တာလီဘန်ခေါင်းဆောင်များကို ကျူးလွန်မှုများအတွက် ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေဟု ICC ၏ ရှေ့နေချုပ်ပြော

223

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလူသား များအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများ၊ အမျိုးသမီးများကို ဖိနှိပ် ညှဉ်းပန်းခြင်းများကြောင့် အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေသော တာလီဘန် အဖွဲ့ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်သည်။
နိုင်ငံတကာရာဇဝတ်တရားရုံးမှ ရှေ့နေချုပ်တစ်ဦးဖြစ်သော ကာရင်ခန်းက တာလီဘန်အဖွဲ့၏ အဓိက ခေါင်းဆောင်နှင့် တရားသူကြီးဖြစ်သူတို့သည် လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခြင်းများရှိနေသည့် ရာဇဝတ်မှုကို ကျူးလွန်သည်ဟု သံသယရှိကြောင်း ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမျိုးသမီး၊ မိန်းကလေးနှင့် LGBTQ အဖွဲ့အစည်းများသည် တာလီဘန် အဖွဲ့၏ ဖိနှိပ်ခြင်းကိုခံနေရကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံးက ပြောသည်။ ရှေ့နေဖြစ်သူ ကာရင်ခန်းက ‘‘အာဖဂန် နစ္စတန်နိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံခံရတာ တွေကိုလက်မခံနိုင်ဘူး” ဟု ပြော သည်။ တရားသူကြီးများသည် ရှေ့နေ့ချုပ်ဖြစ်သူ ခန်း၏ လျှောက်ထားမှုနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန် သင့်/မသင့် ကို စစ်ဆေးနေကြောင်း သိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံးသည် လူသားများအပေါ် ကျူးလွန်သောရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများ ကဲ့သို့သော အဆိုးရွားဆုံး ရာဇဝတ်မှုများကို စီရင်ဆုံးဖြတ်သော တရားရုံးဖြစ်သည်။ ICC တရားရုံးတွင် အဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး (၁၂၅) နိုင်ငံရှိနေပြီး ဖမ်းဝရမ်းထုတ်ခံရသူများကို ဖမ်းဆီးခွင့်ရှိနေကြောင်း သိရသည်။ ICC တရားရုံးမှ ဖမ်းဝရမ်း ထုတ်ခံရသူများသည် ဖမ်းဆီးခံရခြင်းမရှိစေရန် ICC တရားရုံး အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ခြင်းများ ရှောင်ရှားလေ့ရှိ နေကြောင်း သိရသည်။ နိုင်ငံတကာရာဇဝတ် တရားရုံးမှ ရှေ့နေချုပ်တစ်ဦးဖြစ်သော ကာရင်ခန်းက ၎င်းအနေဖြင့် အခြားတာလီဘန်အဖွဲ့ခေါင်းဆောင်များကိုလည်း ကျူးလွန်ခဲ့သောရာဇဝတ်မှုများနှင့် ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောသည်။ တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန် အစိုးရနှင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ထုတ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေပြီး ကမ္ဘာ့နိုင်ငံအများစုက တာလီဘန်အဖွဲ့ကိုအစိုးရအဖွဲ့အစည်းအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းမရှိသေးကြောင်း သိရသည်။
Zawgyi Version:
တာလီဘန္ေခါင္းေဆာင္မ်ားကို က်ဴးလြန္မႈမ်ားအတြက္ ဖမ္းဝရမ္းထုတ္ရန္ ႀကိဳးပမ္းေနဟု ICC ၏ ေရွ႕ေနခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ကလူသား မ်ားအေပၚ ရာဇဝတ္မႈက်ဴးလြန္ျခင္းမ်ား၊ အမ်ိဳးသမီးမ်ားကို ဖိႏွိပ္ ညႇဥ္းပန္းျခင္းမ်ားေၾကာင့္ အာဖဂန္နစၥတန္ႏိုင္ငံကို လက္ရွိအုပ္ခ်ဳပ္ေနေသာ တာလီဘန္ အဖြဲ႕ေခါင္းေဆာင္မ်ားကို ဖမ္းဝရမ္းထုတ္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာလိုက္သည္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွ ေရွ႕ေနခ်ဳပ္တစ္ဦးျဖစ္ေသာ ကာရင္ခန္းက တာလီဘန္အဖြဲ႕၏ အဓိက ေခါင္းေဆာင္ႏွင့္ တရားသူႀကီးျဖစ္သူတို႔သည္ လိင္ပိုင္းဆိုင္ရာခြဲျခားဆက္ဆံျခင္းမ်ားရွိေနသည့္ ရာဇဝတ္မႈကို က်ဴးလြန္သည္ဟု သံသယရွိေၾကာင္း ေျပာသည္။
အာဖဂန္နစၥတန္ႏိုင္ငံအတြင္းရွိ အမ်ိဳးသမီး၊ မိန္းကေလးႏွင့္ LGBTQ အဖြဲ႕အစည္းမ်ားသည္ တာလီဘန္ အဖြဲ႕၏ ဖိႏွိပ္ျခင္းကိုခံေနရေၾကာင္း ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက ေျပာသည္။ ေရွ႕ေနျဖစ္သူ ကာရင္ခန္းက ‘‘အာဖဂန္ နစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ ဖိႏွိပ္တာ၊ ခြဲျခားဆက္ဆံခံရတာ ေတြကိုလက္မခံႏိုင္ဘူး” ဟု ေျပာ သည္။ တရားသူႀကီးမ်ားသည္ ေရွ႕ေန႔ခ်ဳပ္ျဖစ္သူ ခန္း၏ ေလွ်ာက္ထားမႈႏွင့္ပတ္သက္ၿပီး ဖမ္းဝရမ္းထုတ္ရန္ သင့္/မသင့္ ကို စစ္ေဆးေနေၾကာင္း သိရသည္။
ႏိုင္ငံတကာရာဇဝတ္တရား႐ုံးသည္ လူသားမ်ားအေပၚ က်ဴးလြန္ေသာရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈမ်ား ကဲ့သို႔ေသာ အဆိုး႐ြားဆုံး ရာဇဝတ္မႈမ်ားကို စီရင္ဆုံးျဖတ္ေသာ တရား႐ုံးျဖစ္သည္။ ICC တရား႐ုံးတြင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း အနည္းဆုံး (၁၂၅) ႏိုင္ငံရွိေနၿပီး ဖမ္းဝရမ္းထုတ္ခံရသူမ်ားကို ဖမ္းဆီးခြင့္ရွိေနေၾကာင္း သိရသည္။ ICC တရား႐ုံးမွ ဖမ္းဝရမ္း ထုတ္ခံရသူမ်ားသည္ ဖမ္းဆီးခံရျခင္းမရွိေစရန္ ICC တရား႐ုံး အဖြဲ႕ဝင္ႏိုင္ငံမ်ားသို႔ သြားေရာက္ျခင္းမ်ား ေရွာင္ရွားေလ့ရွိ ေနေၾကာင္း သိရသည္။ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံးမွ ေရွ႕ေနခ်ဳပ္တစ္ဦးျဖစ္ေသာ ကာရင္ခန္းက ၎အေနျဖင့္ အျခားတာလီဘန္အဖြဲ႕ေခါင္းေဆာင္မ်ားကိုလည္း က်ဴးလြန္ခဲ့ေသာရာဇဝတ္မႈမ်ားႏွင့္ ပတ္သက္ၿပီး ဖမ္းဝရမ္းထုတ္ႏိုင္ရန္ ဆက္လက္ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ေျပာသည္။ တာလီဘန္အဖြဲ႕သည္ အာဖဂန္နစၥတန္ အစိုးရႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံအတြင္း တပ္စြဲထားေသာ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို တိုက္ထုတ္ခဲ့ၿပီးေနာက္ အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနၿပီး ကမာၻ႔ႏိုင္ငံအမ်ားစုက တာလီဘန္အဖြဲ႕ကိုအစိုးရအဖြဲ႕အစည္းအျဖစ္ တရားဝင္ အသိအမွတ္ျပဳျခင္းမရွိေသးေၾကာင္း သိရသည္။