တရားမဝင် လက်နက်ကုန်သွယ်မှုကိုတားဆီးရန်အတွက် နိုင်ငံတစ်ဝန်း ဝင်ရောက်စီးနင်းမှုကို ယူကရိန်းရဲတပ်ဖွဲ့ပြုလုပ်

 354

Pika (NP News) - ဇန်နဝါရီ ၂၅

ယူကရိန်းနိုင်ငံအတွင်း၌ လက်နက်နှင့် ခဲယမ်းမီးကျောက်များ တရားမဝင်ရောင်းချမှုကို ရပ်တန့်ရန်အတွက် ယူကရိန်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ဇန်နဝါရီလ(၂၃)ရက်တွင် နိုင်ငံတစ် ဝန်းစီးနင်းမှု(၁၀ဝဝ)ခန့်ကို လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (၂၀၂၂)ခုနှစ်တွင် ရုရှားက ကျူးကျော်တိုက်ခိုက်မှုများကို စတင်လုပ် ဆောင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံအတွင်း၌ လက်နက်များပြန့်ပွားလာမှုသည် ယူကရိန်းအစိုးရနှင့် ၎င်း၏အနောက် အုပ်စုကျောထောက်နောက်ခံနိုင်ငံများကြားတွင် လက်နက်မှောင်ခိုတင်သွင်းမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ‘‘အဓိကရည်ရွယ်ချက်ကတော့ လက်နက်အရောင်းနဲ့ သိုလှောင်မှုလမ်းကြောင်းတွေကို ပိတ်ပစ်ဖို့နဲ့ ရုရှားစစ်သားတွေဆီက သိမ်းယူလာတဲ့ လက်နက်တွေအပြင် တရားမဝင်မှောင်ခိုရောင်းဝယ်နေတဲ့ ခဲယမ်းမီးကျည်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းယူနိုင်ဖို့ အခုလိုစီးနင်းမှုတွေလုပ်ဆောင်ခဲ့တာပါ” ဟု ပြောခဲ့သည်။ ထို့ပြင် အဆိုပါလုပ်ရပ်များ၏ အဓိကခေါင်းဆောင်များအနေဖြင့် ထောင်ဒဏ်(၇)နှစ်အထိ ကျခံရနိုင် ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ ယူကရိန်းတရားဥပဒေစိုး မိုးရေးအေဂျင်စီများ သည် စီးနင်းမှုများအတွင်း လက်နက်ခဲယမ်းများနှင့်ငွေသားများကို သိမ်းဆည်းရန်အတွက် တံခါးများကို ဖျက်ပြီး ဝင်ရောက် ရန်ပြင်ဆင်နေသည့် ဗီဒီယိုများကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါစီးနင်းမှုများသည် ယူကရိန်းနိုင်ငံအတွင်း၌ တရားမဝင်လက်နက်ဖြန့်ဖြူးမှုများကို နှိမ်နင်းရန်အတွက် တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ နောက်ဆုံးအကြိမ်ထွက်ပေါ်လာသော ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သော ဝင်ရောက်စီးနင်းမှုများအတွင်း ယူရို(၄)သောင်း တန် သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင် လက်နက်မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။

Zawgyi Version:
တရားမဝင္ လက္နက္ကုန္သြယ္မႈကိုတားဆီးရန္အတြက္ ႏိုင္ငံတစ္ဝန္း ဝင္ေရာက္စီးနင္းမႈကို ယူကရိန္းရဲတပ္ဖြဲ႕ျပဳလုပ္
Pika (NP News) - ဇန္နဝါရီ ၂၅

ယူကရိန္းႏိုင္ငံအတြင္း၌ လက္နက္ႏွင့္ ခဲယမ္းမီးေက်ာက္မ်ား တရားမဝင္ေရာင္းခ်မႈကို ရပ္တန႔္ရန္အတြက္ ယူကရိန္းတရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားသည္ ဇန္နဝါရီလ(၂၃)ရက္တြင္ ႏိုင္ငံတစ္ ဝန္းစီးနင္းမႈ(၁၀ဝဝ)ခန႔္ကို လုပ္ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ (၂၀၂၂)ခုႏွစ္တြင္ ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို စတင္လုပ္ ေဆာင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းႏိုင္ငံအတြင္း၌ လက္နက္မ်ားျပန႔္ပြားလာမႈသည္ ယူကရိန္းအစိုးရႏွင့္ ၎၏အေနာက္ အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားၾကားတြင္ လက္နက္ေမွာင္ခိုတင္သြင္းမႈႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္လာေစခဲ့ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕က ‘‘အဓိကရည္႐ြယ္ခ်က္ကေတာ့ လက္နက္အေရာင္းနဲ႔ သိုေလွာင္မႈလမ္းေၾကာင္းေတြကို ပိတ္ပစ္ဖို႔နဲ႔ ႐ုရွားစစ္သားေတြဆီက သိမ္းယူလာတဲ့ လက္နက္ေတြအျပင္ တရားမဝင္ေမွာင္ခိုေရာင္းဝယ္ေနတဲ့ ခဲယမ္းမီးက်ည္ေတြနဲ႔ ေဖာက္ခြဲေရးပစၥည္းေတြကို သိမ္းယူႏိုင္ဖို႔ အခုလိုစီးနင္းမႈေတြလုပ္ေဆာင္ခဲ့တာပါ” ဟု ေျပာခဲ့သည္။ ထို႔ျပင္ အဆိုပါလုပ္ရပ္မ်ား၏ အဓိကေခါင္းေဆာင္မ်ားအေနျဖင့္ ေထာင္ဒဏ္(၇)ႏွစ္အထိ က်ခံရႏိုင္ ဖြယ္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ေနာက္ပိုင္းတြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္းလည္း ရဲတပ္ဖြဲ႕က ေျပာဆိုခဲ့သည္။ ယူကရိန္းတရားဥပေဒစိုး မိုးေရးေအဂ်င္စီမ်ား သည္ စီးနင္းမႈမ်ားအတြင္း လက္နက္ခဲယမ္းမ်ားႏွင့္ေငြသားမ်ားကို သိမ္းဆည္းရန္အတြက္ တံခါးမ်ားကို ဖ်က္ၿပီး ဝင္ေရာက္ ရန္ျပင္ဆင္ေနသည့္ ဗီဒီယိုမ်ားကိုလည္း ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
အဆိုပါစီးနင္းမႈမ်ားသည္ ယူကရိန္းႏိုင္ငံအတြင္း၌ တရားမဝင္လက္နက္ျဖန႔္ျဖဴးမႈမ်ားကို ႏွိမ္နင္းရန္အတြက္ တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ား၏ ေနာက္ဆုံးအႀကိမ္ထြက္ေပၚလာေသာ ႀကိဳးပမ္းမႈတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ လုပ္ေဆာင္ခဲ့ေသာ ဝင္ေရာက္စီးနင္းမႈမ်ားအတြင္း ယူ႐ို(၄)ေသာင္း တန္ ေသနတ္မ်ားႏွင့္ ခဲယမ္းမီးေက်ာက္မ်ားကို သိမ္းဆည္းႏိုင္ခဲ့ၿပီး တရားမဝင္ လက္နက္ေမွာင္ခိုလုပ္ငန္းကို တားဆီးႏိုင္ခဲ့ေၾကာင္း ယူကရိန္းရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.