အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား(၂၀၀)ကို ပြန်လွှတ်ပေး

 297

အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား(၂၀၀)ကို ပြန်လွှတ်ပေး
Pika (NP News) - ဇန်နဝါရီ ၂၆

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးအစိုးရဟာ ပါလက်စတိုင်းအကျဉ်းသား(၂၀၀)ကို အစ္စရေးအကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်အနေနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးတပ်ဖွဲ့အမျိုးသမီးစစ်သား(၄)ဦးကို ပြန်လွှတ်ပေးခဲ့ တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၂၅)ရက်မှာ ပါလက်စတိုင်းအကျဉ်းသား(၂၀၀)ကို အစ္စရေးအကျဉ်းထောင်တွေကနေ လွှတ်ပေးမှုကို အစ္စရေးအကျဉ်းထောင်ဝန်ဆောင်မှုက အတည်ပြုခဲ့ပြီး အခြားပါလက်စတိုင်း အကျဉ်းသား(၁၂၁)ဦးဟာ အစ္စရေး နိုင်ငံသားတွေကို သတ်ဖြတ်မှုအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရကာ ကျန်ရှိနေတဲ့ ပါလက်စတိုင်းတွေ ကိုတော့ စွဲချက်မရှိဘဲ ထိန်းသိမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းအကျဉ်းသားတွေကို အစ္စရေးရဲ့ Ofer နဲ့ Ktziot အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့အနက်(၁၂၈)ဦးကို ၎င်းတို့ရဲ့နေအိမ်ကို ပြန်လည်မပို့ဆောင်ခင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က စစ်ဆေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ Ramallah မြို့ကို ပါလက်စတိုင်းအကျဉ်းသား တွေပါရှိတဲ့ ပထမဆုံးဘတ်စ်ကားရောက်ရှိလာချိန်မှာ လူအုပ်ကြီးက အော်ဟစ်အားပေးပြီး ကြိုဆိုနေတာကို ဆိုရှယ် မီဒီယာပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ အမျိုးသမီးစစ်သား(၄)ဦးကိုတော့ ကြက်ခြေနီ အသင်းယာဥ်က လာရောက်ခေါ်ဆောင်ခဲ့ပြီး မောင်းထွက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဟားမက် လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့အမျိုးသမီးစစ်သား(၄)ဦးကို ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု တွေလုပ်ဆောင်ဖို့အတွက် စစ်တပ်ဆေးဘက်ဆိုင်ရာစခန်းကို ခေါ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ၎င်းတို့ရဲ့ မိသားစုတွေနဲ့တွေ့ဆုံဖို့အတွက် ဆေးရုံတစ်ခုကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ အစ္စရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အစၥေရးက ပါလက္စတိုင္းအက်ဥ္းသား(၂၀၀)ကို ျပန္လႊတ္ေပး
Pika (NP News) - ဇန္နဝါရီ ၂၆

ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္တစ္စိတ္တစ္ပိုင္းအေနနဲ႔ အစၥေရးအစိုးရဟာ ပါလက္စတိုင္းအက်ဥ္းသား(၂၀၀)ကို အစၥေရးအက်ဥ္းေထာင္ေတြကေန ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။ အျပန္အလွန္အေနနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးတပ္ဖြဲ႕အမ်ိဳးသမီးစစ္သား(၄)ဦးကို ျပန္လႊတ္ေပးခဲ့ တယ္လို႔ သိရပါတယ္။
ဇန္နဝါရီလ(၂၅)ရက္မွာ ပါလက္စတိုင္းအက်ဥ္းသား(၂၀၀)ကို အစၥေရးအက်ဥ္းေထာင္ေတြကေန လႊတ္ေပးမႈကို အစၥေရးအက်ဥ္းေထာင္ဝန္ေဆာင္မႈက အတည္ျပဳခဲ့ၿပီး အျခားပါလက္စတိုင္း အက်ဥ္းသား(၁၂၁)ဦးဟာ အစၥေရး ႏိုင္ငံသားေတြကို သတ္ျဖတ္မႈအတြက္ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္က်ခံေနရကာ က်န္ရွိေနတဲ့ ပါလက္စတိုင္းေတြ ကိုေတာ့ စြဲခ်က္မရွိဘဲ ထိန္းသိမ္းထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ပါလက္စတိုင္းအက်ဥ္းသားေတြကို အစၥေရးရဲ႕ Ofer နဲ႔ Ktziot အက်ဥ္းေထာင္ေတြကေန ျပန္လႊတ္ေပးခဲ့တာျဖစ္ၿပီး ၎တို႔အနက္(၁၂၈)ဦးကို ၎တို႔ရဲ႕ေနအိမ္ကို ျပန္လည္မပို႔ေဆာင္ခင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC) က စစ္ေဆးမႈေတြ လုပ္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။ Ramallah ၿမိဳ႕ကို ပါလက္စတိုင္းအက်ဥ္းသား ေတြပါရွိတဲ့ ပထမဆုံးဘတ္စ္ကားေရာက္ရွိလာခ်ိန္မွာ လူအုပ္ႀကီးက ေအာ္ဟစ္အားေပးၿပီး ႀကိဳဆိုေနတာကို ဆိုရွယ္ မီဒီယာေပၚမွာတင္ထားတဲ့ ဗီဒီယိုဖိုင္ေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕က ျပန္လႊတ္ေပးခဲ့တဲ့ အစၥေရးတပ္ဖြဲ႕ အမ်ိဳးသမီးစစ္သား(၄)ဦးကိုေတာ့ ၾကက္ေျခနီ အသင္းယာဥ္က လာေရာက္ေခၚေဆာင္ခဲ့ၿပီး ေမာင္းထြက္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဟားမက္ လက္နက္ကိုင္အဖြဲ႕က ျပန္လႊတ္ေပးခဲ့တဲ့ အစၥေရးတပ္ဖြဲ႕အမ်ိဳးသမီးစစ္သား(၄)ဦးကို က်န္းမာေရးဆိုင္ရာစစ္ေဆးမႈ ေတြလုပ္ေဆာင္ဖို႔အတြက္ စစ္တပ္ေဆးဘက္ဆိုင္ရာစခန္းကို ေခၚေဆာင္သြားမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ၎တို႔ရဲ႕ မိသားစုေတြနဲ႔ေတြ႕ဆုံဖို႔အတြက္ ေဆး႐ုံတစ္ခုကို လႊဲေျပာင္းေပးသြားမွာျဖစ္တယ္လို႔ အစၥေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.