ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနယ်စပ်ဒေသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော

1189

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသ လျှပ်စစ်ဓါတ်အားကူညီထောက်ပံ့ပေးခြင်းများကို ဖြတ်တောက်ထား ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်း မှတဆင့် လိမ်လည်မှုကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းများကို တားဆီးနိုင်ရန်အတွက် ပြီးခဲ့သောနှစ် ဇွန်လ ကတည်းက တက်ပြည်နယ်မဲဆောက်မြို့နှင့် မဲရာမက်မြိုများမှ မြန်မာနယ်စပ်ဒေသသို့ လျှပ်စစ် ပေးပို့ကူညီခြင်း များကို ဖြတ်တောက်လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံသည် ထိုင်း နှင့် မြန်မာနယ်စပ်ဒေသ လေးခုတွင် လျှပ်စစ်ဓါတ်အား ကူညီပံ့ပိုးပေးခြင်းများ လုပ်ဆောင်နေကြောင်း၊ ထိုင်း နှင့် မြန်မာနိုင်ငံကြား အမှတ်-၂ ချစ်ကြည်ရေးတံတား၊ မြဝတီနယ်စပ်ဒေသ၊ မဲရာမက်၊ မဲဆောက်ဒေသများကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေကြောင်းသိရသည်။သိုသော်လည်း ထိုင်းအစိုးရ သည် ထိုင်းနှင့်မြန်မာ အမှတ်-၂ ချစ်ကြည်ရေးတံတား၊ ဒေသခံများ အသုံးပြုရန် မြဝတီနယ်စပ်ဒေသသို့ လျှပ်စစ် ဓါတ်အားပေးပိုခြင်းများကို ဆက်လက်ခွင့်ပြုထားဆဲဖြစ်သော်လည်း ဇွန်လ ၅ ရက်နောက်ပိုင်းကတည်းက မဲဆောက်၊ မဲရာမက်မြို့များမှ နယ်စပ်ဒေသဖြတ်သန်းပြီး လျှပ်စစ်ဓါတ်အား တိုက်ရိုက်ပေးပို့ခြင်းများကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး က ပြောသည်။
လျှပ်စစ်ဓါတ်အားဖြတ်တောက်ခြင်းက မြန်မာနယ်စပ်ဒေသတွင် အခြေစိုက်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၊ လောင်းကစားဂိုဏ်းများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး က ပြောသည်။ ထို့အပြင် ထိုင်းအစိုးရသည် မဲဆောက် နှင့် မဲရာမက်မြိုများတွင် တရားမဝင်အခြေစိုက်ထားသော ဆက်သွယ်ရေးတိုင်များ၊ အခြေစိုက်စခန်းများကိုလည်း ဖျက်သိမ်းခဲ့ကြောင်း၊ မကြာမီတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနယ်စပ်ဒေသသို အင်တာနက် ဆက်သွယ်နေခြင်းများကို ဖြတ်တောက်မည်ဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းက ပြောသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် အခြေစိုက်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့် လိမ်လည်နေသောဂိုဏ်းများကို ဖြိုခွင်းနိုင်ရန် ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို ပူးပေါင်းဆောင်ရွက်ရန် အဓိက အရေးကြီးကြောင်း၊ ရွှေကုက္ကိုလ်သို အလုပ်သမားများ သွားရောက်ခြင်းကိုလည်း ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
Zawgyi Version:
ထိုင္းႏိုင္ငံဘက္ျခမ္းမွ ျမန္မာနယ္စပ္ေဒသို႔ လွ်ပ္စစ္မီးျဖတ္ေတာက္ျခင္းမ်ား လုပ္ေဆာင္ခဲ့ဟု ထိုင္းကာကြယ္ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံနယ္စပ္ေဒသ လွ်ပ္စစ္ဓါတ္အားကူညီေထာက္ပံ့ေပးျခင္းမ်ားကို ျဖတ္ေတာက္ထား ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီး ဝီခ်ာယာခ်ိဳင္းက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ အြန္လိုင္း မွတဆင့္ လိမ္လည္မႈက်ဴးလြန္ေနေသာ ရာဇဝတ္ဂိုဏ္းမ်ားကို တားဆီးႏိုင္ရန္အတြက္ ၿပီးခဲ့ေသာႏွစ္ ဇြန္လ ကတည္းက တက္ျပည္နယ္မဲေဆာက္ၿမိဳ႕ႏွင့္ မဲရာမက္ၿမိဳမ်ားမွ ျမန္မာနယ္စပ္ေဒသသို႔ လွ်ပ္စစ္ ေပးပို႔ကူညီျခင္း မ်ားကို ျဖတ္ေတာက္လိုက္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးက ေျပာသည္။
ထိုင္းႏိုင္ငံသည္ ထိုင္း ႏွင့္ ျမန္မာနယ္စပ္ေဒသ ေလးခုတြင္ လွ်ပ္စစ္ဓါတ္အား ကူညီပံ့ပိုးေပးျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း၊ ထိုင္း ႏွင့္ ျမန္မာႏိုင္ငံၾကား အမွတ္-၂ ခ်စ္ၾကည္ေရးတံတား၊ ျမဝတီနယ္စပ္ေဒသ၊ မဲရာမက္၊ မဲေဆာက္ေဒသမ်ားကို လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေပးေနေၾကာင္းသိရသည္။သိုေသာ္လည္း ထိုင္းအစိုးရ သည္ ထိုင္းႏွင့္ျမန္မာ အမွတ္-၂ ခ်စ္ၾကည္ေရးတံတား၊ ေဒသခံမ်ား အသုံးျပဳရန္ ျမဝတီနယ္စပ္ေဒသသို႔ လွ်ပ္စစ္ ဓါတ္အားေပးပိုျခင္းမ်ားကို ဆက္လက္ခြင့္ျပဳထားဆဲျဖစ္ေသာ္လည္း ဇြန္လ ၅ ရက္ေနာက္ပိုင္းကတည္းက မဲေဆာက္၊ မဲရာမက္ၿမိဳ႕မ်ားမွ နယ္စပ္ေဒသျဖတ္သန္းၿပီး လွ်ပ္စစ္ဓါတ္အား တိုက္႐ိုက္ေပးပို႔ျခင္းမ်ားကို ျဖတ္ေတာက္လိုက္ျခင္းျဖစ္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီး က ေျပာသည္။
လွ်ပ္စစ္ဓါတ္အားျဖတ္ေတာက္ျခင္းက ျမန္မာနယ္စပ္ေဒသတြင္ အေျခစိုက္လုပ္ကိုင္ေနေသာ အြန္လိုင္းမွတဆင့္ လိမ္လည္ေနသည့္ဂိုဏ္းမ်ား၊ ေလာင္းကစားဂိုဏ္းမ်ားကို ပစ္မွတ္ထားျခင္းျဖစ္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီး က ေျပာသည္။ ထို႔အျပင္ ထိုင္းအစိုးရသည္ မဲေဆာက္ ႏွင့္ မဲရာမက္ၿမိဳမ်ားတြင္ တရားမဝင္အေျခစိုက္ထားေသာ ဆက္သြယ္ေရးတိုင္မ်ား၊ အေျခစိုက္စခန္းမ်ားကိုလည္း ဖ်က္သိမ္းခဲ့ေၾကာင္း၊ မၾကာမီတြင္ ထိုင္းႏိုင္ငံဘက္ျခမ္းမွ ျမန္မာနယ္စပ္ေဒသသို အင္တာနက္ ဆက္သြယ္ေနျခင္းမ်ားကို ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ထိုင္း ကာကြယ္ေရးဝန္ႀကီး ဝီခ်ာယာခ်ိဳင္းက ေျပာသည္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက ထိုင္းႏွင့္ျမန္မာနယ္စပ္ေဒသတြင္ အေျခစိုက္လုပ္ကိုင္ေနေသာ အြန္လိုင္းမွတဆင့္ လိမ္လည္ေနေသာဂိုဏ္းမ်ားကို ၿဖိဳခြင္းႏိုင္ရန္ ထိုင္း၊ ျမန္မာ ႏွင့္ တ႐ုတ္ႏိုင္ငံတို ပူးေပါင္းေဆာင္႐ြက္ရန္ အဓိက အေရးႀကီးေၾကာင္း၊ ေ႐ႊကုကၠိဳလ္သို အလုပ္သမားမ်ား သြားေရာက္ျခင္းကိုလည္း ကန႔္သတ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။