ယူကရိန်းနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းသွားလာသူများအတွက် ခွင့်ပြုထားတဲ့အစီအစဉ်တွေကို ရပ်ဆိုင်းဟု အမေရိကန်အစိုးရပြော

 568

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

အမေရိကန် အစိုးရတာဝန်ရှိသူများဟာ အမေရိကန်နိုင်ငံအတွင်း ယူကရိန်းနိုင်ငံသားများကို ယာယီအခြေချ နေထိုင်ခွင့် အပါအဝင် ရွှေ့ပြောင်းသွားလာသူတွေကို နေထိုင်ခွင့်ပေးမယ့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂ဝ ရက်မှာ အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဖြိုခွင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာပဲ အခုလိုမျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။ အမေရိကန် (USCIS) တာဝန်ရှိသူများဟာ ရွှေ့ပြောင်းသွားလာ မယ့်သူများရဲ့လျှောက်ထားခွင့်နဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ချမယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်သလို ပြန်လည်သုံးသပ်တာတွေလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါအပြင် ဗင်နိဇွလြား၊ ဟေတီ၊ ကျူးဘားနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူများအတွက် ခွင့်ပြုထားတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်နိုင်ငံ အတွင်း နေထိုင်ခွင့်ပေးမယ့်အစီအစဉ်ကိုလည်း ဆိုင်းငံခဲ့ပါတယ်။ အဆိုပါအစီအစဉ်အရ ရွှေ့ပြောင်းသွားလာသူ ပေါင်း ၅ သိန်းဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းတည်းက အမေရိကန်နိုင်ငံအတွင်းရောက်ရှိနေထိုင်နေတယ်လို့ သိရပါ တယ်။ အမေရိကန်အစိုးရ လက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့အမိန့်ထဲမှာ လက်ရှိအမေရိကန်အစိုးရရဲ့မူဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်စေနိုင်တဲ့ရွှေ့ပြောင်းသွားလာသူတွေကို ခွင့်ပြုထားတဲ့ သက်ညာခွင့်ပေးတဲ့ နေထိုင်မှုအစီအစဉ် ကို ဖျက်သိမ်းမှာဖြစ်သလို အမေရိကန်နိုင်ငံမှာကျင့်သုံးနေတဲ့ ဥပဒေ၊ အမိန့်တွေကို ပြန်လည်သုံးသပ်မယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်သူက "ဒီလုပ်ဆောင်ချက်ဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အစီအစဉ်အတွက် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ရွှေ့ပြောင်းနေထိုင်သူ တွေကို ပြန်လည်သုံးသပ်စစ်ဆေးမယ်။ ဖမ်းဆီးမှုတွေကို ရှောင်ရှားနိုင်ဖို့ စာသင်ကျောင်းတွေ နဲ့ ဘုရားကျောင်း တွေမှာ ရာဇဝတ်မှုကျူးလွန်သူတွေ ပုန်းအောင်းနေထိုင်ခွင့်ရတော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံထဲကိုတရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းသူတွေကို အရေးယူဆောင်ရွက်ချက်တွေလုပ်ဆောင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

Zawgyi Version:
ယူကရိန္းႏိုင္ငံသားေတြ အပါအဝင္ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားအတြက္ ခြင့္ျပဳထားတဲ့အစီအစဥ္ေတြကို ရပ္ဆိုင္းဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆

အေမရိကန္ အစိုးရတာဝန္ရွိသူမ်ားဟာ အေမရိကန္ႏိုင္ငံအတြင္း ယူကရိန္းႏိုင္ငံသားမ်ားကို ယာယီအေျခခ် ေနထိုင္ခြင့္ အပါအဝင္ ေ႐ႊ႕ေျပာင္းသြားလာသူေတြကို ေနထိုင္ခြင့္ေပးမယ့္အစီအစဥ္ကို ရပ္ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီ ၂ဝ ရက္မွာ အေမရိကန္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္တဲ့သူေတြကို ၿဖိဳခြင္းဖို႔ အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာပဲ အခုလိုမ်ိဳးျဖစ္လာခဲ့တာျဖစ္ပါတယ္။ အေမရိကန္ (USCIS) တာဝန္ရွိသူမ်ားဟာ ေ႐ႊ႕ေျပာင္းသြားလာ မယ့္သူမ်ားရဲ႕ေလွ်ာက္ထားခြင့္နဲ႔ပတ္သက္ၿပီး အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မယ့္အစီအစဥ္ကို ဆိုင္းငံ့လိုက္သလို ျပန္လည္သုံးသပ္တာေတြလုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ဗင္နိဇြၾလား၊ ေဟတီ၊ က်ဴးဘားႏိုင္ငံမွ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားအတြက္ ခြင့္ျပဳထားတဲ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ႏိုင္ငံ အတြင္း ေနထိုင္ခြင့္ေပးမယ့္အစီအစဥ္ကိုလည္း ဆိုင္းငံခဲ့ပါတယ္။ အဆိုပါအစီအစဥ္အရ ေ႐ႊ႕ေျပာင္းသြားလာသူ ေပါင္း ၅ သိန္းဟာ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္းတည္းက အေမရိကန္ႏိုင္ငံအတြင္းေရာက္ရွိေနထိုင္ေနတယ္လို႔ သိရပါ တယ္။ အေမရိကန္အစိုးရ လက္မွတ္ေရးထိုးထုတ္ျပန္ထားတဲ့အမိန႔္ထဲမွာ လက္ရွိအေမရိကန္အစိုးရရဲ႕မူဝါဒနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေစႏိုင္တဲ့ေ႐ႊ႕ေျပာင္းသြားလာသူေတြကို ခြင့္ျပဳထားတဲ့ သက္ညာခြင့္ေပးတဲ့ ေနထိုင္မႈအစီအစဥ္ ကို ဖ်က္သိမ္းမွာျဖစ္သလို အေမရိကန္ႏိုင္ငံမွာက်င့္သုံးေနတဲ့ ဥပေဒ၊ အမိန႔္ေတြကို ျပန္လည္သုံးသပ္မယ္လို႔ သိရပါတယ္။
အေမရိကန္ျပည္ထဲေရးဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦးျဖစ္သူက "ဒီလုပ္ေဆာင္ခ်က္ဟာ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာလြတ္ ၿငိမ္းခ်မ္းသာခြင့္အစီအစဥ္အတြက္ ျဖစ္ရပ္တစ္ခုခ်င္းစီအလိုက္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ေတြကို ျပန္လည္သုံးသပ္စစ္ေဆးမယ္။ ဖမ္းဆီးမႈေတြကို ေရွာင္ရွားႏိုင္ဖို႔ စာသင္ေက်ာင္းေတြ နဲ႔ ဘုရားေက်ာင္း ေတြမွာ ရာဇဝတ္မႈက်ဴးလြန္သူေတြ ပုန္းေအာင္းေနထိုင္ခြင့္ရေတာ့မွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္က သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံထဲကိုတရားမဝင္ ဝင္ေရာက္ေနထိုင္သူေတြနဲ႔ တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းသူေတြကို အေရးယူေဆာင္႐ြက္ခ်က္ေတြလုပ္ေဆာင္မယ္လို႔ ေျပာခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.