တရုတ်က သတိပေးသော်လည်း အမေရိကန်ထုတ်ဒုံးကျည်များကို ဆက်လက်ချထားမည်ဟု ဖိလစ်ပိုင်အစိုးရပြော

205

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆
တရုတ်နိုင်ငံက သတိပေးမှုများရှိနေသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံထုတ် ဘက်စုံ သုံး ဒုံးကျည်ကို ဖိလစ်ပိုင်နိုင်ငံအတွင်း ဆက်လက်ချထားမည်ဖြစ်ကြောင်းဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာ၏ အကြံပေးဖြစ်သူ အီဒွါဒိုအာနိုက ပြောသည်။
အဆိုပါ အမေရိကန်နိုင်ငံထုတ်တိုင်ဖွန်း အမည်ရှိ ဒုံးကျည်သည် ကီလိုမီတာ ထောင်နှင့်ချီပစ် ခတ်နိုင်ပြီး ဖိလစ်ပိုင်ကမ်းရိုးတန်းတွင်ဆက်ရှိမည်ဟု အာနိုက ထပ်မံပြောဆိုခဲ့သည်။ ဖိလစ်ပိုင်အစိုးရသည် အဆိုပါဒုံးကျည်ကို Laoag အရပ်ဒေသမှ လူဇွန်ကျွန်းသို့ ပြောင်းရွှေ့ချထားဖွယ်ရှိနေကြောင်း ပြီးခဲ့ သောရက်ပိုင်းတွင် ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။
ဖိလစ်ပိုင်စစ်တပ်က တာလတ်ပစ်ဒုံးကျည် ဖြန့်ကြက်ချထားခြင်းသည် အမေရိကန်နှင့်ဖိလစ်ပိုင် နိုင်ငံကြား ကာကွယ်ရေးသဘောတူညီချက်များအရဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတအကြံပေးဖြစ်သူက ပြောသည်။ ဖိလစ်ပိုင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ပါဒီလာက “အဲဒီတိုင်ဖွန်း ဒုံးကျည်တွေ ဖြန့်ကြက်ချထားတဲ့ အဓိကရည်ရွယ်ချက်ဟာ ဖိလစ်ပိုင်စစ်တပ်ရဲ့ကာကွယ်ရေးစွမ်းရည်ပိုမိုကောင်းမွန်စေဖို့၊ ဒေသအတွင်းလုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်ပါ တယ်။ ဒါ့ပြင် ဖိလစ်ပိုင် စစ်တပ်တပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက်တွေနဲ့ အကျွမ်းတဝင်ရှိစေဖို့ဖြစ်တယ်” ဟု ပြော သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့သည် (၂၀၂၄)ခုနှစ်က စစ်ရေးပူးတွဲလေ့ကျင့်ခဲ့ပြီးနောက် ဧပြီလအတွင်း အဆိုပါတိုင်ဖွန်းဒုံးကျည်များကို ပထမအကြိမ် ဖြန့်ကြက်ချထားခဲ့ကြောင်းသိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိ အချိန်တွင်တောင်တရုတ်ပင်လယ်အတွင်းပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ နှင့် တင်းမာမှုများရှိနေခဲ့ရာ တိုင်ဖွန်းဒုံးကျည်ဖြန့်ကြက်ချထားမှုက နှစ်နိုင်ငံကြား အငြင်းပွားမှုများဖြစ်လာစေခဲ့သည်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်နိုင်ငံထုတ် ဒုံးကျည်များ ဖြန်ကြက်ချထားမည့် အစီအ စဉ်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဒေသအတွင်းတင်းမာမှုနှင့် ထိပ်တိုက်တွေ့ဆုံမှုများပိုမိုဖြစ်လာနိုင်ကြောင်းပြောသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဖာဒီနန်မာကိုစ့်ဂျူနီယာသမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့ကာ တရုတ်စစ်သင်္ဘောများက တောင်တရုတ်ပင်လယ်အတွင်းတွင် ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောများကို ဝင်တိုက်ခြင်းများရှိလာခဲ့ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္က သတိေပးေသာ္လည္း အေမရိကန္ထုတ္ဒုံးက်ည္မ်ားကို ဆက္လက္ခ်ထားမည္ဟု ဖိလစ္ပိုင္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆
တ႐ုတ္ႏိုင္ငံက သတိေပးမႈမ်ားရွိေနေသာ္လည္း ဖိလစ္ပိုင္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံထုတ္ ဘက္စုံ သုံး ဒုံးက်ည္ကို ဖိလစ္ပိုင္ႏိုင္ငံအတြင္း ဆက္လက္ခ်ထားမည္ျဖစ္ေၾကာင္းဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာ၏ အႀကံေပးျဖစ္သူ အီဒြါဒိုအာႏိုက ေျပာသည္။
အဆိုပါ အေမရိကန္ႏိုင္ငံထုတ္တိုင္ဖြန္း အမည္ရွိ ဒုံးက်ည္သည္ ကီလိုမီတာ ေထာင္ႏွင့္ခ်ီပစ္ ခတ္ႏိုင္ၿပီး ဖိလစ္ပိုင္ကမ္း႐ိုးတန္းတြင္ဆက္ရွိမည္ဟု အာႏိုက ထပ္မံေျပာဆိုခဲ့သည္။ ဖိလစ္ပိုင္အစိုးရသည္ အဆိုပါဒုံးက်ည္ကို Laoag အရပ္ေဒသမွ လူဇြန္ကြၽန္းသို႔ ေျပာင္းေ႐ႊ႕ခ်ထားဖြယ္ရွိေနေၾကာင္း ၿပီးခဲ့ ေသာရက္ပိုင္းတြင္ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပထားသည္။
ဖိလစ္ပိုင္စစ္တပ္က တာလတ္ပစ္ဒုံးက်ည္ ျဖန႔္ၾကက္ခ်ထားျခင္းသည္ အေမရိကန္ႏွင့္ဖိလစ္ပိုင္ ႏိုင္ငံၾကား ကာကြယ္ေရးသေဘာတူညီခ်က္မ်ားအရျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတအႀကံေပးျဖစ္သူက ေျပာသည္။ ဖိလစ္ပိုင္ စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ပါဒီလာက “အဲဒီတိုင္ဖြန္း ဒုံးက်ည္ေတြ ျဖန႔္ၾကက္ခ်ထားတဲ့ အဓိကရည္႐ြယ္ခ်က္ဟာ ဖိလစ္ပိုင္စစ္တပ္ရဲ႕ကာကြယ္ေရးစြမ္းရည္ပိုမိုေကာင္းမြန္ေစဖို႔၊ ေဒသအတြင္းလုံၿခဳံေရး ပိုမိုေကာင္းမြန္ေစဖို႔ျဖစ္ပါ တယ္။ ဒါ့ျပင္ ဖိလစ္ပိုင္ စစ္တပ္တပ္ဖြဲ႕ဝင္ေတြကို ေခတ္မီလက္နက္ေတြနဲ႔ အကြၽမ္းတဝင္ရွိေစဖို႔ျဖစ္တယ္” ဟု ေျပာ သည္။
ဖိလစ္ပိုင္ႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ (၂၀၂၄)ခုႏွစ္က စစ္ေရးပူးတြဲေလ့က်င့္ခဲ့ၿပီးေနာက္ ဧၿပီလအတြင္း အဆိုပါတိုင္ဖြန္းဒုံးက်ည္မ်ားကို ပထမအႀကိမ္ ျဖန႔္ၾကက္ခ်ထားခဲ့ေၾကာင္းသိရသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ လက္ရွိ အခ်ိန္တြင္ေတာင္တ႐ုတ္ပင္လယ္အတြင္းပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ ႏွင့္ တင္းမာမႈမ်ားရွိေနခဲ့ရာ တိုင္ဖြန္းဒုံးက်ည္ျဖန႔္ၾကက္ခ်ထားမႈက ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားျဖစ္လာေစခဲ့သည္။ တ႐ုတ္ႏိုင္ငံက ဖိလစ္ပိုင္ႏိုင္ငံအတြင္း အေမရိကန္ႏိုင္ငံထုတ္ ဒုံးက်ည္မ်ား ျဖန္ၾကက္ခ်ထားမည့္ အစီအ စဥ္ကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ေဒသအတြင္းတင္းမာမႈႏွင့္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားပိုမိုျဖစ္လာႏိုင္ေၾကာင္းေျပာသည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာသမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာခဲ့ကာ တ႐ုတ္စစ္သေဘၤာမ်ားက ေတာင္တ႐ုတ္ပင္လယ္အတြင္းတြင္ ဖိလစ္ပိုင္ ကမ္းေျခေစာင့္ သေဘၤာမ်ားကို ဝင္တိုက္ျခင္းမ်ားရွိလာခဲ့ေၾကာင္း သိရသည္။