲဒီအရေအတွက်ထက်ပိုတဲ့ (၅)ကြိမ်‌မြောက်ပေးပို့မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါ တယ်။

Zawgyi Version:
႐ုရွားနဲ႔တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား(၇၅၇)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းအစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၂၅

႐ုရွားနဲ႔ တိုက္ပြဲေတြအတြင္းမွာ က်ဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သားရာခ်ီရဲ႕႐ုပ္အေလာင္းေတြကို လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းအစိုးရက ဇန္နဝါရီလ(၂၄)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီလက္ခံရရွိမႈဟာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ပိုင္း ယူကရိန္းစစ္သား ႐ုပ္အေလာင္းေတြ အႀကီးမားဆုံး လက္ခံရရွိမႈေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း ယူကရိန္းအစိုးရက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္ပို႔မႈကို ယူကရိန္းေအဂ်င္စီတစ္ခုျဖစ္တဲ့ စစ္သုံ႔ပန္းေတြ ကုသေရး ညႇိႏႈိင္းေရးဌာနခ်ဳပ္က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ စစ္သုံ႔ပန္းေတြ ကုသေရး ညႇိႏႈိင္းေရးဌာနခ်ဳပ္က “႐ုရွားနဲ႔တိုက္ပြဲေတြအတြင္းမွာ က်ဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား(၇၅၇)ဦးရဲ႕ ႐ုပ္အေလာင္း ေတြကို ျပန္လည္လက္ခံရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းစစ္သား(၄၅၁)ဦးရဲ႕႐ုပ္အေလာင္းေတြဟာ ဒြန္းညက္စ္ၿမိဳ႕ စစ္ေျမမ်က္ႏွာျပင္ကေန ျပန္လည္လက္ခံရရွိခဲ့တာျဖစ္တယ္လို႔ အဲဒီညႇိႏႈိင္းေရးဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္သား(၃၄)ဦးရဲ႕႐ုပ္အေလာင္းေတြဟာ ႐ုရွားႏိုင္ငံ morgues ၿမိဳ႕ကေန ျပန္လည္ေပးပို႔ခဲ့တာျဖစ္တယ္လို႔ အဲဒီညႇိႏႈိင္းေရးဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။
ဇန္နဝါရီလ(၂၄)ရက္က ေပးပို႔မႈဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကေနစတင္ၿပီး ယူကရိန္းႏိုင္ငံသား႐ုပ္အေလာင္း (၅၀၀) ေက်ာ္ ဒါမွမဟုတ္ အဲဒီအေရအတြက္ထက္ပိုတဲ့ (၅)ႀကိမ္‌ေျမာက္ေပးပို႔မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါ တယ္။

Related news

© 2021. All rights reserved.