မြန်မာနိုင်ငံတွင်သာ ရှိသောမျိုးစိတ်များကို ထိန်သိမ်းကာကွယ်ရန် စစ်ကိုင်းတိုင်းရှိ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်

602

စော (NP News) - ဇန်နဝါရီ ၂၆
မျိုးသုဉ်းရန်အန္တရာယ်ရှိသည့်အပြင် မြန်မာနိုင်ငံတွင်သာ ရှိသောမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် စစ်ကိုင်းတိုင်းရှိ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်အတွင်းရှိ ၃၂၇ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် ဇန်နဝါရီလ ၂၃ ရက်မှ စတင်သတ်မှတ်ကြောင်း သိရသည်။
ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာတို့အကြား၊ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိကြောင်း သိရသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် (၁၂၂၅)ခုနှစ်၊ ကဆုန်လပြည့်ကျော် (၇)ရက်တွင် ရှိမ္မကား တောရကြီးကျောင်းနယ်မြေအဖြစ် မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီး သီတင်းသုံးနေထိုင် သည့် ဆရာတော်ကြီးများက ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါနေသော အဆောက်အအုံများ ယနေ့တိုင်ပျက်စီးပျောက်ကွယ်သွား ခြင်းမရှိဘဲ တည်ရှိနေကြောင်း သိရသည်။
ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧကရှိသောဒေသတွင် သဘာဝဝန်းကျင် ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN)၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်အရ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်စာရင်းဝင်ရှားပါး၍ မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားလျက်ရှိသော မျိုးစိတ် ဖြစ်သည့် မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့််၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေး စသည့်ငှက်မျိုးစိတ်များ ကျက်စားရာဒေသဖြစ်သောကြောင့် ရှေရှည်တည်တံ့စေရန်အတွက် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အပူပိုင်းတောခြောက်အမျိုးအစားတွင် ရှင်သန်ပေါက်ရောက်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကို စသည့် သစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များ ပေါက်ရောက်ခြင်းကြောင့် အပူပိုင်းဒေသဂေဟစနစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်၍ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထိန်းသိမ်းခြင်းအားဖြင့် မြန်မာ့ရွှေသမင်များ ကျက်စား နေထိုင်ရာ နေရင်းဒေသများအား ရေရှည်တည်တံ့စေရန် စောင့်ရှောက်နိုင်ခြင်း၊ အပူပိုင်းသစ်တော ဂေဟစနစ်များ နှင့် သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ထာဝစဉ်တည်ရှိနေခြင်းအားဖြင့် ရာသီဥတုမျှတစေခြင်းနှင့် ကောင်းမွန်သော မြေဩဇာ၊ မြေဆီများကို ထိန်းသိမ်းထားနိုင်ခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်းနှင့် ချောင်းကော ခြင်းများကို သက်သာစေနိုင်ခြင်း၊ မြစ်၊ ချောင်းများ ရေစီးရေလာများ ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် တောတောင်ရေမြေနှင့် သဘာဝသစ်ပင်များ အမြဲတမ်းစိမ်းလန်းစိုပြည်လာခြင်းကြောင့် တောရိုင်းတိရစ္ဆာန် များအတွက် စားကျက်များကောင်းမွန်ခြင်းနှင့် အကောင်အရေအတွက် တိုးတက်ပွားများလာစေခြင်း၊ တောတောင် ရေမြေသစ်ပင်များ ဖွံ့ဖြိုးကောင်းမွန်လာစေခြင်းအားဖြင့် မြေနိမ့်ပိုင်းလယ်ယာမြေများတွင် သဘာဝမြေဩဇာများ ပေါကြွယ်ဝ၍ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Zawgyi Version:
ျမန္မာႏိုင္ငံတြင္သာ ရွိေသာမ်ိဳးစိတ္မ်ားကို ထိန္သိမ္းကာကြယ္ရန္ စစ္ကိုင္းတိုင္းရွိ “ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ” အျဖစ္ သတ္မွတ္
ေစာ (NP News) - ဇန္နဝါရီ ၂၆
မ်ိဳးသုဥ္းရန္အႏၲရာယ္ရွိသည့္အျပင္ ျမန္မာႏိုင္ငံတြင္သာ ရွိေသာမ်ိဳးစိတ္မ်ားကို ထိန္းသိမ္းကာကြယ္ရန္အတြက္ စစ္ကိုင္းတိုင္းရွိ “ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ” အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သယံဇာႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနသည္ ၂၀၁၈ ခုႏွစ္ ေမလတြင္ ထုတ္ျပန္သည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၉၊ ပုဒ္မခြဲ(က)အရ အပ္ႏွင္းထားသည့္ အခြင့္အာဏာမ်ားကိုက်င့္သုံး၍ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ဝက္လက္ ၿမိဳ႕နယ္အတြင္းရွိ ၃၂၇ ဧကကို ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ထိန္းသိမ္းကာကြယ္ရန္အတြက္ “ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ” အျဖစ္ ဇန္နဝါရီလ ၂၃ ရက္မွ စတင္သတ္မွတ္ေၾကာင္း သိရသည္။
ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕နယ္ ရွိမၼကားေက်း႐ြာႏွင့္ ငါးရယ္ေက်း႐ြာတို႔အၾကား၊ ဧရာဝတီျမစ္ကမ္းနံေဘးတြင္ တည္ရွိေၾကာင္း သိရသည္။ မင္းတုန္းမင္းတရားႀကီးလက္ထက္ (၁၂၂၅)ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ (၇)ရက္တြင္ ရွိမၼကား ေတာရႀကီးေက်ာင္းနယ္ေျမအျဖစ္ မူလပထမ ေ႐ႊက်င္ဆရာေတာ္ဘုရားႀကီးထံ လႉဒါန္းခဲ့ၿပီး သီတင္းသုံးေနထိုင္ သည့္ ဆရာေတာ္ႀကီးမ်ားက ေခတ္အဆက္ဆက္ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ၾကသျဖင့္ ေတာေတာင္သဘာဝအလွအပရႈခင္းမ်ား၊ အဖိုးတန္ေရွးေဟာင္း ယဥ္ေက်းမႈလက္ရာမ်ားျဖင့္ ခံ့ညားထည္ဝါေနေသာ အေဆာက္အအုံမ်ား ယေန႔တိုင္ပ်က္စီးေပ်ာက္ကြယ္သြား ျခင္းမရွိဘဲ တည္ရွိေနေၾကာင္း သိရသည္။
ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ ၃၂၇ ဧကရွိေသာေဒသတြင္ သဘာဝဝန္းက်င္ ထိန္းသိမ္းေရးအျပည္ျပည္ဆိုင္ရာအဖြဲ႕ (IUCN)၏ ကာကြယ္ထိန္းသိမ္းမႈအဆင့္ သတ္မွတ္ခ်က္အရ မ်ိဳးသုဥ္းရန္ အႏၲရာယ္ရွိေသာ မ်ိဳးစိတ္စာရင္းဝင္ရွားပါး၍ ျမန္မာႏိုင္ငံတြင္သာ ေပါက္ဖြားက်က္စားလ်က္ရွိေသာ မ်ိဳးစိတ္ ျဖစ္သည့္ ျမန္မာ့ေ႐ႊသမင္မ်ားႏွင့္ ေတာေၾကာင္မ်ိဳးစိတ္မ်ား၊ ရွဥ့္္၊ တြားသြားသတၱဝါမ်ားႏွင့္ ခါ၊ ေ႐ႊျပည္စိုး၊ ၾကက္တူေ႐ြး စသည့္ငွက္မ်ိဳးစိတ္မ်ား က်က္စားရာေဒသျဖစ္ေသာေၾကာင့္ ေရွရွည္တည္တံ့ေစရန္အတြက္ သတ္မွတ္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အပူပိုင္းေတာေျခာက္အမ်ိဳးအစားတြင္ ရွင္သန္ေပါက္ေရာက္သည့္ သန္း၊ ဒဟတ္၊ တမာ၊ ရွား၊ ကုကၠိဳ စသည့္ သစ္မ်ိဳးမ်ားႏွင့္ အျခားအပင္မ်ိဳးစိတ္မ်ား ေပါက္ေရာက္ျခင္းေၾကာင့္ အပူပိုင္းေဒသေဂဟစနစ္မ်ားကို ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ႏိုင္ေစရန္အတြက္ ရည္႐ြယ္၍ “ရွိမၼကားေတာရႀကီးေက်ာင္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာ” အျဖစ္ သတ္မွတ္ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ တည္ေထာင္ထိန္းသိမ္းျခင္းအားျဖင့္ ျမန္မာ့ေ႐ႊသမင္မ်ား က်က္စား ေနထိုင္ရာ ေနရင္းေဒသမ်ားအား ေရရွည္တည္တံ့ေစရန္ ေစာင့္ေရွာက္ႏိုင္ျခင္း၊ အပူပိုင္းသစ္ေတာ ေဂဟစနစ္မ်ား ႏွင့္ သစ္ေတာဖုံးလႊမ္းမႈ ပိုမိုေကာင္းမြန္လာၿပီး ထာဝစဥ္တည္ရွိေနျခင္းအားျဖင့္ ရာသီဥတုမွ်တေစျခင္းႏွင့္ ေကာင္းမြန္ေသာ ေျမဩဇာ၊ ေျမဆီမ်ားကို ထိန္းသိမ္းထားႏိုင္ျခင္း၊ ေရတိုက္စားျခင္း၊ ေျမၿပိဳျခင္းႏွင့္ ေခ်ာင္းေကာ ျခင္းမ်ားကို သက္သာေစႏိုင္ျခင္း၊ ျမစ္၊ ေခ်ာင္းမ်ား ေရစီးေရလာမ်ား ေကာင္းမြန္လာေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေတာေတာင္ေရေျမႏွင့္ သဘာဝသစ္ပင္မ်ား အၿမဲတမ္းစိမ္းလန္းစိုျပည္လာျခင္းေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ မ်ားအတြက္ စားက်က္မ်ားေကာင္းမြန္ျခင္းႏွင့္ အေကာင္အေရအတြက္ တိုးတက္ပြားမ်ားလာေစျခင္း၊ ေတာေတာင္ ေရေျမသစ္ပင္မ်ား ဖြံ႕ၿဖိဳးေကာင္းမြန္လာေစျခင္းအားျဖင့္ ေျမနိမ့္ပိုင္းလယ္ယာေျမမ်ားတြင္ သဘာဝေျမဩဇာမ်ား ေပါႂကြယ္ဝ၍ စိုက္ပ်ိဳးသည့္ ေကာက္ပဲသီးႏွံမ်ား ပိုမိုျဖစ္ထြန္းလာႏိုင္ၿပီး ေဒသခံမ်ား၏ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳး တိုးတက္လာေစႏိုင္ျခင္း စသည့္အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။