မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ရပ်တန့်နေသည့် ထားဝယ်စီမံကိန်းကို ရုရှား မျက်စိကျနေ

1167

Htay Oung (NP News) - ဇန်နဝါရီ ၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အတွက် စူးအက်တူးမြောင်း-အရှေ့အလယ်ပိုင်းတို့နဲ့ဆက်သွယ်မယ်ဆိုရင် မြန် မာနိုင်ငံ တနင်္သာရီကမ်းရိုးတန်းမှတဆင့်က ခရီးအတိုဆုံး အဆင်ပြေ အဆီလျော်ဆုံးဖြစ်ပါတယ်။ စစ်ဘေးဒဏ် ကြောင့် မွဲပြာကျနေတဲ့ မြန်မာနိုင်ငံရဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) မှာ ရင်းနှီးမြှုပ်နှံနိုင်ခြေကို မြှင့်တင်ဖို့ အတွက် တရုတ်- အိန္ဒိယတို့နဲ့ ရုရှားက ပါဝင်လာခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြတယ်လို့ “ဘန် ကောက်ပို့စ်” ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်က ရေးသားပါတယ်။
တနင်္လာနေ့ ထားဝယ်မြို့ကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အစ္စကန်ဒါ အဇီဇော့ဗ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကို တို့နဲ့ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်မှာ တရုတ် ကျောထောက်နောက်ခံပြု အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းများအပြင် အိန္ဒိယကလည်း ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းများ တည်ရှိနေပါတယ်။ မကြာသေးခင် တရုတ်နဲ့ အိန္ဒိယတို့က သူတို့ရဲ့စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ အရှိန်မြှင့်တင် ပြင်ဆင်လာကြောင်းတွေ့ရှိရပါတယ်။ ရုရှားသံအမတ်ကြီးရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရှိ အဓိက ကျတဲ့ အခြေခံအဆောက်အအုံပရောဂျက်များမှာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကြီးထွားလာပုံကို မီးမောင်းထိုးပြနေပါ တယ်။ ရခိုင်ပြည်နယ်အတွင်း ယှဉ်ပြိုင်နေတဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားများကို ထင်ဟပ်စေပြီး ဒေသတွင်း မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေးဖော်ပြနေတဲ့ အဲ့ဒီ စီမံကိန်းတွေဟာ နစကအစိုးရရဲ့ သံတမန်ရေး လှုပ်ရှားမှုများနဲ့ ပိုမိုကျယ်ပြန့်တဲ့နိုင်ငံရေး-စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ ကြီးထွားလျှက်ရှိကြောင်း အချက်ပြနေပါ တယ်။
ရင်းနှီးမြှုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနဲ့ အခြားကဏ္ဍများမှာ ပူးပေါင်းဆောင် ရွက်မှု အရှိန်မြှင့်တင်ရေး အမြင်ချင်းဖလှယ်ရန် ယခုလဆန်းပိုင်းမှာ တရုတ်သံအမတ်ကြီး မာဂျီယာက တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးထံမှ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားကဏ္ဍများအပေါ် မော်စကိုရဲ့စိတ်ဝင်စားမှုကို ရုရှားသံ အမတ်ကြီးက ဖော်ပြခဲ့ကြောင်း၊ မြိတ်ခရိုင်ရှိ ကမ်းခြေများနဲ့ ကျွန်းများတို့လို အပန်းဖြေခရီးသွားနေရာများနဲ့ မြိတ်ကျွန်းစုရှိ ဟိုတယ်စီမံကိန်းများမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုအလားအလာများကို မေးမြန်းခဲ့တယ်လို့ လည်း သိရှိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ကပ္ပလီပင်လယ်ပြင်ကို မေးတင်လျက်တည်ရှိပြီး ထိုင်းနိုင်ငံ အတွင်းမှတဆင့် ကုန်းလမ်းခရီးဖြင့် ထိုင်းပင်လယ်ကွေ့ကို ချိတ်ဆက်နိုင်ပါတယ်။ တနည်းအားဖြင့် အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းကူးပေးနိုင်ပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသကို ပြင်ပကမ္ဘာနဲ့ မိတ်ဆက် ပေးနိုင်ပါတယ်။
၇၅ စတုရန်းမိုင် ကျယ်ဝန်းတဲ့ စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းတစ်ခု ပါဝင်ပြီး သင်္ဘောအသွားအလာ ရှုတ်ထွေးတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ဖွယ်ရှိပါတယ်။ ကုန်စည်ပို့ဆောင်လိုတဲ့ စီးပွားရေးကုမ္ပဏီများအတွက် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကွန်ရက်ရဲ့ အစိတ်အပိုင်းအဖြစ် ကူညီပေးနိုင်ရန် မျှော်လင့်ထားပါတယ်။ အဆိုပါ စီမံကိန်းမှာ နည်းပညာမြင့်စက်မှုဇုန်များ၊ သတင်းအချက်အလက်နည်းပညာဇုန်များ၊ ပို့ကုန်လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးအချက်အချာနေရာများ၊ စီးပွားရေးဝန်ဆောင်မှုများနဲ့ အခြားအခြေခံအဆောက်အအုံများလည်း ထည့်သွင်းတည်ဆောက်ရဖွယ် ရှိပါတယ်။
အဲဒီစီမံကိန်းဟာ ၂၀၀၈ ခုနှစ် ထိုင်းနဲ့ မြန်မာ ဦးသန်းရွှေအစိုးရတို့အကြား နားလည်မှုစာချွန်လွှာနဲ့ စတင်ခဲ့ခြင်းဖြစ် ပြီး ဆိပ်ကမ်းအထူးစီးပွားရေးဇုန် တည်ဆောက်ရန်နဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် SET စာရင်းဝင် အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး (ITD) ကို ၇၅ နှစ်ကြာ ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ အခြား သဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကို ၂၀၁၅ အရောက် အပြီးသတ်ရန် နောက်တစ်နှစ်မှာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့်လည်း နှောင့်နှေးမှုများ အများအပြားရှိခဲ့ပြီး အီတာလျံ-ထိုင်းနဲ့ စာချုပ်များကို ဖျက်သိမ်းကြောင်း မြန်မာနိုင်ငံအာဏာအပြောင်းအလဲ မတိုင်မီ တစ်လအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ကြေညာခဲ့ပါတယ်။ လောလောဆယ် ITD က သူ့ရဲ့ကြွေးမြီပြဿနာများကို ဖြေရှင်းတဲ့ အနေနဲ့ပိုင်ဆိုင်မှုများကို ရောင်းချရန် ပြင်ဆင်လျှက်ရှိကြောင်း ထိုင်း-တရုတ် လုပ်ငန်းစုတစ်ခုဟာ ထားဝယ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့အခြေခံအဆောက်အအုံများကို လွှဲပြောင်းရယူရန် စိတ်ဝင်စားလျှက်ရှိကြောင်း အမှုဆောင် အရာရှိများထံမှ သိရှိရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ထားဝယ်မြို့ကို နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွား ရောက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်လုပ်ဆောင်ရန် ပြောဆိုခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်ဆန်းပိုင်း နစက ဒုတိယ ခေါင်းဆောင် ဦးစိုးဝင်းကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် မြန်မာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း စီမံကိန်းအပေါ် စိတ်ဝင်စားမှုသတင်းများ အသစ်တဖန် ပေါ်ထွက်လာရခြင်း ဖြစ်ပါတယ်။
(ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက ရုရှားက လုပ်ကိုင်ခွင့် ရရှိဖွယ်ရှိကြောင်း ယမန်နှစ် အစောဆုံးသတင်း ဖော်ပြခဲ့သူက အိန္ဒိယ အမျိုးသားရေး သတင်းစာများဖြစ်ပါတယ်။ အိံန္ဒိယထောက်လှမ်းရေးအသိုင်းအဝန်းနဲ့ နီးစပ် တဲ့ အဲဒီမီဒီယာတွေရဲ့ ရေးသားချက်မှာ ရုရှားတစ်ဦးတည်း လုပ်ကိုင်ခွင့် ရရှိခြင်း ဟုတ်-မဟုတ် မရှင်းလင်းပါဘူး၊ ယခုသတင်းအရ တရုတ်-အိန္ဒိယတို့ကလည်း ပါဝင်ဖွယ်ရှိပြီး ဂျပန်ကလည်း စိတ်ဝင်စားကြောင်း အရိပ်အမြွက် သိရှိရပါတယ်။ အကုန်အကျများပြားပြီး ခေတ်မီနည်းပညာမြင့် အခြေခံအဆောက်အအုံများနဲ့ ပထဝီနိုင်ငံရေး စစ်ရေး အားပြိုင်မှုကို ချိန်ဆရမယ့် ဧရာမ စီမံကိန်းကြီးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ မျှတစွာ ပါဝင်ကြမယ်ဆိုရင် ဖြစ်နိုင် စရာရှိပါတယ်။
စီမံကိန်းအကောင်အထည်ဖော်စမှာပင် မြန်မာနိုင်ငံသား သောင်းသိန်းချီ အလုပ်အကိုင်ရရှိကြဖွယ်ရှိပြီး ပြည်ပ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ကျားမအရွယ်ကောင်းလူငယ် သန်းချီထွက်ခွာခြင်းဖြင့် လူသားရင်းမြစ်ဆုံးရှုံးနေတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် ရတနာပုံဆိုက်ခြင်းလို့ မြင်ပါတယ်။
ဒီအတွက် နှစ် ၇၀ ကျော်ပြည်တွင်းစစ်ဖြစ်ပွားဆဲကာလ လက်နက်ကိုင် အဖျက်အမှောက်များက အတားအဆီး ဖြစ်နိုင်ပါတယ်။ အဲဒါကလည်း ယခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ကျားဖျန့်နှိမ်နင်းရေး တရုတ်-မြန်မာ အပါအဝင် မဲခေါင်-လန်းချန်း ဒေသတွင်း ၆-နိုင်ငံတို့ရဲ့ “ဇင်ယော်စစ်ဆင်ရေး” ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့က တစုံတရာ အနားသတ်ပေးဖွယ်ရှိပါတယ်။ ။ သတင်းဘာသာပြန်သူ)
#HtayOung #OungMarine #Dawae_Deep_Water_Port_SEZ

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ ကာလရွည္ၾကာ ရပ္တန႔္ေနသည့္ ထားဝယ္စီမံကိန္းကို ႐ုရွား မ်က္စိ က်ေန
Htay Oung (NP News) - ဇန္နဝါရီ ၂၆
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္အတြက္ စူးအက္တူးေျမာင္း-အေရွ႕အလယ္ပိုင္းတို႔နဲ႔ဆက္သြယ္မယ္ဆိုရင္ ျမန္ မာႏိုင္ငံ တနသၤာရီကမ္း႐ိုးတန္းမွတဆင့္က ခရီးအတိုဆုံး အဆင္ေျပ အဆီေလ်ာ္ဆုံးျဖစ္ပါတယ္။ စစ္ေဘးဒဏ္ ေၾကာင့္ မြဲျပာက်ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ထားဝယ္အထူးစီးပြားေရးဇုန္ (SEZ) မွာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေျခကို ျမႇင့္တင္ဖို႔ အတြက္ တ႐ုတ္- အိႏၵိယတို႔နဲ႔ ႐ုရွားက ပါဝင္လာခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပၾကတယ္လို႔ “ဘန္ ေကာက္ပို႔စ္” ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၃ ရက္က ေရးသားပါတယ္။
တနလၤာေန႔ ထားဝယ္ၿမိဳ႕ကို သြားေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး အစၥကန္ဒါ အဇီေဇာ့ဗ္ဟာ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲေရးေကာ္မတီ ဥကၠ႒ျဖစ္သူ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ ကို တို႔နဲ႔ ေဆြးေႏြးခဲ့ေၾကာင္း သိရွိရပါတယ္။
ျမန္မာႏိုင္ငံအတြင္း ရခိုင္ျပည္နယ္မွာ တ႐ုတ္ ေက်ာေထာက္ေနာက္ခံျပဳ အထူးစီးပြားေရးဇုန္နဲ႔ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းစီမံကိန္းမ်ားအျပင္ အိႏၵိယကလည္း ကုလားတန္ဘက္စုံ သယ္ယူပို႔ေဆာင္ေရး စီမံကိန္းမ်ား တည္ရွိေနပါတယ္။ မၾကာေသးခင္ တ႐ုတ္နဲ႔ အိႏၵိယတို႔က သူတို႔ရဲ႕စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ဖို႔ အရွိန္ျမႇင့္တင္ ျပင္ဆင္လာေၾကာင္းေတြ႕ရွိရပါတယ္။ ႐ုရွားသံအမတ္ႀကီးရဲ႕ခရီးစဥ္ဟာ ျမန္မာႏိုင္ငံရွိ အဓိက က်တဲ့ အေျခခံအေဆာက္အအုံပေရာဂ်က္မ်ားမွာ ႏိုင္ငံတကာရဲ႕စိတ္ဝင္စားမႈႀကီးထြားလာပုံကို မီးေမာင္းထိုးျပေနပါ တယ္။ ရခိုင္ျပည္နယ္အတြင္း ယွဥ္ၿပိဳင္ေနတဲ့ ပထဝီႏိုင္ငံေရး အက်ိဳးစီးပြားမ်ားကို ထင္ဟပ္ေစၿပီး ေဒသတြင္း မဟာဗ်ဴဟာေျမာက္ အေရးပါမႈကို အေလးေပးေဖာ္ျပေနတဲ့ အဲ့ဒီ စီမံကိန္းေတြဟာ နစကအစိုးရရဲ႕ သံတမန္ေရး လႈပ္ရွားမႈမ်ားနဲ႔ ပိုမိုက်ယ္ျပန႔္တဲ့ႏိုင္ငံေရး-စီးပြားေရးဆိုင္ရာ စိန္ေခၚမႈမ်ား ႀကီးထြားလွ်က္ရွိေၾကာင္း အခ်က္ျပေနပါ တယ္။
ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ငါးဖမ္းလုပ္ငန္း၊ လွ်ပ္စစ္၊ ခရီးသြားလုပ္ငန္း၊ ပညာေရးနဲ႔ အျခားက႑မ်ားမွာ ပူးေပါင္းေဆာင္ ႐ြက္မႈ အရွိန္ျမႇင့္တင္ေရး အျမင္ခ်င္းဖလွယ္ရန္ ယခုလဆန္းပိုင္းမွာ တ႐ုတ္သံအမတ္ႀကီး မာဂ်ီယာက တနသၤာရီတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကိုနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ တ႐ုတ္သံ႐ုံးထံမွ သိရပါတယ္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ခရီးသြားက႑မ်ားအေပၚ ေမာ္စကိုရဲ႕စိတ္ဝင္စားမႈကို ႐ုရွားသံ အမတ္ႀကီးက ေဖာ္ျပခဲ့ေၾကာင္း၊ ၿမိတ္ခ႐ိုင္ရွိ ကမ္းေျခမ်ားနဲ႔ ကြၽန္းမ်ားတို႔လို အပန္းေျဖခရီးသြားေနရာမ်ားနဲ႔ ၿမိတ္ကြၽန္းစုရွိ ဟိုတယ္စီမံကိန္းမ်ားမွာ ျပည္တြင္းျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈအလားအလာမ်ားကို ေမးျမန္းခဲ့တယ္လို႔ လည္း သိရွိရပါတယ္။ ထားဝယ္အထူးစီးပြားေရးဇုန္ဟာ ကပၸလီပင္လယ္ျပင္ကို ေမးတင္လ်က္တည္ရွိၿပီး ထိုင္းႏိုင္ငံ အတြင္းမွတဆင့္ ကုန္းလမ္းခရီးျဖင့္ ထိုင္းပင္လယ္ေကြ႕ကို ခ်ိတ္ဆက္ႏိုင္ပါတယ္။ တနည္းအားျဖင့္ အိႏၵိယနဲ႔ ပစိဖိတ္သမုဒၵရာတို႔ကို ေပါင္းကူးေပးႏိုင္ၿပီး အေရွ႕ေတာင္အာရွနဲ႔ ေတာင္အာရွေဒသကို ျပင္ပကမာၻနဲ႔ မိတ္ဆက္ ေပးႏိုင္ပါတယ္။
၇၅ စတုရန္းမိုင္ က်ယ္ဝန္းတဲ့ စီမံကိန္းမွာ ေရနက္ဆိပ္ကမ္းတစ္ခု ပါဝင္ၿပီး သေဘၤာအသြားအလာ ရႈတ္ေထြးတဲ့ မလကၠာေရလက္ၾကားကို ေရွာင္ကြင္းႏိုင္ဖြယ္ရွိပါတယ္။ ကုန္စည္ပို႔ေဆာင္လိုတဲ့ စီးပြားေရးကုမၸဏီမ်ားအတြက္ ႏိုင္ငံတကာသယ္ယူပို႔ေဆာင္ေရးကြန္ရက္ရဲ႕ အစိတ္အပိုင္းအျဖစ္ ကူညီေပးႏိုင္ရန္ ေမွ်ာ္လင့္ထားပါတယ္။ အဆိုပါ စီမံကိန္းမွာ နည္းပညာျမင့္စက္မႈဇုန္မ်ား၊ သတင္းအခ်က္အလက္နည္းပညာဇုန္မ်ား၊ ပို႔ကုန္လုပ္ငန္းမ်ား၊ သယ္ယူ ပို႔ေဆာင္ေရးအခ်က္အခ်ာေနရာမ်ား၊ စီးပြားေရးဝန္ေဆာင္မႈမ်ားနဲ႔ အျခားအေျခခံအေဆာက္အအုံမ်ားလည္း ထည့္သြင္းတည္ေဆာက္ရဖြယ္ ရွိပါတယ္။
အဲဒီစီမံကိန္းဟာ ၂၀၀၈ ခုႏွစ္ ထိုင္းနဲ႔ ျမန္မာ ဦးသန္းေ႐ႊအစိုးရတို႔အၾကား နားလည္မႈစာခြၽန္လႊာနဲ႔ စတင္ခဲ့ျခင္းျဖစ္ ၿပီး ဆိပ္ကမ္းအထူးစီးပြားေရးဇုန္ တည္ေဆာက္ရန္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈကို ဆြဲေဆာင္ရန္ SET စာရင္းဝင္ အီတာလ်ံ-ထိုင္း ဖြံ႕ၿဖိဳးတိုးတက္ေရး (ITD) ကို ၇၅ ႏွစ္ၾကာ ခြင့္ျပဳေပးခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္ ဇူလိုင္လမွာ အျခား သေဘာတူညီ ခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး စီမံကိန္းကို ၂၀၁၅ အေရာက္ အၿပီးသတ္ရန္ ေနာက္တစ္ႏွစ္မွာ ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့ၾကပါတယ္။
ဒါေပမယ့္လည္း ေႏွာင့္ေႏွးမႈမ်ား အမ်ားအျပားရွိခဲ့ၿပီး အီတာလ်ံ-ထိုင္းနဲ႔ စာခ်ဳပ္မ်ားကို ဖ်က္သိမ္းေၾကာင္း ျမန္မာႏိုင္ငံအာဏာအေျပာင္းအလဲ မတိုင္မီ တစ္လအလို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ ထားဝယ္အထူး စီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီက ေၾကညာခဲ့ပါတယ္။ ေလာေလာဆယ္ ITD က သူ႔ရဲ႕ေႂကြးၿမီျပႆနာမ်ားကို ေျဖရွင္းတဲ့ အေနနဲ႔ပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း ထိုင္း-တ႐ုတ္ လုပ္ငန္းစုတစ္ခုဟာ ထားဝယ္မွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့အေျခခံအေဆာက္အအုံမ်ားကို လႊဲေျပာင္းရယူရန္ စိတ္ဝင္စားလွ်က္ရွိေၾကာင္း အမႈေဆာင္ အရာရွိမ်ားထံမွ သိရွိရပါတယ္။
၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ ထားဝယ္ၿမိဳ႕ကို နစက ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သြား ေရာက္ခဲ့ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရး ဆက္လက္လုပ္ေဆာင္ရန္ ေျပာဆိုခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္ဆန္းပိုင္း နစက ဒုတိယ ေခါင္းေဆာင္ ဦးစိုးဝင္းကလည္း ထားဝယ္ေရနက္ဆိပ္ကမ္းအတြက္ ျမန္မာနဲ႔ ထိုင္းအစိုးရတို႔ ပူးေပါင္း ေဆာင္႐ြက္မွာျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ပိုင္း စီမံကိန္းအေပၚ စိတ္ဝင္စားမႈသတင္းမ်ား အသစ္တဖန္ ေပၚထြက္လာရျခင္း ျဖစ္ပါတယ္။
(ထားဝယ္ေရနက္ဆိပ္ကမ္းစီမံကိန္းက ႐ုရွားက လုပ္ကိုင္ခြင့္ ရရွိဖြယ္ရွိေၾကာင္း ယမန္ႏွစ္ အေစာဆုံးသတင္း ေဖာ္ျပခဲ့သူက အိႏၵိယ အမ်ိဳးသားေရး သတင္းစာမ်ားျဖစ္ပါတယ္။ အႎႏၵိယေထာက္လွမ္းေရးအသိုင္းအဝန္းနဲ႔ နီးစပ္ တဲ့ အဲဒီမီဒီယာေတြရဲ႕ ေရးသားခ်က္မွာ ႐ုရွားတစ္ဦးတည္း လုပ္ကိုင္ခြင့္ ရရွိျခင္း ဟုတ္-မဟုတ္ မရွင္းလင္းပါဘူး၊ ယခုသတင္းအရ တ႐ုတ္-အိႏၵိယတို႔ကလည္း ပါဝင္ဖြယ္ရွိၿပီး ဂ်ပန္ကလည္း စိတ္ဝင္စားေၾကာင္း အရိပ္အႁမြက္ သိရွိရပါတယ္။ အကုန္အက်မ်ားျပားၿပီး ေခတ္မီနည္းပညာျမင့္ အေျခခံအေဆာက္အအုံမ်ားနဲ႔ ပထဝီႏိုင္ငံေရး စစ္ေရး အားၿပိဳင္မႈကို ခ်ိန္ဆရမယ့္ ဧရာမ စီမံကိန္းႀကီးမွာ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ား မွ်တစြာ ပါဝင္ၾကမယ္ဆိုရင္ ျဖစ္ႏိုင္ စရာရွိပါတယ္။
စီမံကိန္းအေကာင္အထည္ေဖာ္စမွာပင္ ျမန္မာႏိုင္ငံသား ေသာင္းသိန္းခ်ီ အလုပ္အကိုင္ရရွိၾကဖြယ္ရွိၿပီး ျပည္ပ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္ က်ားမအ႐ြယ္ေကာင္းလူငယ္ သန္းခ်ီထြက္ခြာျခင္းျဖင့္ လူသားရင္းျမစ္ဆုံးရႈံးေနတဲ့ ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ ရတနာပုံဆိုက္ျခင္းလို႔ ျမင္ပါတယ္။
ဒီအတြက္ ႏွစ္ ၇၀ ေက်ာ္ျပည္တြင္းစစ္ျဖစ္ပြားဆဲကာလ လက္နက္ကိုင္ အဖ်က္အေမွာက္မ်ားက အတားအဆီး ျဖစ္ႏိုင္ပါတယ္။ အဲဒါကလည္း ယခုရက္ပိုင္း ထိုင္း-ျမန္မာနယ္စပ္ က်ားဖ်န႔္ႏွိမ္နင္းေရး တ႐ုတ္-ျမန္မာ အပါအဝင္ မဲေခါင္-လန္းခ်န္း ေဒသတြင္း ၆-ႏိုင္ငံတို႔ရဲ႕ “ဇင္ေယာ္စစ္ဆင္ေရး” ပထမပိုင္းနဲ႔ ဒုတိယပိုင္းတို႔က တစုံတရာ အနားသတ္ေပးဖြယ္ရွိပါတယ္။ ။ သတင္းဘာသာျပန္သူ)
#HtayOung #OungMarine #Dawae_Deep_Water_Port_SEZ