တရုတ်ကို ကုန်သွယ်ခွန်ချမှတ်ခြင်း အလျင်စလို လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတအသစ်ပြော

 375

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်က ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ ကို ကုန်သွယ်ခွန်ချမှတ်ခြင်းများ အလျင်စလို လုပ်ဆောင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် တာဝန်မယူခင်က တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့သော ကုန်စည် များနှင့်ပတ်သက်ပြီး အခွန် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ဒေါ်နယ်ထရမ့်က ‘‘ကျွန်တော်တို့နိုင်ငံဟာ တရုတ်နိုင်ငံလိုချင်တာရှိတယ်။ ကျွန်တော်တို့နိုင်ငံ ရွှေအိုးရှိ တယ်။ အဲဒီအတွက် တရုတ်နိုင်ငံရဲ့ကုန်စည်တွေကို အခွန်တိုးကောက်ခြင်းရှိမရှိဆိုတာ တရုတ်နိုင်ငံအပေါ် မူတည် တယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်။ ကုန်စည်တွေကို အခွန်ကောက်ခံ တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကမလိုလားဘူးဆိုရင် ကျွန်တော်တို့ဟာ အဲဒီလိုမျိုးအခွန်ကောက်ခံတာ အလျင်စလိုမလုပ်ပါဘူး” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင်လည်း တရုတ်နိုင်ငံမှတင်သွင်း သောကုန်စည်များ ကို အခွန် (၁၀) ရာခိုင်နှုန်းကောက်ခံခြင်းကို ဖေဖော်ဝါရီ(၁)ရက်တွင် စတင်မည်ဟု ပြောခဲ့ဖူးသည်။ တရုတ်အစိုးရ က အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြားကုန်သွယ်ရေး စစ်ပွဲဖြစ်မည်ဆိုလျှင် မည်သူမှ အနိုင်ရမည်မဟုတ် ကြောင်း၊ နိုင်ငံ့စီးပွားရေးအကျိုးစီးပွားကို ကာကွယ်မည်ဖြစ်ကြောင်း မကြာသေးမီက သတိပေးခဲ့သည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တွင် တရုတ်နိုင်ငံ နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံသို့ တင်သွင်းသော တရုတ်ကုန်စည်များကို အခွန်တိုးမြှင့်ကောက် ခံခဲ့ဖူးသည်။ ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက် ပွဲမဲဆွယ်စည်းရုံးချိန်တွင် တရုတ်နိုင်ငံမှတင်သွင်းသော ကုန်စည်များကိုအခွန်(၆၀)ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု ပြောခဲ့ဖူးသည်။

Zawgyi Version:
တ႐ုတ္ကို ကုန္သြယ္ခြန္ခ်မွတ္ျခင္း အလ်င္စလို လုပ္ေဆာင္မည္မဟုတ္ေၾကာင္း အေမရိကန္သမၼတအသစ္ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆

အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္က ကမာၻ႔ဒုတိယစီးပြားေရးအႀကီးဆုံးႏိုင္ငံျဖစ္ေသာ တ႐ုတ္ႏိုင္ငံ ကို ကုန္သြယ္ခြန္ခ်မွတ္ျခင္းမ်ား အလ်င္စလို လုပ္ေဆာင္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္သည္။ ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္ တာဝန္မယူခင္က တ႐ုတ္ႏိုင္ငံက အေမရိကန္ႏိုင္ငံသို႔ တင္ပို႔ခဲ့ေသာ ကုန္စည္ မ်ားႏွင့္ပတ္သက္ၿပီး အခြန္ တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးသည္။
ေဒၚနယ္ထရမ့္က ‘‘ကြၽန္ေတာ္တို႔ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံလိုခ်င္တာရွိတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံ ေ႐ႊအိုးရွိ တယ္။ အဲဒီအတြက္ တ႐ုတ္ႏိုင္ငံရဲ႕ကုန္စည္ေတြကို အခြန္တိုးေကာက္ျခင္းရွိမရွိဆိုတာ တ႐ုတ္ႏိုင္ငံအေပၚ မူတည္ တယ္။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕ အဓိကကုန္သြယ္ဖက္ႏိုင္ငံျဖစ္တယ္။ ကုန္စည္ေတြကို အခြန္ေကာက္ခံ တာနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကမလိုလားဘူးဆိုရင္ ကြၽန္ေတာ္တို႔ဟာ အဲဒီလိုမ်ိဳးအခြန္ေကာက္ခံတာ အလ်င္စလိုမလုပ္ပါဘူး” ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီးခ်ိန္တြင္လည္း တ႐ုတ္ႏိုင္ငံမွတင္သြင္း ေသာကုန္စည္မ်ား ကို အခြန္ (၁၀) ရာခိုင္ႏႈန္းေကာက္ခံျခင္းကို ေဖေဖာ္ဝါရီ(၁)ရက္တြင္ စတင္မည္ဟု ေျပာခဲ့ဖူးသည္။ တ႐ုတ္အစိုးရ က အေမရိကန္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံၾကားကုန္သြယ္ေရး စစ္ပြဲျဖစ္မည္ဆိုလွ်င္ မည္သူမွ အႏိုင္ရမည္မဟုတ္ ေၾကာင္း၊ ႏိုင္ငံ့စီးပြားေရးအက်ိဳးစီးပြားကို ကာကြယ္မည္ျဖစ္ေၾကာင္း မၾကာေသးမီက သတိေပးခဲ့သည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ ႏွင့္ ကုန္သြယ္ေရးစစ္ပြဲျဖစ္ခဲ့ၿပီး အေမရိကန္ႏိုင္ငံသို႔ တင္သြင္းေသာ တ႐ုတ္ကုန္စည္မ်ားကို အခြန္တိုးျမႇင့္ေကာက္ ခံခဲ့ဖူးသည္။ ေဒၚနယ္ထရမ့္သည္ သမၼတေ႐ြးေကာက္ ပြဲမဲဆြယ္စည္း႐ုံးခ်ိန္တြင္ တ႐ုတ္ႏိုင္ငံမွတင္သြင္းေသာ ကုန္စည္မ်ားကိုအခြန္(၆၀)ရာခိုင္ႏႈန္းအထိ ေကာက္ခံမည္ဟု ေျပာခဲ့ဖူးသည္။

Related news

© 2021. All rights reserved.