မြန်မာနိုင်ငံရဲ့ပြည်တွင်းအရေးကိစ္စကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်မယ်

9284

မင်းခန့် (NP News) - ဇန်နဝါရီ ၂၅
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က လန်ကာဝီ(Langkawi)ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ ဝန်ကြီးများအဆင့်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက နစကအစိုးရ အကောင်အထည်ဖော်နေတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရဲ့သဘောထားကို မေးမြန်းတဲ့အချိန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က “ရွေးကောက်ပွဲဆိုတာဟာ အင်အားစုအသီးသီး စုံစုံညီညီပါဝင်ဖို့လိုအပ်ပြီး အစုအဖွဲ့တစ်ခုတည်းက သီးခြားကျင်းပလို့မရကြောင်း၊ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အင်အားစုအားလုံး အကျုံးဝင်နိုင်ရမှာဖြစ်ကြောင်း၊ လောလောဆယ် မြန်မာရဲ့ဦးစားပေးလုပ်ဆောင်ရမယ့်ကိစ္စဟာ ကြမ်းတမ်းရက်စက်မှုတွေ အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ဖို့သာဖြစ်သင့်ကြောင်း” မိုဟာမက်က ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံ၊ Davos(ဒါဗို့စ်)မြို့မှာ ဇန်နဝါရီလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr Sugion(ဆူဂီရိုနို) ဆိုသူက “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအားလုံးနှင့်အမျိုးသားအဆင့်ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး နှင့်တည်ငြိမ်ရေးရရှိရန် သက်ဆိုင်သူအားလုံးပါဝင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲအား ဦးစားပေးလုပ်သွားရ မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ဒီပြောဆိုမှုတွေဟာ မြန်မာနိုင်ငံကိုခုတုံးလုပ်ပြီး ထင်ပေါ်ကျော်ကြားချင်တဲ့စိတ်နဲ့ အဆင့်အတန်း မဲ့စွာ ပြောဆိုခဲ့တဲ့ပြောဆိုမှုတွေသာဖြစ်ပါတယ်။ နစကအစိုးရ စတင်တာဝန်ယူခဲ့စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်သူတွေမျှော်လင့်စောင့်စားနေတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေသလို၊ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အကြိမ်ကြိမ်ဖိတ်ခေါ်မှုတွေရှိသလို၊ ငြိမ်းချမ်းရေးအတွက်လည်း အမြဲတမ်းတံခါးဖွင့် ကြိုဆိုလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေအပါအဝင် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေကို ဂဃနဏ မသိဘဲ ဝင်ရောက်စွက်ဖက်ပြီး ဘာမလုပ်ရဘူး၊ ဘာလုပ်ရမယ်ဆိုသလိုမျိုး ပြောဆိုဝေဖန်စရာ အကြောင်းမရှိပါဘူး။
အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးဟာ အဲဒီနိုင်ငံရဲ့အစိုးရနဲ့ ပြည်သူတွေက စိတ်ကြိုက်စီမံဆုံးဖြတ်ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စအဝဝဟာ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေသာသက်ဆိုင်ပြီး ဘယ်အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်၊ ဘယ်အချိန်မှာ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာကို မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေကပဲ စီမံဆုံးဖြတ် ကြရမှာပါ။ ဘယ်ပြည်ပနိုင်ငံကမှ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားတို့လို အာဆီယံဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ပါ လျက်နဲ့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အပြုသဘောဆောင်ကာ ဝိုင်းဝန်းကူညီဆောင်ရွက် ရမယ့်အစား ထင်ပေါ်ကျော်ဇောမှုအတွက် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ထင်ရာမြင်ရာနဲ့ဝေဖန် ပြောဆိုမှုတွေဟာ ရှက်ဖွယ်ကောင်းတဲ့ ပြောဆိုမှုတွေသာဖြစ်ပါတယ်။
Zawgyi Version:
ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းအေရးကိစၥကို ျမန္မာျပည္သူေတြကပဲ ဆုံးျဖတ္မယ္
မင္းခန႔္ (NP News) - ဇန္နဝါရီ ၂၅
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၉ ရက္က လန္ကာဝီ(Langkawi)ကြၽန္းမွာ က်င္းပျပဳလုပ္ခဲ့တဲ့ အာဆီယံ ဝန္ႀကီးမ်ားအဆင့္အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြက နစကအစိုးရ အေကာင္အထည္ေဖာ္ေနတဲ့ ေ႐ြးေကာက္ပြဲကိစၥနဲ႔ပတ္သက္ၿပီး မေလးရွားရဲ႕သေဘာထားကို ေမးျမန္းတဲ့အခ်ိန္မွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ဟာဆန္က “ေ႐ြးေကာက္ပြဲဆိုတာဟာ အင္အားစုအသီးသီး စုံစုံညီညီပါဝင္ဖို႔လိုအပ္ၿပီး အစုအဖြဲ႕တစ္ခုတည္းက သီးျခားက်င္းပလို႔မရေၾကာင္း၊ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္တဲ့ အင္အားစုအားလုံး အက်ဳံးဝင္ႏိုင္ရမွာျဖစ္ေၾကာင္း၊ ေလာေလာဆယ္ ျမန္မာရဲ႕ဦးစားေပးလုပ္ေဆာင္ရမယ့္ကိစၥဟာ ၾကမ္းတမ္းရက္စက္မႈေတြ အဆုံးသတ္ဖို႔၊ ၿငိမ္းခ်မ္းေရးကို ျပန္လည္ေဖာ္ေဆာင္ဖို႔သာျဖစ္သင့္ေၾကာင္း” မိုဟာမက္က ေျပာၾကားသြားခဲ့ပါတယ္။
ဒါ့အျပင္ ဆြစ္ဇာလန္ႏိုင္ငံ၊ Davos(ဒါဗို႔စ္)ၿမိဳ႕မွာ ဇန္နဝါရီလ ၂၂ ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ကမာၻ႔စီးပြားေရးဖိုရမ္မွာ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Mr Sugion(ဆူဂီ႐ိုႏို) ဆိုသူက “ျမန္မာႏိုင္ငံရွိ ႏိုင္ငံေရးပါတီအားလုံးႏွင့္အမ်ိဳးသားအဆင့္ေဆြးေႏြးပြဲတစ္ရပ္ ျပဳလုပ္ႏိုင္ေရးအတြက္ ပံ့ပိုးကူညီသြားရန္ အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ဆုံးျဖတ္ထားေၾကာင္း၊ ျမန္မာႏိုင္ငံမွာ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရး ႏွင့္တည္ၿငိမ္ေရးရရွိရန္ သက္ဆိုင္သူအားလုံးပါဝင္တဲ့ အမ်ိဳးသားအဆင့္ေဆြးေႏြးပြဲအား ဦးစားေပးလုပ္သြားရ မည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါတယ္။
ဒီေျပာဆိုမႈေတြဟာ ျမန္မာႏိုင္ငံကိုခုတုံးလုပ္ၿပီး ထင္ေပၚေက်ာ္ၾကားခ်င္တဲ့စိတ္နဲ႔ အဆင့္အတန္း မဲ့စြာ ေျပာဆိုခဲ့တဲ့ေျပာဆိုမႈေတြသာျဖစ္ပါတယ္။ နစကအစိုးရ စတင္တာဝန္ယူခဲ့စဥ္ကတည္းက ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ ခ်မွတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ျပည္သူေတြေမွ်ာ္လင့္ေစာင့္စားေနတဲ့ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပဖို႔အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနသလို၊ တစ္ဖက္မွာလည္း တိုင္းရင္းသားလက္နက္ကိုင္ေတြကို ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔အတြက္ အႀကိမ္ႀကိမ္ဖိတ္ေခၚမႈေတြရွိသလို၊ ၿငိမ္းခ်မ္းေရးအတြက္လည္း အၿမဲတမ္းတံခါးဖြင့္ ႀကိဳဆိုလ်က္ရွိပါတယ္။ ဒီလိုလုပ္ေဆာင္ခ်က္ေတြအပါအဝင္ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥေတြကို ဂဃနဏ မသိဘဲ ဝင္ေရာက္စြက္ဖက္ၿပီး ဘာမလုပ္ရဘူး၊ ဘာလုပ္ရမယ္ဆိုသလိုမ်ိဳး ေျပာဆိုေဝဖန္စရာ အေၾကာင္းမရွိပါဘူး။
အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုရဲ႕ျပည္တြင္းေရးဟာ အဲဒီႏိုင္ငံရဲ႕အစိုးရနဲ႔ ျပည္သူေတြက စိတ္ႀကိဳက္စီမံဆုံးျဖတ္ၾကတာပဲ ျဖစ္ပါတယ္။ အဲဒီလိုပဲ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးကိစၥအဝဝဟာ ျမန္မာႏိုင္ငံအစိုးရနဲ႔ ျမန္မာျပည္သူေတြသာသက္ဆိုင္ၿပီး ဘယ္အခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္မယ္၊ ဘယ္အခ်ိန္မွာ ၿငိမ္းခ်မ္းေရးလုပ္မယ္ဆိုတာကို ျမန္မာႏိုင္ငံအစိုးရနဲ႔ ျပည္သူေတြကပဲ စီမံဆုံးျဖတ္ ၾကရမွာပါ။ ဘယ္ျပည္ပႏိုင္ငံကမွ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ခြင့္ မရွိပါဘူး။ အထူးသျဖင့္ မေလးရွား၊ အင္ဒိုနီးရွားတို႔လို အာဆီယံေဒသတြင္းက ႏိုင္ငံျခားေရးဝန္ႀကီးေတြျဖစ္ပါ လ်က္နဲ႔ လက္ရွိအစိုးရရဲ႕ လုပ္ေဆာင္မႈေတြကို အျပဳသေဘာေဆာင္ကာ ဝိုင္းဝန္းကူညီေဆာင္႐ြက္ ရမယ့္အစား ထင္ေပၚေက်ာ္ေဇာမႈအတြက္ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကို ထင္ရာျမင္ရာနဲ႔ေဝဖန္ ေျပာဆိုမႈေတြဟာ ရွက္ဖြယ္ေကာင္းတဲ့ ေျပာဆိုမႈေတြသာျဖစ္ပါတယ္။