Bitcoin ဈေးနှုန်းက ဒေါ်လာ (၇) သိန်းအထိ ရှိလာနိုင်ကြောင်း BlackRock ကုမ္ပဏီအကြီးအကဲ ခန့်မှန်း

878

Pika (NP News) - ဇန်နဝါရီ ၂၆
အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏အစုရှယ်ယာများ၏ (၂)ရာခိုင်နှုန်း နှင့် (၅)ရာခိုင်နှုန်းကြား ကို ဒီဂျစ်တယ်ငွေကြေးသို့ ခွဲဝေပေးမည်ဆိုပါက Bitcoin ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ(၇)သိန်းအထိ ရှိလာ နိုင်ကြောင်း ကမ္ဘာ့အကြီး ဆုံးပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကုမ္ပဏီ Black Rock ၏ အကြီးအကဲ လယ်ရီဖင့်ခ်က ခန့်မှန်း ပြောခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း Bitcoin ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ(၁)သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး နောက် ယခုကဲ့သို့ခန့်မှန်းမှုများထွက် ပေါ်လာခြင်းဖြစ်သည်။ (၂၀၂၄)ခုနှစ်တွင် Bitcoin ဈေးနှုန်းသည် (၁၂၁)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Bitcoin တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၁၀၈၁၃၅) ဒေါ်လာအထိရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၂၀)ရက်က ပြုလုပ်ခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆို ပွဲအပြီး တွင် Bitcoin တစ်ခုလျှင် အမေရိကန်ဒေါ်လာ(၁၀၉၂၂၅)ဒေါ်လာအထိ စံချိန် တင်မြင့်တက်ခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်ကို ကမ္ဘာကြီး၏ ဒီဂျစ်တယ်ငွေကြေးမြို့တော်အဖြစ် ပြုလုပ်ရန်နှင့် တခြားသောအစီအစဉ်များကို ယခင်က ထုတ်ပြန်ကြေညာခဲ့ဖူးကြောင်း သိရသည်။
လယ်ရီဖင့်ခ်သည် Bitcoin ၏ အလားအလာများကို မီးမောင်းထိုးပြခဲ့ပြီး ၎င်းသည် ဒီဂျစ်တယ် ငွေကြေး များနှင့်ပတ်သက်၍ ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။ လယ်ရီဖင့်ခ်က ‘‘ငွေကြေးကျဆင်းမှုတွေကို ကြောက်ရွံ့နေရင် ဒါမှမဟုတ် နိုင်ငံရဲ့စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေး တည်ငြိမ်မှုကို ကြောက်ရွံ့နေတယ်ဆိုရင် အဲဒီလိုကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်မယ့် Bitcoin လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးတစ်ခုကို ယုံကြည်လို့ရပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ အချုပ်အခြာအာဏာပိုင် ကြွယ်ဝမှု ရန်ပုံငွေအဖွဲ့နဲ့ ကျွန်တော်အတူ ရှိနေခဲ့ပါတယ်။ အဲဒီအစည်းအဝေးအတွင်း ဒီဂျစ်တယ်ငွေကြေးကို အစုရှယ်ယာ (၂)ရာခိုင် နှုန်း ဒါမှမဟုတ် (၅)ရာခိုင်နှုန်းခွဲဝေပေးသင့်လား ဆိုတာကို ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။ အကယ်၍ ခွဲဝေပေးမှု တွေသာရှိခဲ့မယ်ဆိုရင် Bitcoin ဈေးနှုန်းက အမေရိကန်ဒေါ်လာ(၅)သိန်း၊ (၆)သိန်း၊ (၇)သိန်းအထိ ရှိလာနိုင်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
Bitcoin ေဈးႏႈန္းက ေဒၚလာ (၇) သိန္းအထိ ရွိလာႏိုင္ေၾကာင္း BlackRock ကုမၸဏီအႀကီးအကဲ ခန႔္မွန္း
Pika (NP News) - ဇန္နဝါရီ ၂၆
အဖြဲ႕အစည္းဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ၎တို႔၏အစုရွယ္ယာမ်ား၏ (၂)ရာခိုင္ႏႈန္း ႏွင့္ (၅)ရာခိုင္ႏႈန္းၾကား ကို ဒီဂ်စ္တယ္ေငြေၾကးသို႔ ခြဲေဝေပးမည္ဆိုပါက Bitcoin ေဈးႏႈန္းသည္ အေမရိကန္ေဒၚလာ(၇)သိန္းအထိ ရွိလာ ႏိုင္ေၾကာင္း ကမာၻ႔အႀကီး ဆုံးပိုင္ဆိုင္မႈစီမံခန႔္ခြဲမႈကုမၸဏီ Black Rock ၏ အႀကီးအကဲ လယ္ရီဖင့္ခ္က ခန႔္မွန္း ေျပာခဲ့သည္။
ၿပီးခဲ့သည့္လမ်ားအတြင္း Bitcoin ေဈးႏႈန္းသည္ အေမရိကန္ေဒၚလာ(၁)သိန္းေက်ာ္အထိ ျမင့္တက္ခဲ့ၿပီး ေနာက္ ယခုကဲ့သို႔ခန႔္မွန္းမႈမ်ားထြက္ ေပၚလာျခင္းျဖစ္သည္။ (၂၀၂၄)ခုႏွစ္တြင္ Bitcoin ေဈးႏႈန္းသည္ (၁၂၁)ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာလတြင္ Bitcoin တစ္ခုလွ်င္ အေမရိကန္ေဒၚလာ (၁၀၈၁၃၅) ေဒၚလာအထိရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၀)ရက္က ျပဳလုပ္ခဲ့ေသာ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆို ပြဲအၿပီး တြင္ Bitcoin တစ္ခုလွ်င္ အေမရိကန္ေဒၚလာ(၁၀၉၂၂၅)ေဒၚလာအထိ စံခ်ိန္ တင္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္ကို ကမာၻႀကီး၏ ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္အျဖစ္ ျပဳလုပ္ရန္ႏွင့္ တျခားေသာအစီအစဥ္မ်ားကို ယခင္က ထုတ္ျပန္ေၾကညာခဲ့ဖူးေၾကာင္း သိရသည္။
လယ္ရီဖင့္ခ္သည္ Bitcoin ၏ အလားအလာမ်ားကို မီးေမာင္းထိုးျပခဲ့ၿပီး ၎သည္ ဒီဂ်စ္တယ္ ေငြေၾကး မ်ားႏွင့္ပတ္သက္၍ ယုံၾကည္သူတစ္ဦး ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ လယ္ရီဖင့္ခ္က ‘‘ေငြေၾကးက်ဆင္းမႈေတြကို ေၾကာက္႐ြံ႕ေနရင္ ဒါမွမဟုတ္ ႏိုင္ငံရဲ႕စီးပြားေရး ဒါမွမဟုတ္ ႏိုင္ငံေရး တည္ၿငိမ္မႈကို ေၾကာက္႐ြံ႕ေနတယ္ဆိုရင္ အဲဒီလိုေၾကာက္႐ြံ႕မႈေတြကို ေက်ာ္လႊားႏိုင္မယ့္ Bitcoin လို႔ေခၚတဲ့ ဒီဂ်စ္တယ္ေငြေၾကးတစ္ခုကို ယုံၾကည္လို႔ရပါတယ္။ ဒီသီတင္းပတ္အတြင္းမွာ အခ်ဳပ္အျခာအာဏာပိုင္ ႂကြယ္ဝမႈ ရန္ပုံေငြအဖြဲ႕နဲ႔ ကြၽန္ေတာ္အတူ ရွိေနခဲ့ပါတယ္။ အဲဒီအစည္းအေဝးအတြင္း ဒီဂ်စ္တယ္ေငြေၾကးကို အစုရွယ္ယာ (၂)ရာခိုင္ ႏႈန္း ဒါမွမဟုတ္ (၅)ရာခိုင္ႏႈန္းခြဲေဝေပးသင့္လား ဆိုတာကို ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ပါတယ္။ အကယ္၍ ခြဲေဝေပးမႈ ေတြသာရွိခဲ့မယ္ဆိုရင္ Bitcoin ေဈးႏႈန္းက အေမရိကန္ေဒၚလာ(၅)သိန္း၊ (၆)သိန္း၊ (၇)သိန္းအထိ ရွိလာႏိုင္ပါတယ္” ဟု ေျပာခဲ့သည္။