ဖုန်းမျက်နှာပြင်အာမခံ အပါအဝင် အာမခံအမျိုးအစားသစ် ၆ မျိုး ဝန်ဆောင်မှုပေးနိုင်ရန် ဆွေးနွေးနေ

 1300

NP News - ဇန်န၀ါရီ ၂၆

ပြည်ပပါဆယ်အာမခံ နှင့် ဖုန်းမျက်နှာပြင်အာမခံအမျိုးအစားအသစ် အပါအဝင် အာမခံအမျိုးအစားသစ် ၆ မျိုး ဝန်ဆောင်မှုပေးနိုင်ရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အာမခံအမျိုးအစားအသစ်များမှာ ပြည်ပပါဆယ်အာမခံအသစ်၊ ဖုန်းမျက်နှာပြင် အာမခံ အမျိုးအစား အသစ်၊ အသေးစားကျန်းမာရေးအာမခံနှင့် အသက်အာမခံအမျိုးအစားများဖြစ်သော တစ်မူထူးခြားသည့် ထပ်ပေါင်း စုဆောင်း အသက်အာမခံ ၅/၃ အာမခံ အမျိုးအစားသစ်၊ ပြင်းထန်ရောဂါထပ်တိုးအစီအစဉ်သစ် နှင့် လုံခြုံချေးငွေ အက်အာမခံအမျိုးအစားသစ် စသည့် စုစုပေါင်း အာမခံအမျိုးအစားသစ် ၆ မျိုးကို အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ၏ ၃၈ ကြိမ်မြောက်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများအား အာမခံဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်ရန်နှင့် အာမခံ ဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ နှင့် အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား ၆၀ ကို ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ၂၉ ခု၊ အာမခံ လျော်ကြေးတွက်ချက်သည့် Adjuster & Surveyours ကုမ္ပဏီ ၅ ခု၊ ကော်ပိုရိတ် အာမခံကိုယ်စားလှယ် ၅၈ ခု၊ တစ်ဦးချင်း အာမခံကိုယ်စားလှယ် စုစုပေါင်း ၁၉,၂၃၄ ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာ ၁ ခု နှင့် ဌာနတွင်း အာမခံကိုယ်စားလှယ်သင်တန်း ကျောင်း ၂၅ ကျောင်းတို့ကို ခွင့်ပြုပေးထားတယ်လို့လည်း သိရသည်။

Zawgyi Version:
ဖုန္းမ်က္ႏွာျပင္အာမခံ အပါအဝင္ အာမခံအမ်ိဳးအစားသစ္ ၆ မ်ိဳး ဝန္ေဆာင္မႈေပးႏိုင္ရန္ ေဆြးေႏြးေန
NP News - ဇန္န၀ါရီ ၂၆
ျပည္ပပါဆယ္အာမခံ ႏွင့္ ဖုန္းမ်က္ႏွာျပင္အာမခံအမ်ိဳးအစားအသစ္ အပါအဝင္ အာမခံအမ်ိဳးအစားသစ္ ၆ မ်ိဳး ဝန္ေဆာင္မႈေပးႏိုင္ရန္ အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕က ေဆြးေႏြးလ်က္ရွိေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အဆိုပါ အာမခံအမ်ိဳးအစားအသစ္မ်ားမွာ ျပည္ပပါဆယ္အာမခံအသစ္၊ ဖုန္းမ်က္ႏွာျပင္ အာမခံ အမ်ိဳးအစား အသစ္၊ အေသးစားက်န္းမာေရးအာမခံႏွင့္ အသက္အာမခံအမ်ိဳးအစားမ်ားျဖစ္ေသာ တစ္မူထူးျခားသည့္ ထပ္ေပါင္း စုေဆာင္း အသက္အာမခံ ၅/၃ အာမခံ အမ်ိဳးအစားသစ္၊ ျပင္းထန္ေရာဂါထပ္တိုးအစီအစဥ္သစ္ ႏွင့္ လုံၿခဳံေခ်းေငြ အက္အာမခံအမ်ိဳးအစားသစ္ စသည့္ စုစုေပါင္း အာမခံအမ်ိဳးအစားသစ္ ၆ မ်ိဳးကို အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕ ၏ ၃၈ ႀကိမ္ေျမာက္အစည္းအေဝးမွာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အာမခံအမ်ိဳးအစားမ်ားကို ဝင္ေငြနည္းျပည္သူမ်ားအား အာမခံဝန္ေဆာင္မႈေပးႏိုင္ေရးေဆာင္႐ြက္ရန္ႏွင့္ အာမခံ ဝန္ေဆာင္မႈေပးရာတြင္ သတ္မွတ္ထားသည့္ ဥပေဒစည္းမ်ဥ္းစည္းကမ္းလုပ္ထုံးလုပ္နည္း ၫႊန္ၾကားခ်က္မ်ား ႏွင့္ အညီ လိုက္နာေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း သိရသည္။
အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕မွ ျမန္မာႏိုင္ငံ၏ အာမခံက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အာမခံအမ်ိဳးအစား ၆၀ ကို ခြင့္ျပဳထားၿပီး ႏိုင္ငံျခားအာမခံကိုယ္စားလွယ္႐ုံး ၂၉ ခု၊ အာမခံ ေလ်ာ္ေၾကးတြက္ခ်က္သည့္ Adjuster & Surveyours ကုမၸဏီ ၅ ခု၊ ေကာ္ပိုရိတ္ အာမခံကိုယ္စားလွယ္ ၅၈ ခု၊ တစ္ဦးခ်င္း အာမခံကိုယ္စားလွယ္ စုစုေပါင္း ၁၉,၂၃၄ ဦး၊ အာမခံကိုယ္စားလွယ္ အရည္အခ်င္းစစ္စင္တာ ၁ ခု ႏွင့္ ဌာနတြင္း အာမခံကိုယ္စားလွယ္သင္တန္း ေက်ာင္း ၂၅ ေက်ာင္းတို႔ကို ခြင့္ျပဳေပးထားတယ္လို႔လည္း သိရသည္။

Related news

© 2021. All rights reserved.