ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်ခြင်းက ထိန်းချုပ်၍မရနိုင်သောတင်းမာမှုများဖြစ်လာဖွယ်ရှိဟု ရုရှားသတိပေး

397

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားခြင်းသည် ထိန်းချုပ်၍ မရနိုင်သော တင်းမာမှုများပိုမို ဖြစ်လာဖွယ်ရှိနေကြောင်း ရုရှားအစိုးရက သတိပေးပြောဆိုလိုက်သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြား အပစ်အခတ်ရပ်စဲချိန်တွင် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန် နေတိုးအဖွဲ့ဝင်နိုင်ငံများက အဆိုပြုခြင်းများရှိလာခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ယူကရိန်းသို့ နေတိုးအဖွဲ့ဝင်နိုင်ငံ များမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်မည့်အစီအစဉ်ကို လုံးဝလက်မခံနိုင်ကြောင်း ပြောသည်။ ဗြိတိန် ဝန်ကြီးချုပ် စတာမာ နှင့် ဂျာမနီကာကွယ်ရေးဝန်ကြီးတို့က ယူကရိန်းနိုင်ငံသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် များစေလွှတ်ရန် ပြီးခဲ့သောသီတင်းပတ်အတွင်း ထုတ်ဖော်ပြောခဲ့ဖူးကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက ၎င်းတို့သည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေ လွှတ်နိုင်ရန် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများနှင့်ဆွေးနွေးနေကြောင်း ပြောသည်။ ယူကရိန်းသမ္မတဇီလန်စကီးကလည်း ယူကရိန်း နှင့် ရုရှားနိုင်ငံကြား အပစ်အခတ်ရပ် စဲရေးရရှိခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသို့ ဥရောပတိုက်နိုင်ငံများမှ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အနည်းဆုံး (၂)သိန်းခန့် စေလွှတ်စေလိုကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ပြောခဲ့ဖူးသည်။
ရုရှားအစိုးရက ၎င်းတို့သည် လက်ရှိအချိန်တွင် ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်သမ္မတအသစ်ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ပြောသည်။ အမေရိကန် သမ္မတဟောင်းဂျိုးဘိုင်ဒန် လက်ထက်တွင် ယူကရိန်းနှင့်ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့သော်လည်း စစ်ပွဲ အဆုံးသတ်ရန် ကြားဝင်ဆောင်ရွက်ခြင်းမျိုးမရှိဘဲ ယူကရိန်းကို ကူညီပေးကာ အခြားတစ်ဖက်တွင် ရုရှားကို ပစ်မှတ်ထားပိတ်ဆို့မှုချ မှတ်နေကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန် တွင် ရုရှား နှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲအဆုံးသတ်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဟုပြောဆိုထားပြီး ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးရန် အလားအလာရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

Zawgyi Version;
ယူကရိန္းသို႔ ေနတိုးတပ္ဖြဲ႕ဝင္မ်ားေစလႊတ္ျခင္းက ထိန္းခ်ဳပ္၍မရႏိုင္ေသာတင္းမာမႈမ်ားျဖစ္လာဖြယ္ရွိဟု ႐ုရွား သတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ယူကရိန္းႏိုင္ငံတြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားျခင္းသည္ ထိန္းခ်ဳပ္၍ မရႏိုင္ေသာ တင္းမာမႈမ်ားပိုမို ျဖစ္လာဖြယ္ရွိေနေၾကာင္း ႐ုရွားအစိုးရက သတိေပးေျပာဆိုလိုက္သည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား အပစ္အခတ္ရပ္စဲခ်ိန္တြင္ ယူကရိန္းႏိုင္ငံသို႔ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ေပးရန္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက အဆိုျပဳျခင္းမ်ားရွိလာခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက တုံ႔ျပန္လိုက္ျခင္းျဖစ္သည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ က ယူကရိန္းသို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္မည့္အစီအစဥ္ကို လုံးဝလက္မခံႏိုင္ေၾကာင္း ေျပာသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာ ႏွင့္ ဂ်ာမနီကာကြယ္ေရးဝန္ႀကီးတို႔က ယူကရိန္းႏိုင္ငံသို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ရန္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ထုတ္ေဖာ္ေျပာခဲ့ဖူးေၾကာင္း သိရသည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာက ၎တို႔သည္ ယူကရိန္းႏိုင္ငံသို႔ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ားေစ လႊတ္ႏိုင္ရန္ မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ေဆြးေႏြးေနေၾကာင္း ေျပာသည္။ ယူကရိန္းသမၼတဇီလန္စကီးကလည္း ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား အပစ္အခတ္ရပ္ စဲေရးရရွိခဲ့ၿပီးေနာက္ ယူကရိန္းႏိုင္ငံသို႔ ဥေရာပတိုက္ႏိုင္ငံမ်ားမွ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ အနည္းဆုံး (၂)သိန္းခန႔္ ေစလႊတ္ေစလိုေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေျပာခဲ့ဖူးသည္။
႐ုရွားအစိုးရက ၎တို႔သည္ လက္ရွိအခ်ိန္တြင္ ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ရန္အတြက္ အေမရိကန္သမၼတအသစ္ေဒၚနယ္ထရမ့္ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ လမ္းဖြင့္ထားေၾကာင္း ေျပာသည္။ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ေသာ္လည္း စစ္ပြဲ အဆုံးသတ္ရန္ ၾကားဝင္ေဆာင္႐ြက္ျခင္းမ်ိဳးမရွိဘဲ ယူကရိန္းကို ကူညီေပးကာ အျခားတစ္ဖက္တြင္ ႐ုရွားကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ေနေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူခ်ိန္တြင္ ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြားေနေသာစစ္ပြဲအဆုံးသတ္ရန္ အစြမ္းကုန္ႀကိဳးပမ္းမည္ဟု ေျပာဆိုထားၿပီး ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ အလားအလာရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။