သမ္မတဟောင်း ဂျိုးဘိုင်ဒန်တွင် အလွန်ဆိုးရွားသောအကြံပေးများရှိခဲ့ကြောင်း ဒေါ်နယ်ထရမ့်ပြော

 403

Pika (NP News) - ဇန်နဝါရီ ၂၆

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ယူကရိန်း၊ အစ္စရေးပဋိပက္ခတို့နှင့်ပတ်သက်ပြီး မကောင်းသော အကြံဉာဏ်များ ရရှိခဲ့ခြင်းကြောင့် ယင်းပဋိပက္ခနှစ်ခုစလုံးသည် လျင်မြန်စွာ အရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂျိုးဘိုင်ဒန်သည် အရာအားလုံးနီးပါးတွင် အလွန်ဆိုးရွားသောအကြံဉာဏ်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က Fox News သတင်းဌာန နှင့် အင်တာဗျူးတစ်ခုအတွင်း ထုတ်ဖော်ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘‘သူ့မှာ ရှိသမျှအရာအားလုံး နီးပါးအတွက် အလွန်ဆိုးရွားတဲ့အကြံဉာဏ်တွေကို ဂျိုးဘိုင်ဒန်က ရရှိခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဘယ်တော့မှ မစသင့်ခဲ့တဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အကြံဉာဏ်ဆိုးတွေကို ရရှိခဲ့ပါတယ်။ အစ္စရေးစစ်ပွဲနဲ့ပတ်သက်ပြီး အကြံဉာဏ်ဆိုးတွေကိုလည်း ဂျိုးဘိုင်ဒန်က ရရှိခဲ့ပါတယ်။ ပြီးတော့ ဂျိုးဘိုင်ဒန်ဟာ အာဖဂန်နစ္စတန် နိုင်ငံက နေထွက်ခွာလာခဲ့တဲ့လမ်းကြောင်းမှာလည်း ဆိုးရွားတဲ့အကြံဉာဏ်တွေကိုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရှုံးသမားတွေလိုမဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ ထွက်လာသင့်ပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် (၂၀၂၀) ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့မည်ဆိုပါက ယူကရိန်းပဋိပက္ခမှာ မည်သည့်အခါမျှ ပေါ်ပေါက်လာမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ထို့ပြင် (၂၀၂၄)ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက ယူကရိန်းပဋိပက္ခကို အချိန် (၂၄)နာရီ အတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးရေးကာလ အတွင်း အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့သည်။ ဇန်နဝါရီလ(၂၀)ရက်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဒေါ်နယ်ထရမ့်သည် ၎င်း၏ယူကရိန်းနှင့် ရုရှားပဋိပက္ခဆိုင်ရာ အထူးသံတမန် ကိတ်ကယ်လော့ ကို ရက်ပေါင်း(၁၀ဝ) အတွင်း ပဋိပက္ခကို အဆုံးသတ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ရုရှားသမ္မတပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများလုပ်ဆောင်ရန် ငြင်းဆိုခဲ့ မည်ဆိုပါက ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သွားနိုင်ဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်က ယခု သီတင်းပတ်အတွင်း သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္တြင္ အလြန္ဆိုး႐ြားေသာအႀကံေပးမ်ားရွိခဲ့ေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၆

အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္သည္ ယူကရိန္း၊ အစၥေရးပဋိပကၡတို႔ႏွင့္ပတ္သက္ၿပီး မေကာင္းေသာ အႀကံဉာဏ္မ်ား ရရွိခဲ့ျခင္းေၾကာင့္ ယင္းပဋိပကၡႏွစ္ခုစလုံးသည္ လ်င္ျမန္စြာ အရွိန္ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဂ်ိဳးဘိုင္ဒန္သည္ အရာအားလုံးနီးပါးတြင္ အလြန္ဆိုး႐ြားေသာအႀကံဉာဏ္မ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က Fox News သတင္းဌာန ႏွင့္ အင္တာဗ်ဴးတစ္ခုအတြင္း ထုတ္ေဖာ္ေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က ‘‘သူ႔မွာ ရွိသမွ်အရာအားလုံး နီးပါးအတြက္ အလြန္ဆိုး႐ြားတဲ့အႀကံဉာဏ္ေတြကို ဂ်ိဳးဘိုင္ဒန္က ရရွိခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ဘယ္ေတာ့မွ မစသင့္ခဲ့တဲ့ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အႀကံဉာဏ္ဆိုးေတြကို ရရွိခဲ့ပါတယ္။ အစၥေရးစစ္ပြဲနဲ႔ပတ္သက္ၿပီး အႀကံဉာဏ္ဆိုးေတြကိုလည္း ဂ်ိဳးဘိုင္ဒန္က ရရွိခဲ့ပါတယ္။ ၿပီးေတာ့ ဂ်ိဳးဘိုင္ဒန္ဟာ အာဖဂန္နစၥတန္ ႏိုင္ငံက ေနထြက္ခြာလာခဲ့တဲ့လမ္းေၾကာင္းမွာလည္း ဆိုး႐ြားတဲ့အႀကံဉာဏ္ေတြကိုရရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အရႈံးသမားေတြလိုမဟုတ္ဘဲ ဂုဏ္သိကၡာရွိရွိ ထြက္လာသင့္ပါတယ္” ဟု ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္က ၎အေနျဖင့္ (၂၀၂၀) ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ၿပီး အေမရိကန္သမၼတအျဖစ္ ဆက္လက္တာဝန္ယူခဲ့မည္ဆိုပါက ယူကရိန္းပဋိပကၡမွာ မည္သည့္အခါမွ် ေပၚေပါက္လာမည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့သည္။
ထို႔ျပင္ (၂၀၂၄)ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့မည္ဆိုပါက ယူကရိန္းပဋိပကၡကို အခ်ိန္ (၂၄)နာရီ အတြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က မဲဆြယ္စည္း႐ုံးေရးကာလ အတြင္း အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့သည္။ ဇန္နဝါရီလ(၂၀)ရက္တြင္ အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုၿပီးေနာက္ ေဒၚနယ္ထရမ့္သည္ ၎၏ယူကရိန္းႏွင့္ ႐ုရွားပဋိပကၡဆိုင္ရာ အထူးသံတမန္ ကိတ္ကယ္ေလာ့ ကို ရက္ေပါင္း(၁၀ဝ) အတြင္း ပဋိပကၡကို အဆုံးသတ္ရန္ တာဝန္ေပးအပ္ခဲ့ေၾကာင္းလည္း သိရသည္။
႐ုရွားသမၼတပူတင္အေနျဖင့္ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ရန္ ျငင္းဆိုခဲ့ မည္ဆိုပါက ႐ုရွားအေပၚ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈအသစ္မ်ား ခ်မွတ္သြားႏိုင္ဖြယ္ရွိေၾကာင္း ေဒၚနယ္ထရမ့္က ယခု သီတင္းပတ္အတြင္း သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.