ဥရောပတိုက်တွင် ဖြန့်ကြက်ချထားသော အမေရိကန်တပ်ဖွဲ့ဝင် (၂၀ဝဝဝ)ကို ပြန်ရုပ်သိမ်းဖွယ်ရှိနေ

572

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆
အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် ဥရောပတိုက်တွင် ဖြန့်ကြက်ချထားသော အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို (၂၀)ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်အရင်းမြစ်များက ပြောသည်။ ဒေါ်နယ်ထရမ့်သည် ဥရောပတိုက်နှင့်ပတ်သက်ပြီး အမေရိကန်အစိုးရပေးထားသောကတိများကို ပြန်လည်သုံး သပ်နေကြောင်း သိရသည်။ ဥရောပတိုက်တွင် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် (၁)သိန်းရှိ နေရာမှ (၈၀ဝဝဝ)အထိသာ ဖြန့်ကြက်ချထားဖွယ်ရှိနေပြီး ကျန်ရှိသော အမေရိကန်တပ်ဖွဲ့ဝင်များအတွက်လည်း ငွေကြေးတောင်းခံသွားဖွယ်ရှိ နေကြောင်း သိရသည်။
အီတလီအခြေစိုက်မီဒီယာတစ်ခုဖြစ်သော အန်ဆာသတင်းဌာနက အမေရိကန်သမ္မတသည် ဥရောပတိုက် တွင် ဖြန့်ကြက်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဥရောပသမဂ္ဂထံမှ ငွေကြေးတောင်းဆိုသွားဖွယ် ရှိနေကြောင်း ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်သည် မကြာသေးမီက ဥရောပသမဂ္ဂအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဥရောပတွင် ဖြန့်ကြက်ချထားသော တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချလိုသောဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အီတလီအခြေစိုက် သတင်းဌာနနှင့် နီးစပ်သောသတင်းအရင်းမြစ်က ‘‘ဥရောပတိုက်မှာ ဆက်လက်ဖြန့်ကြက်ချထားမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် ငွေကြေးတောင်းခံသွား ဖွယ်ရှိပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ငွေကိုအလကား သက်သက် ကုန်ဆုံးတာ မျိုး အဖြစ်မခံလိုဘူး” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလအစောပိုင်းကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံး စရိတ်ကို နိုင်ငံစုစုပေါင်း ဂျီပီဒီ၏ (၅)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်တောင်းဆိုခဲ့ဖူးသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ လက်ရှိကာကွယ်ရေးအသုံးစရိတ် သည်နိုင်ငံဂျီဒီပီ၏ (၂)ရာခိုင်နှုန်းဝန်းကျင်သာရှိနေကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေးရာတွင်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အမေရိကန် နိုင်ငံနှင့်တန်းတူ ညီမျှကူညီထောက်ပံ့ပေးရန် ဒေါ်နယ်ထရမ့်က တောင်းဆိုထားကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ‘‘ကျွန်တော်တို့အမေရိကန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ (၂၀ဝ) ဘီလျံ ကူညီပေးထားတယ်။ အဲဒီပမာဏဟာ ဥရောပသမဂ္ဂထက် ပိုမိုများပြားနေတယ်။ ကျွန်တော်တို့ဟာ ရူးမိုက် သလိုမျိုးဖြစ်နေတယ်။ ဥရောပသမဂ္ဂဟာ ကျွန်တော်တို့အတွက် အလွန်ဆိုးရွားတယ်။ ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂကို ကုန်သွယ်ခွန် ချမှတ်သွားမယ်” ဟု ပြောသည်။

Zawgyi Version:
ဥေရာပတိုက္တြင္ ျဖန႔္ၾကက္ခ်ထားေသာ အေမရိကန္တပ္ဖြဲ႕ဝင္ (၂၀ဝဝဝ)ကို ျပန္႐ုပ္သိမ္းဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆
အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္သည္ ဥေရာပတိုက္တြင္ ျဖန႔္ၾကက္ခ်ထားေသာ အေမရိကန္ တပ္ဖြဲ႕ဝင္ အေရအတြက္ကို (၂၀)ရာခိုင္ႏႈန္း ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း ဥေရာပသမဂၢ သံတမန္အရင္းျမစ္မ်ားက ေျပာသည္။ ေဒၚနယ္ထရမ့္သည္ ဥေရာပတိုက္ႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရေပးထားေသာကတိမ်ားကို ျပန္လည္သုံး သပ္ေနေၾကာင္း သိရသည္။ ဥေရာပတိုက္တြင္ အေမရိကန္တပ္ဖြဲ႕ဝင္အေရအတြက္ (၁)သိန္းရွိ ေနရာမွ (၈၀ဝဝဝ)အထိသာ ျဖန႔္ၾကက္ခ်ထားဖြယ္ရွိေနၿပီး က်န္ရွိေသာ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားအတြက္လည္း ေငြေၾကးေတာင္းခံသြားဖြယ္ရွိ ေနေၾကာင္း သိရသည္။
အီတလီအေျခစိုက္မီဒီယာတစ္ခုျဖစ္ေသာ အန္ဆာသတင္းဌာနက အေမရိကန္သမၼတသည္ ဥေရာပတိုက္ တြင္ ျဖန႔္ၾကက္ခ်ထားေသာ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားအတြက္ ဥေရာပသမဂၢထံမွ ေငြေၾကးေတာင္းဆိုသြားဖြယ္ ရွိေနေၾကာင္း ေဖာ္ျပထားသည္။ ေဒၚနယ္ထရမ့္သည္ မၾကာေသးမီက ဥေရာပသမဂၢအဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဥေရာပတြင္ ျဖန႔္ၾကက္ခ်ထားေသာ တပ္ဖြဲ႕ဝင္အေရအတြက္ကို ေလွ်ာ့ခ်လိုေသာဆႏၵကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။ အီတလီအေျခစိုက္ သတင္းဌာနႏွင့္ နီးစပ္ေသာသတင္းအရင္းျမစ္က ‘‘ဥေရာပတိုက္မွာ ဆက္လက္ျဖန႔္ၾကက္ခ်ထားမယ့္ အေမရိကန္တပ္ဖြဲ႕ဝင္ေတြအတြက္ ေငြေၾကးေတာင္းခံသြား ဖြယ္ရွိပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္အခြန္ထမ္းျပည္သူေတြရဲ႕ေငြကိုအလကား သက္သက္ ကုန္ဆုံးတာ မ်ိဳး အျဖစ္မခံလိုဘူး” ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ ဇန္နဝါရီလအေစာပိုင္းကလည္း ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကာကြယ္ေရးအသုံး စရိတ္ကို ႏိုင္ငံစုစုေပါင္း ဂ်ီပီဒီ၏ (၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲရန္ေတာင္းဆိုခဲ့ဖူးသည္။ ဥေရာပသမဂၢအဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ လက္ရွိကာကြယ္ေရးအသုံးစရိတ္ သည္ႏိုင္ငံဂ်ီဒီပီ၏ (၂)ရာခိုင္ႏႈန္းဝန္းက်င္သာရွိေနေၾကာင္း သိရသည္။ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ကူညီေထာက္ပံ့ေပးရာတြင္လည္း ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား အေနျဖင့္ အေမရိကန္ ႏိုင္ငံႏွင့္တန္းတူ ညီမွ်ကူညီေထာက္ပံ့ေပးရန္ ေဒၚနယ္ထရမ့္က ေတာင္းဆိုထားေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က ‘‘ကြၽန္ေတာ္တို႔အေမရိကန္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္ေဒၚလာ (၂၀ဝ) ဘီလ်ံ ကူညီေပးထားတယ္။ အဲဒီပမာဏဟာ ဥေရာပသမဂၢထက္ ပိုမိုမ်ားျပားေနတယ္။ ကြၽန္ေတာ္တို႔ဟာ ႐ူးမိုက္ သလိုမ်ိဳးျဖစ္ေနတယ္။ ဥေရာပသမဂၢဟာ ကြၽန္ေတာ္တို႔အတြက္ အလြန္ဆိုး႐ြားတယ္။ ကြၽန္ေတာ္တို႔ဟာ ဥေရာပသမဂၢကို ကုန္သြယ္ခြန္ ခ်မွတ္သြားမယ္” ဟု ေျပာသည္။